Chapter 9
Unicode
” မာမီ…ကျွန်တော်ငယ်ငယ်ကလေ မတော်တဆတစ်ခုခုများဖြစ်ဖူးလားဟင်။ အမြင့်ပေါ်က ပြုတ်ကျတာမျိုး…”
” ဘယ်သူတွေက ဘာတွေပြောလိုက်ပြန်ပြီလဲ…မဖြစ်ဖူးပါဘူး…”
မွေးစားအမေရဲ့ အဖြေကြောင့် ထယ်ယောင်းမျက်ခုံးတို့တွန့်ချိုးသွားသည်။ လူတွေက လိမ်ညာခြင်းအတတ်မှာ ဘာလို့ ညံဖျင်းနေရတာလဲ…မွေးစားအမေ၏ ပုံမှန်မဟုတ်သည့် အသံလိှုင်းတို့သည် လိမ်ညာနေကြောင်းအထင်းသားပင်။
ထယ်ယောင်း ဒေါသတကြီးအော်ဟစ်သောင်းကျန်း ပစ်ချင်ပေမယ့် သားလိမ္မာလေးဆိုသည့် ပုံရိပ်ကိုမဖျတ်ဆီးချင်တာကြောင့် ဝမ်းနည်းစရာကောင်းသည့် လေသံလေးဖြင့်သာ မေးခွန်းထုတ်လိုက်သည်။
” မာမီ ဘာလို့လိမ်နေတာလဲ…မာမီတို့ ဘာတွေ လျှို့ဝှက်ထားတာလဲ ”
” Vante . . သားဘာတွေပြောနေတာလဲ…အမေတို့ကို ဘာကို လျှို့ဝှက်ရမှာလဲကွယ်…”
” ဒါဆို ဗလာကျင်းဖြစ်နေတဲ့ ကလေးဘဝက မှတ်ဉာဏ်တွေကရော… မတော်တဆမှုကြောင့် အတိတ်မေ့နေတာမလား…”
” လွှဲပါစေ ချော်ပါစေတော်။ ဘယ်က မတော်တဆမှုတုံး…။ ဆယ်ကျော်သက်လူငယ်တွေတောင်မှ သူတို့ကလေးဘဝကို မမှတ်မိကြဘူး သားအသက်ကပဲ နှစ်ဆယ်ကျော်နေပြီကို။ ဒါက ပုံမှန်ပါပဲ…”
” အင်း…အတွေးလွန်သွားတာ တောင်းပန်ပါတယ် “
” နောက်အဲ့လိုလျှောက်မတွေးနဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ဦး..”
” ဟုတ်…”
ထယ်ယောင်း ဖုန်းချလိုက်ပြီးနောက် ကားသော့ကိုကောက်ယူကာ ဆေးခန်းသို့ ထွက်လာခဲ့သည်။ ဂျာမနီ၏ August ရာသီဥတုသည် ခပ်ဆွေးဆွေးပင်။ ရေဒီယိုမှ သတင်းတင်ဆက်နေသံမှာလည်း ခပ်သဲ့သဲ့ထွက်ပေါ်နေပေမယ့် သူ၏စိတ်တို့သည် သတင်းကို အာရုံမစိုက်နိုင်ချေ။ ကားမောင်းရင်းဖြင့် အတွေးနယ်ချဲ့နေမိသည်။
အခုဆို သူ့အသက် 26နှစ်ရှိဖြစ်သည်။ ဂျာမန်လူမျိုးတွေဖြစ်ကြတဲ့ မွေးစားမိဘတွေ၏ ကြည့်ရှုစောင့်ရှောက်မှုအောက်ဝယ် ကြီးပြင်းလာရသည်။ သူ့နာမည်သည် အောင်မြင်မှုလို့ အဓိပ္ပာယ်ရသည့် ကင်မ်ထယ်ယောင်း။ မွေးစားမိဘတွေကတော့ Vanteလို့ မှည့်ခေါ်ကြသည်။ ရိုးရှင်းသယောက်ဖြင့် ရှုပ်ထွေးလှတဲ့ သူ့ဘဝကြီးသည် ရှင်သန်ဖို့ရာ ငြီးငွေ့စရာပင်။
အတွေးလွန်နေတုန်း သတိပြန်ကပ်မိသည့်အချိန် ကားရှေ့မှ ဖြတ်ပြေးသည့် အမျိုးသမီးကြောင့် သူဘရိတ်ဆောင့်အုတ်လိုက်သည်။ ဂါဝန်ဖြူဖြူကို ဝတ်ဆင်ထားသည့် ပြာနှမ်းနှမ်းအသားအရည်နှင့် အမျိုးသမီးတစ်ယောက်သည် မသီတီစရာကောင်းအောင် ပြုံး၍ ကားရှေ့ပိတ်ရပ်နေသည်။
” သောက်ရေးထဲမှ…” ထယ်ယောင်း ခပ်တိုးတိုးဆဲရေးလိုက်ပြီး ကားကို အရှိန်တင်ကာ ထိုသရဲမအား ဝင်တိုက်ပစ်လိုက်သည်။ ဒီလိုကိစ္စတွေကြောင့် သူ့ဘဝကြီးသည် ရှုပ်ထွေးနေရသည်။ သူ့ဦးနှောက်၌ ပြဿနာရှိနေသလော၊ မျက်စိ၌ ပြဿနာရှိနေသလော မသေချာပေမယ့် သူသည် မမြင်အပ်သည့်အရာများကို မြင်ရသည်။
” နင်ငါ့ကိုမြင်ရတာပဲ…”
သရဲမသည် ပျောက်ကွယ်မသွားဘဲ ကားနောက်ခန်းထဲတွင် ကပ်ပါလာပြန်သည်။ ထယ်ယောင်း လစ်လျှူရှုထားလိုက်သည်။ ထိုအရာတွေသည် အများအားဖြင့် လူသားတွေကို ထိတွေ့လို့မှမရဘဲ။
” မင်းဝိညာဉ်ထဲမှာ သေးငယ်တဲ့ အမှောင်ထုအပိုင်းအစလေးရှိနေတယ်။ ငါခံစားလို့ရတယ်။ သေးငယ်ပေမယ့် အရမ်းအားလွန်းတယ်။ ဘာလို့ ထိန်းချုပ်ထားတာလဲ မပင်ပန်းဘူးလား။ လွှတ်ချလိုက်တော့လေ…ဒါမှမဟုတ် နင့်ရဲ့ ခန္ဓာကိုယ်ငါ့ကိုပေး…”
ထယ်ယောင်း ကားကို လမ်းဘေးချရပ်လိုက်သည်။ ထို့နောက် အနောက်သို့လှည့်ကာ…
” စည်းဆိုတဲ့ စကားလုံးကို ကြားဖူးသလား…မင်းတို့သရဲတွေမှာလည်း သရဲစည်းရှိသင့်ဆယ်မလား။ အခုနေ ငါ့မျက်စိရှေ့ကထွက်သွားရင် လွှတ်ပေးမယ်။ မဟုတ်ရင်တော့ နောင်ဘဝဆိုတာကိုလည်း တာ့တာပြလိုက်တော့…” ဟု အေးစက်စွာပြောသည်။
” ဟက်! Medium တစ်ယောက်ဖြစ်ရုံနဲ့ မင်းကိုယ်မင်း သိပ်ဟုတ်လှပြီမထင်နဲ့၊ ငါ့ကို မင်းကဘာလုပ်နိုင်မှာမို့လဲ…”
” သိချင်ရင်…တစ်ပွဲနွှဲကြည့်မလား…” နတ်ဆိုးဆန်သည့် အပြုံးတို့သည် ထယ်ယောင်း၏ နှုတ်ခမ်းပါးပေါ်ဝယ် နေရာယူလာသည်။
ထို့နောက် သူတို့တွေ မိနစ်အနည်းငယ်လောက် လုံးထွေးသတ်ပုတ်ပြီးသွားသည့်အခါ သရဲမသည် ငြိမ်ကုပ်သွားတော့သည်။ ထယ်ယောင်းအဖို့တော့ အပျင်းပြေ ကစားလိုက်ရုံလေးသာ။ သူ၏လက်ဝါးနုနုတို့ဖြင့် ကြမ်းတမ်းစွာအရိုက်ခံထားရသည့် သရဲမအား စာအုပ်ထဲထည့်ကာ ပိတ်ထားလိုက်တော့သည်။
သူ့မှာခပ်ညစ်ညစ်အကျင့်ဆိုးလေးတစ်ခုရှိသည်။ သူ့အား ရန်လာစတတ်သည့် သရဲများအား စိတ်ကြိုက်ရိုက်နှတ်ပြီးပါက တွေ့ရာပစ္စည်းထဲကောက်ထည့်ကာ အိမ်သို့ပြန်ယူလာတတ်သည်။
” မင်္ဂလာပါ ပရိတ်ကြီး…” ရွှင်မြူးနေပုံရသည့် ထယ်ယောင်းသည် ဆေးခန်းရောက်သည့်အခါ ကျယ်လောင်စွာနှုတ်ဆတ်လေ၏။ တစ်ချိန်တည်းမှာပင် သူငယ်ချင်းဖြစ်သူ ရော်ဘက်ခ်ထံမှ ဆဲရေးသံသည် ထွက်ပေါ်လာ၏။
” ချီးဖြစ်လို့ အော်ဟစ်နေတာလား…ဒါဆေးခန်းကွ၊ မင်းအမေအိမ်မဟုတ်ဘူး ”
” ဒီနေ့ရဲ့ တစ်ဦးတည်းသော Client လေးကို မဆဲပါနဲ့…စကားကို ချိုချိုသာသာပြောစမ်းပါ…”
ထယ်ယောင်းသည် ထိုင်ခုံပေါ်ထိုင်လိုက်ပြီးနောက် စားပွဲပေါ်သို့ ခြေထောက်ပစ်တင်လိုက်သည်။ စင်စစ်ဒီနေ့သည် ဆေးခန်းပိတ်ရက်ဖြစ်သည်။ ထို့ကြောင့် ဆေးခန်းဝယ် မည်သူမျှမရှိပေ။
” မနေ့ညက ကိစ္စလေ …”
ရော်ဘက်ခ်သည် စာရင်းစာရွက်တွေကို ထုတ်လာပြီး အချက်အလတ်ကျကျပြောရန် စကားစလိုက်သော်လည်း သူ့ကို အရေးမလုပ်ဟန်ဖြင့် သကြားလုံးထိုင်ခွါနေသည့် ထယ်ယောင်းကြောင့် စကားစတို့ပြတ်သွားသည်။
” Vante!…နည်းနည်းပါးပါးအာရုံစိုက်စမ်းပါ “
” ဟေး ကြည့်ကြည့် True love is coming တဲ့၊ ဒီလိုစာတိုလေးတွေပါသေးတာပဲလား…”
“Vante!!! “
ထယ်ယောင်းသည် သကြားလုံးအခွံမှ စာတိုလေးအား ပြမိသည့်အချိန် ရော်ဘက်ခ်၏ အော်သံစူးစူးနှင့် တိုးလေသည်။
” ဟမ်…အင်း အင်း ငါနားထောင်နေတယ် “
” မင်းညကအိမ်မက်တွေ ထပ်မတ်တယ်လို့ပြောတယ်နော်၊ ငါအထင်ပြောရရင် အဲ့တာက မင်းရဲ့ ကလေးဘဝမှတ်ဉာဏ်တွေဖြစ်နိုင်တယ်။ ဒါပေမယ့် အစစ်အမှန်တော့မဟုတ်ဘူးပေါ့ တစ်ခုခုလွှဲနေတာရှိလိမ့်မယ်…”
” အင်း…ငါလည်း ရိပ်မိတယ်။ ပြီးတော့ ငါစုံစမ်းခိုင်းတာတဲ့ ကိစ္စကရော…”
” မင်းကိုယ်တိုင်ပဲကြည့်ကြည့်။ မင်းမိဘတွေရဲ့ အာဏာကို မင်းလည်းသိသားပဲကို၊ အဲ့ကိစ္စကမလွယ်ကူလောက်ဘူး “
ရော်ဘက်ခ်သည် ထယ်ယောင်းကို စာဖိုင်တစ်ခုထိုးပေးလာသည်။ ထယ်ယောင်း ဖွင့်ကြည့်လိုက်သည့်အခါမှာ သူ့ကလေးဘဝရဲ့ ကိုယ်ရေးအကျဉ်းပင်ဖြစ်သည်။ သူ၏ မွေးစားမိဘများသည် အကောင်ကြီးကြီးတွေထဲကဖြစ်တာကြောင့် ကလေးဘဝကို ဖုံးဖိထားသည့်နေရာမှာ ပိရိလွန်းသည်။ ကိုယ်ရေးအကျဉ်းထဲတွင် ထွေထွေထူးထူးဘာမှမရှိ။ ရှင်းလင်းနေလွန်းသည်။
” အာ…တကယ်ပါပဲ သူတို့တွေ ဘာကို ဖုံးကွယ်ချင်နေရတာလဲ…” ထယ်ယောင်း ဆံနွယ်နက်နက်တို့အား စိတ်ရှုပ်စွာ ထိုးဖွလိုက်သည်။
” မင်းကရော ဘာလို့အဲ့လောက်သိချင်နေရတာလဲ…တစ်ခါတစ်လေ မသိခြင်းက ပိုကောင်းတယ်…”
” ငါညတိုင်းမြင်မတ်နေတဲ့ အိမ်မက်တွေ…အဲ့အိမ်မက်တွေက ငါ့ကိုဘယ်လောက် ခြောက်လှန့်နေလဲဆိုတာ မင်းမသိပါဘူး…” ထယ်ယောင်း ရုတ်တရတ်ဒေါသထွက်စွာ အော်ငေါက်လိုက်သည်။ Anger issue ဖြစ်သူအလျှောက် ထိုစက္ကန့်ပိုင်းလေးအတွင်း အတွေးထဲဝယ် ရော်ဘက်ခ်၏ ခေါင်းအား စားပွဲပေါ်မှ ပန်းအိုးရိုက်ခွဲလိုက်ပြီဖြစ်သည်။
” လည်ပင်းထညစ်တာများလား…”
ထယ်ယောင်း၏ အတွေးတို့ကို ရိပ်မိသည့် ရော်ဘက်ခ်သည် ကြောက်ရွံ့ဟန်အနောက်သို့အနည်းဆုတ်သွားသည်။
” ခေါင်းရိုက်ခွဲလိုက်တာ…”
” မင်း IED ပါဖြစ်နေတာတော့မဟုတ်ဘူးမလား အဲ့လောက်ဒေါသကြီးနေတာ…”
” ဘယ်သိမလဲ ”
ထယ်ယောင်းပုခုံးအသာတွန့်ပြကာ စာရွက်စာတမ်းအချို့ကို ယူပြီး ထွက်သွားတော့သည်။ IED ဖြစ်တော့ရော ဘာအရေးလဲ…ဘယ်သူမှဂရုစိုက်စရာမှမလိုဘဲ။
” ဒီကောင်! မင်းဆေးတွေ မယူရသေးဘူးလေ ” ရော်ဘက်ခ်သည် ထယ်ယောင်းအား လှမ်းအော်လိုက်သော်လည်း ထယ်ယောင်းသည် ထားတော့ဟူသည့် ပုံစံမျိုးဖြင့် လက်ခါပြကာ ထွက်သွားသည်။ အား…ဒီဆိုက်ကိုကောင်ကို ငါကဘာလို့ ဆေးကုပေးနေရတာလဲ… ရိုက်သတ်ချင်စရာကြီးကို။
[ A/N: : IED (Intermittent explosive disorder) က လူသိနည်းတဲ့ စိတ်ရောဂါတစ်ခုပါ။ ရောဂါခံစားနေရတဲ့လူတွေက ထစ်ခနဲဆိုဒေါသထွက်တတ်ပြီး ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ကြတဲ့အတွက် အကြမ်းဖတ်မှုတွေပါဖြစ်နိုင်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ Google ခေါက်ကြပါကုန်]
ထယ်ယောင်း ရော်ဘက်ခ်ဆီမှ စာရွက်စာတမ်းအချို့အား ဝင်ယူပြီးနောက် ကုမ္ပဏီသို့ တစ်ဖန်ထွက်လာသည်။ ကုမ္ပဏီရောက်သည့်အခါ ရှုပ်ထွေးလှသော သူ့ဘဝကြီးသည် ရှုပ်ထွေးလှသော စာရင်းဇယားတွေကြားဝယ် သာမန်နေ့တစ်နေ့ကို ပိုင်ဆိုင်လေ၏။
” Vanteရေ…Mr.Jordan Jeonနဲ့ တွေ့ဖို့ချိန်းထားတာလေး ငါ့အစားသွားပေးလို့ရမလား။ ငါအရေးကြီးကိစ္စလေးပေါ်လာလို့။ ” လုပ်ဖော်ကိုင်ဖက်ဖြစ်သူတစ်ယောက်သည် ထယ်ယောင်းကို တောင်းဆိုလာသည်။ ထယ်ယောင်း အနည်းငယ်တွေဝေသွားသော်လည်း နဂိုကတည်းက သူမျက်စိကျနေသော ပရောဂျက်ဖြစ်တာကြောင့် လက်ခံလိုက်သည်။
” အင်း…ရတယ်လေ…”
” ကျေးဇူးပါကွာ “
လုပ်ဖော်ကိုင်ဖတ်ဆီမှ လိုအပ်သည့် အချက်အလတ်အချို့ကို ယူကာ အမှားအယွင်းမရှိစေရန်သေချာပြန်စစ်နေသည်။ သတင်းတွေအရ Mr. Jordan Jeon သည် ဒေါသကြီးပြီး အလွန်ကိုဆိုးသွမ်းလေသည်။ အလုပ်သမားအပေါ် ကိုယ်ထိလက်ရောက် ရိုက်နှတ်မှုကြောင့် တရားခွင်ရောက်ဖူးသည်ဟုလည်း ကောလဟလများရှိသည်။ သူအနေနဲ့ အမှားလုပ်မိလို့မဖြစ်ပေ။
” ကြိုတင်ချိန်းထားတာများရှိလားရှင့်….” Jeon group သို့ရောက်သည့်အခါ ဧည့်ကြိုမလေး၏ စကားကြောင့် ထယ်ယောင်း ခေါင်းကုပ်ရပြီ။ သူ့လုပ်ဖော်ကိုင်ဖတ် ဂျော့ရှ်က သူ့ကိုအဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဘာမှတိတိကျကျမပြောလိုက်ပေ။ သူကလည်း မေးဖို့ရာမေ့သွားခဲ့သည်။
” Lane group က လာခဲ့တာပါ၊ စာချုပ်ကိစ္စဒီနေ့ချိန်းထားလို့…” ထယ်ယောင်း ရုပ်တည်ဖြင့်သာပြောလိုက်သည်။ ဘာမှမသိဘူး…သွား..လစ်! မချိန်းထားလဲ အခုချိန်းလိုက်တော့။
” ဟုတ်ကဲ့ နာမည်လေးပြောပြပေးပါနော် “
” Vante ပါ “
” Vante ဆိုတဲ့ နာမည်က ဧည့်သည်စာရင်းထဲမှာတော့မရှိဘူးရှင့်…ခနလေးစောင့်ပေးပါနော် CEOရဲ့ အတွင်းရေးမှူးကို မေးကြည့်ပေးပါ့မယ်…”
ဧည့်ကြိုကောင်မမှ ထိုအမျိုးသမီးသည် ဖုန်းပြောနေတုန်း ထယ်ယောင်းလည်း ဟိုကြည့်ဒီကြည့် လျှောက်ကြည့်မိသည်။ ထိုစဉ် ဟိတ်ဟန်အပြည့်ဖြင့် ဝင်လာတဲ့ လူကြောင့် သူ့အကြည့်တို့သည် မလွှဲနိုင်တော့ပေ။
အပြာဖျော့ဖျော့ ရှပ်အင်္ကျီကို လက်ခေါက်တင်ကာ ဝတ်ထားပြီး၊ နတ်ပြာရောင် စတိုလ်ပင်ဖြင့်တွဲဖတ်ထားလေသည်။ ကုတ်အင်္ကျီအား တတ်တူးအပြည့်ရှိသည့် လက်တစ်ဖတ်နှင့် ကိုင်တွယ်ထားသည်။ ရွှေရောင် လက်ပတ်နာရီကလည်း နေရောင်အောက်မှာ လတ်ခနဲ။
အတွင်းရေးမှူး၏ တီးတိုးကပ်ပြောသံကို နားထောင်ပြီးနောက် အေးစက်စွာ ပြုံးလိုက်ပြီး အက်ရှရှအသံဖြင့် ” ငြင်းလိုက် ” ဟုပြောလာသည်။ စိုက်ကြည့်နေသော ထယ်ယောင်းအား ရိပ်မိသည့်အခါ ထိုလူသည် ထယ်ယောင်းအား ခပ်ဆွေဆွေစောင်းကြည့်သွားသည်။ အကြည့်တို့ စကားပြောမိသည့်ထိုခဏ ထယ်ယောင်း လည်ပင်းမှအမှတ်သည် အလွန်နာကျင်လာတော့သည်။
သို့ပေသည့်တိုင် ထယ်ယောင်း အကြည့်မခွါနိုင်သည်က ထိုအကြောင်းအရာများကြောင့်မဟုတ်ပေ။ ထိုဟိတ်ဟန်ကြီးသည့်လူ၏ နှလုံးသားနေရာက အရိပ်အမည်းတွေပင်။
” မကောင်းဆိုးဝါး ဝိညာဉ်လား…” ထယ်ယောင်း တီးတိုးရေရွတ်လိုက်သည်။
_________
Zawkyi
” မာမီ…ကြၽန္ေတာ္ငယ္ငယ္ကေလ မေတာ္တဆတစ္ခုခုမ်ားျဖစ္ဖူးလားဟင္။ အျမင့္ေပၚက ျပဳတ္က်တာမ်ိဳး…”
” ဘယ္သူေတြက ဘာေတြေျပာလိုက္ျပန္ၿပီလဲ…မျဖစ္ဖူးပါဘူး…”
ေမြးစားအေမရဲ႕ အေျဖေၾကာင့္ ထယ္ေယာင္းမ်က္ခုံးတို႔တြန့္ခ်ိဳးသြားသည္။ လူေတြက လိမ္ညာျခင္းအတတ္မွာ ဘာလို႔ ညံဖ်င္းေနရတာလဲ…ေမြးစားအေမ၏ ပုံမွန္မဟုတ္သည့္ အသံလိႈင္းတို႔သည္ လိမ္ညာေနေၾကာင္းအထင္းသားပင္။
ထယ္ေယာင္း ေဒါသတႀကီးေအာ္ဟစ္ေသာင္းက်န္း ပစ္ခ်င္ေပမယ့္ သားလိမၼာေလးဆိုသည့္ ပုံရိပ္ကိုမဖ်တ္ဆီးခ်င္တာေၾကာင့္ ဝမ္းနည္းစရာေကာင္းသည့္ ေလသံေလးျဖင့္သာ ေမးခြန္းထုတ္လိုက္သည္။
” မာမီ ဘာလို႔လိမ္ေနတာလဲ…မာမီတို႔ ဘာေတြ လွ်ို႔ဝွက္ထားတာလဲ ”
” Vante . . သားဘာေတြေျပာေနတာလဲ…အေမတို႔ကို ဘာကို လွ်ို႔ဝွက္ရမွာလဲကြယ္…”
” ဒါဆို ဗလာက်င္းျဖစ္ေနတဲ့ ကေလးဘဝက မွတ္ဉာဏ္ေတြကေရာ… မေတာ္တဆမႈေၾကာင့္ အတိတ္ေမ့ေနတာမလား…”
” လႊဲပါေစ ေခ်ာ္ပါေစေတာ္။ ဘယ္က မေတာ္တဆမႈတုံး…။ ဆယ္ေက်ာ္သက္လူငယ္ေတြေတာင္မွ သူတို႔ကေလးဘဝကို မမွတ္မိၾကဘူး သားအသက္ကပဲ ႏွစ္ဆယ္ေက်ာ္ေနၿပီကို။ ဒါက ပုံမွန္ပါပဲ…”
” အင္း…အေတြးလြန္သြားတာ ေတာင္းပန္ပါတယ္ “
” ေနာက္အဲ့လိုေလွ်ာက္မေတြးနဲ႕ က်န္းမာေရးကိုလည္း ဂ႐ုစိုက္ဦး..”
” ဟုတ္…”
ထယ္ေယာင္း ဖုန္းခ်လိဳက္ၿပီးေနာက္ ကားေသာ့ကိုေကာက္ယူကာ ေဆးခန္းသို႔ ထြက္လာခဲ့သည္။ ဂ်ာမနီ၏ August ရာသီဥတုသည္ ခပ္ေဆြးေဆြးပင္။ ေရဒီယိုမွ သတင္းတင္ဆက္ေနသံမွာလည္း ခပ္သဲ့သဲ့ထြက္ေပၚေနေပမယ့္ သူ၏စိတ္တို႔သည္ သတင္းကို အာ႐ုံမစိုက္နိုင္ေခ်။ ကားေမာင္းရင္းျဖင့္ အေတြးနယ္ခ်ဲ့ေနမိသည္။
အခုဆို သူ႕အသက္ 26ႏွစ္ရွိျဖစ္သည္။ ဂ်ာမန္လူမ်ိဳးေတြျဖစ္ၾကတဲ့ ေမြးစားမိဘေတြ၏ ၾကည့္ရႈေစာင့္ေရွာက္မႈေအာက္ဝယ္ ႀကီးျပင္းလာရသည္။ သူ႕နာမည္သည္ ေအာင္ျမင္မႈလို႔ အဓိပၸာယ္ရသည့္ ကင္မ္ထယ္ေယာင္း။ ေမြးစားမိဘေတြကေတာ့ Vanteလို႔ မွည့္ေခၚၾကသည္။ ရိုးရွင္းသေယာက္ျဖင့္ ရႈပ္ေထြးလွတဲ့ သူ႕ဘဝႀကီးသည္ ရွင္သန္ဖို႔ရာ ၿငီးေငြ႕စရာပင္။
အေတြးလြန္ေနတုန္း သတိျပန္ကပ္မိသည့္အခ်ိန္ ကားေရွ႕မွ ျဖတ္ေျပးသည့္ အမ်ိဳးသမီးေၾကာင့္ သူဘရိတ္ေဆာင့္အုတ္လိုက္သည္။ ဂါဝန္ျဖဴျဖဴကို ဝတ္ဆင္ထားသည့္ ျပာႏွမ္းႏွမ္းအသားအရည္ႏွင့္ အမ်ိဳးသမီးတစ္ေယာက္သည္ မသီတီစရာေကာင္းေအာင္ ၿပဳံး၍ ကားေရွ႕ပိတ္ရပ္ေနသည္။
” ေသာက္ေရးထဲမွ…” ထယ္ေယာင္း ခပ္တိုးတိုးဆဲေရးလိုက္ၿပီး ကားကို အရွိန္တင္ကာ ထိုသရဲမအား ဝင္တိုက္ပစ္လိုက္သည္။ ဒီလိုကိစၥေတြေၾကာင့္ သူ႕ဘဝႀကီးသည္ ရႈပ္ေထြးေနရသည္။ သူ႕ဦးေႏွာက္၌ ျပႆနာရွိေနသေလာ၊ မ်က္စိ၌ ျပႆနာရွိေနသေလာ မေသခ်ာေပမယ့္ သူသည္ မျမင္အပ္သည့္အရာမ်ားကို ျမင္ရသည္။
” နင္ငါ့ကိုျမင္ရတာပဲ…”
သရဲမသည္ ေပ်ာက္ကြယ္မသြားဘဲ ကားေနာက္ခန္းထဲတြင္ ကပ္ပါလာျပန္သည္။ ထယ္ေယာင္း လစ္လ်ႉရႈထားလိုက္သည္။ ထိုအရာေတြသည္ အမ်ားအားျဖင့္ လူသားေတြကို ထိေတြ႕လို႔မွမရဘဲ။
” မင္းဝိညာဥ္ထဲမွာ ေသးငယ္တဲ့ အေမွာင္ထုအပိုင္းအစေလးရွိေနတယ္။ ငါခံစားလို႔ရတယ္။ ေသးငယ္ေပမယ့္ အရမ္းအားလြန္းတယ္။ ဘာလို႔ ထိန္းခ်ဳပ္ထားတာလဲ မပင္ပန္းဘူးလား။ လႊတ္ခ်လိဳက္ေတာ့ေလ…ဒါမွမဟုတ္ နင့္ရဲ႕ ခႏၶာကိုယ္ငါ့ကိုေပး…”
ထယ္ေယာင္း ကားကို လမ္းေဘးခ်ရပ္လိုက္သည္။ ထို႔ေနာက္ အေနာက္သို႔လွည့္ကာ…
” စည္းဆိုတဲ့ စကားလုံးကို ၾကားဖူးသလား…မင္းတို႔သရဲေတြမွာလည္း သရဲစည္းရွိသင့္ဆယ္မလား။ အခုေန ငါ့မ်က္စိေရွ႕ကထြက္သြားရင္ လႊတ္ေပးမယ္။ မဟုတ္ရင္ေတာ့ ေနာင္ဘဝဆိုတာကိုလည္း တာ့တာျပလိုက္ေတာ့…” ဟု ေအးစက္စြာေျပာသည္။
” ဟက္! Medium တစ္ေယာက္ျဖစ္႐ုံနဲ႕ မင္းကိုယ္မင္း သိပ္ဟုတ္လွၿပီမထင္နဲ႕၊ ငါ့ကို မင္းကဘာလုပ္နိုင္မွာမို႔လဲ…”
” သိခ်င္ရင္…တစ္ပြဲႏႊဲၾကည့္မလား…” နတ္ဆိုးဆန္သည့္ အၿပဳံးတို႔သည္ ထယ္ေယာင္း၏ ႏႈတ္ခမ္းပါးေပၚဝယ္ ေနရာယူလာသည္။
ထို႔ေနာက္ သူတို႔ေတြ မိနစ္အနည္းငယ္ေလာက္ လုံးေထြးသတ္ပုတ္ၿပီးသြားသည့္အခါ သရဲမသည္ ၿငိမ္ကုပ္သြားေတာ့သည္။ ထယ္ေယာင္းအဖို႔ေတာ့ အပ်င္းေျပ ကစားလိုက္႐ုံေလးသာ။ သူ၏လက္ဝါးႏုႏုတို႔ျဖင့္ ၾကမ္းတမ္းစြာအရိုက္ခံထားရသည့္ သရဲမအား စာအုပ္ထဲထည့္ကာ ပိတ္ထားလိုက္ေတာ့သည္။
သူ႕မွာခပ္ညစ္ညစ္အက်င့္ဆိုးေလးတစ္ခုရွိသည္။ သူ႕အား ရန္လာစတတ္သည့္ သရဲမ်ားအား စိတ္ႀကိဳက္ရိုက္ႏွတ္ၿပီးပါက ေတြ႕ရာပစၥည္းထဲေကာက္ထည့္ကာ အိမ္သို႔ျပန္ယူလာတတ္သည္။
” မဂၤလာပါ ပရိတ္ႀကီး…” ႐ႊင္ျမဴးေနပုံရသည့္ ထယ္ေယာင္းသည္ ေဆးခန္းေရာက္သည့္အခါ က်ယ္ေလာင္စြာႏႈတ္ဆတ္ေလ၏။ တစ္ခ်ိန္တည္းမွာပင္ သူငယ္ခ်င္းျဖစ္သူ ေရာ္ဘက္ခ္ထံမွ ဆဲေရးသံသည္ ထြက္ေပၚလာ၏။
” ခ်ီးျဖစ္လို႔ ေအာ္ဟစ္ေနတာလား…ဒါေဆးခန္းကြ၊ မင္းအေမအိမ္မဟုတ္ဘူး ”
” ဒီေန႕ရဲ႕ တစ္ဦးတည္းေသာ Client ေလးကို မဆဲပါနဲ႕…စကားကို ခ်ိဳခ်ိဳသာသာေျပာစမ္းပါ…”
ထယ္ေယာင္းသည္ ထိုင္ခုံေပၚထိုင္လိုက္ၿပီးေနာက္ စားပြဲေပၚသို႔ ေျခေထာက္ပစ္တင္လိုက္သည္။ စင္စစ္ဒီေန႕သည္ ေဆးခန္းပိတ္ရက္ျဖစ္သည္။ ထို႔ေၾကာင့္ ေဆးခန္းဝယ္ မည္သူမွ်မရွိေပ။
” မေန႕ညက ကိစၥေလ …”
ေရာ္ဘက္ခ္သည္ စာရင္းစာ႐ြက္ေတြကို ထုတ္လာၿပီး အခ်က္အလတ္က်က်ေျပာရန္ စကားစလိုက္ေသာ္လည္း သူ႕ကို အေရးမလုပ္ဟန္ျဖင့္ သၾကားလုံးထိုင္ခြါေနသည့္ ထယ္ေယာင္းေၾကာင့္ စကားစတို႔ျပတ္သြားသည္။
” Vante!…နည္းနည္းပါးပါးအာ႐ုံစိုက္စမ္းပါ “
” ေဟး ၾကည့္ၾကည့္ True love is coming တဲ့၊ ဒီလိုစာတိုေလးေတြပါေသးတာပဲလား…”
“Vante!!! “
ထယ္ေယာင္းသည္ သၾကားလုံးအခြံမွ စာတိုေလးအား ျပမိသည့္အခ်ိန္ ေရာ္ဘက္ခ္၏ ေအာ္သံစူးစူးႏွင့္ တိုးေလသည္။
” ဟမ္…အင္း အင္း ငါနားေထာင္ေနတယ္ “
” မင္းညကအိမ္မက္ေတြ ထပ္မတ္တယ္လို႔ေျပာတယ္ေနာ္၊ ငါအထင္ေျပာရရင္ အဲ့တာက မင္းရဲ႕ ကေလးဘဝမွတ္ဉာဏ္ေတြျဖစ္နိုင္တယ္။ ဒါေပမယ့္ အစစ္အမွန္ေတာ့မဟုတ္ဘူးေပါ့ တစ္ခုခုလႊဲေနတာရွိလိမ့္မယ္…”
” အင္း…ငါလည္း ရိပ္မိတယ္။ ၿပီးေတာ့ ငါစုံစမ္းခိုင္းတာတဲ့ ကိစၥကေရာ…”
” မင္းကိုယ္တိုင္ပဲၾကည့္ၾကည့္။ မင္းမိဘေတြရဲ႕ အာဏာကို မင္းလည္းသိသားပဲကို၊ အဲ့ကိစၥကမလြယ္ကူေလာက္ဘူး “
ေရာ္ဘက္ခ္သည္ ထယ္ေယာင္းကို စာဖိုင္တစ္ခုထိုးေပးလာသည္။ ထယ္ေယာင္း ဖြင့္ၾကည့္လိုက္သည့္အခါမွာ သူ႕ကေလးဘဝရဲ႕ ကိုယ္ေရးအက်ဥ္းပင္ျဖစ္သည္။ သူ၏ ေမြးစားမိဘမ်ားသည္ အေကာင္ႀကီးႀကီးေတြထဲကျဖစ္တာေၾကာင့္ ကေလးဘဝကို ဖုံးဖိထားသည့္ေနရာမွာ ပိရိလြန္းသည္။ ကိုယ္ေရးအက်ဥ္းထဲတြင္ ေထြေထြထူးထူးဘာမွမရွိ။ ရွင္းလင္းေနလြန္းသည္။
” အာ…တကယ္ပါပဲ သူတို႔ေတြ ဘာကို ဖုံးကြယ္ခ်င္ေနရတာလဲ…” ထယ္ေယာင္း ဆံႏြယ္နက္နက္တို႔အား စိတ္ရႈပ္စြာ ထိုးဖြလိုက္သည္။
” မင္းကေရာ ဘာလို႔အဲ့ေလာက္သိခ်င္ေနရတာလဲ…တစ္ခါတစ္ေလ မသိျခင္းက ပိုေကာင္းတယ္…”
” ငါညတိုင္းျမင္မတ္ေနတဲ့ အိမ္မက္ေတြ…အဲ့အိမ္မက္ေတြက ငါ့ကိုဘယ္ေလာက္ ေျခာက္လွန့္ေနလဲဆိုတာ မင္းမသိပါဘူး…” ထယ္ေယာင္း ႐ုတ္တရတ္ေဒါသထြက္စြာ ေအာ္ေငါက္လိုက္သည္။ Anger issue ျဖစ္သူအေလွ်ာက္ ထိုစကၠန့္ပိုင္းေလးအတြင္း အေတြးထဲဝယ္ ေရာ္ဘက္ခ္၏ ေခါင္းအား စားပြဲေပၚမွ ပန္းအိုးရိုက္ခြဲလိုက္ၿပီျဖစ္သည္။
” လည္ပင္းထညစ္တာမ်ားလား…”
ထယ္ေယာင္း၏ အေတြးတို႔ကို ရိပ္မိသည့္ ေရာ္ဘက္ခ္သည္ ေၾကာက္႐ြံ႕ဟန္အေနာက္သို႔အနည္းဆုတ္သြားသည္။
” ေခါင္းရိုက္ခြဲလိုက္တာ…”
” မင္း IED ပါျဖစ္ေနတာေတာ့မဟုတ္ဘူးမလား အဲ့ေလာက္ေဒါသႀကီးေနတာ…”
” ဘယ္သိမလဲ ”
ထယ္ေယာင္းပုခုံးအသာတြန့္ျပကာ စာ႐ြက္စာတမ္းအခ်ိဳ႕ကို ယူၿပီး ထြက္သြားေတာ့သည္။ IED ျဖစ္ေတာ့ေရာ ဘာအေရးလဲ…ဘယ္သူမွဂ႐ုစိုက္စရာမွမလိုဘဲ။
” ဒီေကာင္! မင္းေဆးေတြ မယူရေသးဘူးေလ ” ေရာ္ဘက္ခ္သည္ ထယ္ေယာင္းအား လွမ္းေအာ္လိုက္ေသာ္လည္း ထယ္ေယာင္းသည္ ထားေတာ့ဟူသည့္ ပုံစံမ်ိဳးျဖင့္ လက္ခါျပကာ ထြက္သြားသည္။ အား…ဒီဆိုက္ကိုေကာင္ကို ငါကဘာလို႔ ေဆးကုေပးေနရတာလဲ… ရိုက္သတ္ခ်င္စရာႀကီးကို။
[ A/N: : IED (Intermittent explosive disorder) က လူသိနည္းတဲ့ စိတ္ေရာဂါတစ္ခုပါ။ ေရာဂါခံစားေနရတဲ့လူေတြက ထစ္ခနဲဆိုေဒါသထြက္တတ္ၿပီး ကိုယ့္ကိုကိုယ္မထိန္းခ်ဳပ္နိုင္ၾကတဲ့အတြက္ အၾကမ္းဖတ္မႈေတြပါျဖစ္နိုင္ပါတယ္။ အေသးစိတ္သိခ်င္ရင္ေတာ့ Google ေခါက္ၾကပါကုန္]
ထယ္ေယာင္း ေရာ္ဘက္ခ္ဆီမွ စာ႐ြက္စာတမ္းအခ်ိဳ႕အား ဝင္ယူၿပီးေနာက္ ကုမၸဏီသို႔ တစ္ဖန္ထြက္လာသည္။ ကုမၸဏီေရာက္သည့္အခါ ရႈပ္ေထြးလွေသာ သူ႕ဘဝႀကီးသည္ ရႈပ္ေထြးလွေသာ စာရင္းဇယားေတြၾကားဝယ္ သာမန္ေန႕တစ္ေန႕ကို ပိုင္ဆိုင္ေလ၏။
” Vanteေရ…Mr.Jordan Jeonနဲ႕ ေတြ႕ဖို႔ခ်ိန္းထားတာေလး ငါ့အစားသြားေပးလို႔ရမလား။ ငါအေရးႀကီးကိစၥေလးေပၚလာလို႔။ ” လုပ္ေဖာ္ကိုင္ဖက္ျဖစ္သူတစ္ေယာက္သည္ ထယ္ေယာင္းကို ေတာင္းဆိုလာသည္။ ထယ္ေယာင္း အနည္းငယ္ေတြေဝသြားေသာ္လည္း နဂိုကတည္းက သူမ်က္စိက်ေနေသာ ပေရာဂ်က္ျဖစ္တာေၾကာင့္ လက္ခံလိုက္သည္။
” အင္း…ရတယ္ေလ…”
” ေက်းဇူးပါကြာ “
လုပ္ေဖာ္ကိုင္ဖတ္ဆီမွ လိုအပ္သည့္ အခ်က္အလတ္အခ်ိဳ႕ကို ယူကာ အမွားအယြင္းမရွိေစရန္ေသခ်ာျပန္စစ္ေနသည္။ သတင္းေတြအရ Mr. Jordan Jeon သည္ ေဒါသႀကီးၿပီး အလြန္ကိုဆိုးသြမ္းေလသည္။ အလုပ္သမားအေပၚ ကိုယ္ထိလက္ေရာက္ ရိုက္ႏွတ္မႈေၾကာင့္ တရားခြင္ေရာက္ဖူးသည္ဟုလည္း ေကာလဟလမ်ားရွိသည္။ သူအေနနဲ႕ အမွားလုပ္မိလို႔မျဖစ္ေပ။
” ႀကိဳတင္ခ်ိန္းထားတာမ်ားရွိလားရွင့္….” Jeon group သို႔ေရာက္သည့္အခါ ဧည့္ႀကိဳမေလး၏ စကားေၾကာင့္ ထယ္ေယာင္း ေခါင္းကုပ္ရၿပီ။ သူ႕လုပ္ေဖာ္ကိုင္ဖတ္ ေဂ်ာ့ရွ္က သူ႕ကိုအဲ့ကိစၥနဲ႕ပတ္သတ္ၿပီး ဘာမွတိတိက်က်မေျပာလိုက္ေပ။ သူကလည္း ေမးဖို႔ရာေမ့သြားခဲ့သည္။
” Lane group က လာခဲ့တာပါ၊ စာခ်ဳပ္ကိစၥဒီေန႕ခ်ိန္းထားလို႔…” ထယ္ေယာင္း ႐ုပ္တည္ျဖင့္သာေျပာလိုက္သည္။ ဘာမွမသိဘူး…သြား..လစ္! မခ်ိန္းထားလဲ အခုခ်ိန္းလိုက္ေတာ့။
” ဟုတ္ကဲ့ နာမည္ေလးေျပာျပေပးပါေနာ္ “
” Vante ပါ “
” Vante ဆိုတဲ့ နာမည္က ဧည့္သည္စာရင္းထဲမွာေတာ့မရွိဘူးရွင့္…ခနေလးေစာင့္ေပးပါေနာ္ CEOရဲ႕ အတြင္းေရးမႉးကို ေမးၾကည့္ေပးပါ့မယ္…”
ဧည့္ႀကိဳေကာင္မမွ ထိုအမ်ိဳးသမီးသည္ ဖုန္းေျပာေနတုန္း ထယ္ေယာင္းလည္း ဟိုၾကည့္ဒီၾကည့္ ေလွ်ာက္ၾကည့္မိသည္။ ထိုစဥ္ ဟိတ္ဟန္အျပည့္ျဖင့္ ဝင္လာတဲ့ လူေၾကာင့္ သူ႕အၾကည့္တို႔သည္ မလႊဲနိုင္ေတာ့ေပ။
အျပာေဖ်ာ့ေဖ်ာ့ ရွပ္အကၤ်ီကို လက္ေခါက္တင္ကာ ဝတ္ထားၿပီး၊ နတ္ျပာေရာင္ စတိုလ္ပင္ျဖင့္တြဲဖတ္ထားေလသည္။ ကုတ္အကၤ်ီအား တတ္တူးအျပည့္ရွိသည့္ လက္တစ္ဖတ္ႏွင့္ ကိုင္တြယ္ထားသည္။ ေ႐ႊေရာင္ လက္ပတ္နာရီကလည္း ေနေရာင္ေအာက္မွာ လတ္ခနဲ။
အတြင္းေရးမႉး၏ တီးတိုးကပ္ေျပာသံကို နားေထာင္ၿပီးေနာက္ ေအးစက္စြာ ၿပဳံးလိုက္ၿပီး အက္ရွရွအသံျဖင့္ ” ျငင္းလိုက္ ” ဟုေျပာလာသည္။ စိုက္ၾကည့္ေနေသာ ထယ္ေယာင္းအား ရိပ္မိသည့္အခါ ထိုလူသည္ ထယ္ေယာင္းအား ခပ္ေဆြေဆြေစာင္းၾကည့္သြားသည္။ အၾကည့္တို႔ စကားေျပာမိသည့္ထိုခဏ ထယ္ေယာင္း လည္ပင္းမွအမွတ္သည္ အလြန္နာက်င္လာေတာ့သည္။
သို႔ေပသည့္တိုင္ ထယ္ေယာင္း အၾကည့္မခြါနိုင္သည္က ထိုအေၾကာင္းအရာမ်ားေၾကာင့္မဟုတ္ေပ။ ထိုဟိတ္ဟန္ႀကီးသည့္လူ၏ ႏွလုံးသားေနရာက အရိပ္အမည္းေတြပင္။
” မေကာင္းဆိုးဝါး ဝိညာဥ္လား…” ထယ္ေယာင္း တီးတိုးေရ႐ြတ္လိုက္သည္။
_________
Comments for chapter "Chapter 9"