Chapter 6

Unicode

” ဂျောင်ကု! ” ဂျောင်ကု၏ ဖခင်သည် ဒေါသတကြီးနာမည်အော်ခေါ်လိုက်သည့်အခါ အခန်းတံထားဝမှ ဂျောင်ကု၏ကိုယ်လေး တစ်ချက်တွန့်သွားသည်။

” မင်းဒါဘာလုပ်နေတာလဲ ဟမ်! ရူးနေလား ” ဖခင်ဖြစ်သူသည် ပါးစပ်ကလည်း ဒေါသထွက်စွာအော်ရင်း တံခါးနီအား ဖျတ်ဖို့ရာ ကြိုးစားနေတော့သည်။ အထဲမှ မီးခိုးများသည် မြင်မကောင်းအောင် တလူလူထွက်နေလေသည်။ ညော်နံ့ကလည်း ဂေဟာတစ်ခုလုံးကို ပြန့်လွင့်နေသည်။

” ဖေဖေ…သား..သားလုပ်တာမဟုတ်ဘူး သားဘာမှမသိဘူး ” ဂျောင်ကုသည် စိတ်ပျက်ဖို့ကောင်းလောက်အောင် ထပ်မံသရုပ်ဆောင်ပြန်၏။ သူ၏ မျက်လုံးများသည် မျက်ရည်ကြည်လေးများဖြင့် ကြည်လင်ကာ အပြစ်ကင်းစင်လွန်းသည်။ ထိုအပြစ်ကင်းစင်လွန်းသည့် မျက်ဝန်းတို့ထဲက မကောင်းဆိုးဝါးကိုတော့ မည်သူမျှ တွေ့နိုင်မည်မထင်။

ဒီဆရာသည် ဆေးရုံမှာ သူ့သမီး စကားလက်ခ်နဲ့အတူ ရှိနေရမှာမဟုတ်ဘူးလား…။ ဘာလို့ပြန်လာတာလဲ။ ဘာလို့ လိုက်နှောင့်ယှတ်နေရတာလဲ…။

” မင်းပါးစပ်ကို ပိတ်ထားလိုက် ငါဘာမှမကြားချင်ဘူး ” ဖခင်ဖြစ်သူသည် ဂျောင်ကုအား လက်ညိုးငေါက်ငေါက်ထိုးပြီး ပိတ်အော်လာသည်။

အခန်းထဲ ပိတ်မိနေသည့် ထယ်ယောင်းသည် ဆရာ့အသံကို ကြားသော်လည်း သူအနေနဲ့ ဘာမှမတက်နိုင်တော့ပေ။ ပူပြင်းစွာတောက်လောင်နေတဲ့ မီးတောက်တွေနှင့် ရှုသွင်းလိုက်တိုင်း အဆုတ်တစ်ခုလုံး ဆုတ်ပြဲတော့မတက် ပူလောင်တဲ့ မီးခိုးငွေ့တွေက သူ့ပတ်ပတ်လည်မှာ ဝန်းရံထားသည်။

မျက်လုံးများသည်လည်း စပ်ကြိမ်းကာ ပတ်ဝန်းကျင်ကိုပင် မမြင်ရတော့ပေ။

မွန်းကြပ်လွန်းသည်၊ တစ်ယောက်ယောက် ကယ်ကြပါ။ သူမသေချင်သေးဘူး…တစ်ယောက်ယောက်လာကယ်ကောင်းပါရဲ့…။ စိတ်လျှော့လိုက်သည်နှင့် တပြိုင်နက် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် လဲကျသွားတော့သည်။

သင်းအုပ်ဆရာသည် တံခါးအတင်းရိုက်ဖျတ်ကာ မေ့လဲနေသည့် ထယ်ယောင်းအား ပွေ့ထုတ်လာသည်။ အခြားသော ကလေးများနှင့် စစ္စတာတို့သည် ရေပုံးများဖြင့် မီးညှိမ်းဖို့ရာ ကြိုးစားနေကြသည်။ ဂျောင်ကုကတော့ ထောင့်တစ်နေရာဝယ် လက်သီးကိုကျစ်ကျစ် ဆုပ်ရင်း အံကြိတ်နေသည်။ ဒေါသသည် အငြိုးသို့ပြောင်းလဲကာ သူ၏ အမုန်းတရားတို့သည် ပိုလို့ပင် များလာတော့သည်။

ထယ်ယောင်း သတိရလာသည့်အခါ ညစ်ထေးထေးမျက်နှာကျတ်အဖြူတို့က သူ့အမြင်အပြည့် နေရာယူထားသည်။ ဆေးနံ့နှင့် အနံ့ပေါင်းစုံရောယှတ်နေသည့် အောက်သိုးသိုးအနံ့ကြောင့် သူမျက်မှောင်ကြုံ့လိုက်မိ၏။

” အိုး…ကောင်လေးတော့ နိုးလာပြီ။ ငါတို့တော့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ် ဟီး ဟီး…” အမျိုးသမီးတစ်ယောက်ရဲ့ အက်ရှရှအသံရယ်သံကြောင့် ထယ်ယောင်း ခေါင်းစောင်းကာ အသံလာရာသို့လှည့်ကြည့်လိုက်သည်။

အမျိုးသမီးကြီးသုံးယောက် ပိုကာကစားနေကြခြင်းဖြစ်သည်။ ထယ်ယောင်းသည် သူတို့ကို ကြည့်နေသကဲ့သို့ ရယ်နေသည့် အလယ်ကအမျိုးသမီးကြီးမှ လွဲ၍ ကျန်နှစ်ယောက်သည်လည်း ထယ်ယောင်းအား ထူးဆန်းစွာ ပြန်စိုက်ကြည့်နေကြသည်။

” ဟဲ့…ငါတို့ကိုကြည့်နေတယ်..” အမျိုးသမီးကြီးတစ်ယောက်သည် ရယ်နေသည့်အမျိုးသမီးအား တံတောင်နဲ့တွက်ပြီး အသိပေးလိုက်သည်။ ထိုအခါမှ ထယ်ယောင်းလည်း အသိကပ်ပြီး မျက်နှာပြန်လွှဲမိသည်။

နေသားကျသွားသည်ဟု ပြောရမလား ထယ်ယောင်း အရင်ကလောက် မကြောက်တော့ပါ။ ထိုအရာတွေက သာမာန် လူပုံစံရှိနေသောကြောင့်လည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။

” မင်းငါတို့ကို မြင်ရတယ်မလား….ဟုတ်တယ်မလား…” အန်တီကြီးများသည် ထယ်ယောင်းကို သတိထားမိသွားသည့်အခါ ထယ်ယောင်းအနားသို့ရောက်လာပြီး စကားမျိုးစုံပြောတော့သည်။

” မကြောက်ပါနဲ့…ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲ။ ဆယ်ယောက်မှာ တစ်ယောက်ကတော့ ငါတို့ကို မြင်ရတယ် “

” အင်း ဟုတ်တယ်…မင်းငါတို့ကို မြင်ရတာ ဘယ်လောက်ကြာပြီလဲ။ ဒါမှမဟုတ် မွေးရာပါလား။”

” ကောင်လေး စကားလေးနည်းနည်းလောက်ပြောပါဦး။ မင်းငါတို့ကိုမြင်ရတယ်ဆိုတာ သိတယ်နော် “

ထယ်ယောင်း မျက်လုံးစုံမှိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်တော့သည်။ သို့ပေသည့်တိုင် အန်တီကြီးများ၏ စကားသံများသည် ရပ်စဲသွားခြင်း အလျင်းမရှိပေ။

” ကောင်လေး မင်းတော့ ပြဿနာအကြီးကြီးတက်ပြီထင်တယ်။ မင်းကိုလာပို့ပေးတဲ့ သင်းအုပ်ဆရာလေ သူ့ကြည့်ရတာ အတော်ဒေါသထွက်နေတဲ့ပုံပဲ။ သူဝင်လာတုန်းကဆို ငါတို့တောင် ဒီဆေးရုံအတွင်းမနေနိုင်ဘူး အရမ်းဖိနှိပ်နိုင်တာပဲ “

” ပြီးတော့ သူ့သမီးလား ဟိုစစ္စတာလေ….”

” စစ္စတာစကားလက်ခ် ” အန်တီကြီးများသည် သူတို့အချင်းချင်း စကားဝိုင်းကြနေပြန်သည်။ ထယ်ယောင်း စစ္စတာစကားလက်ခ်ဆိုသည့် အသံကြောင့် အန်တီကြီးများ၏ စကားဝိုင်းကို နားစွန့်ထားမိသည်။

” အေ အေ ဟုတ်တယ် စစ္စတာစကားလက်ခ်နဲ့ အခြားစစ္စတာကြီးနဲ့ ပြောသံကြားတာလေ ကလေးတစ်ယောက် ဝင်ပူးခံရလို့တဲ့လေ အတော်ဆိုးဆိုးကြီးပဲ။ စစ္စတာရဲ့ မောင်ဖြစ်သူလို့ အသံကြားတာပဲ “

” ပေါက်တကရတော် အဲ့ကလေးလေးဝင်ပူးခံရတာပဲ ဘယ်လောက်တောင်ကြာနေပြီလဲ သူတို့တွေ အပတောင်နှင်ပြီးပြီကို။ ကျုပ်မှတ်မိပါသေးတယ် အဲ့တုန်းကကျုပ် သေခါစပဲရှိသေးတာ။ အပနှင်ရင်း ပြဿနာတွေဖြစ်လို့ ကလေးလေးရော မိခင်ဖြစ်သူရော စစ္စတာစကားလက်ခ်ပါ ဒီဆေးရုံကိုရောက်လာကြတာလေ။ မိခင်ဖြစ်သူက ဗိုက်မှာသံချောင်းကြီး ထုတ်ချင်းပေါက်ပဲလေ။ အမယ်လေး ပြောရင်း ကြက်သီးတောင်ထတယ် “

” ဟဲ့ မသိရင်လည်း ဝင်မပြောနဲ့ အခုက ထပ်ပြီးတော့ဝင်ပူးတာဟ။ သူတို့ပြောတာကတော့ အရင်တစ်ခေါက် အပနှင်ကတည်းက မကျွတ်တာဆိုလားပဲ “

” ဟယ်…ဒါဆို အဲ့ကပ်ပါးကောင်က တော်တော်အင်အားကြီးတာပဲ။ ဧကန္တ ကပ်ပါးကောင်နဲ့ အခွံခန္ဓာကိုယ်က တစ်သားဖြစ်သွားတာတော့ မဟုတ်ဘူးမလား…”

အန်တီကြီးတစ်ယောက်၏ ထိတ်လန့်တကြားပြောသံနှင့်အတူ အကုန်လုံးသည် တိတ်ဆိတ်သွားကြသည်။ ပြဿနာတော့ အကြီးကြီးတက်ပြီပဲ။ လူ့လောကနဲ့ သူတို့ဘုံကြားမှာ ဖြစ်တဲ့ပြဿနာမလို့ တကယ်ပြဿနာသာ ထဖြစ်ရင် သူတို့လည်း အငြိမ်မနေရမည့် ကိန်းဆိုက်လေပြီ။ အခုတောင် မြို့ထဲမှာ အလေအလွင့် ဝိညာဉ်များစွာ ပျောက်ဆုံးနေသည်။ သူတို့အနေနဲ့ နောက်တစ်ခါ ထပ်မသေချင်ရင် ပုန်းနေသည်မှာ အကောင်းဆုံးပင်။

အတွေးကိုယ်စီနဲ့ အန်တီကြီးများသည် ဝုန်းခနဲ ထပြီး လေ၏ အလျင်ကဲ့သို့ ပြေးတော့သည်။ သူတို့အနေနဲ့ ဒီလို အန္တရာယ်များတဲ့ နေရာမှာ မနေလိုပေ။

အကုန်လုံးကို အတိုင်းသားကြားနေရသည့် ထယ်ယောင်းသည် မျက်ရည်များကျလာသည်။ သူ့သူငယ်ချင်းက မကောင်းဆိုးဝါးဖြစ်နေခဲ့တာလား…မဟုတ်ဘူး…မဟုတ်ဘူးမလား။ အဲ့ဒီအန်တီကြီးတွေက လိမ်နေကြတာ။ ဂျောင်ကုက လူကောင်းပါ…။

ထယ်ယောင်းသည် ကုတင်ပေါ်မှဆင်းကာ သူသိချင်နေသည့် အကြောင်းအရာတွေကိုပြောပြမည့်လူအား သွားရှာရန်ဆုံးဖြတ်လိုက်သည်။ ခြေထောက်တိုတိုလေးများဖြင့် ကုတင်ပေါ်ကနေ မမှီတမှီကို့ရို့ကားယားလေးဆင်းလာသည်။ အေးစက်တဲ့ကြမ်းပြင်ပေါ် ခြေဗလာနဲ့ ရပ်မိတာကြောင့် တွန့်ခနဲဖြစ်သွားသည်။

ထို့နောက် အခန်းတံခါးအား ခတ်ခတ်ခဲခဲဖွင့်ပြီးသည့်နောက် ပုံရိပ်လေးတစ်ခုသည် အခန်းတံခါးဝ၌ရပ်နေခဲ့သည်။ ထယ်ယောင်း မင်သတ်မိသွားသည်။

” အာညော်….” ဂျောင်ကုသည် သံရှည်ဆွဲကာ နှုတ်ဆတ်လာသည်။ မျက်နှာပေါ်က အပြုံးပန်းသည်လည်း အနောက်ကဆေးရုံးဓာတ်ခံကြောင့် အနည်းငယ်ခြောက်ခြားဖွယ်ရာကောင်းနေသည်။

” ဂျောင်ကု…” ထယ်ယောင်းသည် ရုတ်ချည်းဆိုသလို ဂျောင်ကုအားဖတ်ထားပစ်လိုက်သည်။ အစောပိုင်းက ငိုထားသည့်အရှိန်ကလည်း မသေသေးသည့်အတွက် ဖတ်လျှက်ပင် သူဆက်ငိုနေသည်။ အဖဘုရားသခင်…ကျေးဇူးပြုပြီး ဂျောင်ကုကို အဝေးမပို့ပစ်ပါနဲ့၊ ဂျောင်ကုကလူကောင်းပါ…။ ထယ်ယောင်းတိတ်တဆိတ်ဆုတောင်းမိသည်။

” လွမ်း နေ ခဲ့တာ။ နောက် မလုပ်နဲ့ အဲ့ လို၊ အဲ့ အခါကျ တ ကယ် မုန်း မိ လိမ့်မယ် မင်းကို…” ချောမွေ့မှုမရှိသည့် စကားများသည် ခတ်ခတ်ခဲခဲထွက်ပေါ်လာသည်။ အနည်းငယ်နားထောင်ထောင်ရဆိုးပေမယ့် ဂျောင်ကုအတွက်တော့ ချိုသာနေဆဲပင်။

ဂျောင်ကုသည် ထယ်ယောင်းနောက်ကျောအား ထိုးစိုက်ရန် ရွယ်ထားသည့် ဓားကို အသာပြန်ဖွတ်လိုက်သည်။ ထို့နောက် ပုံမှန်အတိုင်း နွေးထွေးစွာပြုံးလိုက်ပြီး ” ကြည့်စမ်း…မင်းစကားတွေ အများကြီးပြောနိုင်ပြီပဲ ” ဟူ၍သာ ဆိုလာသည်။ သူမတောင်းပန်ခဲ့ပါ။ သူ့လုပ်ရပ်အတွက် နောင်တရသည့်ပုံလည်းမပေါ်သလို တောင်းပန်ဖို့ရာလည်း အစီအစဉ်မရှိသည့်ပုံပေ။ အနာဂတ်မှာလည်း နောက်တစ်ကြိမ် ထိုသို့မလုပ်ပါဘူးလို့ ထယ်ယောင်းအား ကတိမပေးခဲ့ပါ။

ထယ်ယောင်း ပြုံးလျက်ပင် ဂျောင်ကုကိုထပ်မံဖတ်ထားလိုက်သည်။ သူ့သူငယ်ချင်းလေးက တကယ့်ကို ဆိုးပေလေးပါပဲလား…ဒီအဆိုးလေးကို သူဘယ်လိုထိန်းရပါ့မလဲ။ ထိုဆိုးပေသူငယ်ချင်းလေးသည် သူ့အား ဓားနဲ့ထိုးရန် ကြံရွယ်ထားခဲ့သည့်ကိုတော့ သူမရိပ်မိခဲ့။

” ရော့…စတော်ဘယ်ရီ..” နှုတ်ခမ်းလေးဆူကာ ဆူပုတ်ပုတ်လေးဖြင့် Stawberry milk တစ်ဗူးပေးလာသည့် ဂျောင်ကုကြောင့် ထယ်ယောင်းရယ်မိသည်။ ထို့နောက် နို့ဗူးကိုလည်းယူရင်း ဂျောင်ကုပါးလေးကိုလည်း အသာဆွဲညှစ်လိုက်သည်။

” အား ဘာလုပ်တာလဲ နာတယ် ” အတင်းရုန်းကန်ကာ အော်ဟစ်နေသည့် ဂျောင်ကုကြောင့် ထယ်ယောင်း၏ ရယ်သံလွင်လွင်လေးက ထပ်မံထွက်ပေါ်လာပြန်သည်။

” ငါပြန်တော့မယ်။ ငါဒီကိုလာတာဘယ်သူ့ကိုမှ ပြောလို့မဖြစ်ဘူးနော်။ သိတယ်မလား “

” အင်း…”

” လိမ္မာတယ် ခွေးရူးလေး ” ဂျောင်ကုသည် နို့ဗူးသောက်နေသည့် ထယ်ယောင်းခေါင်းလေးအား အသာပုတ်ပေးပြီး ပြန်သွားသည်။

ထယ်ယောင်း သောက်နေသည့် နို့ဗူးသည် အရသာထူးဆန်းနေသည်ကို သတိထားမိလိုက်သည်။ ငန်တယ်၊ အနံ့ကလည်း ထူးဆန်းလိုက်တာ။ တံဆိပ်အသစ်များလား…။

ငယ်ရွယ်လွန်းသည့် ကလေးငယ်လေးသည် သိပ်ပြီးများများစားစားမတွေးနိုင်ပါ။ နို့ဗူးလေး သောက်လျှက်ပင် စစ္စတာစကားလက်ခ်၏ လူနာခန်းကို ရောက်လာသည်။ သူ့အနေနဲ့ လူနာခန်းရှာဖို့ရာ မခတ်ခဲပေ။ လျှောက်လှမ်းမှာတွေ့သည့် သူနာပြုတစ်ယောက်သည် ကလေးတစ်ယောက်တည်း လျှောက်သွားမနေသင့်ဘူး ဘယ်အခန်းကလည်းမေးကာ လိုက်ပို့ခြင်းဖြစ်သည်။

ထယ်ယောင်းရောက်သွားသည့်အခါ လူစုံနေသည်။ သင်းအုပ်ဆရာရယ် စစ္စတာစကားလက်ခ်ရယ် အခြား လူတွေလည်းရှိနေခဲ့သည်။ သူဝင်သွားအခါ လူအားလုံး၏ အကြည့်များသည် သူ့ထံရောက်လာသည်။ ထယ်ယောင်းအတည်းငယ်မသတ်မသာ ခံစားလာရကာ ခေါင်းငုံ့ထားမိသည်။

ထယ်ယောင်းသည် ခေါင်းငုံ့လျှက်ပင် သူပြောချင်သည့်စကားများ ရေးထားသည့် မှတ်စုစာအုပ်လေးအား ဆရာ့ထံထည့်ပေးလိုက်သည်။ သားသားဂျောင်ကုအကြောင်းသိချင်တယ်။ ဘာလို့ အကုန်လုံးက ဂျောင်ကုကို မုန်းနေကြတာလဲ။ ဂျောင်ကုက လူကောင်းပါ။

” ကလေး…သူက မင်းကို အခန်းထဲသော့ပိတ်ပြီး မီးနဲ့ရိှု့ဖို့ ကြိုးစားခဲ့တာနော်… လူကောင်းလို့ပြောချင်သေးတာလား…”

ထယ်ယောင်း လက်သီးသေးသေးလေးကို တင်းတင်းဆုပ်ထားသည်။ ဂျောင်ကုက လူကောင်း…ဂျောင်ကုက လူကောင်းတစ်ယောက်။ သူ့ကိုကာကွယ်ပေးမယ်လို့ပြောခဲ့တာလေ။ ဂျောင်ကု သူ့ကို ထိခိုက်အောင်လုပ်မှာမဟုတ်ဘူး။ ဂျောင်ကုက သူ့ကို ကတိပေးထားတယ်လေ…ဂျောင်ကုကလူကောင်းပါ…။

________

Zawkyi

” ေဂ်ာင္ကု! ” ေဂ်ာင္ကု၏ ဖခင္သည္ ေဒါသတႀကီးနာမည္ေအာ္ေခၚလိုက္သည့္အခါ အခန္းတံထားဝမွ ေဂ်ာင္ကု၏ကိုယ္ေလး တစ္ခ်က္တြန့္သြားသည္။

” မင္းဒါဘာလုပ္ေနတာလဲ ဟမ္! ႐ူးေနလား ” ဖခင္ျဖစ္သူသည္ ပါးစပ္ကလည္း ေဒါသထြက္စြာေအာ္ရင္း တံခါးနီအား ဖ်တ္ဖို႔ရာ ႀကိဳးစားေနေတာ့သည္။ အထဲမွ မီးခိုးမ်ားသည္ ျမင္မေကာင္းေအာင္ တလူလူထြက္ေနေလသည္။ ေညာ္နံ႕ကလည္း ေဂဟာတစ္ခုလုံးကို ျပန့္လြင့္ေနသည္။

” ေဖေဖ…သား..သားလုပ္တာမဟုတ္ဘူး သားဘာမွမသိဘူး ” ေဂ်ာင္ကုသည္ စိတ္ပ်က္ဖို႔ေကာင္းေလာက္ေအာင္ ထပ္မံသ႐ုပ္ေဆာင္ျပန္၏။ သူ၏ မ်က္လုံးမ်ားသည္ မ်က္ရည္ၾကည္ေလးမ်ားျဖင့္ ၾကည္လင္ကာ အျပစ္ကင္းစင္လြန္းသည္။ ထိုအျပစ္ကင္းစင္လြန္းသည့္ မ်က္ဝန္းတို႔ထဲက မေကာင္းဆိုးဝါးကိုေတာ့ မည္သူမွ် ေတြ႕နိုင္မည္မထင္။

ဒီဆရာသည္ ေဆး႐ုံမွာ သူ႕သမီး စကားလက္ခ္နဲ႕အတူ ရွိေနရမွာမဟုတ္ဘူးလား…။ ဘာလို႔ျပန္လာတာလဲ။ ဘာလို႔ လိုက္ေႏွာင့္ယွတ္ေနရတာလဲ…။

” မင္းပါးစပ္ကို ပိတ္ထားလိုက္ ငါဘာမွမၾကားခ်င္ဘူး ” ဖခင္ျဖစ္သူသည္ ေဂ်ာင္ကုအား လက္ညိုးေငါက္ေငါက္ထိုးၿပီး ပိတ္ေအာ္လာသည္။

အခန္းထဲ ပိတ္မိေနသည့္ ထယ္ေယာင္းသည္ ဆရာ့အသံကို ၾကားေသာ္လည္း သူအေနနဲ႕ ဘာမွမတက္နိုင္ေတာ့ေပ။ ပူျပင္းစြာေတာက္ေလာင္ေနတဲ့ မီးေတာက္ေတြႏွင့္ ရႈသြင္းလိုက္တိုင္း အဆုတ္တစ္ခုလုံး ဆုတ္ၿပဲေတာ့မတက္ ပူေလာင္တဲ့ မီးခိုးေငြ႕ေတြက သူ႕ပတ္ပတ္လည္မွာ ဝန္းရံထားသည္။

မ်က္လုံးမ်ားသည္လည္း စပ္ႀကိမ္းကာ ပတ္ဝန္းက်င္ကိုပင္ မျမင္ရေတာ့ေပ။

မြန္းၾကပ္လြန္းသည္၊ တစ္ေယာက္ေယာက္ ကယ္ၾကပါ။ သူမေသခ်င္ေသးဘူး…တစ္ေယာက္ေယာက္လာကယ္ေကာင္းပါရဲ႕…။ စိတ္ေလွ်ာ့လိုက္သည္ႏွင့္ တၿပိဳင္နက္ ေအာက္ဆီဂ်င္ျပတ္လပ္မႈေၾကာင့္ လဲက်သြားေတာ့သည္။

သင္းအုပ္ဆရာသည္ တံခါးအတင္းရိုက္ဖ်တ္ကာ ေမ့လဲေနသည့္ ထယ္ေယာင္းအား ေပြ႕ထုတ္လာသည္။ အျခားေသာ ကေလးမ်ားႏွင့္ စစၥတာတို႔သည္ ေရပုံးမ်ားျဖင့္ မီးညွိမ္းဖို႔ရာ ႀကိဳးစားေနၾကသည္။ ေဂ်ာင္ကုကေတာ့ ေထာင့္တစ္ေနရာဝယ္ လက္သီးကိုက်စ္က်စ္ ဆုပ္ရင္း အံႀကိတ္ေနသည္။ ေဒါသသည္ အၿငိဳးသို႔ေျပာင္းလဲကာ သူ၏ အမုန္းတရားတို႔သည္ ပိုလို႔ပင္ မ်ားလာေတာ့သည္။

ထယ္ေယာင္း သတိရလာသည့္အခါ ညစ္ေထးေထးမ်က္ႏွာက်တ္အျဖဴတို႔က သူ႕အျမင္အျပည့္ ေနရာယူထားသည္။ ေဆးနံ႕ႏွင့္ အနံ႕ေပါင္းစုံေရာယွတ္ေနသည့္ ေအာက္သိုးသိုးအနံ႕ေၾကာင့္ သူမ်က္ေမွာင္ႀကဳံ႕လိုက္မိ၏။

” အိုး…ေကာင္ေလးေတာ့ နိုးလာၿပီ။ ငါတို႔ေတာ့ ပြဲႀကီးပြဲေကာင္း ၾကည့္ရေတာ့မယ္ ဟီး ဟီး…” အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အက္ရွရွအသံရယ္သံေၾကာင့္ ထယ္ေယာင္း ေခါင္းေစာင္းကာ အသံလာရာသို႔လွည့္ၾကည့္လိုက္သည္။

အမ်ိဳးသမီးႀကီးသုံးေယာက္ ပိုကာကစားေနၾကျခင္းျဖစ္သည္။ ထယ္ေယာင္းသည္ သူတို႔ကို ၾကည့္ေနသကဲ့သို႔ ရယ္ေနသည့္ အလယ္ကအမ်ိဳးသမီးႀကီးမွ လြဲ၍ က်န္ႏွစ္ေယာက္သည္လည္း ထယ္ေယာင္းအား ထူးဆန္းစြာ ျပန္စိုက္ၾကည့္ေနၾကသည္။

” ဟဲ့…ငါတို႔ကိုၾကည့္ေနတယ္..” အမ်ိဳးသမီးႀကီးတစ္ေယာက္သည္ ရယ္ေနသည့္အမ်ိဳးသမီးအား တံေတာင္နဲ႕တြက္ၿပီး အသိေပးလိုက္သည္။ ထိုအခါမွ ထယ္ေယာင္းလည္း အသိကပ္ၿပီး မ်က္ႏွာျပန္လႊဲမိသည္။

ေနသားက်သြားသည္ဟု ေျပာရမလား ထယ္ေယာင္း အရင္ကေလာက္ မေၾကာက္ေတာ့ပါ။ ထိုအရာေတြက သာမာန္ လူပုံစံရွိေနေသာေၾကာင့္လည္း ျဖစ္ခ်င္ျဖစ္မွာေပါ့ေလ။

” မင္းငါတို႔ကို ျမင္ရတယ္မလား….ဟုတ္တယ္မလား…” အန္တီႀကီးမ်ားသည္ ထယ္ေယာင္းကို သတိထားမိသြားသည့္အခါ ထယ္ေယာင္းအနားသို႔ေရာက္လာၿပီး စကားမ်ိဳးစုံေျပာေတာ့သည္။

” မေၾကာက္ပါနဲ႕…ဒါက ျဖစ္ရိုးျဖစ္စဥ္ပဲ။ ဆယ္ေယာက္မွာ တစ္ေယာက္ကေတာ့ ငါတို႔ကို ျမင္ရတယ္ “

” အင္း ဟုတ္တယ္…မင္းငါတို႔ကို ျမင္ရတာ ဘယ္ေလာက္ၾကာၿပီလဲ။ ဒါမွမဟုတ္ ေမြးရာပါလား။”

” ေကာင္ေလး စကားေလးနည္းနည္းေလာက္ေျပာပါဦး။ မင္းငါတို႔ကိုျမင္ရတယ္ဆိုတာ သိတယ္ေနာ္ “

ထယ္ေယာင္း မ်က္လုံးစုံမွိတ္ကာ အိပ္ခ်င္ေယာင္ေဆာင္လိုက္ေတာ့သည္။ သို႔ေပသည့္တိုင္ အန္တီႀကီးမ်ား၏ စကားသံမ်ားသည္ ရပ္စဲသြားျခင္း အလ်င္းမရွိေပ။

” ေကာင္ေလး မင္းေတာ့ ျပႆနာအႀကီးႀကီးတက္ၿပီထင္တယ္။ မင္းကိုလာပို႔ေပးတဲ့ သင္းအုပ္ဆရာေလ သူ႕ၾကည့္ရတာ အေတာ္ေဒါသထြက္ေနတဲ့ပုံပဲ။ သူဝင္လာတုန္းကဆို ငါတို႔ေတာင္ ဒီေဆး႐ုံအတြင္းမေနနိုင္ဘူး အရမ္းဖိႏွိပ္နိုင္တာပဲ “

” ၿပီးေတာ့ သူ႕သမီးလား ဟိုစစၥတာေလ….”

” စစၥတာစကားလက္ခ္ ” အန္တီႀကီးမ်ားသည္ သူတို႔အခ်င္းခ်င္း စကားဝိုင္းၾကေနျပန္သည္။ ထယ္ေယာင္း စစၥတာစကားလက္ခ္ဆိုသည့္ အသံေၾကာင့္ အန္တီႀကီးမ်ား၏ စကားဝိုင္းကို နားစြန့္ထားမိသည္။

” ေအ ေအ ဟုတ္တယ္ စစၥတာစကားလက္ခ္နဲ႕ အျခားစစၥတာႀကီးနဲ႕ ေျပာသံၾကားတာေလ ကေလးတစ္ေယာက္ ဝင္ပူးခံရလို႔တဲ့ေလ အေတာ္ဆိုးဆိုးႀကီးပဲ။ စစၥတာရဲ႕ ေမာင္ျဖစ္သူလို႔ အသံၾကားတာပဲ “

” ေပါက္တကရေတာ္ အဲ့ကေလးေလးဝင္ပူးခံရတာပဲ ဘယ္ေလာက္ေတာင္ၾကာေနၿပီလဲ သူတို႔ေတြ အပေတာင္ႏွင္ၿပီးၿပီကို။ က်ဳပ္မွတ္မိပါေသးတယ္ အဲ့တုန္းကက်ဳပ္ ေသခါစပဲရွိေသးတာ။ အပႏွင္ရင္း ျပႆနာေတြျဖစ္လို႔ ကေလးေလးေရာ မိခင္ျဖစ္သူေရာ စစၥတာစကားလက္ခ္ပါ ဒီေဆး႐ုံကိုေရာက္လာၾကတာေလ။ မိခင္ျဖစ္သူက ဗိုက္မွာသံေခ်ာင္းႀကီး ထုတ္ခ်င္းေပါက္ပဲေလ။ အမယ္ေလး ေျပာရင္း ၾကက္သီးေတာင္ထတယ္ “

” ဟဲ့ မသိရင္လည္း ဝင္မေျပာနဲ႕ အခုက ထပ္ၿပီးေတာ့ဝင္ပူးတာဟ။ သူတို႔ေျပာတာကေတာ့ အရင္တစ္ေခါက္ အပႏွင္ကတည္းက မကြၽတ္တာဆိုလားပဲ “

” ဟယ္…ဒါဆို အဲ့ကပ္ပါးေကာင္က ေတာ္ေတာ္အင္အားႀကီးတာပဲ။ ဧကႏၲ ကပ္ပါးေကာင္နဲ႕ အခြံခႏၶာကိုယ္က တစ္သားျဖစ္သြားတာေတာ့ မဟုတ္ဘူးမလား…”

အန္တီႀကီးတစ္ေယာက္၏ ထိတ္လန့္တၾကားေျပာသံႏွင့္အတူ အကုန္လုံးသည္ တိတ္ဆိတ္သြားၾကသည္။ ျပႆနာေတာ့ အႀကီးႀကီးတက္ၿပီပဲ။ လူ႕ေလာကနဲ႕ သူတို႔ဘုံၾကားမွာ ျဖစ္တဲ့ျပႆနာမလို႔ တကယ္ျပႆနာသာ ထျဖစ္ရင္ သူတို႔လည္း အၿငိမ္မေနရမည့္ ကိန္းဆိုက္ေလၿပီ။ အခုေတာင္ ၿမိဳ႕ထဲမွာ အေလအလြင့္ ဝိညာဥ္မ်ားစြာ ေပ်ာက္ဆုံးေနသည္။ သူတို႔အေနနဲ႕ ေနာက္တစ္ခါ ထပ္မေသခ်င္ရင္ ပုန္းေနသည္မွာ အေကာင္းဆုံးပင္။

အေတြးကိုယ္စီနဲ႕ အန္တီႀကီးမ်ားသည္ ဝုန္းခနဲ ထၿပီး ေလ၏ အလ်င္ကဲ့သို႔ ေျပးေတာ့သည္။ သူတို႔အေနနဲ႕ ဒီလို အႏၲရာယ္မ်ားတဲ့ ေနရာမွာ မေနလိုေပ။

အကုန္လုံးကို အတိုင္းသားၾကားေနရသည့္ ထယ္ေယာင္းသည္ မ်က္ရည္မ်ားက်လာသည္။ သူ႕သူငယ္ခ်င္းက မေကာင္းဆိုးဝါးျဖစ္ေနခဲ့တာလား…မဟုတ္ဘူး…မဟုတ္ဘူးမလား။ အဲ့ဒီအန္တီႀကီးေတြက လိမ္ေနၾကတာ။ ေဂ်ာင္ကုက လူေကာင္းပါ…။

ထယ္ေယာင္းသည္ ကုတင္ေပၚမွဆင္းကာ သူသိခ်င္ေနသည့္ အေၾကာင္းအရာေတြကိုေျပာျပမည့္လူအား သြားရွာရန္ဆုံးျဖတ္လိုက္သည္။ ေျခေထာက္တိုတိုေလးမ်ားျဖင့္ ကုတင္ေပၚကေန မမွီတမွီကို႔ရို႔ကားယားေလးဆင္းလာသည္။ ေအးစက္တဲ့ၾကမ္းျပင္ေပၚ ေျခဗလာနဲ႕ ရပ္မိတာေၾကာင့္ တြန့္ခနဲျဖစ္သြားသည္။

ထို႔ေနာက္ အခန္းတံခါးအား ခတ္ခတ္ခဲခဲဖြင့္ၿပီးသည့္ေနာက္ ပုံရိပ္ေလးတစ္ခုသည္ အခန္းတံခါးဝ၌ရပ္ေနခဲ့သည္။ ထယ္ေယာင္း မင္သတ္မိသြားသည္။

” အာေညာ္….” ေဂ်ာင္ကုသည္ သံရွည္ဆြဲကာ ႏႈတ္ဆတ္လာသည္။ မ်က္ႏွာေပၚက အၿပဳံးပန္းသည္လည္း အေနာက္ကေဆး႐ုံးဓာတ္ခံေၾကာင့္ အနည္းငယ္ေျခာက္ျခားဖြယ္ရာေကာင္းေနသည္။

” ေဂ်ာင္ကု…” ထယ္ေယာင္းသည္ ႐ုတ္ခ်ည္းဆိုသလို ေဂ်ာင္ကုအားဖတ္ထားပစ္လိုက္သည္။ အေစာပိုင္းက ငိုထားသည့္အရွိန္ကလည္း မေသေသးသည့္အတြက္ ဖတ္လွ်က္ပင္ သူဆက္ငိုေနသည္။ အဖဘုရားသခင္…ေက်းဇူးျပဳၿပီး ေဂ်ာင္ကုကို အေဝးမပို႔ပစ္ပါနဲ႕၊ ေဂ်ာင္ကုကလူေကာင္းပါ…။ ထယ္ေယာင္းတိတ္တဆိတ္ဆုေတာင္းမိသည္။

” လြမ္း ေန ခဲ့တာ။ ေနာက္ မလုပ္နဲ႕ အဲ့ လို၊ အဲ့ အခါက် တ ကယ္ မုန္း မိ လိမ့္မယ္ မင္းကို…” ေခ်ာေမြ႕မႈမရွိသည့္ စကားမ်ားသည္ ခတ္ခတ္ခဲခဲထြက္ေပၚလာသည္။ အနည္းငယ္နားေထာင္ေထာင္ရဆိုးေပမယ့္ ေဂ်ာင္ကုအတြက္ေတာ့ ခ်ိဳသာေနဆဲပင္။

ေဂ်ာင္ကုသည္ ထယ္ေယာင္းေနာက္ေက်ာအား ထိုးစိုက္ရန္ ႐ြယ္ထားသည့္ ဓားကို အသာျပန္ဖြတ္လိုက္သည္။ ထို႔ေနာက္ ပုံမွန္အတိုင္း ေႏြးေထြးစြာၿပဳံးလိုက္ၿပီး ” ၾကည့္စမ္း…မင္းစကားေတြ အမ်ားႀကီးေျပာနိုင္ၿပီပဲ ” ဟူ၍သာ ဆိုလာသည္။ သူမေတာင္းပန္ခဲ့ပါ။ သူ႕လုပ္ရပ္အတြက္ ေနာင္တရသည့္ပုံလည္းမေပၚသလို ေတာင္းပန္ဖို႔ရာလည္း အစီအစဥ္မရွိသည့္ပုံေပ။ အနာဂတ္မွာလည္း ေနာက္တစ္ႀကိမ္ ထိုသို႔မလုပ္ပါဘူးလို႔ ထယ္ေယာင္းအား ကတိမေပးခဲ့ပါ။

ထယ္ေယာင္း ၿပဳံးလ်က္ပင္ ေဂ်ာင္ကုကိုထပ္မံဖတ္ထားလိုက္သည္။ သူ႕သူငယ္ခ်င္းေလးက တကယ့္ကို ဆိုးေပေလးပါပဲလား…ဒီအဆိုးေလးကို သူဘယ္လိုထိန္းရပါ့မလဲ။ ထိုဆိုးေပသူငယ္ခ်င္းေလးသည္ သူ႕အား ဓားနဲ႕ထိုးရန္ ႀကံ႐ြယ္ထားခဲ့သည့္ကိုေတာ့ သူမရိပ္မိခဲ့။

” ေရာ့…စေတာ္ဘယ္ရီ..” ႏႈတ္ခမ္းေလးဆူကာ ဆူပုတ္ပုတ္ေလးျဖင့္ Stawberry milk တစ္ဗူးေပးလာသည့္ ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းရယ္မိသည္။ ထို႔ေနာက္ နို႔ဗူးကိုလည္းယူရင္း ေဂ်ာင္ကုပါးေလးကိုလည္း အသာဆြဲညွစ္လိုက္သည္။

” အား ဘာလုပ္တာလဲ နာတယ္ ” အတင္း႐ုန္းကန္ကာ ေအာ္ဟစ္ေနသည့္ ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္း၏ ရယ္သံလြင္လြင္ေလးက ထပ္မံထြက္ေပၚလာျပန္သည္။

” ငါျပန္ေတာ့မယ္။ ငါဒီကိုလာတာဘယ္သူ႕ကိုမွ ေျပာလို႔မျဖစ္ဘူးေနာ္။ သိတယ္မလား “

” အင္း…”

” လိမၼာတယ္ ေခြး႐ူးေလး ” ေဂ်ာင္ကုသည္ နို႔ဗူးေသာက္ေနသည့္ ထယ္ေယာင္းေခါင္းေလးအား အသာပုတ္ေပးၿပီး ျပန္သြားသည္။

ထယ္ေယာင္း ေသာက္ေနသည့္ နို႔ဗူးသည္ အရသာထူးဆန္းေနသည္ကို သတိထားမိလိုက္သည္။ ငန္တယ္၊ အနံ႕ကလည္း ထူးဆန္းလိုက္တာ။ တံဆိပ္အသစ္မ်ားလား…။

ငယ္႐ြယ္လြန္းသည့္ ကေလးငယ္ေလးသည္ သိပ္ၿပီးမ်ားမ်ားစားစားမေတြးနိုင္ပါ။ နို႔ဗူးေလး ေသာက္လွ်က္ပင္ စစၥတာစကားလက္ခ္၏ လူနာခန္းကို ေရာက္လာသည္။ သူ႕အေနနဲ႕ လူနာခန္းရွာဖို႔ရာ မခတ္ခဲေပ။ ေလွ်ာက္လွမ္းမွာေတြ႕သည့္ သူနာျပဳတစ္ေယာက္သည္ ကေလးတစ္ေယာက္တည္း ေလွ်ာက္သြားမေနသင့္ဘူး ဘယ္အခန္းကလည္းေမးကာ လိုက္ပို႔ျခင္းျဖစ္သည္။

ထယ္ေယာင္းေရာက္သြားသည့္အခါ လူစုံေနသည္။ သင္းအုပ္ဆရာရယ္ စစၥတာစကားလက္ခ္ရယ္ အျခား လူေတြလည္းရွိေနခဲ့သည္။ သူဝင္သြားအခါ လူအားလုံး၏ အၾကည့္မ်ားသည္ သူ႕ထံေရာက္လာသည္။ ထယ္ေယာင္းအတည္းငယ္မသတ္မသာ ခံစားလာရကာ ေခါင္းငုံ႕ထားမိသည္။

ထယ္ေယာင္းသည္ ေခါင္းငုံ႕လွ်က္ပင္ သူေျပာခ်င္သည့္စကားမ်ား ေရးထားသည့္ မွတ္စုစာအုပ္ေလးအား ဆရာ့ထံထည့္ေပးလိုက္သည္။ သားသားေဂ်ာင္ကုအေၾကာင္းသိခ်င္တယ္။ ဘာလို႔ အကုန္လုံးက ေဂ်ာင္ကုကို မုန္းေနၾကတာလဲ။ ေဂ်ာင္ကုက လူေကာင္းပါ။

” ကေလး…သူက မင္းကို အခန္းထဲေသာ့ပိတ္ၿပီး မီးနဲ႕ရိႈ႕ဖို႔ ႀကိဳးစားခဲ့တာေနာ္… လူေကာင္းလို႔ေျပာခ်င္ေသးတာလား…”

ထယ္ေယာင္း လက္သီးေသးေသးေလးကို တင္းတင္းဆုပ္ထားသည္။ ေဂ်ာင္ကုက လူေကာင္း…ေဂ်ာင္ကုက လူေကာင္းတစ္ေယာက္။ သူ႕ကိုကာကြယ္ေပးမယ္လို႔ေျပာခဲ့တာေလ။ ေဂ်ာင္ကု သူ႕ကို ထိခိုက္ေအာင္လုပ္မွာမဟုတ္ဘူး။ ေဂ်ာင္ကုက သူ႕ကို ကတိေပးထားတယ္ေလ…ေဂ်ာင္ကုကလူေကာင္းပါ…။

________

Comments for chapter "Chapter 6"

0 0 votes
Article Rating
Subscribe
Notify of
guest
0 Comments
Oldest
Newest Most Voted