Chapter 7

Unicode

” ထယ်ယောင်း ကိုယ့်ကိုကိုယ်လိမ်ညာနေတာက အပြစ်တစ်ခုပဲဆိုတာ သားသိတယ်မလား ” ဆရာသည် ထယ်ယောင်းပုခုံးအား နှစ်သိမ့်ဟန် အသာပုတ်ပေး၍ပြောလာသည်။

လူတွေက အချို့အရာတွေကို လက်သင့်မခံနိုင်တဲ့အခါ အပြင်းအထန်ကို ငြင်းဆန်ကန့်ကွက်ကြလိမ့်မည်။ သူတို့ကိုယ်သူတို့ လိမ်ညာကြလိမ့်မည်။ ဘယ်လောက်ပဲ မျက်ဝါးထင်ထင် ကြုံရဆုံရခဲ့ပါစေ ကိုယတိုင်က လက်မခံနိုင်ဘဲ ကိုယ့်စိတ်ကိုကိုယ် ပြန်လိမ်နေမယ်ဆိုရင်တော့ ဘာမှမဖြစ်ခဲ့သလို ပျောက်ကွယ်သွားလိမ့်မည်။

အထူးသဖြင့် ထယ်ယောင်းလို စိတ်ဒဏ်ရာများစွာနဲ့ ကလေးငယ်သည် ကိုယ့်ကိုကိုယ် ပုံရိပ်ယောင်တွေကြားမှာပဲ ပိတ်လှောင်ထားတတ်သည်။ ဂျောင်ကုက လူကောင်းမဟုတ်မှန်းသိပါရဲ့ လူကောင်းပါလို့ ကိုယ့်ကိုကိုယ်ပြန်ပြီးလိမ်ညာတတ်သည်။

ထယ်ယောင်းသည် ခေါင်းကိုသာ အတွင်တွင်အခါခါယမ်းနေသည်။ မဟုတ်ဘူး…မဟုတ်ဘူးလို့!!! သားမညာဘူး။ ဂျောင်ကုက လူကောင်း…လူကောင်းလို့။ ဘာလို့ အကုန်လုံးက သူ့ကို မုန်းနေကြတာလဲ…။

” ကလေး…” စစ္စတာ စကားလက်ခ်သည် မျက်ရည်များဝဲနေခဲ့သည်။ ထို့နောက် ဝှီးချဲပေါ်မှပင် ထယ်ယောင်းကို ပွေ့ဖတ်ပေးထားမိသည်။ သူမသိတာပေါ့ ထယ်ယောင်းလိုအပ်နေသည်က နွေးထွေးတဲ့ ပွေ့ဖတ်မှုတစ်ခုဆိုတာကို။

” အဆင်ပြေသွားမှာပါ…အားလုံးအဆင်ပြေသွားမှာ…”

ထယ်ယောင်းသည် စစ္စတာကို ပြန်လည်ဖတ်တွယ်ထားရင်း ခေါင်းရမ်းလာပြန်သည်။ မဟုတ်ဘူး။ အဆင်မပြေနိုင်ဘူးတဲ့။ ပြတင်းပေါက်က ခေါင်းပြတ်ကြီးက သူ့ကို လှမ်းအော်ပြောနေတယ်။ ဒီလူတွေက မင်းကိုညာနေတာတဲ့။

” သားက လိမ္မာပါတယ်…နော်… အခုသားလုပ်ရမှာက ဂျောင်ကုနဲ့ စိတ်ဆိုးကြေးကစားရုံပဲ။ ကစားလို့မပြီးမချင်း ဂျောင်ကုနဲ့ အပေါင်းအသင်းလုပ်လို့မရဘူးနော်။ ခနလေးပါပဲ။ ပျော်စရာကောင်းမှာပါ…”

စစ္စတာ စကားလက်ခ်သည် ထယ်ယောင်း၏ ကျောပြင်အား အသာပုတ်ပေးနေရင်းပြောသည်။ အခုချိန်မှာ အရေးကြီးဆုံးက ထယ်ယောင်းဘေးကင်းဖို့သာ။ ကပ်ပါးကောင်သည် ထယ်ယောင်းကိုမျက်စိကျနေသည့်အတွက် ထယ်ယောင်းအတွက် ဘေးကင်းမှုမရှိ။

” ဒါလေးဆွဲထားနော် သားသားကို မကောင်းတဲ့အရာတွေဆီကနေကာကွယ်ပေးလိမ့်မယ်…” သင်းအုပ်ဆရာသည် ထယ်ယောင်းအား လက်ဝါးကပ်တိုင်ဆွဲသီးပါသော ဆွဲကြိုးလေးဆွဲပေးသည်။

ထို့နောက် စကားဝိုင်းသည် တိတ်ဆိတ်စွာနဲ့ပင် ပျက်သွားခဲ့သည်။ ထယ်ယောင်းတစ်ယောက် သူသိချင်သည့်ကိစ္စများကို မသိခဲ့ရပါ။ ထို့ပြင် စစ္စတာစကားလက်ခ်သည် ဂျောင်ကုနဲ့ အပေါင်းအသင်းမလုပ်ခိုင်းပေ။ သူတကယ်ဝမ်းနည်းမိသည်။ ဘယ်သူမှမလိုချင်ကြတဲ့သူ့ကို စစ္စတာတို့ကပါ မချစ်ကြတော့ဘူး။ ဂျောင်ကု…ဂျောင်ကုကိုပဲ သူလိုချင်တယ်။ ဂျောင်ကုသာဆိုရင် သူ့ကိုအလိုလိုက်မှာ…။

” ဘယ်လိုလုပ်ကြမလဲ…” ထယ်ယောင်းပြန်သွားသည့်အခါမှ စစ္စတာစကားလက်ခ်သည့် စကားပြန်စလာသည်။

” ဒီလောက်နှစ်တွေကြာနေခဲ့ပြီကို ဘာလို့ ဂျောင်ကုရဲ့ကိုယ်ထဲမှာ ကပ်ပါးကောင်ကရှိနေသေးရတာလဲ။ လူ့အသက်တွေ ဘယ်လောက်တောင် ပေးဆပ်ရဦးမှာလဲ….”

” ဒီလိုပုံဆို ကပ်ပါးကောင်နဲ့ လက်ခံကိုယ်က အသားကျနေတာပဲ…နှင်ဖို့ရာ ခတ်ခဲလိမ့်မယ် ” အခြားပရောဂနှင်သူတစ်ဦးသည်လည်း စကားဝိုင်းထဲဝင်လာသည်။

” မဟုတ်ဘူး…အကုန်လုံးမှားနေကြပြီ။ အဲ့တာကပ်ပါးကောင်မဟုတ်ဘူး။ အဲ့တာဂျောင်ကုပဲ…ဂျောင်ကုကိုယ်တိုင်ကိုကမကောင်းဆိုးဝါးဖြစ်နေခဲ့တာ…” သင်းအုပ်ဆရာသည် တိုးညှင်းစွာ ရေရွတ်လာသည်။

သင်းအုပ်ဆရာ၏ စကားကြောင့် အခန်းတွင်းရှိ လူငါးယောက်လုံးဆွံ့အကုန်သည်။

” ဒါဆို ဂျောင်ကုကမွေးကတည်းက မကောင်းဆိုးဝါးဝိညာဉ်ပေါ့။ ဒါတွေကို ကျွန်မက ဘာလို့မသိရတာလဲ…” စစ္စတာစကားလက်ခ်သည် တုန်လှုပ်စွာပြော၏။

” ဒီနှစ်တွေအတွင်း ဖြစ်ပျက်ခဲ့သမျှက သူ့ရဲ့ ကစားကွက်တွေပေါ့။ ဘာမမဟုတ်တဲ့ ကလေးတစ်ယောက်ကလေ…” ဒုတိယ လူတစ်ယောက်သည် အနည်းငယ်ဒေါကန်ကာ အော်ဟစ်လာသည်။

” ငါမှားသွားခဲ့တာ။ မကောင်းဆိုးဝါးဝိညာဉ်နဲ့အတူ လူသားဝိညာဉ်အစိတ်အပိုင်းလေးရှိနေဦးမယ်ထင်ပြီး ပထမဦးဆုံးအကြိမ် သူ့အသက်ငါးနှစ်မှာ အပနှင်ခဲ့တာ။ မကောင်းဆိုးဝါးဝိညာဉ်ကို ခွဲထုတ်ပြီး တံခါးနီနောက်မှာ ချိပ်ပိတ်ထားနိုင်ပြီထင်ခဲ့တာ။ ငါတို့မှားသွားပြီ…ငါတို့ သိပ်ကိုမှားသွားခဲ့ပြီ။ တံခါးနီက သူ့အတွက် ကစားစရာသာသာပဲ။ ဒီတစ်လျှောက်လုံးသူ သရုပ်ဆောင်နေခဲ့တာ။ ပိပိရိရိကို သရုပ်ဆောင်နေခဲ့တာ…”

ယခုအချိန်မှာ စိတ်ဓာတ်အကျဆုံးက သင်းအုပ်ဆရာပင်။ သူသည် လူ့လောကထဲ မခေါ်သင့်သည့်အရာတစ်ခုအား ပြုစုပျိုးထောင်ပေးခဲ့မိပြီ။ မကောင်းဆိုးဝါး၏ လှည့်ကွက်အတွင်း သူ၏ စဉ်းစားဆင်ခြင်နိုင်စွမ်းသည် တုံးအခဲ့ရပြီ။ အဖဘုရားသခင် ကျေးဇူးပြုပြီး လမ်းပြပေးလှည့်ပါ။

တိတ်ဆိတ်ခြောက်နေသော ဂေဟာတွင်ဖြစ်သည်။

အခုလက်ရှိ ဂေဟာတွင် စစ္စတာကြီးတစ်ယောက်သာ ကျန်ရှိလေသည်။ စစ္စတာစကားလက်ခ်သည် ခြေထောက်အနည်းငယ်ထိသွားသဖြင့် ဆေးရုံတက်နေရသည်။ဂေဟာ၏ တည်ထောင်သူ ဆရာမှာလည်း အလုပ်များစွာရှုပ်နေသဖြင့် ဂေဟာတွင် အရိပ်တောင်မမြင်ရပေ။ ဘာမှမသိသော ကလေးငယ်များ၏ နေ့ရက်သည် ပုံမှန်ထက်ပို၍ ရိုးရှင်းလေသည်။

” စစ္စတာ…ရေတွေကနံတယ်…” ညစာစားဝိုင်းတွင် ကလေးမတစ်ယောက်သည် ရေတစ်ခွက်သောက်လိုက်မိပြီးနောက် ရှုံ့မဲ့နေသည့်မျက်နှာဖြင့် ပြောသည်။

” ဟုတ်တယ်…အရသာကြီးကလည်း ထူးဆန်းတယ်…” ကျန်သည့်ကလေးများကပါ ထောက်ခံလာသည့်အတွက် စစ္စတာကြီးသည် သောက်ရေခွက်အား အနံကြည့်လိုက်သည်။ စိမ်းရွှင်ရွှင်အနံ့တစ်ခုသည် ရေတွင်ပျော်ဝင်နေသည်။ ထို့နောက် ထိုရေအားသောက်လိုက်သောအခါ အော်ဂလီဆန်စွာ ပြန်အန်ထွက်လာသည်။ အရသာကတော်တော်ကြီးကို ဆိုးဆိုးပင်။

” ရေတွေကိုလဲလိုက်ကြ ဒီရေတွေကို ဘယ်ကယူလာတာလဲ…”

” ရေတွင်းထဲကပဲ အတူခပ်လာပြီး အကုန်သုံးကြတာ…”

” အင်း…အဲ့ရေတွေကို မသောက်ကြနဲ့။ ဂေဟာထဲမှာ ရေသန့်နည်းနည်းရှိသေးမလား။ “

” ဟုတ်ကဲ့ “

ညစာစားဝိုင်းပြီးသွားသည့်အခါ ကလေးများသည် အိပ်ရာဝင်ဖို့ရာ ပြင်ဆင်ကြသည်။ စစ္စတာသည်လည်း ထိုကလေးများကို ကြည့်ရှုနေသည်။ အခုလက်ရှိ ဂေဟာ၏ အခြေအနေသည် လွန်စွာဖရိုဖရဲနိုင်လွန်းသည်။ နည်းနည်းမျက်စိအောက်ကလွတ်သည်နှင့် ကိစ္စကြီးကြီးများဖြစ်သွားတတ်သည်။

စစ္စတာ၏ မျက်လုံးတို့သည် လစ်လပ်နေသည့် ထယ်ယောင်းနေရာလေးအား မြင်သည့်အခါ တစ်စုံတစ်ခုကို သတိရသွားသည်။

” ဂျောင်ကု ဘယ်မှာလဲ…” ထိတ်လန့်နေသည့် စစ္စတာ၏ အသံတို့သည် တုန်ရီနေသည်။

ထို့နောက် နယ်မြေရဲကို အကြောင်းကြားကာ ရေတွင်းကို စစ်ဆေးခိုင်းတော့သည်။ အနည်းငယ် ယောက်ယက်ခတ်သွားပြီးတဲ့နောက်မှာတော့ ရေတွင်းထဲမှ ပုပ်ပွနေသည့် ကလေးအသေအလောင်းတစ်လောင်းထွက်ပေါ်လာသည်။ ထိုကလေးသည် အခြားမဟုတ် အရင်ရက်တွေက လူပျောက်တိုင်ထားသည့် ဂေဟာမှ ဝတုတ်ပင်ဖြစ်သည်။

ဂေဟာတွင်ကျန်ရှိသော သူများသည် အုတ်အော်သောင်းနင်းဖြစ်နေသည့်အချိန် တရားခံကတော့ အေးအေးလူလူ သာသာယာယာပင်။ လောကကြီးက သူနဲ့မဆိုင်သလိုမျိုးနေရင်း အေးချမ်းစွာ အိပ်ပျော်နေသည့် သူ့အပိုင်လေးအား တစိမ့်စိမ့်ထိုင်ကြည့်နေသည်။

” အိပ်ပျော်နေတာပဲ…ကြည့်စမ်း။ အကြောက်အလန့်မရှိလိုက်တာ…” ဂျောင်ကုသည် ထယ်ယောင်းပါးလေးကို လက်ညိုးလေးဖြင့် အသာထိုးလိုက်သည်။ ထယ်ယောင်း တစ်ချက်တွန့်သွားသော်လည်း နိုးမလာပေ။

ဂျောင်ကုသည် ထယ်ယောင်းလည်ပင်းမှ တစ်စုံတစ်ရာကို မြင်သွားသည်နှင့် အစောနက အပြုံးတွေဝေနေသည့် မျက်နှာသည် ချက်ချင်းကို အေးစက်သွားသည်။ ဒီလူတွေကတော့ မဆိုင်တာကို ဝင်ရှုပ်ပြန်ပြီ။

” ထယ်ယောင်း…ထ..ထလို့..” ဂျောင်ကုသည် ကြမ်းတမ်းစွာနဲ့ ထယ်ယောင်းကို လှုပ်နှိုးလိုက်သည်။

ထယ်ယောင်းနိုးလာသည်နှင့် ပထမဦးဆုံးမြင်ရသည်က မျက်နှာကျတ်တွင် ဇောက်ထိုးနေနေသည့် မည်းမည်းအကောင်ကြီးပင်။ သူချက်ချင်းမျက်နှာလွှဲလိုက်သည်။ သို့ပေသည့်တိုင် သူမျက်နှာလွှဲလိုက်သည့်ဘက်တွင် မျက်လုံးအပြူးသားကြီးနဲ့ ဗိုက်ကအူတွေထွက်နေသည့် သရဲတစ်ကောင်ရှိနေလို့ပြန်သည်။

” ထယ်ယောင်း…” ဂျောင်ကုသည် စိန်းစိန်းဝါးဝါးကြီးခေါ်လာသည်။

ထယ်ယောင်း ကြောက်လွန်းလို့ အသနားခံမိသည်။ ဒီအကောင်တွေကို အဝေးကိုမောင်းထုတ်ပေးပါ။ ဂျောင်ကု…ကျေးဇူးပြုပြီး…

” ဘာလို့လဲ ကြောက်လို့လား…”

ထယ်ယောင်း ခေါင်ခပ်ဆတ်ဆတ်ငြိမ့်သည်။

” သူတို့က ငါ့သူငယ်ချင်းတွေလေ။ သူတို့ကလည်း မင်းနဲ့ သူငယ်ချင်းဖြစ်ချင်နေတာ…”

ဟင့်အင်း…မလုပ်ဘူး။ ထယ်ယောင်းသည် ဒီတစ်ခါတော့ ခေါင်းကို အတွင်တွင်ခါယမ်းကာ ဂျောင်ကုလက်ကိုသာ တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

ပြတင်းပေါက်မှာ အမြဲရပ်နေတတ်တဲ့ ခေါင်းပြတ်ကြီးကလည်း မြေကြီးထိအောင် ရှည်လျားသည့် လျှာအရှည်ကြီးအား တရွတ်ဆွဲကာ အခန်းထဲဝင်လာသည်။ ကလေးလေးပိုက်ထားသည့် အမျိုးသမီးသည်လည်း နံရံကိုဖြတ်ကာ ဝင်လာသည်။ အမျိုးမျိုးသော သရဲတို့သည် သူ့အနားသို့ တိုးကပ်လာကြသည်။

ကြက်သီးဖျန်းခနဲထကာ နောက်ကျောမလုံသလိုခံစားလာရသောကြောင့် ထယ်ယောင်း သူနောက်ကျောဘက်သို့ လှည့်ကြည့်မိသည်။ ပုပ်ပွနေသည့် မျက်နှာကြီးတစ်ခုသည် ကြောက်စရာကောင်းသည့် အပြုံးကြီးဖြင့် သူ့ကိုကြည့်နေသည်။

” မင်းရဲ့ဝိညာဉ်က အရမ်းအားနည်းနေတာပဲ…ငါတို့ကို ဝင်ခွင့်ပေး။ မင်းအတွက်ပျော်စရာကောင်းမှာပါ…” ထိုပုပ်ပွနေသည့် သရဲကြီးသည် ထယ်ယောင်းဆီ ဝင်လုံးတော့သည်။ ထယ်ယောင့် ကြောက်လန့်စွာ လက်သေးသေးလေးများဖြင့် သူကိုယ်သူကာမိသည်။

” တော်စမ်း…” ဂျောင်ကု၏ ခပ်နက်နက်အသံကြီးကြားကာမှ ထယ်ယောင်း အသာခိုးကြည့်မိသည်။ သရဲကြီးသည် ဂျောင်ကုဆီကအရိုက်ခံလိုက်ရသည့်အတွက် အဝေးကိုလွင့်သွားပေမယ့် ထယ်ယောင်းအားစိန်းစိန်းကြည့်နေသည်။

” ငါသူ့ခန္ဓာထဲဝင်ချင်တယ်။ သူ့ဝိညာဉ်ကအရမ်းဖြူစင်ပြီး အားနည်းလွန်းနေတာ။ ငါလည်း ခန္ဓာကိုယ်ထဲပြန်ဝင်ချင်တယ်…” သရဲကြီးသည် အသံနက်ကြီးဖြင့် အော်သည့်အခါ ဆေးရုံရှိမီးများသည် တဖျတ်ဖျတ်ဖြင့် မျက်တောင်ခတ်သွားသည်။

” သူက ငါ့အပိုင်…”

ဂျောင်ကု၏မျက်လုံးများသည် စူးရဲစွာဖြင့် သရဲကြီးအား စိုက်ကြည့်နေသည်။ စူးရဲစွာစိုက်ကြည့်နေသည့်အကြည့်တို့နှင့်အတူ အနားရှိ အခြားသရဲများသည် တစ်ကောင်ပြီးတစ်ကောင် လောင်ကျွမ်းသွားကြသည်။ မီးအားနည်းကာ တစ်ဖျတ်ဖျတ်ဖြစ်နေသည့် ဆေးရုံမီးများသည် တစ်ဖြေးဖြေးလင်းလာသည်။ ပတ်ဝန်းကျင်ရှိ လေထုမှာလည်း ရေခဲအမှတ်သို့ကျဆင်းကာ အခန်းထဲရှိ ရေများပင်ခဲကုန်တော့သည်။

ဂျောင်ကု၏ အကြည့်တို့သည် စူးရဲသထက်စူးရဲလာသည်။ မီးများသည် ပုံမှန်အနေအထားကိုပင် ကျော်လွန်ကာ တအားကုန်လင်း၍ ပူလာသည်။

” သူ့ကငါ့အပိုင်…ငါ့အပိုင်…” ဒေါသတကြီးအော်ဟစ်လိုက်သည့် ဂျောင်ကု၏ စကားတို့နှင့်အတူ အခန်းတွင်းရှိ မီးချောင်းများသည် အပူချိန်လွန်ကဲကာ ကွဲထွက်သွားသည်။ ဆေးရုံကြီးတစ်ခုလုံးလည်း ဖျတ်ခနဲ အမှောင်ကျသွားတော့သည်။

” ထယ်ယောင်း…” ကိုယ့်လက်ကိုယ်ပင် ပြန်မပြန်နိုင်သည့် အမှောင်ထုထဲ အနောက်မှ ရုတ်တရတ်ကြီး အဖတ်ခံလိုက်ရသဖြင့် ထယ်ယောင်းတစ်ကိုယ်လုံးတောင့်တင်းသွားသည်။

” ငါအရမ်းကြောက်တာပဲ အဟင့်…” ငိုရှိတ်သံလေးနဲ့ ဂျောင်ကုသည် သရုပ်ဆောင်ကောင်းပါသည်။ သနားစိတ်သည် ကြောက်စိတ်ကို အောင်နိုင်သွားသည့် ထယ်ယောင်းသည် ဂျောင်ကုအား ပြန်ပွေ့ဖတ်ထားပေးသည်။

” ငါ..ကာ..ကွယ်..ပေးမယ် ” စကားလုံးသည် အရင်ကလောက် မခတ်ခဲတော့ပေ။ သူကာကွယ်ပေးမှာ။ ဂျောင်ကုက လူဆိုးပဲဖြစ်နေပါစေ။ သူ့ကိုမထိခိုက်သရွေ့ရပြီ။ ဘယ်သူမှမလိုချင်တဲ့သူ့ကို အဖော်ပြုပေးရင်ရပြီ။ ဂျောင်ကုကို သူကာကွယ်ပေးမှာ…။

_________

Zawkyi

” ထယ္ေယာင္း ကိုယ့္ကိုကိုယ္လိမ္ညာေနတာက အျပစ္တစ္ခုပဲဆိုတာ သားသိတယ္မလား ” ဆရာသည္ ထယ္ေယာင္းပုခုံးအား ႏွစ္သိမ့္ဟန္ အသာပုတ္ေပး၍ေျပာလာသည္။

လူေတြက အခ်ိဳ႕အရာေတြကို လက္သင့္မခံနိုင္တဲ့အခါ အျပင္းအထန္ကို ျငင္းဆန္ကန့္ကြက္ၾကလိမ့္မည္။ သူတို႔ကိုယ္သူတို႔ လိမ္ညာၾကလိမ့္မည္။ ဘယ္ေလာက္ပဲ မ်က္ဝါးထင္ထင္ ႀကဳံရဆုံရခဲ့ပါေစ ကိုယတိုင္က လက္မခံနိုင္ဘဲ ကိုယ့္စိတ္ကိုကိုယ္ ျပန္လိမ္ေနမယ္ဆိုရင္ေတာ့ ဘာမွမျဖစ္ခဲ့သလို ေပ်ာက္ကြယ္သြားလိမ့္မည္။

အထူးသျဖင့္ ထယ္ေယာင္းလို စိတ္ဒဏ္ရာမ်ားစြာနဲ႕ ကေလးငယ္သည္ ကိုယ့္ကိုကိုယ္ ပုံရိပ္ေယာင္ေတြၾကားမွာပဲ ပိတ္ေလွာင္ထားတတ္သည္။ ေဂ်ာင္ကုက လူေကာင္းမဟုတ္မွန္းသိပါရဲ႕ လူေကာင္းပါလို႔ ကိုယ့္ကိုကိုယ္ျပန္ၿပီးလိမ္ညာတတ္သည္။

ထယ္ေယာင္းသည္ ေခါင္းကိုသာ အတြင္တြင္အခါခါယမ္းေနသည္။ မဟုတ္ဘူး…မဟုတ္ဘူးလို႔!!! သားမညာဘူး။ ေဂ်ာင္ကုက လူေကာင္း…လူေကာင္းလို႔။ ဘာလို႔ အကုန္လုံးက သူ႕ကို မုန္းေနၾကတာလဲ…။

” ကေလး…” စစၥတာ စကားလက္ခ္သည္ မ်က္ရည္မ်ားဝဲေနခဲ့သည္။ ထို႔ေနာက္ ဝွီးခ်ဲေပၚမွပင္ ထယ္ေယာင္းကို ေပြ႕ဖတ္ေပးထားမိသည္။ သူမသိတာေပါ့ ထယ္ေယာင္းလိုအပ္ေနသည္က ေႏြးေထြးတဲ့ ေပြ႕ဖတ္မႈတစ္ခုဆိုတာကို။

” အဆင္ေျပသြားမွာပါ…အားလုံးအဆင္ေျပသြားမွာ…”

ထယ္ေယာင္းသည္ စစၥတာကို ျပန္လည္ဖတ္တြယ္ထားရင္း ေခါင္းရမ္းလာျပန္သည္။ မဟုတ္ဘူး။ အဆင္မေျပနိုင္ဘူးတဲ့။ ျပတင္းေပါက္က ေခါင္းျပတ္ႀကီးက သူ႕ကို လွမ္းေအာ္ေျပာေနတယ္။ ဒီလူေတြက မင္းကိုညာေနတာတဲ့။

” သားက လိမၼာပါတယ္…ေနာ္… အခုသားလုပ္ရမွာက ေဂ်ာင္ကုနဲ႕ စိတ္ဆိုးေၾကးကစား႐ုံပဲ။ ကစားလို႔မၿပီးမခ်င္း ေဂ်ာင္ကုနဲ႕ အေပါင္းအသင္းလုပ္လို႔မရဘူးေနာ္။ ခနေလးပါပဲ။ ေပ်ာ္စရာေကာင္းမွာပါ…”

စစၥတာ စကားလက္ခ္သည္ ထယ္ေယာင္း၏ ေက်ာျပင္အား အသာပုတ္ေပးေနရင္းေျပာသည္။ အခုခ်ိန္မွာ အေရးႀကီးဆုံးက ထယ္ေယာင္းေဘးကင္းဖို႔သာ။ ကပ္ပါးေကာင္သည္ ထယ္ေယာင္းကိုမ်က္စိက်ေနသည့္အတြက္ ထယ္ေယာင္းအတြက္ ေဘးကင္းမႈမရွိ။

” ဒါေလးဆြဲထားေနာ္ သားသားကို မေကာင္းတဲ့အရာေတြဆီကေနကာကြယ္ေပးလိမ့္မယ္…” သင္းအုပ္ဆရာသည္ ထယ္ေယာင္းအား လက္ဝါးကပ္တိုင္ဆြဲသီးပါေသာ ဆြဲႀကိဳးေလးဆြဲေပးသည္။

ထို႔ေနာက္ စကားဝိုင္းသည္ တိတ္ဆိတ္စြာနဲ႕ပင္ ပ်က္သြားခဲ့သည္။ ထယ္ေယာင္းတစ္ေယာက္ သူသိခ်င္သည့္ကိစၥမ်ားကို မသိခဲ့ရပါ။ ထို႔ျပင္ စစၥတာစကားလက္ခ္သည္ ေဂ်ာင္ကုနဲ႕ အေပါင္းအသင္းမလုပ္ခိုင္းေပ။ သူတကယ္ဝမ္းနည္းမိသည္။ ဘယ္သူမွမလိုခ်င္ၾကတဲ့သူ႕ကို စစၥတာတို႔ကပါ မခ်စ္ၾကေတာ့ဘူး။ ေဂ်ာင္ကု…ေဂ်ာင္ကုကိုပဲ သူလိုခ်င္တယ္။ ေဂ်ာင္ကုသာဆိုရင္ သူ႕ကိုအလိုလိုက္မွာ…။

” ဘယ္လိုလုပ္ၾကမလဲ…” ထယ္ေယာင္းျပန္သြားသည့္အခါမွ စစၥတာစကားလက္ခ္သည့္ စကားျပန္စလာသည္။

” ဒီေလာက္ႏွစ္ေတြၾကာေနခဲ့ၿပီကို ဘာလို႔ ေဂ်ာင္ကုရဲ႕ကိုယ္ထဲမွာ ကပ္ပါးေကာင္ကရွိေနေသးရတာလဲ။ လူ႕အသက္ေတြ ဘယ္ေလာက္ေတာင္ ေပးဆပ္ရဦးမွာလဲ….”

” ဒီလိုပုံဆို ကပ္ပါးေကာင္နဲ႕ လက္ခံကိုယ္က အသားက်ေနတာပဲ…ႏွင္ဖို႔ရာ ခတ္ခဲလိမ့္မယ္ ” အျခားပေရာဂႏွင္သူတစ္ဦးသည္လည္း စကားဝိုင္းထဲဝင္လာသည္။

” မဟုတ္ဘူး…အကုန္လုံးမွားေနၾကၿပီ။ အဲ့တာကပ္ပါးေကာင္မဟုတ္ဘူး။ အဲ့တာေဂ်ာင္ကုပဲ…ေဂ်ာင္ကုကိုယ္တိုင္ကိုကမေကာင္းဆိုးဝါးျဖစ္ေနခဲ့တာ…” သင္းအုပ္ဆရာသည္ တိုးညွင္းစြာ ေရ႐ြတ္လာသည္။

သင္းအုပ္ဆရာ၏ စကားေၾကာင့္ အခန္းတြင္းရွိ လူငါးေယာက္လုံးဆြံ႕အကုန္သည္။

” ဒါဆို ေဂ်ာင္ကုကေမြးကတည္းက မေကာင္းဆိုးဝါးဝိညာဥ္ေပါ့။ ဒါေတြကို ကြၽန္မက ဘာလို႔မသိရတာလဲ…” စစၥတာစကားလက္ခ္သည္ တုန္လႈပ္စြာေျပာ၏။

” ဒီႏွစ္ေတြအတြင္း ျဖစ္ပ်က္ခဲ့သမွ်က သူ႕ရဲ႕ ကစားကြက္ေတြေပါ့။ ဘာမမဟုတ္တဲ့ ကေလးတစ္ေယာက္ကေလ…” ဒုတိယ လူတစ္ေယာက္သည္ အနည္းငယ္ေဒါကန္ကာ ေအာ္ဟစ္လာသည္။

” ငါမွားသြားခဲ့တာ။ မေကာင္းဆိုးဝါးဝိညာဥ္နဲ႕အတူ လူသားဝိညာဥ္အစိတ္အပိုင္းေလးရွိေနဦးမယ္ထင္ၿပီး ပထမဦးဆုံးအႀကိမ္ သူ႕အသက္ငါးႏွစ္မွာ အပႏွင္ခဲ့တာ။ မေကာင္းဆိုးဝါးဝိညာဥ္ကို ခြဲထုတ္ၿပီး တံခါးနီေနာက္မွာ ခ်ိပ္ပိတ္ထားနိုင္ၿပီထင္ခဲ့တာ။ ငါတို႔မွားသြားၿပီ…ငါတို႔ သိပ္ကိုမွားသြားခဲ့ၿပီ။ တံခါးနီက သူ႕အတြက္ ကစားစရာသာသာပဲ။ ဒီတစ္ေလွ်ာက္လုံးသူ သ႐ုပ္ေဆာင္ေနခဲ့တာ။ ပိပိရိရိကို သ႐ုပ္ေဆာင္ေနခဲ့တာ…”

ယခုအခ်ိန္မွာ စိတ္ဓာတ္အက်ဆဳံးက သင္းအုပ္ဆရာပင္။ သူသည္ လူ႕ေလာကထဲ မေခၚသင့္သည့္အရာတစ္ခုအား ျပဳစုပ်ိဳးေထာင္ေပးခဲ့မိၿပီ။ မေကာင္းဆိုးဝါး၏ လွည့္ကြက္အတြင္း သူ၏ စဥ္းစားဆင္ျခင္နိုင္စြမ္းသည္ တုံးအခဲ့ရၿပီ။ အဖဘုရားသခင္ ေက်းဇူးျပဳၿပီး လမ္းျပေပးလွည့္ပါ။

တိတ္ဆိတ္ေျခာက္ေနေသာ ေဂဟာတြင္ျဖစ္သည္။

အခုလက္ရွိ ေဂဟာတြင္ စစၥတာႀကီးတစ္ေယာက္သာ က်န္ရွိေလသည္။ စစၥတာစကားလက္ခ္သည္ ေျခေထာက္အနည္းငယ္ထိသြားသျဖင့္ ေဆး႐ုံတက္ေနရသည္။ေဂဟာ၏ တည္ေထာင္သူ ဆရာမွာလည္း အလုပ္မ်ားစြာရႈပ္ေနသျဖင့္ ေဂဟာတြင္ အရိပ္ေတာင္မျမင္ရေပ။ ဘာမွမသိေသာ ကေလးငယ္မ်ား၏ ေန႕ရက္သည္ ပုံမွန္ထက္ပို၍ ရိုးရွင္းေလသည္။

” စစၥတာ…ေရေတြကနံတယ္…” ညစာစားဝိုင္းတြင္ ကေလးမတစ္ေယာက္သည္ ေရတစ္ခြက္ေသာက္လိုက္မိၿပီးေနာက္ ရႈံ႕မဲ့ေနသည့္မ်က္ႏွာျဖင့္ ေျပာသည္။

” ဟုတ္တယ္…အရသာႀကီးကလည္း ထူးဆန္းတယ္…” က်န္သည့္ကေလးမ်ားကပါ ေထာက္ခံလာသည့္အတြက္ စစၥတာႀကီးသည္ ေသာက္ေရခြက္အား အနံၾကည့္လိုက္သည္။ စိမ္း႐ႊင္႐ႊင္အနံ႕တစ္ခုသည္ ေရတြင္ေပ်ာ္ဝင္ေနသည္။ ထို႔ေနာက္ ထိုေရအားေသာက္လိုက္ေသာအခါ ေအာ္ဂလီဆန္စြာ ျပန္အန္ထြက္လာသည္။ အရသာကေတာ္ေတာ္ႀကီးကို ဆိုးဆိုးပင္။

” ေရေတြကိုလဲလိုက္ၾက ဒီေရေတြကို ဘယ္ကယူလာတာလဲ…”

” ေရတြင္းထဲကပဲ အတူခပ္လာၿပီး အကုန္သုံးၾကတာ…”

” အင္း…အဲ့ေရေတြကို မေသာက္ၾကနဲ႕။ ေဂဟာထဲမွာ ေရသန့္နည္းနည္းရွိေသးမလား။ “

” ဟုတ္ကဲ့ “

ညစာစားဝိုင္းၿပီးသြားသည့္အခါ ကေလးမ်ားသည္ အိပ္ရာဝင္ဖို႔ရာ ျပင္ဆင္ၾကသည္။ စစၥတာသည္လည္း ထိုကေလးမ်ားကို ၾကည့္ရႈေနသည္။ အခုလက္ရွိ ေဂဟာ၏ အေျခအေနသည္ လြန္စြာဖရိုဖရဲနိုင္လြန္းသည္။ နည္းနည္းမ်က္စိေအာက္ကလြတ္သည္ႏွင့္ ကိစၥႀကီးႀကီးမ်ားျဖစ္သြားတတ္သည္။

စစၥတာ၏ မ်က္လုံးတို႔သည္ လစ္လပ္ေနသည့္ ထယ္ေယာင္းေနရာေလးအား ျမင္သည့္အခါ တစ္စုံတစ္ခုကို သတိရသြားသည္။

” ေဂ်ာင္ကု ဘယ္မွာလဲ…” ထိတ္လန့္ေနသည့္ စစၥတာ၏ အသံတို႔သည္ တုန္ရီေနသည္။

ထို႔ေနာက္ နယ္ေျမရဲကို အေၾကာင္းၾကားကာ ေရတြင္းကို စစ္ေဆးခိုင္းေတာ့သည္။ အနည္းငယ္ ေယာက္ယက္ခတ္သြားၿပီးတဲ့ေနာက္မွာေတာ့ ေရတြင္းထဲမွ ပုပ္ပြေနသည့္ ကေလးအေသအေလာင္းတစ္ေလာင္းထြက္ေပၚလာသည္။ ထိုကေလးသည္ အျခားမဟုတ္ အရင္ရက္ေတြက လူေပ်ာက္တိုင္ထားသည့္ ေဂဟာမွ ဝတုတ္ပင္ျဖစ္သည္။

ေဂဟာတြင္က်န္ရွိေသာ သူမ်ားသည္ အုတ္ေအာ္ေသာင္းနင္းျဖစ္ေနသည့္အခ်ိန္ တရားခံကေတာ့ ေအးေအးလူလူ သာသာယာယာပင္။ ေလာကႀကီးက သူနဲ႕မဆိုင္သလိုမ်ိဳးေနရင္း ေအးခ်မ္းစြာ အိပ္ေပ်ာ္ေနသည့္ သူ႕အပိုင္ေလးအား တစိမ့္စိမ့္ထိုင္ၾကည့္ေနသည္။

” အိပ္ေပ်ာ္ေနတာပဲ…ၾကည့္စမ္း။ အေၾကာက္အလန့္မရွိလိုက္တာ…” ေဂ်ာင္ကုသည္ ထယ္ေယာင္းပါးေလးကို လက္ညိုးေလးျဖင့္ အသာထိုးလိုက္သည္။ ထယ္ေယာင္း တစ္ခ်က္တြန့္သြားေသာ္လည္း နိုးမလာေပ။

ေဂ်ာင္ကုသည္ ထယ္ေယာင္းလည္ပင္းမွ တစ္စုံတစ္ရာကို ျမင္သြားသည္ႏွင့္ အေစာနက အၿပဳံးေတြေဝေနသည့္ မ်က္ႏွာသည္ ခ်က္ခ်င္းကို ေအးစက္သြားသည္။ ဒီလူေတြကေတာ့ မဆိုင္တာကို ဝင္ရႈပ္ျပန္ၿပီ။

” ထယ္ေယာင္း…ထ..ထလို႔..” ေဂ်ာင္ကုသည္ ၾကမ္းတမ္းစြာနဲ႕ ထယ္ေယာင္းကို လႈပ္ႏွိုးလိုက္သည္။

ထယ္ေယာင္းနိုးလာသည္ႏွင့္ ပထမဦးဆုံးျမင္ရသည္က မ်က္ႏွာက်တ္တြင္ ေဇာက္ထိုးေနေနသည့္ မည္းမည္းအေကာင္ႀကီးပင္။ သူခ်က္ခ်င္းမ်က္ႏွာလႊဲလိုက္သည္။ သို႔ေပသည့္တိုင္ သူမ်က္ႏွာလႊဲလိုက္သည့္ဘက္တြင္ မ်က္လုံးအျပဴးသားႀကီးနဲ႕ ဗိုက္ကအူေတြထြက္ေနသည့္ သရဲတစ္ေကာင္ရွိေနလို႔ျပန္သည္။

” ထယ္ေယာင္း…” ေဂ်ာင္ကုသည္ စိန္းစိန္းဝါးဝါးႀကီးေခၚလာသည္။

ထယ္ေယာင္း ေၾကာက္လြန္းလို႔ အသနားခံမိသည္။ ဒီအေကာင္ေတြကို အေဝးကိုေမာင္းထုတ္ေပးပါ။ ေဂ်ာင္ကု…ေက်းဇူးျပဳၿပီး…

” ဘာလို႔လဲ ေၾကာက္လို႔လား…”

ထယ္ေယာင္း ေခါင္ခပ္ဆတ္ဆတ္ၿငိမ့္သည္။

” သူတို႔က ငါ့သူငယ္ခ်င္းေတြေလ။ သူတို႔ကလည္း မင္းနဲ႕ သူငယ္ခ်င္းျဖစ္ခ်င္ေနတာ…”

ဟင့္အင္း…မလုပ္ဘူး။ ထယ္ေယာင္းသည္ ဒီတစ္ခါေတာ့ ေခါင္းကို အတြင္တြင္ခါယမ္းကာ ေဂ်ာင္ကုလက္ကိုသာ တင္းၾကပ္စြာ ဆုပ္ကိုင္ထားသည္။

ျပတင္းေပါက္မွာ အၿမဲရပ္ေနတတ္တဲ့ ေခါင္းျပတ္ႀကီးကလည္း ေျမႀကီးထိေအာင္ ရွည္လ်ားသည့္ လွ်ာအရွည္ႀကီးအား တ႐ြတ္ဆြဲကာ အခန္းထဲဝင္လာသည္။ ကေလးေလးပိုက္ထားသည့္ အမ်ိဳးသမီးသည္လည္း နံရံကိုျဖတ္ကာ ဝင္လာသည္။ အမ်ိဳးမ်ိဳးေသာ သရဲတို႔သည္ သူ႕အနားသို႔ တိုးကပ္လာၾကသည္။

ၾကက္သီးဖ်န္းခနဲထကာ ေနာက္ေက်ာမလုံသလိုခံစားလာရေသာေၾကာင့္ ထယ္ေယာင္း သူေနာက္ေက်ာဘက္သို႔ လွည့္ၾကည့္မိသည္။ ပုပ္ပြေနသည့္ မ်က္ႏွာႀကီးတစ္ခုသည္ ေၾကာက္စရာေကာင္းသည့္ အၿပဳံးႀကီးျဖင့္ သူ႕ကိုၾကည့္ေနသည္။

” မင္းရဲ႕ဝိညာဥ္က အရမ္းအားနည္းေနတာပဲ…ငါတို႔ကို ဝင္ခြင့္ေပး။ မင္းအတြက္ေပ်ာ္စရာေကာင္းမွာပါ…” ထိုပုပ္ပြေနသည့္ သရဲႀကီးသည္ ထယ္ေယာင္းဆီ ဝင္လုံးေတာ့သည္။ ထယ္ေယာင့္ ေၾကာက္လန့္စြာ လက္ေသးေသးေလးမ်ားျဖင့္ သူကိုယ္သူကာမိသည္။

” ေတာ္စမ္း…” ေဂ်ာင္ကု၏ ခပ္နက္နက္အသံႀကီးၾကားကာမွ ထယ္ေယာင္း အသာခိုးၾကည့္မိသည္။ သရဲႀကီးသည္ ေဂ်ာင္ကုဆီကအရိုက္ခံလိုက္ရသည့္အတြက္ အေဝးကိုလြင့္သြားေပမယ့္ ထယ္ေယာင္းအားစိန္းစိန္းၾကည့္ေနသည္။

” ငါသူ႕ခႏၶာထဲဝင္ခ်င္တယ္။ သူ႕ဝိညာဥ္ကအရမ္းျဖဴစင္ၿပီး အားနည္းလြန္းေနတာ။ ငါလည္း ခႏၶာကိုယ္ထဲျပန္ဝင္ခ်င္တယ္…” သရဲႀကီးသည္ အသံနက္ႀကီးျဖင့္ ေအာ္သည့္အခါ ေဆး႐ုံရွိမီးမ်ားသည္ တဖ်တ္ဖ်တ္ျဖင့္ မ်က္ေတာင္ခတ္သြားသည္။

” သူက ငါ့အပိုင္…”

ေဂ်ာင္ကု၏မ်က္လုံးမ်ားသည္ စူးရဲစြာျဖင့္ သရဲႀကီးအား စိုက္ၾကည့္ေနသည္။ စူးရဲစြာစိုက္ၾကည့္ေနသည့္အၾကည့္တို႔ႏွင့္အတူ အနားရွိ အျခားသရဲမ်ားသည္ တစ္ေကာင္ၿပီးတစ္ေကာင္ ေလာင္ကြၽမ္းသြားၾကသည္။ မီးအားနည္းကာ တစ္ဖ်တ္ဖ်တ္ျဖစ္ေနသည့္ ေဆး႐ုံမီးမ်ားသည္ တစ္ေျဖးေျဖးလင္းလာသည္။ ပတ္ဝန္းက်င္ရွိ ေလထုမွာလည္း ေရခဲအမွတ္သို႔က်ဆင္းကာ အခန္းထဲရွိ ေရမ်ားပင္ခဲကုန္ေတာ့သည္။

ေဂ်ာင္ကု၏ အၾကည့္တို႔သည္ စူးရဲသထက္စူးရဲလာသည္။ မီးမ်ားသည္ ပုံမွန္အေနအထားကိုပင္ ေက်ာ္လြန္ကာ တအားကုန္လင္း၍ ပူလာသည္။

” သူ႕ကငါ့အပိုင္…ငါ့အပိုင္…” ေဒါသတႀကီးေအာ္ဟစ္လိုက္သည့္ ေဂ်ာင္ကု၏ စကားတို႔ႏွင့္အတူ အခန္းတြင္းရွိ မီးေခ်ာင္းမ်ားသည္ အပူခ်ိန္လြန္ကဲကာ ကြဲထြက္သြားသည္။ ေဆး႐ုံႀကီးတစ္ခုလုံးလည္း ဖ်တ္ခနဲ အေမွာင္က်သြားေတာ့သည္။

” ထယ္ေယာင္း…” ကိုယ့္လက္ကိုယ္ပင္ ျပန္မျပန္နိုင္သည့္ အေမွာင္ထုထဲ အေနာက္မွ ႐ုတ္တရတ္ႀကီး အဖတ္ခံလိုက္ရသျဖင့္ ထယ္ေယာင္းတစ္ကိုယ္လုံးေတာင့္တင္းသြားသည္။

” ငါအရမ္းေၾကာက္တာပဲ အဟင့္…” ငိုရွိတ္သံေလးနဲ႕ ေဂ်ာင္ကုသည္ သ႐ုပ္ေဆာင္ေကာင္းပါသည္။ သနားစိတ္သည္ ေၾကာက္စိတ္ကို ေအာင္နိုင္သြားသည့္ ထယ္ေယာင္းသည္ ေဂ်ာင္ကုအား ျပန္ေပြ႕ဖတ္ထားေပးသည္။

” ငါ..ကာ..ကြယ္..ေပးမယ္ ” စကားလုံးသည္ အရင္ကေလာက္ မခတ္ခဲေတာ့ေပ။ သူကာကြယ္ေပးမွာ။ ေဂ်ာင္ကုက လူဆိုးပဲျဖစ္ေနပါေစ။ သူ႕ကိုမထိခိုက္သေ႐ြ႕ရၿပီ။ ဘယ္သူမွမလိုခ်င္တဲ့သူ႕ကို အေဖာ္ျပဳေပးရင္ရၿပီ။ ေဂ်ာင္ကုကို သူကာကြယ္ေပးမွာ…။

_________

Comments for chapter "Chapter 7"

0 0 votes
Article Rating
Subscribe
Notify of
guest
0 Comments
Oldest
Newest Most Voted