Chapter 10
Unicode
” CEO ရှင့်…မမလေးလိန်း(Lane)တို့ ကုမ္ပဏီက လူရောက်နေပါတယ်…” အတွင်းမှူးသည် ခြေလှမ်းအကျဲကြီးများဖြင့် လမ်းလျှောက်နေသည့် CEO နောက်အားပြေးလိုက်ရင်း တီးတိုးပြောလာသည်။
” ငြင်းလိုက်…” ဂျောင်ကု ထိုအဖြေတစ်ခုကိုသာပေးပြီးနောက် ဖုန်းတစ်callခေါ်လိုက်သည်။
” လိန်း…မင်းကိုယ်တိုင်မလာသရွေ့ ငါအဲ့စာချုပ်မှာ လက်မှတ်မထိုးဘူး ”
” ခွေးကောင်…ငါ့လူကို ဖြဲခြောက်ဖို့ ကြံနေပြန်ပြီလား ” ဖုန်းတစ်ဖတ်က လိန်း၏ ဆဲရေးသံကို ကြားတဲ့အခါ ဂျောင်ကုသည် ခပ်တိုးတိုးရယ်သည်။
” ငါကဖြဲမခြောက်တတ်ပါဘူး…ဒါပေမယ့် သိတယ်မလား သူတို့ကတော့ လိုက်ပြီးခြောက်လိမ့်မယ်…”
” နင်….နင်..နင်ဟာလေ လူသားတွေကိစ္စမှာ အဲ့သရဲတွေအကြောင်း ထည့်မပြောစမ်းနဲ့ “
” ဒါဆို ကုမ္ပဏီလာခဲ့ မတွေ့တာကြာတော့ လွမ်းနေတာ…”
” ဝေါ့…ချီးစားပြီးပြောရင်တောင် မယုံဘူး…”
တစ်ဖတ်တွင် ထယ်ယောင်း၏ အကြည့်တို့သည် ထိုလူဓာတ်လှေကားထဲ ဝင်သွားသည့်တိုင် မခွါနိုင်ချေ။
” ဒီမှာ…ဒီမှာရှင့် CEOက အခုမအားသေးလို့ပါတဲ့…” ဧည့်ကြိုမလေး၏ စကားသံကြားမှသာ ထယ်ယောင်း အသိပြန်ကပ်လာသည်။
” အစောနကလူက Mr. Jordan လား..”
” ဟုတ်ပါတယ် “
” Fuck! ” ထယ်ယောင်း တီးတိုးဆဲရေးလိုက်ပြီးနောက် ထိုလူ့အနောက်ပြေးလိုက်တော့သည်။ ဘယ်လိုသောက်ကျိုးနည်းအခြေအနေကြီးလဲ။ ငါအခု စာချုပ်ချုပ်မည့်အထက်လူကြီးနောက်ကို လိုက် ေနတာလား…မကောင်းဆိုးဝါးဝိညာဉ်နောက်ကို လိုက်နေတာလား…ချီးလိုပဲ။
ကံကြမ္မာသည် ထယ်ယောင်း ဘက်ရှိမနေပါ။ အသည်းအသန်ပြေးလွှား၍ လိုက်သွားသော်လည်း လက်တစ်ကမ်းအလိုမှာ ဓာတ်လှေကားတံခါးသည် ပိတ်သွားလေပြီ။ လျှင်မြန်လွန်းသည့် ထိုစက္ကန့်ပိုင်းလေးအတွင်း ဓာတ်လှေကား တစ်ဖတ်တစ်ချက်စီမှ သူတို့နှစ်ဦး အကြည့်ချင်းဆုံမိသည်။ ပိတ်သွားသည့် ဓာတ်လှေကားတံခါးနှင့်အတူ Mr. Jordan ၏ လှောင်ပြုံးက သူ့မျက်လုံးထဲမှ မထွက်ပေ။
” Fuck! fuck! fuck! ” စိတ်တိုတိုနဲ့ ဆဲရေးပြီးနောက် ဓာတ်လှေကား တံခါးကို သုံးချက်လောက် ပိတ်ကန်ပစ်လိုက်သည်။
မိနစ်အနည်းငယ်လောက် စောင့်ပြီးသည့်အခါ အခြားဓာတ်လှေကားတစ်ခုသည် ပွင့်လာသည်။ ထိုလှေကားကို သုံးပြီးနောက် ထယ်ယောင်းလိုက်စပ်စုတော့သည်။ စာချုပ်ကိစ္စက အလုပ်မဖြစ်သည်မို့ အခု သူစိတ်ဝင်စားသည်က မကောင်းဆိုးဝါးဝိညာဉ်ပင်။ ထိုဝိညာဉ်အကြောင်းကို စာအုပ်တွေအတော်များများမှာ သူဖတ်ဖူးသော်လည်း လက်တွေ့ဘဝ၌ တစ်ခါမှ မမြင်ဖူးပေ။
မကောင်းဆိုးဝါးဝိညာဉ်များသည် အခြေအနေနှစ်ရပ်ဖြင့် ဖြစ်တည်တတ်ကြသည်။ အချို့က မွေးကတည်းက မကောင်းဆိုးဝါးဝိညာဉိအပိုင်းအစလေးတွေ ကပ်ပါလာတတ်သည်။ ထိုအခြေအနေသည် သိပ်ပြီးပြဿနာမရှိပေ။ ပတ်ဝန်းကျင်၊ မိသားစုနဲ့ သဘာဝတရားကြီး၏ စွမ်းအင်များဖြင့် အသားကျသွားသည့်အခါ ထိုဝိညာဉ်သည် ပျက်စီးသွားလိမ့်မည်။ ရှင်းရှင်းပြောရလျှင် အသက်ကြီးလာသည်နှင့်အမျှ မကောင်းဆိုးဝါးဝိညာဉ်က အားနည်းလာပြီး သာမာန်လူတစ်ယောက်လို ရှင်သန်နိုင်မှာဖြစ်သည်။ သို့ပေသည့် မကောင်းဆိုးဝါးဝိညာဉ်၏ ဖိနှိပ်မှုကိုခံရလျှင်ေတာ့ အခြေအေသည် တစ်မျိုးပြောင်းသွားနိုင်သည်။
နောက်အခြေအနေတစ်ရပ်က ဖန်တီးခြင်းဖြစ်သည်။ လူသားတို့သည် မကောင်းဆိုးဝါးဝိညာဉ်အား ဖန်တီးနိုင်သည်။ အချို့ကြတော့ မတော်တဆဖန်တီးမိပြီး အချို့ကြတော့ တမင်တကာကို ဖန်တီးယူကြသည်။ ထိုသို့သော မကောင်းဆိုးဝိညာဉ်များသည် ဖန်တီးသူ၏ စိတ်စွမ်းအင်နှင့် ရှင်သန်ကြသည်။ အငွေ့အသတ်မှ ဝိညာဉ်၊ ဝိညာဉ်မှတဆင့် လူသားအသွင်ယူဖို့ရာဆို ဆယ်စုနှစ်မှ ရာစုနှစ်ကြာ စောင့်ရသည်။
သို့ဖြစ်ရာ ထယ်ယောင်းအနေနဲ့ သူတွေ့ခဲ့သည့် မကောင်းဆိုးဝါးဝိညာဉ်၏ ဇစ်မြစ်ကို မခန့်မှန်းနိုင်တော့ပေ။ အခြေအနေနှစ်ရပ်လုံး ဖြစ်နိုင်ခြေရှိသလိုလိုနှင့် မရှိဘူးဖြစ်နေ၏။ ဘယ်လိုတောင် ရှုပ်ထွေးလိုက်လေသလဲ…။
တင်…ဓာတ်လှေကားသည် မြည်သံလေးပေးကာ ပွင့်လာသည်။
” Lane group ကလူတွေများ အရှက်မရှိလိုက်တာ အငြင်းခံလိုက်ရတာတောင် CEOရုံးခန်းရှေ့ထိ ခိုးဝင်လာရဲသေးတယ်…”
တံခါးပွင့်သည်နှင့် ထယ်ယောင်းမြင်လိုက်ရသည်က တစ်ဖတ်က စကြင်္ံလမ်းနံရံအားမှီထားသည့် ထိုအမျိုးသားပင်။ ထယ်ယောင်း သူခိုးလူမိဆိုသလို ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ ပတ်ဝန်းကျင်လေထုသည် အေးစက်ကာ ကြောက်ဖို့ကောင်းလှသည်။ တိုက်သည် အလင်းကောင်းစွာ ဝင်ရောက်စေရန် မှန်ပြတင်းပေါက် အများအပြားကို အသုံးပြုထားသော်လည်း ဤအထပ်သည် အလင်းကောင်းစွာမရချေ။ သရဲမကြောက်သည့် သူတောင်မှ အနည်းငယ်ခြောက်ခြားမိသည်။
” ကြည့်ရတာ သူခိုးလူမိလို့ဆွံ့အသွားပြီထင်တယ်…”
” အိုး…ဒီအတိုင်း လမ်းမှားလာရုံပါ။ Mr. ကို နှောင့်ယှတ်ဖို့ မရည်ရွယ်မိပါဘူး…” လိမ်ညာခြင်းအရာမှာ တစ်ဖတ်ကမ်းခတ်သည့် ထယ်ယောင်းသည် မျက်နှာတစ်ချက်မပျက်ချေ။
” လမ်းမှားစရာ အကြောင်းမှမရှိဘဲ…” ဂျောင်ကုသည် ထယ်ယောင်းအား မျက်လုံးပင့်ကြည့်လာသည်။ အနက်ရောင်မျက်ဝန်းတွေသည် ငရဲသားတို့ပုန်းကွယ်နေသော မဟူရာ ချောက်နက်ကြီးအလား…
” ဒါဆို အကြောင်းပြချက်က အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ လူတစ်ယောက်ဆိုရင်ရော ”
” Hmm! ငါကတော့ စာအုပ်ကို ပိုစိတ်ဝင်စားတယ်…” ဂျောင်ကု၏အကြည့်တို့သည် ထယ်ယောင်းလက်ထဲမှ စာအုပ်ဆီရောက်သွားသည့်အခါ စာအုပ်ထဲမှ သရဲမသည် ကျောတစ်လျှောက်အေးစိမ့်သွားသည်။
ထယ်ယောင်းစာအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး ခပ်ဟဟရယ်လိုက်သည်။
” ဒီစာအုပ်က ဘာမှမထူးဆန်းပါဘူး…ဒီအတိုင်း ကိုရီးယားဝတ္ထုစာအုပ်လေး…”
” ဟန်းဂု? ငါကလည်း ကိုရီးယားလူမျိုးပဲလေ ” ဂျောင်ကုမျက်ခုံးပင့်လာသည်။ ထို့နောက် ထားတော့ဆိုသည့် မျက်နှာအမူအရာဖြင့်…
” လိန်းရဲ့ မျက်နှာကြောင့် ဒီတစ်ခါတော့ မင်းကို လွှတ်ပေးလိုက်မယ်…သွားတော့ ” ဟုပြောကာ ကျောခိုင်းထွက်သွားတော့သည်။
ထယ်ယောင်းသည် ဂျောင်ကု၏ စကားတို့အား နားထဲမဝင်ပါချေ။ သူ၏ အာရုံသည် ဂျောင်ကုကိုယ်ပေါ်က အမည်းရောင်အရိပ်တွေထံသာ။ ထယ်ယောင်း ထိုအရိပ်တို့ထံ လက်လှမ်းလိုက်သည်။ သို့ပေသည့် အာရုံကောင်းလွန်းသည့် ဂျောင်ကုသည် အလျှင်အမြန်ပင် ရှောင်တိမ်းလိုက်သည်။
” Huh…အပနှင်သူ…” ဂျောင်ကုသည် ထယ်ယောင်း၏ သရုပ်မှန်ကို ချက်ချင်းရိပ်မိသွားသည်။ ထယ်ယောင်း အနေနဲ့ ငြင်းဆန်ဖို့ အချိန်တောင်မရလိုက် အားသန်သည့် ဂျောင်ကု၏ လက်သည် သူ့လည်ပင်းထက် နေရာယူလာသည်။
” အချိန်ရှိတုန်းက မင်းထွက်ပြေးသင့်တာ…လွှတ်ပေးတာ မလွှတ်ပေးတာက ငါ့အပိုင်းဆိုပေမယ့်လို့ပေါ့…”
ဂျောင်ကုလက်ထဲရှိ ထယ်ယောင်း၏ လည်တိုင်ကျော့ကျော့သည် အချိန်မရွေးကျိုးသွားနိုင်သည်။ တစ်ဖြေးဖြေးနဲ့ လက်ကိုအပေါ်မြှောက်လာသည့် ဂျောင်ကု၏ ထိန်းချုပ်မှုအောက်ဝယ် ထယ်ယောင်းခြေဖျားတို့သည် ကြမ်းပြင်နှင့် လွတ်နေ၏။ သူ့အနေနဲ့ ဘာမှမစွမ်းနိုင်တော့ပေ။ အသက်ရှူကျပ်ကာ မျက်လုံးများပြာဝေလာသည်။ သေဆုံးခြင်းအနံကိုတောင် သူရသလိုရှိလာသည်။
ထိုအချိန် ထယ်ယောင်းဘောင်းဘီအိတ်ထဲမှ ဖုန်းသည် မြည်သံပေးကာ တုန်ခါလာသည်။ ဂျောင်ကု အခြားလက်တစ်ဖတ်ဖြင့် ဖုန်းကို ထုတ်ကာ ကိုင်ပေးလိုက်သည်။
” စိတ်မကောင်းလိုက်စရာပဲ ဖုန်းပိုင်ရှင်က တိုက်ပေါ်က ပြုတ်ကျပြီး အရေးပေါ်မှာရောက်နေလို့…” ဂျောင်ကု၏ မုသားတို့သည် မာယာသရဖူကိုဆောင်းလျှက် နှုတ်ခမ်းပါးမှ ထွက်ပေါ်လာသည်။ ပြောရင်းဆိုရင်းနဲ့ပင် ထယ်ယောင်းကို လည်ပင်းညစ်လျှက် မှန်ပြတင်းပေါက်နားသို့ သယ်သွားသည်။ ထို့နောက် ထယ်ယောင်း၏ လည်ပင်းကိုကိုင်လျှက် ခန္ဓာကိုယ်အား အားပြင်းပြင်းဆောင့်တွန်းကာ မှန်ကို ရိုက်ခွဲလိုက်၏။
” ဟင်…ထယ်ယောင်းအခုဘယ်မှာလဲ…ဘယ်ဆေးရုံမှာလဲ…” တစ်ဖတ်လူ၏ ထိတ်လန့်စွာမေးလာသည့်မေးခွန်းကြောင့် ဂျောင်ကု ဆွံ့အသွားသည်။ ထို့နောက် လည်ပင်းညှစ်ခံထားရသည့် Vante ဆိုတဲ့ အပနှင်သူအား ပြန်ကြည့်မိသည်။ ထယ်ယောင်းသည် အောက်ဆီဂျင်ပြတ်လတ်တာကြောင့် သတိမရတစ်ချက် ရတစ်ချက်ဖြစ်နေသည်။
” ထယ်ယောင်း…” အမည်နာမလေးတစ်ခု…သိပ်ကိုမြတ်နိုးရပါဘိဆိုသည့် အမည်နာမလေးတစ်ခုသည် ဆယ်စုနှစ်တွေအကြာမှာ ဂျောင်ကုနှုတ်မှ ထပ်မံထွက်ပေါ်လာသည်။
ဂျောင်ကု၏ လက်တို့အားပျော့လာပြီးနောက် ထယ်ယောင်းအား ပြန်ချပေးလိုက်သည်။ မျက်လုံးထဲ၌လည်း မယုံကြည်နိုင်မှုတွေက အထင်းသား…။
” ကင်မ်ထယ်ယောင်း…” ထိုအမည်နာမလေးအား နောက်တစ်ခါ ထပ်ခေါ်သည့်အခါ သူ့အား စူးရဲစွာ ပြန်မော့ကြည့်လာသည့် ထိုလူသားငယ်…။
” သွားသေလိုက် ”
ထယ်ယောင်းသည် လက်ထဲ၌ အသင့်ဆောင်ထားသည့် ရေစင်ဖြင့် လှမ်းပတ်လိုက်သည်။ လက်ထဲ၌လည်း မှန်ကွဲစအားအသင့်ဆောင်ထားသည်။ လူသတ်ပြီးအလောင်းဖျောက်တာက မခတ်လောက်ဘူးမလား။
ရေစင်ကို ရှောင်ဖယ်ကာ ဟန်ချက်ပျက်သွားသည့် ဂျောင်ကုအား မှန်ကွဲစဖြင့် ထိုးစိုက်လိုက်သည်။ မှန်ကွဲစသည် ညာဘက်ရင်အုံးအား ထိုးစိုက်မိပြီး အပြာနုနုအင်္ကျီလေးသည် အနီရောင်သို့ ပြောင်းလဲလာသည်။
ရုတ်တရတ်ဆန်သည့် အဖြစ်အပျက်တွေကြောင့် ဂျောင်ကုရှောင်တိမ်းချိန်မရလိုက်သလို စိတ်ထိန်းဖို့ရာလည်း သတိမေ့သွားခဲ့သည်။ ဒေါသမွှန်၍ လက်ပြန်ရိုက်မိပြီးကာမှ သူသိလိုက်သည်က သူထယ်ယောင်းအား ရိုက်လိုက်မိပြီဟူ၍ပင်။ ရိုက်ချက်သည် အတော်ကလေးပြင်းတာကြောင့် ထယ်ယောင်း၏ ဦးခေါင်းသည် ခွက်ခနဲအသံပေးကာ နံရံနှင့် မိတ်ဆတ်လေသည်။
” ထယ်…” သတိမေ့သွားသည့် ထယ်ယောင်းကို ကြည့်ကာ ဂျောင်ကုကြောင်အနေသည်။
” ငါ…ငါ..တောင်းပန်ပါတယ်။ ငါမရည်ရွယ်ပါဘူး။ ထယ်…”
အသံတို့ အတုန်တုန်အရီရီဖြင့် သတိလစ်သွားသည့် ထယ်ယောင်းအား ကောက်ပွေ့မိသည်။ ထိုအခါ သူ၏ လက်အားစွန်းထင်းလာသည့် ခပ်နွေးနွေးအရည်အချို့ကြောင့် ဂျောင်ကု သူ့လက်ကို သူပြန်ကြည့်မိသည်။ သွေးများပင်ဖြစ်သည်။ ထယ်ယောင်းနောက်စေ့တွင် သွေးများ ချွဲနစ်နေသည်။
” ဂျောင်ကု…ဒါ…ဒါ ဘယ်လိုဖြစ်တာလဲ…”
လိန်းရောက်လာသည့်အခါ သွေးအလိမ်းလိမ်းဖြင့် လူနှစ်ယောက်သည် ထိတ်လန့်ဖွယ်ဆီးကြိုနေသည်။
” လူနာတင်ကားခေါ်ပေး….လူနာတင်ကားခေါ်…အခုခေါ်ပေး!!! ” ဂျောင်ကု၏ မျက်လုံးတို့သည် အနီရောင်သဲ့သဲ့လေးရောယှတ်နေသည်။ ထယ်ယောင်းခန္ဓာကိုယ်လေးအား တင်းကျပ်စွာ ထွေးပိုက်ထားရင်း အတိတ်ကပုံရိပ်တို့ထံ နစ်မြုပ်လေသည်။
ကန်ဒီက မင်းကိုပျော်အောင်လုပ်ပေးလိမ့်မယ်…မင်းကလူမှမဟုတ်ဘဲ…မကောင်းဆိုးဝါးကောင်…ငါကိုဘာလို့သတ်ချင်နေရတာလဲ…နောက်တစ်ခါဆို ငါမုန်းမိလိမ့်မယ်…ငါသေရင် မင်းတကယ်ပျော်မှာလား…
” မဟုတ်ဘူး…မဟုတ်ဘူး…မဟုတ်ဘူး…ငါမှားတာပါ ငါမှားတာ။ ကျေးဇူးပြုပြီး…ကျေးဇူးပြုပြီး မမုန်းလိုက်ပါနဲ့။ ငါမရည်ရွယ်ပါဘူး။ ငါတကယ်မရည်ရွယ်ခဲ့တာ…”
အရူးကြီးတစ်ယောက်လို အကြိမ်ကြိမ် ထပ်ခါထပ်ခါပြောနေတဲ့ စကားသံတွေရဲ့အဆုံးမှာတော့ ဂျောင်ကုသည်လည်း သွေးထွတ်လွန်ကာ မေ့လဲသွားတော့သည်။ သွေးအိုင်ထဲလဲနေသည့် လူနှစ်ယောက်အားကြည့်ပြီး လိန်းတစ်ယောက် ခေါင်းကြီးရလေပြီ။ ဂျောင်ကု၏ အခြေအနေကိုတော့ သူသိတာမို့ ဒီအတိုင်းပစ်ထားခဲ့သည်။
Vanteက သူ့ဝမ်းကွဲလည်းဖြစ်သလို လူသားလည်း ဖြစ်သည်မဟုတ်လား။ သူ့အနေနဲ့ Vante ကို ချီပိုးကာ ကုမ္ပဏီအောက်သို့ ကပြာကယာ ပြေးဆင်းလာသည်။ လူနာတင်ကားခေါ်ထားသော်လည်း အခုထိရောက်မလာသေးပေ။ ထို့ကြောင့် တွေ့ရာကားကို ဆွဲတားကာ ဆေးရုံသို့မောင်းခိုင်းလေ၏။
” Ozzy. . . Ozzy နင်ရှိလား…ကျေးဇူးပြုပြီး Vanteကို ကယ်ပေးပါ၊ စောင့်ရှောက်ပေးပါ၊ လမ်းပြပေးပါ။ နင်သာဒီတစ်ခေါက်ကူညီပေးရင် ငါတကယ်လိမ္မာပါ့မယ်…”
လိန်းသည် Ozzyဟူ၍ အမည်ပေးထားသော Guidance spirit အား တနေမိသည်။ သူမမမြင်နိုင်သည်က ထို Guidance spirit သည် သူမအနောက်တွင် ‘လာပြန်ပြီ…ဒီအချိုး…’ဟူသည့် အကြည့်မျိုးဖြင့် မကျေမချမ်းကြည့်နေသည်ကိုပင်။
________
Zawkyi
” CEO ရွင့္…မမေလးလိန္း(Lane)တို႔ ကုမၸဏီက လူေရာက္ေနပါတယ္…” အတြင္းမႉးသည္ ေျခလွမ္းအက်ဲႀကီးမ်ားျဖင့္ လမ္းေလွ်ာက္ေနသည့္ CEO ေနာက္အားေျပးလိုက္ရင္း တီးတိုးေျပာလာသည္။
” ျငင္းလိုက္…” ေဂ်ာင္ကု ထိုအေျဖတစ္ခုကိုသာေပးၿပီးေနာက္ ဖုန္းတစ္callေခၚလိုက္သည္။
” လိန္း…မင္းကိုယ္တိုင္မလာသေ႐ြ႕ ငါအဲ့စာခ်ဳပ္မွာ လက္မွတ္မထိုးဘူး ”
” ေခြးေကာင္…ငါ့လူကို ၿဖဲေျခာက္ဖို႔ ႀကံေနျပန္ၿပီလား ” ဖုန္းတစ္ဖတ္က လိန္း၏ ဆဲေရးသံကို ၾကားတဲ့အခါ ေဂ်ာင္ကုသည္ ခပ္တိုးတိုးရယ္သည္။
” ငါကၿဖဲမေျခာက္တတ္ပါဘူး…ဒါေပမယ့္ သိတယ္မလား သူတို႔ကေတာ့ လိုက္ၿပီးေျခာက္လိမ့္မယ္…”
” နင္….နင္..နင္ဟာေလ လူသားေတြကိစၥမွာ အဲ့သရဲေတြအေၾကာင္း ထည့္မေျပာစမ္းနဲ႕ “
” ဒါဆို ကုမၸဏီလာခဲ့ မေတြ႕တာၾကာေတာ့ လြမ္းေနတာ…”
” ေဝါ့…ခ်ီးစားၿပီးေျပာရင္ေတာင္ မယုံဘူး…”
တစ္ဖတ္တြင္ ထယ္ေယာင္း၏ အၾကည့္တို႔သည္ ထိုလူဓာတ္ေလွကားထဲ ဝင္သြားသည့္တိုင္ မခြါနိုင္ေခ်။
” ဒီမွာ…ဒီမွာရွင့္ CEOက အခုမအားေသးလို႔ပါတဲ့…” ဧည့္ႀကိဳမေလး၏ စကားသံၾကားမွသာ ထယ္ေယာင္း အသိျပန္ကပ္လာသည္။
” အေစာနကလူက Mr. Jordan လား..”
” ဟုတ္ပါတယ္ “
” Fuck! “ထယ္ေယာင္း တီးတိုးဆဲေရးလိုက္ၿပီးေနာက္ ထိုလူ႕အေနာက္ေျပးလိုက္ေတာ့သည္။ ဘယ္လိုေသာက္က်ိဳးနည္းအေျခအေနႀကီးလဲ။ ငါအခု စာခ်ဳပ္ခ်ဳပ္မည့္ အထက္လူႀကီးေနာက္ကိုလိုက် ေနတာလား. ..မေကာင္းဆိုးဝါးဝိညာဥ္ေနာက္ကို လိုက္ေနတာလား…ခ်ီးလိုပဲ။
ကံၾကမၼာသည္ ထယ္ေယာင္း ဘက္ရွိမေနပါ။ အသည္းအသန္ေျပးလႊား၍ လိုက္သြားေသာ္လည္း လက္တစ္ကမ္းအလိုမွာ ဓာတ္ေလွကားတံခါးသည္ ပိတ္သြားေလၿပီ။ လွ်င္ျမန္လြန္းသည့္ ထိုစကၠန့္ပိုင္းေလးအတြင္း ဓာတ္ေလွကား တစ္ဖတ္တစ္ခ်က္စီမွ သူတို႔ႏွစ္ဦး အၾကည့္ခ်င္းဆုံမိသည္။ ပိတ္သြားသည့္ ဓာတ္ေလွကားတံခါးႏွင့္အတူ Mr. Jordan ၏ ေလွာင္ၿပဳံးက သူ႕မ်က္လုံးထဲမွ မထြက္ေပ။
” Fuck! fuck! fuck! ” စိတ္တိုတိုနဲ႕ ဆဲေရးၿပီးေနာက္ ဓာတ္ေလွကား တံခါးကို သုံးခ်က္ေလာက္ ပိတ္ကန္ပစ္လိုက္သည္။
မိနစ္အနည္းငယ္ေလာက္ ေစာင့္ၿပီးသည့္အခါ အျခားဓာတ္ေလွကားတစ္ခုသည္ ပြင့္လာသည္။ ထိုေလွကားကို သုံးၿပီးေနာက္ ထယ္ေယာင္းလိုက္စပ္စုေတာ့သည္။ စာခ်ဳပ္ကိစၥက အလုပ္မျဖစ္သည္မို႔ အခု သူစိတ္ဝင္စားသည္က မေကာင္းဆိုးဝါးဝိညာဥ္ပင္။ ထိုဝိညာဥ္အေၾကာင္းကို စာအုပ္ေတြအေတာ္မ်ားမ်ားမွာ သူဖတ္ဖူးေသာ္လည္း လက္ေတြ႕ဘဝ၌ တစ္ခါမွ မျမင္ဖူးေပ။
မေကာင္းဆိုးဝါးဝိညာဥ္မ်ားသည္ အေျခအေနႏွစ္ရပ္ျဖင့္ ျဖစ္တည္တတ္ၾကသည္။ အခ်ိဳ႕က ေမြးကတည္းက မေကာင္းဆိုးဝါးဝိညာဉိအပိုင္းအစေလးေတြ ကပ္ပါလာတတ္သည္။ ထိုအေျခအေနသည္ သိပ္ၿပီးျပႆနာမရွိေပ။ ပတ္ဝန္းက်င္၊ မိသားစုနဲ႕ သဘာဝတရားႀကီး၏ စြမ္းအင္မ်ားျဖင့္ အသားက်သြားသည့္အခါ ထိုဝိညာဥ္သည္ ပ်က္စီးသြားလိမ့္မည္။ ရွင္းရွင္းေျပာရလွ်င္ အသက္ႀကီးလာသည္ႏွင့္အမွ် မေကာင္းဆိုးဝါးဝိညာဥ္က အားနည္းလာၿပီး သာမာန္လူတစ္ေယာက္လို ရွင္သန္နိုင္မွာျဖစ္သည္။ သို႔ေပသည့္ မေကာင္းဆိုးဝါးဝိညာဥ္၏ ဖိႏွိပ္မႈကိုခံရလွ်င္ေတာ့ အေျခေအသည္ တစ္မ်ိဳးေျပာင္းသြားနိုင္သည္။
ေနာက္အေျခအေနတစ္ရပ္က ဖန္တီးျခင္းျဖစ္သည္။ လူသားတို႔သည္ မေကာင္းဆိုးဝါးဝိညာဥ္အား ဖန္တီးနိုင္သည္။ အခ်ိဳ႕ၾကေတာ့ မေတာ္တဆဖန္တီးမိၿပီး အခ်ိဳ႕ၾကေတာ့ တမင္တကာကို ဖန္တီးယူၾကသည္။ ထိုသို႔ေသာ မေကာင္းဆိုးဝိညာဥ္မ်ားသည္ ဖန္တီးသူ၏ စိတ္စြမ္းအင္ႏွင့္ ရွင္သန္ၾကသည္။ အေငြ႕အသတ္မွ ဝိညာဥ္၊ ဝိညာဥ္မွတဆင့္ လူသားအသြင္ယူဖို႔ရာဆို ဆယ္စုႏွစ္မွ ရာစုႏွစ္ၾကာ ေစာင့္ရသည္။
သို႔ျဖစ္ရာ ထယ္ေယာင္းအေနနဲ႕ သူေတြ႕ခဲ့သည့္ မေကာင္းဆိုးဝါးဝိညာဥ္၏ ဇစ္ျမစ္ကို မခန့္မွန္းနိုင္ေတာ့ေပ။ အေျခအေနႏွစ္ရပ္လုံး ျဖစ္နိုင္ေျခရွိသလိုလိုႏွင့္ မရွိဘူးျဖစ္ေန၏။ ဘယ္လိုေတာင္ ရႈပ္ေထြးလိုက္ေလသလဲ…။
တင္…ဓာတ္ေလွကားသည္ ျမည္သံေလးေပးကာ ပြင့္လာသည္။
” Lane group ကလူေတြမ်ား အရွက္မရွိလိုက္တာ အျငင္းခံလိုက္ရတာေတာင္ CEO႐ုံးခန္းေရွ႕ထိ ခိုးဝင္လာရဲေသးတယ္…”
တံခါးပြင့္သည္ႏွင့္ ထယ္ေယာင္းျမင္လိုက္ရသည္က တစ္ဖတ္ကစၾကၤံလမ္းနံရံအား မွီထားသည့္ ထိုအမ်ိဳးသားပင္။ ထယ္ေယာင္း သူခိုးလူမိဆိုသလို ထိတ္ထိတ္ပ်ာပ်ာျဖစ္သြားသည္။ ပတ္ဝန္းက်င္ေလထုသည္ ေအးစက္ကာ ေၾကာက္ဖို႔ေကာင္းလွသည္။ တိုက္သည္ အလင္းေကာင္းစြာ ဝင္ေရာက္ေစရန္ မွန္ျပတင္းေပါက္ အမ်ားအျပားကို အသုံးျပဳထားေသာ္လည္း ဤအထပ္သည္ အလင္းေကာင္းစြာမရေခ်။ သရဲမေၾကာက္သည့္ သူေတာင္မွ အနည္းငယ္ေျခာက္ျခားမိသည္။
” ၾကည့္ရတာ သူခိုးလူမိလို႔ဆြံ႕အသြားၿပီထင္တယ္…”
” အိုး…ဒီအတိုင္း လမ္းမွားလာ႐ုံပါ။ Mr. ကို ေႏွာင့္ယွတ္ဖို႔ မရည္႐ြယ္မိပါဘူး…” လိမ္ညာျခင္းအရာမွာ တစ္ဖတ္ကမ္းခတ္သည့္ ထယ္ေယာင္းသည္ မ်က္ႏွာတစ္ခ်က္မပ်က္ေခ်။
” လမ္းမွားစရာ အေၾကာင္းမွမရွိဘဲ…” ေဂ်ာင္ကုသည္ ထယ္ေယာင္းအား မ်က္လုံးပင့္ၾကည့္လာသည္။ အနက္ေရာင္မ်က္ဝန္းေတြသည္ ငရဲသားတို႔ပုန္းကြယ္ေနေသာ မဟူရာ ေခ်ာက္နက္ႀကီးအလား…
” ဒါဆို အေၾကာင္းျပခ်က္က အရမ္းစိတ္ဝင္စားဖို႔ေကာင္းတဲ့ လူတစ္ေယာက္ဆိုရင္ေရာ ”
” Hmm! ငါကေတာ့ စာအုပ္ကို ပိုစိတ္ဝင္စားတယ္…” ေဂ်ာင္ကု၏အၾကည့္တို႔သည္ ထယ္ေယာင္းလက္ထဲမွ စာအုပ္ဆီေရာက္သြားသည့္အခါ စာအုပ္ထဲမွ သရဲမသည္ ေက်ာတစ္ေလွ်ာက္ေအးစိမ့္သြားသည္။
ထယ္ေယာင္းစာအုပ္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ခပ္ဟဟရယ္လိုက္သည္။
” ဒီစာအုပ္က ဘာမွမထူးဆန္းပါဘူး…ဒီအတိုင္း ကိုရီးယားဝတၳဳစာအုပ္ေလး…”
” ဟန္းဂု? ငါကလည္း ကိုရီးယားပဲေလ ” ေဂ်ာင္ကုမ်က္ခုံးပင့္လာသည္။ ထို႔ေနာက္ ထားေတာ့ဆိုသည့္ မ်က္ႏွာအမူအရာျဖင့္…
” လိန္းရဲ႕ မ်က္ႏွာေၾကာင့္ ဒီတစ္ခါေတာ့ မင္းကို လႊတ္ေပးလိုက္မယ္…သြားေတာ့ ” ဟုေျပာကာ ေက်ာခိုင္းထြက္သြားေတာ့သည္။
ထယ္ေယာင္းသည္ ေဂ်ာင္ကု၏ စကားတို႔အား နားထဲမဝင္ပါေခ်။ သူ၏ အာ႐ုံသည္ ေဂ်ာင္ကုကိုယ္ေပၚက အမည္းေရာင္အရိပ္ေတြထံသာ။ ထယ္ေယာင္း ထိုအရိပ္တို႔ထံ လက္လွမ္းလိုက္သည္။ သို႔ေပသည့္ အာ႐ုံေကာင္းလြန္းသည့္ ေဂ်ာင္ကုသည္ အလွ်င္အျမန္ပင္ ေရွာင္တိမ္းလိုက္သည္။
” Huh…အပႏွင္သူ…” ေဂ်ာင္ကုသည္ ထယ္ေယာင္း၏ သ႐ုပ္မွန္ကို ခ်က္ခ်င္းရိပ္မိသြားသည္။ ထယ္ေယာင္း အေနနဲ႕ ျငင္းဆန္ဖို႔ အခ်ိန္ေတာင္မရလိုက္ အားသန္သည့္ ေဂ်ာင္ကု၏ လက္သည္ သူ႕လည္ပင္းထက္ ေနရာယူလာသည္။
” အခ်ိန္ရွိတုန္းက မင္းထြက္ေျပးသင့္တာ…လႊတ္ေပးတာ မလႊတ္ေပးတာက ငါ့အပိုင္းဆိုေပမယ့္လို႔ေပါ့…”
ေဂ်ာင္ကုလက္ထဲရွိ ထယ္ေယာင္း၏ လည္တိုင္ေက်ာ့ေက်ာ့သည္ အခ်ိန္မေ႐ြးက်ိဳးသြားနိုင္သည္။ တစ္ေျဖးေျဖးနဲ႕ လက္ကိုအေပၚျမႇောက္လာသည့္ ေဂ်ာင္ကု၏ ထိန္းခ်ဳပ္မႈေအာက္ဝယ္ ထယ္ေယာင္းေျခဖ်ားတို႔သည္ ၾကမ္းျပင္ႏွင့္ လြတ္ေန၏။ သူ႕အေနနဲ႕ ဘာမွမစြမ္းနိုင္ေတာ့ေပ။ အသက္ရႉက်ပ္ကာ မ်က္လုံးမ်ားျပာေဝလာသည္။ ေသဆုံးျခင္းအနံကိုေတာင္ သူရသလိုရွိလာသည္။
ထိုအခ်ိန္ ထယ္ေယာင္းေဘာင္းဘီအိတ္ထဲမွ ဖုန္းသည္ ျမည္သံေပးကာ တုန္ခါလာသည္။ ေဂ်ာင္ကု အျခားလက္တစ္ဖတ္ျဖင့္ ဖုန္းကို ထုတ္ကာ ကိုင္ေပးလိုက္သည္။
” စိတ္မေကာင္းလိုက္စရာပဲ ဖုန္းပိုင္ရွင္က တိုက္ေပၚက ျပဳတ္က်ၿပီး အေရးေပၚမွာေရာက္ေနလို႔…” ေဂ်ာင္ကု၏ မုသားတို႔သည္ မာယာသရဖူကိုေဆာင္းလွ်က္ ႏႈတ္ခမ္းပါးမွ ထြက္ေပၚလာသည္။ ေျပာရင္းဆိုရင္းနဲ႕ပင္ ထယ္ေယာင္းကို လည္ပင္းညစ္လွ်က္ မွန္ျပတင္းေပါက္နားသို႔ သယ္သြားသည္။ ထို႔ေနာက္ ထယ္ေယာင္း၏ လည္ပင္းကိုကိုင္လွ်က္ ခႏၶာကိုယ္အား အားျပင္းျပင္းေဆာင့္တြန္းကာ မွန္ကို ရိုက္ခြဲလိုက္၏။
” ဟင္…ထယ္ေယာင္းအခုဘယ္မွာလဲ…ဘယ္ေဆး႐ုံမွာလဲ…” တစ္ဖတ္လူ၏ ထိတ္လန့္စြာေမးလာသည့္ေမးခြန္းေၾကာင့္ ေဂ်ာင္ကု ဆြံ႕အသြားသည္။ ထို႔ေနာက္ လည္ပင္းညွစ္ခံထားရသည့္ Vante ဆိုတဲ့ အပႏွင္သူအား ျပန္ၾကည့္မိသည္။ ထယ္ေယာင္းသည္ ေအာက္ဆီဂ်င္ျပတ္လတ္တာေၾကာင့္ သတိမရတစ္ခ်က္ ရတစ္ခ်က္ျဖစ္ေနသည္။
” ထယ္ေယာင္း…” အမည္နာမေလးတစ္ခု…သိပ္ကိုျမတ္နိုးရပါဘိဆိုသည့္ အမည္နာမေလးတစ္ခုသည္ ဆယ္စုႏွစ္ေတြအၾကာမွာ ေဂ်ာင္ကုႏႈတ္မွ ထပ္မံထြက္ေပၚလာသည္။
ေဂ်ာင္ကု၏ လက္တို႔အားေပ်ာ့လာၿပီးေနာက္ ထယ္ေယာင္းအား ျပန္ခ်ေပးလိုက္သည္။ မ်က္လုံးထဲ၌လည္း မယုံၾကည္နိုင္မႈေတြက အထင္းသား…။
” ကင္မ္ထယ္ေယာင္း…” ထိုအမည္နာမေလးအား ေနာက္တစ္ခါ ထပ္ေခၚသည့္အခါ သူ႕အား စူးရဲစြာ ျပန္ေမာ့ၾကည့္လာသည့္ ထိုလူသားငယ္…။
” သြားေသလိုက္ ”
ထယ္ေယာင္းသည္ လက္ထဲ၌ အသင့္ေဆာင္ထားသည့္ ေရစင္ျဖင့္ လွမ္းပတ္လိုက္သည္။ လက္ထဲ၌လည္း မွန္ကြဲစအားအသင့္ေဆာင္ထားသည္။ လူသတ္ၿပီးအေလာင္းေဖ်ာက္တာက မခတ္ေလာက္ဘူးမလား။
ေရစင္ကို ေရွာင္ဖယ္ကာ ဟန္ခ်က္ပ်က္သြားသည့္ ေဂ်ာင္ကုအား မွန္ကြဲစျဖင့္ ထိုးစိုက္လိုက္သည္။ မွန္ကြဲစသည္ ညာဘက္ရင္အုံးအား ထိုးစိုက္မိၿပီး အျပာႏုႏုအကၤ်ီေလးသည္ အနီေရာင္သို႔ ေျပာင္းလဲလာသည္။
႐ုတ္တရတ္ဆန္သည့္ အျဖစ္အပ်က္ေတြေၾကာင့္ ေဂ်ာင္ကုေရွာင္တိမ္းခ်ိန္မရလိုက္သလို စိတ္ထိန္းဖို႔ရာလည္း သတိေမ့သြားခဲ့သည္။ ေဒါသမႊန္၍ လက္ျပန္ရိုက္မိၿပီးကာမွ သူသိလိုက္သည္က သူထယ္ေယာင္းအား ရိုက္လိုက္မိၿပီဟူ၍ပင္။ ရိုက္ခ်က္သည္ အေတာ္ကေလးျပင္းတာေၾကာင့္ ထယ္ေယာင္း၏ ဦးေခါင္းသည္ ခြက္ခနဲအသံေပးကာ နံရံႏွင့္ မိတ္ဆတ္ေလသည္။
” ထယ္…” သတိေမ့သြားသည့္ ထယ္ေယာင္းကို ၾကည့္ကာ ေဂ်ာင္ကုေၾကာင္အေနသည္။
” ငါ…ငါ..ေတာင္းပန္ပါတယ္။ ငါမရည္႐ြယ္ပါဘူး။ ထယ္…”
အသံတို႔ အတုန္တုန္အရီရီျဖင့္ သတိလစ္သြားသည့္ ထယ္ေယာင္းအား ေကာက္ေပြ႕မိသည္။ ထိုအခါ သူ၏ လက္အားစြန္းထင္းလာသည့္ ခပ္ေႏြးေႏြးအရည္အခ်ိဳ႕ေၾကာင့္ ေဂ်ာင္ကု သူ႕လက္ကို သူျပန္ၾကည့္မိသည္။ ေသြးမ်ားပင္ျဖစ္သည္။ ထယ္ေယာင္းေနာက္ေစ့တြင္ ေသြးမ်ား ခြၽဲနစ္ေနသည္။
” ေဂ်ာင္ကု…ဒါ…ဒါ ဘယ္လိုျဖစ္တာလဲ…”
လိန္းေရာက္လာသည့္အခါ ေသြးအလိမ္းလိမ္းျဖင့္ လူႏွစ္ေယာက္သည္ ထိတ္လန့္ဖြယ္ဆီးႀကိဳေနသည္။
” လူနာတင္ကားေခၚေပး….လူနာတင္ကားေခၚ…အခုေခၚေပး!!! ” ေဂ်ာင္ကု၏ မ်က္လုံးတို႔သည္ အနီေရာင္သဲ့သဲ့ေလးေရာယွတ္ေနသည္။ ထယ္ေယာင္းခႏၶာကိုယ္ေလးအား တင္းက်ပ္စြာ ေထြးပိုက္ထားရင္း အတိတ္ကပုံရိပ္တို႔ထံ နစ္ျမဳပ္ေလသည္။
ကန္ဒီက မင္းကိုေပ်ာ္ေအာင္လုပ္ေပးလိမ့္မယ္…မင္းကလူမွမဟုတ္ဘဲ…မေကာင္းဆိုးဝါးေကာင္…ငါကိုဘာလို႔သတ္ခ်င္ေနရတာလဲ…ေနာက္တစ္ခါဆို ငါမုန္းမိလိမ့္မယ္…ငါေသရင္ မင္းတကယ္ေပ်ာ္မွာလား…
” မဟုတ္ဘူး…မဟုတ္ဘူး…မဟုတ္ဘူး…ငါမွားတာပါ ငါမွားတာ။ ေက်းဇူးျပဳၿပီး…ေက်းဇူးျပဳၿပီး မမုန္းလိုက္ပါနဲ႕။ ငါမရည္႐ြယ္ပါဘူး။ ငါတကယ္မရည္႐ြယ္ခဲ့တာ…”
အ႐ူးႀကီးတစ္ေယာက္လို အႀကိမ္ႀကိမ္ ထပ္ခါထပ္ခါေျပာေနတဲ့ စကားသံေတြရဲ႕အဆုံးမွာေတာ့ ေဂ်ာင္ကုသည္လည္း ေသြးထြတ္လြန္ကာ ေမ့လဲသြားေတာ့သည္။ ေသြးအိုင္ထဲလဲေနသည့္ လူႏွစ္ေယာက္အားၾကည့္ၿပီး လိန္းတစ္ေယာက္ ေခါင္းႀကီးရေလၿပီ။ ေဂ်ာင္ကု၏ အေျခအေနကိုေတာ့ သူသိတာမို႔ ဒီအတိုင္းပစ္ထားခဲ့သည္။
Vanteက သူ႕ဝမ္းကြဲလည္းျဖစ္သလို လူသားလည္း ျဖစ္သည္မဟုတ္လား။ သူ႕အေနနဲ႕ Vante ကို ခ်ီပိုးကာ ကုမၸဏီေအာက္သို႔ ကျပာကယာ ေျပးဆင္းလာသည္။ လူနာတင္ကားေခၚထားေသာ္လည္း အခုထိေရာက္မလာေသးေပ။ ထို႔ေၾကာင့္ ေတြ႕ရာကားကို ဆြဲတားကာ ေဆး႐ုံသို႔ေမာင္းခိုင္းေလ၏။
” Ozzy. . . Ozzy နင္ရွိလား…ေက်းဇူးျပဳၿပီး Vanteကို ကယ္ေပးပါ၊ ေစာင့္ေရွာက္ေပးပါ၊ လမ္းျပေပးပါ။ နင္သာဒီတစ္ေခါက္ကူညီေပးရင္ ငါတကယ္လိမၼာပါ့မယ္…”
လိန္းသည္ Ozzyဟူ၍ အမည္ေပးထားေသာ Guidance spirit အား တေနမိသည္။ သူမမျမင္နိုင္သည္က ထို Guidance spirit သည္ သူမအေနာက္တြင္ ‘လာျပန္ၿပီ…ဒီအခ်ိဳး…’ဟူသည့္ အၾကည့္မ်ိဳးျဖင့္ မေက်မခ်မ္းၾကည့္ေနသည္ကိုပင္။
________
Comments for chapter "Chapter 10"