Chapter 8

Unicode

” ငါအရမ်းကြောက်တာပဲ၊ သူတို့တွေက မင်းရဲ့ ခန္ဓာကိုယ်ထဲဝင်ချင်နေကြတာကို ငါမသိခဲ့ဘူး။ ငါသူတို့ကို ခေါ်မလာသင့်ဘူး “

ဂျောင်ကုသည် ထယ်ယောင်းပုခုံးလေးပေါ် မေးလေးတင်ရင်း ဆက်ပြောသည်။

” ငါ…တောင်းပန်ပါတယ်။ မင်းလည်းအရမ်းလန့်သွားတယ်မလား…”

ဂျောင်ကုထံမှ ပထမဦးဆုံးကြားရသည့် တောင်းပန်စကားပင်။ သူ၏ အသက်ကို အကြိမ်ကြိမ်ရန်ရှာတတ်သည် ထိုသူသည် ယခုအခါမှာတော့ ဘာမဟုတ်တဲ့ကိစ္စလေးအတွက်တောင်းပန်လို့လာသည်။ ထယ်ယောင်း ဂျောင်ကုအား မယုံရဲတော့ပါ။ ဂျောင်ကု စစ္စတာစကားလက်ခ်လိုပဲ အလိမ်အညာတွေကို အလွယ်လေးပြောတတ်လိုက်တာ…

” မင်း ညာ နေ တာ…မင်းဝမ်းမနည်းဘူး. . . ” နောက်ဆုံးတော့ စကားမပြောနိုင်တဲ့ ကောင်လေးသည် မကျေနပ်ချက်များကို ထုတ်ဖော်လာတော့သည်။

” ငါ့သေသွားရင်တောင် မင်းဝမ်းနည်းမှာမဟုတ်ဘူး။ မင်းက ငါ့ဝိညာဉ်ကိုလိုချင်ရုံ။ မင်းကမကောင်းဆိုးဝါးကောင်ပဲ။ ငါလေ မင်းကို ယုံကြည်ပေးခဲ့တယ်…ပထမ…ဒုတိယ…အခု တတိယ…မင်းငါ့အသက်ကို အကြိမ်ကြိမ်ရန်ရှာခဲ့တယ်။ ဂျောင်ကု မင်းသိလား၊ ငါက မင်းထင်နေသလို ပျော့ညံ့ညံ့ကလေးငယ်တစ်ယောက်မဟုတ်ဘူး…”

ထယ်ယောင်း၏ စကားတို့သည် အခတ်အခဲမရှိ ချောချောမွေ့မွေ့ပင် အစီအရီထွက်လာသည်။ အရွယ်နဲ့မလိုက် ရင့်ကျတ်နေသူမလို့ သူသည် အရာအားလုံးကို သိသည်။ မသိချင်ယောင်ဆောင်နေခဲ့ရုံပါ။

မိဘနှစ်ပါးလုံး မီးလောင်ကျွမ်းသွားတာကိုလည်း သူမမြင်ချင်တဲ့အဆုံး မြင်ခဲ့ရသည်။ ဆရာနဲ့ စစ္စတာစကားလက်ခ်တို့၏ ပြောစကားများကိုလည်း သူတံခါးအနောက်ကနေ ချောင်း နားထောင်ခဲ့သည်။ ဝတုတ်အသတ်ခံရတုန်းကလည်း သူသည် ပြတင်းပေါက်မှ ကြည့်နေခဲ့သည်။ ဂေဟာရဲ့ အတွင်းပစ္စည်းတွေကို ခိုးထုတ်ပြီး ရောင်းချနေတဲ့ စစ္စတာကြီးရဲ့ လုပ်ရပ်တွေကိုလည်း မျက်မြင်တွေ့ခဲ့ရသည်။ သူက အပူပင်ကင်းတဲ့ ကလေးငယ်တစ်ယောက်လိုနေချင်ရုံပါ။ ဘာလို့မျက်နှာသာ မပေးကြတာလဲ….။

ထယ်ယောင်း၏ စကားတို့ကြောင့် ပွေ့ဖတ်ထားသည့် ဂျောင်ကု၏ လက်တို့သည် ပြေလျှော့လာသလို မျက်ဝန်းတို့ထဲတွင်လည်း မယုံကြည်နိုင်မှုအပြည့်ပင်။ ထို့နောက် အဖြစ်မှန်ကို ရိပ်မိသည့်အခါ ခြောက်ခြားဖွယ်ရာ အော်ရယ်လို့လာသည်။

” မှန်းစမ်း… Physical age က 7နှစ်၊ Mental age က 16များလား…”

” ငါတို့ထပ်မတွေ့ရအောင်။ ဒါကအကောင်းဆုံးဖြစ်လိမ့်မယ်။ စစ္စတာစကားလက်ခ်ကလည်း ငါ့ကိုမင်းနဲ့မတွေ့ခိုင်းဘူး…”

” အဲ့ အရူးတွေရဲ့စကားကို မင်းနားထောင်စရာမလိုဘူး ထယ်ယောင်း! “

” မင်းကလူမှမဟုတ်ဘဲ။ မင်းရဲ့ပုံစံအစစ်ကိုတောင် ငါ့ကိုချမပြနိုင်ဘဲ ငါ့ဆီက ဘာတွေမျှော်လင့်နေတာလဲ…”

ဒီတစ်ခါတော့ ဂျောင်ကု အကြီးအကျယ်ကို ရှော့ရသွားလေသည်။ ‘ငါ့ဆီက ဘာတွေမျှော်လင့်နေတာလဲ…’ ဆိုသည့် စကားသံသည် သူ့ခေါင်းထဲ ပဲ့တင်ထပ်နေသည်။ သူဘာကိုမျှော်လင့်ခဲ့တာလဲ။ ထယ်ယောင်းသေသွားဖို့ကိုလား။ ဟုတ်တယ်…ထယ်ယောင်း သေသွားဖို့ကိုပဲ သူမျှော်လင့်ခဲ့တာ အရေးမပါတဲ့ ခံစားချက်တွေကို မဟုတ်ဘူး…။

” ငါတို့ တစ်နေရာသွားကြမလား၊ အဲ့နေရာကို ငါနဲ့အတူလိုက်ခဲ့ပေးမယ်ဆို နောက်မတွေ့တော့ဘူး…”

ရုတ်တရတ် ဆေးရုံတစ်ခုလုံး လျှပ်စစ်မီးပြန်ရလေသည်။ အခန်းတွင်းမှ မီးသည် ကွဲသွားသောကြောင့် မလင်းတော့ပေမယ့် အခြားမှ အလင်းရောင်ပျပျသည် အခန်းတွင်းသို့ ဝင်ရောက်နေသည်။

” လက်သန်းကတိ…နော်လို့….နော်…”

အစောပိုင်းက အချေအတင်ဖြစ်နေကြသည့် သူတို့နှစ်ယောက်သည်လည်း ချက်ချင်းပင် ပုံမှန်အနေအထားသို့ပြန်ရောက်လာကြသည်။ ပတ်ဝန်းကျင်လေထုကလည်း အရမ်းကြီး ကသိကသောက်မဖြစ်တော့ပေ။

” ထယ်ထယ်ရေ နော်လို့…အတူလိုက်ပေးမယ်ဆို မင်းရဲ့စကားကို နားထောင်မယ်…နော် နော် ”

” အရူးကောင် မူယာပိုလွန်းတယ်…” ထယ်ယောင်းသည် ဂျောင်ကု၏ လက်သန်းလေးကို ချိတ်တွယ်လိုက်ပြီး ကတိလုပ်လိုက်သည်။ ထို့နောက် ‘ကြယ်တွေသွားကြည့်ကြမယ်’ဆိုသည့် ခေါင်းစဉ် အောက်ဝယ် နှစ်ယောက်သား လက်သန်းလေးတွေ ချိတ်လျှက်ပင် ဆေးရုံးခေါင်းမိုးထက်သို့ တက်လာကြသည်။ အတူရှိခဲ့သည့် ဖရိုဖရဲကုတင်လေးပေါ်ဝယ် ပြတ်ကျနေခဲ့သည့် လက်ဝါးကပ်တိုင် ဆွဲကြိုးလေးသာ အဖော်မဲ့စွာ ကျန်ရှိခဲ့သည်။

” ကြယ်တွေက လှလိုက်တာ…”

” အင်း…မင်းရဲ့ မျက်လုံးလေးတွေလိုလေ…”

” ကပ်ပါးကောင်တွေက အဲ့လိုပဲ စကားတက်ကြတာလား “

” ကပ်ပါးကောင်ဆိုတာကို ထပ်ပြောကြည့် ထယ်ယောင်း! အခုချက်ချင်း စတုတ္ထအကြိမ်နဲ့နောက်ဆုံးအကြိမ် မင်းအသက်ကိုရန်ရှာရလိမ့်မယ်…”

” ခစ် ခစ် မင်းမလုပ်ပါဘူး၊ ငါတို့က အကောင်းဆုံးသူငယ်ချင်းတွေပဲကို… ” ထယ်ယောင်းသည် ကြယ်လေးတွေကို ကြည့်ပြီး တစ်ခစ်ခစ်ရယ်နေသည့်အခါ ဂျောင်ကုကသာ စိတ်လျှော့လိုက်ရသည်။

” ထယ်ယောင်း…မင်းကလေ အပြောင်းအလဲမြန်လိုက်တာ စိတ်ရောဂါသည်လို့တောင် သံသယဝင်မိတယ် “

” ချီးကျူးတယ်လို့ပဲ မှတ်ယူလိုက်ပါ့မယ် ”

ရုတ်တရတ် ထယ်ယောင်းသည် ဘောင်ပေါ်သို့ တက်ကာ မတ်တပ်ရပ်လိုက်သည်။ ဂျောင်ကု အနည်းငယ်ထိတ်လန့်သွားသော်လည်း သူမတားပါ။ ထယ်ယောင်းသည် လက်နှစ်ဖတ်အား ဆန့်တန်းလျှက် ဘောင်ပေါ်တွင် လမ်းလျှောက်နေသည်မှာ အသည်းယားစရာပင်။ နည်းနည်းလေးခြေချော်သွားရုံဖြင့် လေးထပ်အမြင့်ကနေ ပြုတ်ကျမှာဖြစ်သည်။

” ဂျောင်ကုရေ…ငါသေသွားရင် မင်းဘယ်လိုနေမလဲ…” ထယ်ယောင်းသည် ခြေလှမ်းတို့ကို ရပ်ပြီး ဂျောင်ကုအားမေးသည်။

” အင်း….ဘယ်လိုမှမနေဘူး။ မင်းရဲ့ဝိညာဉ်ကငါ့အပိုင်လေ၊ အဲ့တော့ သရဲဖြစ်ရင်တောင် မင်းကငါ့အနားမှာပဲနေရမှာ…”

” မတရားလိုက်တာ…”

” ဟာ ဘာကိုမတရားတာလဲ စတော်ဘယ်ရီတွေနဲ့စခဲ့တဲ့ လက်သန်းကတိလေ “

” အင်းနော် စဆော်ဘယ်ရီတွေနဲ့စခဲ့ပြီး စတော်ဘယ်ရီတွေနဲ့ ဆုံးခဲ့တဲ့ ငါတို့အကြောင်းကို တစ်ယောက်ယောက်က မှတ်မိပေးရင် ကောင်းမှာပဲ…” ထယ်ယောင်း အိတ်ကပ်ထဲမှ စတော်ဘယ်ရီသကြားလုံးလေးကို ထုတ်ယူကာ ဂျောင်ကုထံပေးလိုက်သည်။ ထို့နောပ် အတောက်ပဆုံးပြုံးရင်း…

” ဂျောင်ကုရေ…ကန်ဒီက မင်းကို ပျော်အောင်လုပ်ပေးလိမ့်မယ် ” ဟူ၍ ပြောလာသည်။

ဂျောင်ကုသည် ခပ်တိုးတိုးရယ်ရင်း ခေါင်းငုံ့ကာ လက်ထဲကသကြားလုံးလေးအားခွါလိုက်သည်။ သကြားလုံးလေးသည် အစိတ်အပိုင်းတွေအဖြစ် ကွဲနေတာကြောင့် ဂျောင်ကုသည် ” တစ်ယောက်တစ်ခြမ်း စားကြမလား” ဟူ၍ မေးလေသည်။ သို့သော်လည်း တုံ့ပြန်လာမှုမှာ နတ္ထိပင်။

” ထယ်ယောင်း…ငါပြော….” စကားလုံးတို့သည် ရပ်တန့်သွားသည်။

ထယ်ယောင်းသည် ရှိမနေတော့ပါ။ ဘောင်ပေါ်တွင် ဖိနပ်လေးနှစ်ဖတ်မှလွဲ၍ ထယ်ယောင်း၏ အရိပ်အယောင်ကို မမြင်ရတော့ပေ။ မမှီတမှီအရပ်ဖြင့် တိုက်အောက်ကို ငုံ့ကြည့်သည့်အခါ အောက်မှာ လူအများဝိုင်းအုံနေကြသည်။

ဒုတ်….ဒုတ်….ဒုတ်….ဂျောင်ကု နှလုံးခုန်သံများ မြန်လာသည်။ တစ်လောကလုံး တိတ်ဆိတ်သွားပြီး သူ့ရဲ့ နှလုံးခုန်သံကိုသာ ကြားနေရသည်။ ရင်ထဲက မပြောပြတတ်တဲ့ ခံစားချက်က မျက်ရည်တွေကို ဖိတ်ခေါ်လို့လာသည်။

” ထယ်ယောင်း…” ထိုအမည်နာမလေးအား တီးတိုးခေါ်ဆိုလိုက်သည့်အချိန် ရင်ထဲက အလွန်နာကျင်လို့လာသည်။

” ထယ်ယောင်း…မင်းဘယ်မှာလဲ…” ဆေးရုံအမိုးထပ်ဝယ် အရူးကြီးတစ်ယောက်လို ဂျောင်ကုအော်မိသည်။ သူဘာလို့ ထယ်ယောင်းရဲ့ ဝိညာဉ်ကို မတွေ့ရတာလဲ။ တိုက်ပေါ်က ထယ်ယောင်းခုန်ချသွားတာမှန်ရင် ထယ်ယောင်းသည် အသက်ရှင်နိုင်ဖို့ရာ အကြောင်းမရှိ။ ဒါပေသည့် ထယ်ယောင်း၏ ဝိညာဉ်ကရော..ဝိညာဉ်က ဘာလို့ပျောက်နေရတာလဲ…

ထယ်ယောင်း သူ့အနားမရှိတော့ဘူးဆိုသည့် အသိက ဂျောင်ကုကို ခြောက်လှန့်လို့လာသည်။ လက်ထဲက သကြားလုံးခွံလေးအား ကျစ်ကျစ်ကိုင်ရင်း လှေကားတွေကို ဒရောသောပါးပြေးဆင်းသည်။ သူထယ်ယောင်းကို ရှာဖို့လိုသည်။ ထယ်ယောင်းက သူ့အပိုင်မို့ ဘယ်မှမသွားရဘူး။ သူ့အနားမှာပဲနေရမှာ…။

ဂျောင်ကု မြေညီထပ်သို့ရောက်သည့်အခါ ရုတ်ရုတ်သဲသဲလူအုပ်ကြီးကြားကပင် ထယ်ယောင်း၏ သွေးအလိမ်းလိမ်းဖြင့် ရုပ်အလောင်းအား ပွေ့ဖတ်မိသည်။ သူမှားသွားသည်။ သူလိုချင်သည်က ထယ်ယောင်း၏ ဝိညာဉ်မှမဟုတ်ဘဲ။ ထယ်ယောင်းဘေးနားရှိနေခဲ့ချိန်က ခံစားချက်ကို လိုချင်ခဲ့သည်သာဖြစ်သည်။ ထယ်ယောင်းကို အမြဲ သူ့အနားရှိနေစေချင်ခဲ့သည်။

” ထယ်ယောင်းရာ…ငါမှားသွားပါတယ်။ ငါမှားသွားပါတယ်။ ငါမှားသွားတာမို့ ထွက်မသွားပါနဲ့…ပြန်လာခဲ့ပေးပါ…”

ဂျောင်ကုစကားတို့ကို တုန့်ပြန်မည့် လူသည် အဝေးသို့ထွက်သွားလေပြီ။ ဂျောင်ကု ပထမဦးဆုံးအကြိမ်  လူးသားတစ်ယောက်အပေါ်ဝယ် စိတ်ခံစားချက်တို့ ရှုပ်ထွေးခဲ့ရသည်။ ပထမဦးဆုံးအကြိမ် ငိုကြွေးမိသည်။ နှလုံးသားမဲ့တဲ့ မကောင်းဆိုးဝါးဝိညာဉ်သူဟာ ပထမဦးဆုံးအကြိမ်အနေနဲ့ ရင်ဘက်ထဲက အရမ်းကို နာကျင်လွန်းရသည်။ လူသားတွေလည်း သူတို့ ချစ်ရသူကို ဆုံးရှုံးသွားသည့်အခါ ထိုသို့ နာကျင်လေသလား…။

လက်ထဲက သကြားလုံခွံအတွင်းရှိ စာတိုလေးကပြောသည်။

” Find me. . . ” တဲ့လေ။

ထိုအဖြစ်အပျက်တို့ကို ပြဇာတ်တစ်ခုသဖွယ် အိမ်မက်တစ်ခုသဖွယ် ဝေဝါးစွာ မြင်နေရသည့် လူတစ်ယောက်ရှိ၏။ ထိုလူသည် ငိုကြွေးနေသည့် ဂျောင်ကုကြောင့် သူ၏ ရင်ဘက်ထဲလည်း တစ်ဆစ်ဆစ်နာကျင်လာသည်။ ထိုဂျောင်ကုဆိုသည့် ကောင်လေးကဘယ်သူလဲ…ဘာလို့ သူ့ရင်ထဲကနာနေရတာလဲ…။ ခေါင်းထဲရှိ မေးခွန်းများကို အဖြေပေးနိုင်မည့် ကလေးငယ်ဂျောင်ကုကို သူလှမ်းခေါ်လိုက်သည်။

” ဂျောင်ကု…”

ဂျောင်ကုသည် သူ့အား စူးရဲစွာမော့ကြည့်လာသည်။ အသက်ဝိညာဉ်မဲ့နေသည့် ကလေးငယ်ထယ်ယောင်း၏ ရုပ်အလောင်းအား လက်ညိုှးထိုးပြပြီးနောက် သူဆက်မေးလိုက်သည်။

” သူကဘယ်သူလဲ…”

” မင်းလေ…” ဂျောင်ကုသည် ကြောက်စရာကောင်းအောင် ပြုံးလာသည်။

” Surprise! အဲ့ကလေးငယ်က မင်းပဲလေ…ကင်မ်ထယ်ယောင်း…”

ထယ်ယောင်း အသက်ရှုကျပ်လာသည်။ တဖြေးဖြေးအမှောင်ကျလာသည့် ပတ်ဝန်းကျင်ကြောင့် အမြင်တွေက မပီသတော့ပေ။ ချွေးသီးချွေးပေါက်များနှင့် မျက်ရည်တွေကလည်း ခေါင်းအုံးပေါ်ဝယ် စိုရွှဲလို့နေသည်။ ရုတ်တရက်ဆိုသလို လန့်ဖျန့်ကာ နိုးထလာသည့်အခါ သူမြင်ခဲ့ရသည့် အရာအားလုံးသည် အိမ်မက်အဖြစ်သို့ ပြောင်းလဲသွားသည်။

နာရီကြည့်မိသည့်အခါ ဒစ်ဂျစ်တယ်နာရီလေးသည် August 12, 2022 ဆိုသည့် ရက်စွဲလေးနဲ့အတူ 03:15 အားဖော်ပြနေသည်။ သူအိမ်မက်တွေထပ်မတ်နေမိပြန်ပြီ။ တလှပ်လှပ်တုန်နေသော ရင်ဘက်အား ငြိမ်သတ်သွားစေရန် ရေသောက်ရန် အိမ်အောက်သို့ ဆင်းလာလိုက်သည်။

အိမ်အောက်သို့ရောက်သော်အခါ ရေဗူးတစ်ဗူးကိုယူပြီး ဧည့်ခန်းတွင်ထိုင်လိုက်ပြီး တစ်စုံတစ်ယောကို ဖုန်းလှမ်းခေါ်လိုက်သည်။ တစ်ဖတ်လူသည် ဖုန်းမကိုင်ချေ။ ဒုတိယအကြိမ် ထပ်ခေါ်သည်။ အတော်အတန်ကြာမှ ဆဲရေးသံနှင့်အတူ ဖုန်းကိုင်လေသည်။

” ဒီ*** လူအိပ်ချိန်ဟ လူအိပ်ချိန်။ နည်းနည်းပါးပါးသိတတ်စမ်းပါဦး…”

” ငါအိပ်လို့မပျော်လို့ “

” အိမ်မက်တွေမတ်ပြန်ပြီလား….”

” အင်း…ဒီတစ်ခါအိမ်မက်က နာကျင်စရာကောင်းတယ်။ ကလေးလေးတစ်ယောက်က တိုက်ပေါ်ကနေပြုတ်ကျပြီသေသွားတယ်။ နောက်ကလေးလေးတစ်ယောက် သေသွားတဲ့ ကလေးလေးကို ဖတ်ပြီးငိုနေတာ…အဆိုးဆုံးက အဲ့ဒိသေသွားတဲ့ ကလေးလေးက ငါတဲ့လေ…”

” Vante…မင်းဆေးရော ပုံမှန်သောက်ရဲ့လား..”

” ငါသောက်ပါတယ်၊ မနက်ဖြန်ဆိုရင်တောင် ဆေးကုန်ပြီ။ “

” ကောင်းပြီလေ…ဒါဆို မနက်ဖြန် ဆေးခန်းကိုလာမှပဲဆက်ပြောကြတာပေါ့။ ငါလည်းမင်းကိုပြောစရာရှိတယ်။ အခုက အိပ်တော့။ အိပ်ဆေးသောက်ပြီးတော့ကိုအိပ်။ ကြားလား…”

ထယ်ယောင်း ပြန်မဖြေတော့ဘဲ ဖုန်းချလိုက်သည်။ သူလုိချင်သည်က ဒီလိုမျိုး အဖြေမှမဟုတ်ဘဲ…

_________

A/N;
Finally!…The plot has been change.
Q&A event လေးရှိပါမယ်။ Spoil ဖြစ်စေမယ့် မေးခွန်းတွေကလွဲလို့ အခြား ဘယ်မေးခွန်းမဆိုမေးမြန်းနိုင်ပါသည်။

Zawkyi

” ငါအရမ္းေၾကာက္တာပဲ၊ သူတို႔ေတြက မင္းရဲ႕ ခႏၶာကိုယ္ထဲဝင္ခ်င္ေနၾကတာကို ငါမသိခဲ့ဘူး။ ငါသူတို႔ကို ေခၚမလာသင့္ဘူး “

ေဂ်ာင္ကုသည္ ထယ္ေယာင္းပုခုံးေလးေပၚ ေမးေလးတင္ရင္း ဆက္ေျပာသည္။

” ငါ…ေတာင္းပန္ပါတယ္။ မင္းလည္းအရမ္းလန့္သြားတယ္မလား…”

ေဂ်ာင္ကုထံမွ ပထမဦးဆုံးၾကားရသည့္ ေတာင္းပန္စကားပင္။ သူ၏ အသက္ကို အႀကိမ္ႀကိမ္ရန္ရွာတတ္သည္ ထိုသူသည္ ယခုအခါမွာေတာ့ ဘာမဟုတ္တဲ့ကိစၥေလးအတြက္ေတာင္းပန္လို႔လာသည္။ ထယ္ေယာင္း ေဂ်ာင္ကုအား မယုံရဲေတာ့ပါ။ ေဂ်ာင္ကု စစၥတာစကားလက္ခ္လိုပဲ အလိမ္အညာေတြကို အလြယ္ေလးေျပာတတ္လိုက္တာ…

” မင္း ညာ ေန တာ…မင္းဝမ္းမနည္းဘူး. . . ” ေနာက္ဆုံးေတာ့ စကားမေျပာနိုင္တဲ့ ေကာင္ေလးသည္ မေက်နပ္ခ်က္မ်ားကို ထုတ္ေဖာ္လာေတာ့သည္။

” ငါ့ေသသြားရင္ေတာင္ မင္းဝမ္းနည္းမွာမဟုတ္ဘူး။ မင္းက ငါ့ဝိညာဥ္ကိုလိုခ်င္႐ုံ။ မင္းကမေကာင္းဆိုးဝါးေကာင္ပဲ။ ငါေလ မင္းကို ယုံၾကည္ေပးခဲ့တယ္…ပထမ…ဒုတိယ…အခု တတိယ…မင္းငါ့အသက္ကို အႀကိမ္ႀကိမ္ရန္ရွာခဲ့တယ္။ ေဂ်ာင္ကု မင္းသိလား၊ ငါက မင္းထင္ေနသလို ေပ်ာ့ညံ့ညံ့ကေလးငယ္တစ္ေယာက္မဟုတ္ဘူး…”

ထယ္ေယာင္း၏ စကားတို႔သည္ အခတ္အခဲမရွိ ေခ်ာေခ်ာေမြ႕ေမြ႕ပင္ အစီအရီထြက္လာသည္။ အ႐ြယ္နဲ႕မလိုက္ ရင့္က်တ္ေနသူမလို႔ သူသည္ အရာအားလုံးကို သိသည္။ မသိခ်င္ေယာင္ေဆာင္ေနခဲ့႐ုံပါ။

မိဘႏွစ္ပါးလုံး မီးေလာင္ကြၽမ္းသြားတာကိုလည္း သူမျမင္ခ်င္တဲ့အဆုံး ျမင္ခဲ့ရသည္။ ဆရာနဲ႕ စစၥတာစကားလက္ခ္တို႔၏ ေျပာစကားမ်ားကိုလည္း သူတံခါးအေနာက္ကေန ေခ်ာင္း နားေထာင္ခဲ့သည္။ ဝတုတ္အသတ္ခံရတုန္းကလည္း သူသည္ ျပတင္းေပါက္မွ ၾကည့္ေနခဲ့သည္။ ေဂဟာရဲ႕ အတြင္းပစၥည္းေတြကို ခိုးထုတ္ၿပီး ေရာင္းခ်ေနတဲ့ စစၥတာႀကီးရဲ႕ လုပ္ရပ္ေတြကိုလည္း မ်က္ျမင္ေတြ႕ခဲ့ရသည္။ သူက အပူပင္ကင္းတဲ့ ကေလးငယ္တစ္ေယာက္လိုေနခ်င္႐ုံပါ။ ဘာလို႔မ်က္ႏွာသာ မေပးၾကတာလဲ….။

ထယ္ေယာင္း၏ စကားတို႔ေၾကာင့္ ေပြ႕ဖတ္ထားသည့္ ေဂ်ာင္ကု၏ လက္တို႔သည္ ေျပေလွ်ာ့လာသလို မ်က္ဝန္းတို႔ထဲတြင္လည္း မယုံၾကည္နိုင္မႈအျပည့္ပင္။ ထို႔ေနာက္ အျဖစ္မွန္ကို ရိပ္မိသည့္အခါ ေျခာက္ျခားဖြယ္ရာ ေအာ္ရယ္လို႔လာသည္။

” မွန္းစမ္း… Physical age က 7ႏွစ္၊ Mental age က 16မ်ားလား…”

” ငါတို႔ထပ္မေတြ႕ရေအာင္။ ဒါကအေကာင္းဆုံးျဖစ္လိမ့္မယ္။ စစၥတာစကားလက္ခ္ကလည္း ငါ့ကိုမင္းနဲ႕မေတြ႕ခိုင္းဘူး…”

” အဲ့ အ႐ူးေတြရဲ႕စကားကို မင္းနားေထာင္စရာမလိုဘူး ထယ္ေယာင္း! “

” မင္းကလူမွမဟုတ္ဘဲ။ မင္းရဲ႕ပုံစံအစစ္ကိုေတာင္ ငါ့ကိုခ်မျပနိုင္ဘဲ ငါ့ဆီက ဘာေတြေမွ်ာ္လင့္ေနတာလဲ…”

ဒီတစ္ခါေတာ့ ေဂ်ာင္ကု အႀကီးအက်ယ္ကို ေရွာ့ရသြားေလသည္။ ‘ငါ့ဆီက ဘာေတြေမွ်ာ္လင့္ေနတာလဲ…’ ဆိုသည့္ စကားသံသည္ သူ႕ေခါင္းထဲ ပဲ့တင္ထပ္ေနသည္။ သူဘာကိုေမွ်ာ္လင့္ခဲ့တာလဲ။ ထယ္ေယာင္းေသသြားဖို႔ကိုလား။ ဟုတ္တယ္…ထယ္ေယာင္း ေသသြားဖို႔ကိုပဲ သူေမွ်ာ္လင့္ခဲ့တာ အေရးမပါတဲ့ ခံစားခ်က္ေတြကို မဟုတ္ဘူး…။

” ငါတို႔ တစ္ေနရာသြားၾကမလား၊ အဲ့ေနရာကို ငါနဲ႕အတူလိုက္ခဲ့ေပးမယ္ဆို ေနာက္မေတြ႕ေတာ့ဘူး…”

႐ုတ္တရတ္ ေဆး႐ုံတစ္ခုလုံး လွ်ပ္စစ္မီးျပန္ရေလသည္။ အခန္းတြင္းမွ မီးသည္ ကြဲသြားေသာေၾကာင့္ မလင္းေတာ့ေပမယ့္ အျခားမွ အလင္းေရာင္ပ်ပ်သည္ အခန္းတြင္းသို႔ ဝင္ေရာက္ေနသည္။

” လက္သန္းကတိ…ေနာ္လို႔….ေနာ္…”

အေစာပိုင္းက အေခ်အတင္ျဖစ္ေနၾကသည့္ သူတို႔ႏွစ္ေယာက္သည္လည္း ခ်က္ခ်င္းပင္ ပုံမွန္အေနအထားသို႔ျပန္ေရာက္လာၾကသည္။ ပတ္ဝန္းက်င္ေလထုကလည္း အရမ္းႀကီး ကသိကေသာက္မျဖစ္ေတာ့ေပ။

” ထယ္ထယ္ေရ ေနာ္လို႔…အတူလိုက္ေပးမယ္ဆို မင္းရဲ႕စကားကို နားေထာင္မယ္…ေနာ္ ေနာ္ ”

” အ႐ူးေကာင္ မူယာပိုလြန္းတယ္…” ထယ္ေယာင္းသည္ ေဂ်ာင္ကု၏ လက္သန္းေလးကို ခ်ိတ္တြယ္လိုက္ၿပီး ကတိလုပ္လိုက္သည္။ ထို႔ေနာက္ ‘ၾကယ္ေတြသြားၾကည့္ၾကမယ္’ဆိုသည့္ ေခါင္းစဥ္ ေအာက္ဝယ္ ႏွစ္ေယာက္သား လက္သန္းေလးေတြ ခ်ိတ္လွ်က္ပင္ ေဆး႐ုံးေခါင္းမိုးထက္သို႔ တက္လာၾကသည္။ အတူရွိခဲ့သည့္ ဖရိုဖရဲကုတင္ေလးေပၚဝယ္ ျပတ္က်ေနခဲ့သည့္ လက္ဝါးကပ္တိုင္ ဆြဲႀကိဳးေလးသာ အေဖာ္မဲ့စြာ က်န္ရွိခဲ့သည္။

” ၾကယ္ေတြက လွလိုက္တာ…”

” အင္း…မင္းရဲ႕ မ်က္လုံးေလးေတြလိုေလ…”

” ကပ္ပါးေကာင္ေတြက အဲ့လိုပဲ စကားတက္ၾကတာလား “

” ကပ္ပါးေကာင္ဆိုတာကို ထပ္ေျပာၾကည့္ ထယ္ေယာင္း! အခုခ်က္ခ်င္း စတုတၳအႀကိမ္နဲ႕ေနာက္ဆုံးအႀကိမ္ မင္းအသက္ကိုရန္ရွာရလိမ့္မယ္…”

” ခစ္ ခစ္ မင္းမလုပ္ပါဘူး၊ ငါတို႔က အေကာင္းဆုံးသူငယ္ခ်င္းေတြပဲကို… ” ထယ္ေယာင္းသည္ ၾကယ္ေလးေတြကို ၾကည့္ၿပီး တစ္ခစ္ခစ္ရယ္ေနသည့္အခါ ေဂ်ာင္ကုကသာ စိတ္ေလွ်ာ့လိုက္ရသည္။

” ထယ္ေယာင္း…မင္းကေလ အေျပာင္းအလဲျမန္လိုက္တာ စိတ္ေရာဂါသည္လို႔ေတာင္ သံသယဝင္မိတယ္ “

” ခ်ီးက်ဴးတယ္လို႔ပဲ မွတ္ယူလိုက္ပါ့မယ္ ”

႐ုတ္တရတ္ ထယ္ေယာင္းသည္ ေဘာင္ေပၚသို႔ တက္ကာ မတ္တပ္ရပ္လိုက္သည္။ ေဂ်ာင္ကု အနည္းငယ္ထိတ္လန့္သြားေသာ္လည္း သူမတားပါ။ ထယ္ေယာင္းသည္ လက္ႏွစ္ဖတ္အား ဆန့္တန္းလွ်က္ ေဘာင္ေပၚတြင္ လမ္းေလွ်ာက္ေနသည္မွာ အသည္းယားစရာပင္။ နည္းနည္းေလးေျခေခ်ာ္သြား႐ုံျဖင့္ ေလးထပ္အျမင့္ကေန ျပဳတ္က်မွာျဖစ္သည္။

” ေဂ်ာင္ကုေရ…ငါေသသြားရင္ မင္းဘယ္လိုေနမလဲ…” ထယ္ေယာင္းသည္ ေျခလွမ္းတို႔ကို ရပ္ၿပီး ေဂ်ာင္ကုအားေမးသည္။

” အင္း….ဘယ္လိုမွမေနဘူး။ မင္းရဲ႕ဝိညာဥ္ကငါ့အပိုင္ေလ၊ အဲ့ေတာ့ သရဲျဖစ္ရင္ေတာင္ မင္းကငါ့အနားမွာပဲေနရမွာ…”

” မတရားလိုက္တာ…”

” ဟာ ဘာကိုမတရားတာလဲ စေတာ္ဘယ္ရီေတြနဲ႕စခဲ့တဲ့ လက္သန္းကတိေလ “

” အင္းေနာ္ စေဆာ္ဘယ္ရီေတြနဲ႕စခဲ့ၿပီး စေတာ္ဘယ္ရီေတြနဲ႕ ဆုံးခဲ့တဲ့ ငါတို႔အေၾကာင္းကို တစ္ေယာက္ေယာက္က မွတ္မိေပးရင္ ေကာင္းမွာပဲ…” ထယ္ေယာင္း အိတ္ကပ္ထဲမွ စေတာ္ဘယ္ရီသၾကားလုံးေလးကို ထုတ္ယူကာ ေဂ်ာင္ကုထံေပးလိုက္သည္။ ထို႔ေနာပ္ အေတာက္ပဆုံးၿပဳံးရင္း…

” ေဂ်ာင္ကုေရ…ကန္ဒီက မင္းကို ေပ်ာ္ေအာင္လုပ္ေပးလိမ့္မယ္ ” ဟူ၍ ေျပာလာသည္။

ေဂ်ာင္ကုသည္ ခပ္တိုးတိုးရယ္ရင္း ေခါင္းငုံ႕ကာ လက္ထဲကသၾကားလုံးေလးအားခြါလိုက္သည္။ သၾကားလုံးေလးသည္ အစိတ္အပိုင္းေတြအျဖစ္ ကြဲေနတာေၾကာင့္ ေဂ်ာင္ကုသည္ ” တစ္ေယာက္တစ္ျခမ္း စားၾကမလား” ဟူ၍ ေမးေလသည္။ သို႔ေသာ္လည္း တုံ႕ျပန္လာမႈမွာ နတၳိပင္။

” ထယ္ေယာင္း…ငါေျပာ….” စကားလုံးတို႔သည္ ရပ္တန့္သြားသည္။

ထယ္ေယာင္းသည္ ရွိမေနေတာ့ပါ။ ေဘာင္ေပၚတြင္ ဖိနပ္ေလးႏွစ္ဖတ္မွလြဲ၍ ထယ္ေယာင္း၏ အရိပ္အေယာင္ကို မျမင္ရေတာ့ေပ။ မမွီတမွီအရပ္ျဖင့္ တိုက္ေအာက္ကို ငုံ႕ၾကည့္သည့္အခါ ေအာက္မွာ လူအမ်ားဝိုင္းအုံေနၾကသည္။

ဒုတ္….ဒုတ္….ဒုတ္….ေဂ်ာင္ကု ႏွလုံးခုန္သံမ်ား ျမန္လာသည္။ တစ္ေလာကလုံး တိတ္ဆိတ္သြားၿပီး သူ႕ရဲ႕ ႏွလုံးခုန္သံကိုသာ ၾကားေနရသည္။ ရင္ထဲက မေျပာျပတတ္တဲ့ ခံစားခ်က္က မ်က္ရည္ေတြကို ဖိတ္ေခၚလို႔လာသည္။

” ထယ္ေယာင္း…” ထိုအမည္နာမေလးအား တီးတိုးေခၚဆိုလိုက္သည့္အခ်ိန္ ရင္ထဲက အလြန္နာက်င္လို႔လာသည္။

” ထယ္ေယာင္း…မင္းဘယ္မွာလဲ…” ေဆး႐ုံအမိုးထပ္ဝယ္ အ႐ူးႀကီးတစ္ေယာက္လို ေဂ်ာင္ကုေအာ္မိသည္။ သူဘာလို႔ ထယ္ေယာင္းရဲ႕ ဝိညာဥ္ကို မေတြ႕ရတာလဲ။ တိုက္ေပၚက ထယ္ေယာင္းခုန္ခ်သြားတာမွန္ရင္ ထယ္ေယာင္းသည္ အသက္ရွင္နိုင္ဖို႔ရာ အေၾကာင္းမရွိ။ ဒါေပသည့္ ထယ္ေယာင္း၏ ဝိညာဥ္ကေရာ..ဝိညာဥ္က ဘာလို႔ေပ်ာက္ေနရတာလဲ…

ထယ္ေယာင္း သူ႕အနားမရွိေတာ့ဘူးဆိုသည့္ အသိက ေဂ်ာင္ကုကို ေျခာက္လွန့္လို႔လာသည္။ လက္ထဲက သၾကားလုံးခြံေလးအား က်စ္က်စ္ကိုင္ရင္း ေလွကားေတြကို ဒေရာေသာပါးေျပးဆင္းသည္။ သူထယ္ေယာင္းကို ရွာဖို႔လိုသည္။ ထယ္ေယာင္းက သူ႕အပိုင္မို႔ ဘယ္မွမသြားရဘူး။ သူ႕အနားမွာပဲေနရမွာ…။

ေဂ်ာင္ကု ေျမညီထပ္သို႔ေရာက္သည့္အခါ ႐ုတ္႐ုတ္သဲသဲလူအုပ္ႀကီးၾကားကပင္ ထယ္ေယာင္း၏ ေသြးအလိမ္းလိမ္းျဖင့္ ႐ုပ္အေလာင္းအား ေပြ႕ဖတ္မိသည္။ သူမွားသြားသည္။ သူလိုခ်င္သည္က ထယ္ေယာင္း၏ ဝိညာဥ္မွမဟုတ္ဘဲ။ ထယ္ေယာင္းေဘးနားရွိေနခဲ့ခ်ိန္က ခံစားခ်က္ကို လိုခ်င္ခဲ့သည္သာျဖစ္သည္။ ထယ္ေယာင္းကို အၿမဲ သူ႕အနားရွိေနေစခ်င္ခဲ့သည္။

” ထယ္ေယာင္းရာ…ငါမွားသြားပါတယ္။ ငါမွားသြားပါတယ္။ ငါမွားသြားတာမို႔ ထြက္မသြားပါနဲ႕…ျပန္လာခဲ့ေပးပါ…”

ေဂ်ာင္ကုစကားတို႔ကို တုန့္ျပန္မည့္ လူသည္ အေဝးသို႔ထြက္သြားေလၿပီ။ ေဂ်ာင္ကု ပထမဦးဆုံးအႀကိမ္  လူးသားတစ္ေယာက္အေပၚဝယ္ စိတ္ခံစားခ်က္တို႔ ရႈပ္ေထြးခဲ့ရသည္။ ပထမဦးဆုံးအႀကိမ္ ငိုေႂကြးမိသည္။ ႏွလုံးသားမဲ့တဲ့ မေကာင္းဆိုးဝါးဝိညာဥ္သူဟာ ပထမဦးဆုံးအႀကိမ္အေနနဲ႕ ရင္ဘက္ထဲက အရမ္းကို နာက်င္လြန္းရသည္။ လူသားေတြလည္း သူတို႔ ခ်စ္ရသူကို ဆုံးရႈံးသြားသည့္အခါ ထိုသို႔ နာက်င္ေလသလား…။

လက္ထဲက သၾကားလုံခြံအတြင္းရွိ စာတိုေလးကေျပာသည္။

” Find me. . . ” တဲ့ေလ။

ထိုအျဖစ္အပ်က္တို႔ကို ျပဇာတ္တစ္ခုသဖြယ္ အိမ္မက္တစ္ခုသဖြယ္ ေဝဝါးစြာ ျမင္ေနရသည့္ လူတစ္ေယာက္ရွိ၏။ ထိုလူသည္ ငိုေႂကြးေနသည့္ ေဂ်ာင္ကုေၾကာင့္ သူ၏ ရင္ဘက္ထဲလည္း တစ္ဆစ္ဆစ္နာက်င္လာသည္။ ထိုေဂ်ာင္ကုဆိုသည့္ ေကာင္ေလးကဘယ္သူလဲ…ဘာလို႔ သူ႕ရင္ထဲကနာေနရတာလဲ…။ ေခါင္းထဲရွိ ေမးခြန္းမ်ားကို အေျဖေပးနိုင္မည့္ ကေလးငယ္ေဂ်ာင္ကုကို သူလွမ္းေခၚလိုက္သည္။

” ေဂ်ာင္ကု…”

ေဂ်ာင္ကုသည္ သူ႕အား စူးရဲစြာေမာ့ၾကည့္လာသည္။ အသက္ဝိညာဥ္မဲ့ေနသည့္ ကေလးငယ္ထယ္ေယာင္း၏ ႐ုပ္အေလာင္းအား လက္ညိုွးထိုးျပၿပီးေနာက္ သူဆက္ေမးလိုက္သည္။

” သူကဘယ္သူလဲ…”

” မင္းေလ…” ေဂ်ာင္ကုသည္ ေၾကာက္စရာေကာင္းေအာင္ ၿပဳံးလာသည္။

” Surprise! အဲ့ကေလးငယ္က မင္းပဲေလ…ကင္မ္ထယ္ေယာင္း…”

ထယ္ေယာင္း အသက္ရႈက်ပ္လာသည္။ တေျဖးေျဖးအေမွာင္က်လာသည့္ ပတ္ဝန္းက်င္ေၾကာင့္ အျမင္ေတြက မပီသေတာ့ေပ။ ေခြၽးသီးေခြၽးေပါက္မ်ားႏွင့္ မ်က္ရည္ေတြကလည္း ေခါင္းအုံးေပၚဝယ္ စို႐ႊဲလို႔ေနသည္။ ႐ုတ္တရက္ဆိုသလို လန့္ဖ်န့္ကာ နိုးထလာသည့္အခါ သူျမင္ခဲ့ရသည့္ အရာအားလုံးသည္ အိမ္မက္အျဖစ္သို႔ ေျပာင္းလဲသြားသည္။

နာရီၾကည့္မိသည့္အခါ ဒစ္ဂ်စ္တယ္နာရီေလးသည္ August 12, 2022 ဆိုသည့္ ရက္စြဲေလးနဲ႕အတူ 03:15 အားေဖာ္ျပေနသည္။ သူအိမ္မက္ေတြထပ္မတ္ေနမိျပန္ၿပီ။ တလွပ္လွပ္တုန္ေနေသာ ရင္ဘက္အား ၿငိမ္သတ္သြားေစရန္ ေရေသာက္ရန္ အိမ္ေအာက္သို႔ ဆင္းလာလိုက္သည္။

အိမ္ေအာက္သို႔ေရာက္ေသာ္အခါ ေရဗူးတစ္ဗူးကိုယူၿပီး ဧည့္ခန္းတြင္ထိုင္လိုက္ၿပီး တစ္စုံတစ္ေယာကို ဖုန္းလွမ္းေခၚလိုက္သည္။ တစ္ဖတ္လူသည္ ဖုန္းမကိုင္ေခ်။ ဒုတိယအႀကိမ္ ထပ္ေခၚသည္။ အေတာ္အတန္ၾကာမွ ဆဲေရးသံႏွင့္အတူ ဖုန္းကိုင္ေလသည္။

” ဒီ*** လူအိပ္ခ်ိန္ဟ လူအိပ္ခ်ိန္။ နည္းနည္းပါးပါးသိတတ္စမ္းပါဦး…”

” ငါအိပ္လို႔မေပ်ာ္လို႔ “

” အိမ္မက္ေတြမတ္ျပန္ၿပီလား….”

” အင္း…ဒီတစ္ခါအိမ္မက္က နာက်င္စရာေကာင္းတယ္။ ကေလးေလးတစ္ေယာက္က တိုက္ေပၚကေနျပဳတ္က်ၿပီေသသြားတယ္။ ေနာက္ကေလးေလးတစ္ေယာက္ ေသသြားတဲ့ ကေလးေလးကို ဖတ္ၿပီးငိုေနတာ…အဆိုးဆုံးက အဲ့ဒိေသသြားတဲ့ ကေလးေလးက ငါတဲ့ေလ…”

” Vante. . . မင္းေဆးေရာ ပုံမွန္ေသာက္ရဲ႕လား..”

” ငါေသာက္ပါတယ္၊ မနက္ျဖန္ဆိုရင္ေတာင္ ေဆးကုန္ၿပီ။ “

” ေကာင္းၿပီေလ…ဒါဆို မနက္ျဖန္ ေဆးခန္းကိုလာမွပဲဆက္ေျပာၾကတာေပါ့။ ငါလည္းမင္းကိုေျပာစရာရွိတယ္။ အခုက အိပ္ေတာ့။ အိပ္ေဆးေသာက္ၿပီးေတာ့ကိုအိပ္။ ၾကားလား…”

ထယ္ေယာင္း ျပန္မေျဖေတာ့ဘဲ ဖုန္းခ်လိဳက္သည္။ သူလုိခ်င္သည္က ဒီလိုမ်ိဳး အေျဖမွမဟုတ္ဘဲ…

_________

A/N;
Finally!…The plot has been change. Q&A event ေလးရွိပါမယ္။ Spoil ျဖစ္ေစမယ့္ ေမးခြန္းေတြကလြဲလို႔ အျခား ဘယ္ေမးခြန္းမဆိုေမးျမန္းနိုင္ပါသည္။

Comments for chapter "Chapter 8"

0 0 votes
Article Rating
Subscribe
Notify of
guest
0 Comments
Oldest
Newest Most Voted