Chapter 11
Unicode
” ဆရာဝန်က ဘာပြောလဲ…” ဂျောင်ကုသတိရရချင်း ထယ်ယောင်းရှိရာ ဆေးရုံသို့ အပြေးကလေးရောက်ချလာသည်။
VIP အခန်းထဲတွင် မကြာသေးခင်ကမှ ခွဲစိတ်ခန်းထဲက ထွက်လာသည့် ထယ်ယောင်းနှင့် လူနာစောင့်ပေးနေသည့် လိန်း နှစ်ေယာက်ရှိလေသည်။ စာအုပ်နဲ့အတူ ကပ်ပါလာသည့် သရဲမသည်လည်း အခန်းထဲ၌ ဟိုလျှောက်လိုက် ဒီလျှောက်လိုက် လုပ်နေ၏။ လိန်း၏ အစောင့်အရှောက်တစ်ဖြစ်လဲ Ozzyကတော့ တံခါးဘောင်ကိုသာ ပျင်းရိစွာမှီထားသည်။
လိန်းသည် ဂျောင်ကုအား ခပ်စိန်းစိန်းကြည့်လိုက်သည်။
” ဘာတွေဖြစ်ခဲ့တာလဲ ငါ့ကို အရင်ပြော…နင်နဲ့ Vanteနဲ့က ဘာတွေလဲ…”
” လိန်း…”
” ငါမေးတာအရင်ဖြေ…Jordan…”
” ငါတို့လမ်းခွဲကြအောင် “
တိတ်ဆိတ်နေသည့် အခန်းငယ်လေးသည် ပိုလို့ပင်တိတ်ဆိတ်သွားသည်။ ဂျောင်ကု၏ အကြည့်တို့သည် အရင်ကလိုပဲ အဓိပ္ပာယ်ဖော်မရပေ။ သူပြောလိုက်သည့် စကားလေးတစ်ခွန်းကြောင့် ကမ္ဘာကြီးရပ်တန့်သွားသလားထင်ရသည်။ လိန်းဘာမှပြန်မပြောတော့ပေ။ ကုတင်ဘေးက ထိုင်ခုံပေါ် အသာထိုင်ချလိုက်ပြီး Vanteကို ကြည့်နေမိသည်။
” Vante က သုံးရက်နေလို့ သတိမရလာရင် ကိုမာဝင်သွားနိုင်တယ်တဲ့…နင်လူနာစောင့်ပေးမှာမလား….ငါပြန်တော့မယ်…”
” အင်း “
လိန်းထွက်သွားရန်ပြင်လိုက်သော်လည်း သူမရဲ့ ခြေလှမ်းတို့သည် ရပ်တန့်နေသည်။ သူမ ဂျောင်ကုအား အသာေစာင့်ငဲ့ကြည့်သော်လည်း ဂျောင်ကုသည် သူမအား ကြည့်မနေခဲ့။ မနေနိုင်တဲ့အဆုံး သူမကသာ နောက်ပြန်လှည့်ရသည်။
” ဒါပဲလား…’အင်း’ တစ်လုံးတည်းလား ဟမ်! မဆွဲထားရင်တောင် ကားကို ဂရုစိုက်မောင်း ဘာညာတွေ မပြောပေးတော့ဘူးလား!! “
” အင်း…ကားကို ဂရုစိုက်ေမာင်း…”
” ချီးလိုေကာင်!!! ”
လိန်း စိတ်တိုတိုဖြင့် ဂျောင်ကု၏ ဒူးအား ပိတ်ကန်ပစ်သည်။ ဒီချီးလိုကောင်…မုန်းဖို့ကောင်းလိုက်တာ။
” လိန်းနဲ့ လမ်းခွဲဖို့မစဉ်းစားနဲ့…သူမကမင်းကို တကယ်ချစ်ခဲ့တာ ခွေးမသားရဲ့…” တစ်ချိန်လုံးတံခါးဘောင်ကို မှီကာဖြစ်ပျက်နေသမျှသည် သူနှင့်မဆိုင်သလိုနေနေသည့် Ozzyသည် ဒီတစ်ခါတော့ ဒေါသထွက်သွားလေသည်။
” ထွက်သွား ” ေဂျာင်ကု၏ ပြင်းထန်ေသာ အာဏာစက်အောက်ဝယ် စာအုပ်၌ကပ်နေသည့် သရဲမသည် အဝေးတစ်နေရာသို့ ထွက်ပြေးပျောက်ကွယ်သွားသည်။ သာမာန်ဝိညာဉ်မဟုတ်သည့် Ozzyကေတာ့ ထိုမျှသော အာဏာစက်ေလာက်ကို ဖြုံကိုမဖြုံပင်။
” မင်းငါ့ကိုအမိန့်ပေးလို့မယ်မထင်နဲ့ မကောင်းဆိုးဝါးကောင်…”
ဒီတစ်ခါတော့ ဂျောင်ကုသည် Ozzyအား စိုက်ကြည့်လာသည်။
” အရမ်းစကားများတာပဲ ဘာလို့ လိန်းရဲ့နောက်လိုက်ခွေးလေးသွားမဟုတ်တာလဲ…”
” မင်း…”
‘ Ozzy ေရ နင်ရှိေနလားဟင်…’
Ozzyသည် တစ်ခုခုပြောရန်ပြင်လိုက်သောလည်း လိန်း၏ ခေါ်သံသဲ့သဲ့ကိုကြားတာကြောင့် ဂျောင်ကုအား မကျေမချမ်းကြည့်ကာ ပျောက်ကွယ်သွားသည်။
ထိုအခါမှ ဂျောင်ကုသည် သူ့အပိုင်ေလးအား အေးချမ်းစွာနဲ့ တစိမ့်စိမ့်ထိုင်ကြည့်နေတော့သည်။ သူ့အပိုင်ခွေးရူးလေးသည် သိပ်ပြီးမပြောင်းလဲသွားပေ။ ဆံနွယ်ညိုညိုတွေက ကလေးဘဝတုန်းကလို အိစက်နေတုန်းပင်။ နှာထိပ်က မှဲ့သေးသေးလေးဟာလည်း စိုနေတုန်း၊ မျက်တောင်ရှည်လေးများကလည်း ကော့စင်းနေတုန်း။ ထစ်ခနဲဆို လုပ်ချင်ရာလုပ်တတ်တာလည်း အရင်တိုင်းပါပဲလား…ခေွးရူးလေး…
” Vanteတဲ့လား…လှလိုက်တဲ့နာမည်လေး…” ဂျောင်ကုသည် တုံ့ြပန်မည့်သူမရှိသည့်အခန်းငယ်ထဲ တစ်ယောက်တည်း စကားပြောနေမိသည်။
” ခွေးရူးလေး…သူတို့တွေက မင်းကို လုံခြုံအောင်မဖွတ်ထားနိုင်ပြန်ဘူးပဲ..အဲ့နေ့တွေတုန်းက သူတို့တွေပြောကြတယ် မင်းသေသွားပြီတဲ့လေ…ငါသိတာပေါ့ သူတို့လိမ်နေမှန်း။ ဂေဟာက ဘယ်လောက်များမြင့်လို့လဲ။ အရင်ကလည်း ငါကောင်မလေးတစ်ယောက်ကို တွန်းချဖူးတယ်…သူမမသေဘူး ေခါင်းလေးနည်းနည်းထိပြီး ကိုမာဝင်သွားရုံပါ…ထားပါတော့လေ အတိတ်က အကြောင်းတေွ ပြန်မပြောတော့ပါဘူး…”
ဂျောင်ကု တစ်နေကုန် လူနာစောင့်ပေးနေသည်။ အလုပ်ကိစ္စအားလုံးကို အတွင်းရေးမှူးဖြင့်လွှဲထားကာ လက်မှတ်ထိုးဖို့လိုသည့် အချို့စာတမ်းစာရွက်ေတွကို အတွင်းရေးမှူးကပင် ေဆးရုံအထိ လာပေးရသည်။
အခုလည်း ညအချိန် 11နာရီကျော်နေပြီဖြစ်သည်။ ဆေးရုံခန်းတွင်းက စားပွဲတွင် ဂျောင်ကုတစ်ေယာက် စာရွက်စာတမ်းများဖြင့် အလုပ်ရှုပ်နေသည်။ အတွင်းရေးမှူးသည် ဘေးနားဝယ် အသင့်အနေအထားရှိနေသည်။
သို့ပေသည့် အတွင်းရေးမှူး၏ မျက်လုံးများသည် ကုတင်ေပါ်က Medium တွင်သာ။ Medium တစ်ယောက်၏ ခန္ဓာအခွံသည် များစွာစွမ်းအားကြီးသည်။ သူသာ ထိုMediumအား ဝင်ပူးနိုင်မည်ဆိုလျှင် သူ့ကို ဖိနှိပ်ထားတဲ့ Jordan ဆိုသူအားလည်း ေကြာက်နေဖို့မလိုတော့ပေ။
” မင်းရဲ့အကြည့်တေွကို လွှဲလိုက်စမ်း…”
ေဂျာင်ကု၏ အေးစက်စက်အော်သံကြောင့် အတွင်းမှူးမလေးသည် တွန့်ခနဲ တစ်ချက်လန့်သွားသည်။
” ဘာသောက်ဆင့်ရှိလို့ အဲ့မျက်လုံးတွေနဲ့ ကြည့်နေရတာလဲ ဟမ်!!! “
” တောင်း…တောင်းပန်ပါတယ်..အသက်ချမ်းသာပေးပါ…တောင်းပန်ပါတယ်…” ဂျောင်ကု၏ စကားသံတို့နောက်က ငရဲကို ခံစားမိတာကြောင့် အတွင်းရေးမှူးမေလးသည် ဦးခေါင်းမြေထိမတက် တောင်းပန်လေသည်။
” ဒါတေွသိမ်းပြီး အမြန်ထွက်သွားတော့…နောက်တစ်ခါ Vanteနားမှာ အရိပ်ကလေးတောင်မမြင်ချင်ဘူး…”
” ဟုတ်…ဟုတ်ကဲ့ပါ..”
ဂျောင်ကုသည် တိတ်ဆိတ်နေသောအခန်းငယ်လေးအတွင်း အေးချမ်းစွာအိပ်စက်နေသည့် ထယ်ယောင်းလက်ကို အသာဆုပ်ကိုင်လိုက်သည်။ ထို့နောက်အမြတ်တနိုး နမ်းရှိုတ်၏။
” ထယ်ရယ်…သူတို့ေတွက ထယ့်ခန္ဓာကိုယ်ထဲဝင်ချင်နေကြတယ်…စိတ်ပျက်ဖို့ကောင်းလိုက်တာ…”
ညတွေကအေးစက်နေသည်။ တစ်ဘဝလုံးရည်ရွယ်ထားသူဆီက အငြင်းခံလိုက်ရသည့်အတွက် လိန်း၏ ကမ္ဘာကြီးဟာလည်းအေးစက်နေသည်။ လူသားတွက သစ္စာမရှိပါဘူးဆိုနေမှ မကောင်းဆိုးဝါးဝိညာဉ်တွေက ဘာလို့နှလုံးမဲ့ရတာလဲ။
‘ နင်တကယ်ချစ်တဲ့လူပေါ်လာရင် လမ်းခွဲပေးမယ်လေ၊ အခုကစီးပွါးရေးအရပေါ့ ‘
အတိတ်တုန်းက ထိုစကားလေးကို သူမ မပြောခဲ့သင့်ဘူး။ အခုတော့ စွဲလမ်းမိတဲ့သူမကသာ ရူးရချည်ရဲ့။
လိန်းတစ်ယောက် ကုတင်ပေါ် ပုစွန်တုပ်လေးကွေးကာ အိပ်ပျော်ဖို့ရာ ကိုယ့်ကိုကိုယ်ဖိအားပေးနေသည်။ အိမ်မက်တွေ…ဒါတွေအားလုံးက အိမ်မက်တွေအထဖြစ်ပဲကျန်ခဲ့မှာ။ မနက်မိုးလင်းတဲ့အခါ အကုန်လုံးဝေဝါးပျောက်ကွယ်သွားမှာ။ Jordanကလည်း သေချာပေါက်ပြန်လာမှာပါ…။
သို့ပေသည့်တိုင် လိန်း အိပ်မပျော်ပါ။ မျက်လုံးမှိတ်လိုက်တိုင်း Jordan ကိုသာ ပြေးမြင်နေမိသည်။ လိန်းတစ်ယောက် ငိုင်ငိုင်ကြီး ထထိုင်ပြန်သည်။ အခန်းတွင်းမှာရှိသည့် Ozzyသည် လိန်းကို ကြည့်ရင်း ခေါင်းအသာယမ်းသည်။ အစောကတည်းက ထိုမကောင်းဆိုးဝါးကောင်ကို မချစ်မိဖို့ သူအတန်တန် သတိပေးခဲ့သားပဲ။ ဘာလို့လူသားတွေက မိုက်ရူးရဲဆန်ရတာလဲ…
” ငိုချပစ်လေ ဘာလို့တင်းခံနေရတာလဲ…” လိန်းကြားနိုင်စွမ်းမရှိမှန်းသိသော်လည်း Ozzy သည် မကျေမချမ်းပြောလာသည်။
” အဲ့မကောင်းဆိုးဝါးကောင်နဲ့ မပတ်သတ်ပါနဲ့လို့ပြောတာကို ငါ့စကားကို ဘာလို့နားမထောင်ခဲ့တာလဲ ဟမ်!? နင်တစ်ခါလောက်ပဲဖြစ်ဖြစ် ငါ့စကားကို နားထောင်စမ်းပါ “
လိန်းသည် Ozzyကို ကြားနိုင်မြင်နိုင်စွမ်းမရှိပေမယ့် Ozzy ဒေါသထွက်နေသည်ကိုခံစားမိသည်။ ထို့ကြောင့် သူမစိတ်ရှုပ်ထွေးစွာပေါက်ကွဲပစ်သည်။
” ငါ့အခန်းထဲက ထွက်သွား…စိတ်အခြေအနေလုံးဝကို down နေပါတယ်ဆိုကပါ ငါ့ကို Nagative energy တွေပေးပြီး ရူးစေချင်နေတာလား “
” ငါကနင်ကောင်းဖို့အတွက်ပြောနေတာ…ငါ့စကားကိုနည်းနည်းလေးမှ နားမထောင်နိုင်ရင်လည်း ငါကဘာအတွက် လမ်းညွှန်ပေးနေရဦးမှာလဲ “
” ထွက်သွား…ထွက်သွား…ငါ့အနားက ထွက်သွားလို့ အား….” လိန်းတစ်ယောက် ကုတင်ပေါ်တွက်သာ ကလေးတစ်ယောက်လို ခြေဆောင့်ကာအော်နေသည်။ Ozzy အတွက်တော့ ဒါကမဆန်းပါ။ စကားကျဘယ်တော့မှနားမထောင်ဘဲ တစ်ခုခုဆို သူ့ကိုသာပတ်ရမ်းတတ်သည့်လိန်းဟာ တကယ့်ကလေးဆိုးကြီးပင်။ သူလိန်းရှေ့ကနေရှောင်ထွက်လာလိုက်သည်။
အခန်းထဲ Ozzy မရှိတော့သည်နှင့် လေထုကလည်းသ်သိသာသာကို ပြောင်းလဲသွား၏။ ဘယ်သူမှ မရှိတော့ဘူးဆိုသည့်အသိကြောင့် သူမအော်ငိုပစ်ချင်ပေမယ့် မျက်ရည်တို့သည် ခမ်းခြောက်နေပြီထင်ပါရဲ့။ သူမထပ်ပြီးမငိုကြွေးနိုင်တော့ပါ။
အဆုံးမှာတော့ ရှုပ်ထွေးနေသည့် ဆံနီတွေကို ခပ်မြင့်မြင့်စီးကာ မျက်နှာထက်မိတ်ကပ်အနည်းငယ်ဖို့လိုက်သည်။ ကိုယ့်ကိုကိုယ် သားသားနားနားပြင်ဆင်ပြီးသည့်အခါ အချိန်သည် မနက်သုံးနာရီပင်ရှိလုပြီ။ အချို့သူများသည် ပရလောကသားတို့မြူးကြွသည့် မနက်သုံးနာရီအချိန်ဝယ် မှန်ရှေ့ထိုင်ရမှာကို သိပ်ကြောက်ကြသည်။ လိန်းကတော့ မတူပေ။ ထိုအချိန် မှန်ရှေ့ထိုင်ပြီး အလှပြင်ရသည်ကို သူမသဘောကျသည်။
Ozzyသည် သူအးမကို အရက်မသောက်ခိုင်းပေ။ သို့ပေသည့် သူမအနေနဲ့ နာခံဖို့ အစီစဉ်မရှိပေ။ အခုလည်း မနက်သုံးနာရီကြီး ဘားတစ်ခုကို သူမထွက်လာပြန်သည်။ Ozzy သိရင် သူမကို ဆူတော့မှာ အသေအချာပင်။
သူမ၏ စိတ်တို့သည် သေဆုံးနေပါသည်။ လူကသာ ဘားသွားလိုက် ဟိုသွားလိုက် ဒီသွားလိုက်။ ဟိုဟာစားလိုက် ဒါသောက်လိုက်လုပ်နေသော်လည်း သူမကိုယ်သူမ မထိန်းချုပ်နိုင်ပေ။ သူမဘာတွေလုပ်မိနေလဲဆိုတာလည်း မမှတ်မိတော့ပေ။
သူမ၏ စိတ်ဝိညာဉ်တို့ အလေလွင့်ကာ သေဆုံးနေသည့်အချိန် လမ်းကြားထဲရှိ လူသတ်နေသည့်မြင်ကွင်းကြောင့် အမူးပြေသွား၏။ ရုတ်တရတ်ဖြစ်သောကြောင့် လိန်းဘာလုပ်ရမလဲမသိ။ ကြောင်ကာရပ်ကြည့်နေမိသည်။ တစ်ဖတ်ကလူသတ်သမားသည် တစ်စုံတစ်ခုဖြင့် ကောင်မလေးတစ်ယောက်ကို ထုသတ်နေသည်မို့ သူမကို သတိမထားမိပေ။
လိန်း သူမပါးစပ်ကို သူမလက်နဲ့အုပ်ကာ ထိုနေရာမှ တိတ်တိတ်လေး ထွက်ပြေးရန်ပြင်လိုက်သည်။ သို့သော်လည်း ခြေလှမ်းသုံးလေးလှမ်းလောက်ဆုတ်ပြီးသည့်အချိန်တွင် စီးထားသည့် ဒေါက်ဖိနပ်နီနီလေးသည် ဒေါက်ကျိုးကာ သူမပါအပုံလိုက် လဲကျသွားတော့သည်။
လိန်းအကြောက်ကြောက်အလန့်လန့်ဖြင့် လူသတ်သမားအား လှမ်းကြည့်မိသည့်အခါ လူသတ်သမားသည် သူမအား လည်ပြန်ကြည့်လာသည်။ ဒိန်း….လိန်း၏နှလုံးသည် ပေါက်ထွက်သွားပြီသလား အောက်မေ့ရသည်။
လူသတ်သမားသည် ဦးထုပ်ကို ခပ်စိုက်စိုကိဆောင်းထားသည်မို့ မျက်နှာမမြင်ရသော်လည်း တစ်စွန်းတစ်မြင်နေရသည့် နှုတ်ခမ်းပါးသည် သေသပ်စွာကော့တက်သွားသည်။
လိန်း ဖိနပ်ချွတ်ကာ အသားကုန်ပြေးတော့သည်။ သူမနောက်က ခြေသံကြောင့် လူသတ်သမားသည် သူမနောက်လိုက်လာသည်ဆိုတာ လှည့်ကြည့်စရာမလိုဘဲနဲ့ သူမသိပါသည်။ သူမ အလွန်ကိုကြောက်လန့်နေသည်။ နှလုံးသည် အပြင်ကိုပေါက်ထွက်မတက် လှင်မြန်စွာခုန်နေသည်။
အခုချိန်သူမသတိရမိသည်မှာ Ozzyပင်။ သူမသည် စုန်းမတစ်ယောက်ဖြစ်သော်လည်း နတ်ဘုရားတွေဆီက အစောင့်အရှောက်ကိုမခံယူထားပေ။ သူမမှာ ရှိသည့် အစောင့်ရှောက်ဆိုလို့ Ozzy တစ်ယောက်သာ။
သို့သော်လည်း သူမ Ozzy ကို ဆတ်သွယ်လို့လုံးဝမရပေ။ အရက်တွေသောက်ပြီး နေချင်သလိုနေ လုပ်ချင်သလိုလုပ်ခဲ့တာကြောင့် သူမ၏ Third eyes သည် သုံးစားမရတော့သလို Mind power သည်လည်း အသုံးမဝင်တော်ပေ။
ထိုစဉ် သူမ၏ ဆံနွယ်နီနီတို့သည် အနောက်မှ စောင့်ဆွဲခံလိုက်ရသည်မို့ လိန်းတစ်ယောက် ခေါင်းနောက်ပြန်လန်ကာ လူသတ်သမား၏ လက်ထဲဖမ်းမိသွားခဲ့သည်။ မရဏမင်းနှင့် ရင်ဆိုင်နေရသည့်အချိန်မှာတောင် သူမ မငိုနိုင်ခဲ့ပါ။ ၎င်းအစား ” ကျေးဇူးပြုပြီး နာကျင်မှုမရှိအောင်သတ်ပေးလို့ရမလား ” ဟု သူမ မေးလိုက်သည်။ သူမသည် သေဆုံးခြင်းကိုမကြောက်ပမယ့် အသားနာမှာကိုတော့ အလွန်ကြောက်ပါသည်။
” ကောင်းပြီ…အပေးနဲ့အယူပေါ့ ” လူသတ်သမား၏ နားနားကပ်ပြောသည့် စကားသံကြောင့် လိန်း ကျောတစ်လျောက် အေးစိမ့်သွားသည်။ ထို့နောက် နှာခေါင်းကို ပိတ်အုပ်လာသည့် လက်ကိုင်ပဝါနှင့်အတူ သူမ၏ အမြင်အာရုံများလည်း အမှောင်ကျသွားသည်။
” အဟက်…ဆံနီလေးပါလား စိတ်ဝင်စားစရာပဲ…”
_________
Zawkyi
” ဆရာဝန္က ဘာေျပာလဲ…” ေဂ်ာင္ကုသတိရရခ်င္း ထယ္ေယာင္းရွိရာ ေဆး႐ုံသို႔ အေျပးကေလးေရာက္ခ်လာသည္။
VIP အခန္းထဲတြင္ မၾကာေသးခင္ကမွ ခြဲစိတ္ခန္းထဲက ထြက္လာသည့္ ထယ္ေယာင္းႏွင့္ လူနာေစာင့္ေပးေနသည့္ လိန္း ႏွစ္ေယာက္ရွိေလသည္။ စာအုပ္နဲ႕အတူ ကပ္ပါလာသည့္ သရဲမသည္လည္း အခန္းထဲ၌ ဟိုေလွ်ာက္လိုက္ ဒီေလွ်ာက္လိုက္ လုပ္ေန၏။ လိန္း၏ အေစာင့္အေရွာက္တစ္ျဖစ္လဲ Ozzyကေတာ့ တံခါးေဘာင္ကိုသာ ပ်င္းရိစြာမွီထားသည္။
လိန္းသည္ ေဂ်ာင္ကုအား ခပ္စိန္းစိန္းၾကည့္လိုက္သည္။
” ဘာေတြျဖစ္ခဲ့တာလဲ ငါ့ကို အရင္ေျပာ…နင္နဲ႕ Vanteနဲ႕က ဘာေတြလဲ…”
” လိန္း…”
” ငါေမးတာအရင္ေျဖ…Jordan…”
” ငါတို႔လမ္းခြဲၾကေအာင္ “
တိတ္ဆိတ္ေနသည့္ အခန္းငယ္ေလးသည္ ပိုလို႔ပင္တိတ္ဆိတ္သြားသည္။ ေဂ်ာင္ကု၏ အၾကည့္တို႔သည္ အရင္ကလိုပဲ အဓိပၸာယ္ေဖာ္မရေပ။ သူေျပာလိုက္သည့္ စကားေလးတစ္ခြန္းေၾကာင့္ ကမာၻႀကီးရပ္တန့္သြားသလားထင္ရသည္။ လိန္းဘာမွျပန္မေျပာေတာ့ေပ။ ကုတင္ေဘးက ထိုင္ခုံေပၚ အသာထိုင္ခ်လိဳက္ၿပီး Vanteကို ၾကည့္ေနမိသည္။
” Vante က သုံးရက္ေနလို႔ သတိမရလာရင္ ကိုမာဝင္သြားနိုင္တယ္တဲ့…နင္လူနာေစာင့္ေပးမွာမလား….ငါျပန္ေတာ့မယ္…”
” အင္း “
လိန္းထြက္သြားရန္ျပင္လိုက္ေသာ္လည္း သူမရဲ႕ ေျခလွမ္းတို႔သည္ ရပ္တန့္ေနသည္။ သူမ ေဂ်ာင္ကုအား အသာေစာင့္ငဲ့ၾကည့္ေသာ္လည္း ေဂ်ာင္ကုသည္ သူမအား ၾကည့္မေနခဲ့။ မေနနိုင္တဲ့အဆုံး သူမကသာ ေနာက္ျပန္လွည့္ရသည္။
” ဒါပဲလား…’အင္း’ တစ္လုံးတည္းလား ဟမ္! မဆြဲထားရင္ေတာင္ ကားကို ဂ႐ုစိုက္ေမာင္း ဘာညာေတြ မေျပာေပးေတာ့ဘူးလား!! “
” အင္း…ကားကို ဂ႐ုစိုက္ေမာင္း…”
” ခ်ီးလိုေကာင္!!! ”
လိန္း စိတ္တိုတိုျဖင့္ ေဂ်ာင္ကု၏ ဒူးအား ပိတ္ကန္ပစ္သည္။ ဒီခ်ီးလိုေကာင္…မုန္းဖို႔ေကာင္းလိုက္တာ။
” လိန္းနဲ႕ လမ္းခြဲဖို႔မစဥ္းစားနဲ႕…သူမကမင္းကို တကယ္ခ်စ္ခဲ့တာ ေခြးမသားရဲ႕…” တစ္ခ်ိန္လုံးတံခါးေဘာင္ကို မွီကာျဖစ္ပ်က္ေနသမွ်သည္ သူႏွင့္မဆိုင္သလိုေနေနသည့္ Ozzyသည္ ဒီတစ္ခါေတာ့ ေဒါသထြက္သြားေလသည္။
” ထြက္သြား ” ေဂ်ာင္ကု၏ ျပင္းထန္ေသာ အာဏာစက္ေအာက္ဝယ္ စာအုပ္၌ကပ္ေနသည့္ သရဲမသည္ အေဝးတစ္ေနရာသို႔ ထြက္ေျပးေပ်ာက္ကြယ္သြားသည္။ သာမာန္ဝိညာဥ္မဟုတ္သည့္ Ozzyေကတာ့ ထိုမွ်ေသာ အာဏာစက္ေလာက္ကို ၿဖဳံကိုမၿဖဳံပင္။
” မင္းငါ့ကိုအမိန့္ေပးလို႔မယ္မထင္နဲ႕ မေကာင္းဆိုးဝါးေကာင္…”
ဒီတစ္ခါေတာ့ ေဂ်ာင္ကုသည္ Ozzyအား စိုက္ၾကည့္လာသည္။
” အရမ္းစကားမ်ားတာပဲ ဘာလို႔ လိန္းရဲ႕ေနာက္လိုက္ေခြးေလးသြားမလုပ္တာလဲ…”
” မင်း…”
‘ Ozzy ေရ နင်ရှိေနလားဟင်…’
Ozzyသည္ တစ္ခုခုေျပာရန္ျပင္လိုက္ေသာလည္း လိန္း၏ ေခၚသံသဲ့သဲ့ကိုၾကားတာေၾကာင့္ ေဂ်ာင္ကုအား မေက်မခ်မ္းၾကည့္ကာ ေပ်ာက္ကြယ္သြားသည္။
ထိုအခါမွ ေဂ်ာင္ကုသည္ သူ႕အပိုင္ေလးအား ေအးခ်မ္းစြာနဲ႕ တစိမ့္စိမ့္ထိုင္ၾကည့္ေနေတာ့သည္။ သူ႕အပိုင္ေခြး႐ူးေလးသည္ သိပ္ၿပီးမေျပာင္းလဲသြားေပ။ ဆံႏြယ္ညိုညိုေတြက ကေလးဘဝတုန္းကလို အိစက္ေနတုန္းပင္။ ႏွာထိပ္က မွဲ႕ေသးေသးေလးဟာလည္း စိုေနတုန္း၊ မ်က္ေတာင္ရွည္ေလးမ်ားကလည္း ေကာ့စင္းေနတုန္း။ ထစ္ခနဲဆို လုပ္ခ်င္ရာလုပ္တတ္တာလည္း အရင္တိုင္းပါပဲလား…ေခြး႐ူးေလး…
” Vanteတဲ့လား…လွလိုက္တဲ့နာမည္ေလး…” ေဂ်ာင္ကုသည္ တုံ႕ျပန္မည့္သူမရွိသည့္အခန္းငယ္ထဲ တစ္ေယာက္တည္း စကားေျပာေနမိသည္။
” ေခြး႐ူးေလး… သူတို႔ေတြက မင္းကို လုံၿခဳံေအာင္မဖြတ္ထားနိုင္ျပန္ဘူးပဲ..အဲ့ေန႕ေတြတုန္းက သူတို႔ေတြေျပာၾကတယ္မင္းေသသြားၿပီတဲ့ေလ ငါသိတာေပါ့ သူတို႔ေတြလိမ္ေနမွန္း။ ေဂဟာက ဘယ္ေလာက္မ်ားျမင့္လို႔လဲ။ အရင္ကလည္းငါေကာင္မေလးတစ္ေယာက္ကို တြန္းခ်ဖဴးသာပဲ။ သူမျခေထာက္ေလးက်ိဳး႐ုံေလး က်ိဳးသြားတာ။ ထားပါေတာ့ေလ…အတိတ္ကို ျပန္မေျပာေတာ့ပါဘူး…”
ေဂ်ာင္ကု တစ္ေနကုန္ လူနာေစာင့္ေပးေနသည္။ အလုပ္ကိစၥအားလုံးကို အတြင္းေရးမႉးျဖင့္လႊဲထားကာ လက္မွတ္ထိုးဖို႔လိုသည့္ အခ်ိဳ႕စာတမ္းစာ႐ြက္ေတြကို အတြင္းေရးမႉးက ေဆး႐ုံအထိယူလာေပးရသည္။
အခုလည္း ညအခ်ိန္ 11နာရီေက်ာ္ေနၿပီျဖစ္သည္။ ေဆး႐ုံခန္းတြင္းက စားပြဲတြင္ ေဂ်ာင္ကုတစ္ေယာက္ စာ႐ြက္စာတမ္းမ်ားျဖင့္ အလုပ္ရႈပ္ေနသည္။ အတြင္းေရးမႉးသည္ ေဘးနားဝယ္ အသင့္အေနအထားရွိေနသည္။
သို႔ေပသည့္ အတြင္းေရးမႉး၏ မ်က္လုံးမ်ားသည္ ကုတင္ေပၚက Medium တြင္သာ။ Medium တစ္ေယာက္၏ ခႏၶာအခြံသည္ မ်ားစြာစြမ္းအားႀကီးသည္။ သူသာ ထိုMediumအား ဝင္ပူးနိုင္မည္ဆိုလွ်င္ သူ႕ကို ဖိႏွိပ္ထားတဲ့ Jordan ဆိုသူကိုလည္း ေၾကာက္ေနဖို႔မလိုေတာ့ေပ။
” မင္းရဲ႕အၾကည့္ေတြကို လႊဲလိုက္စမ္း…”
ေဂ်ာင္ကု၏ ေအးစက္စက္ေအာ္သံေၾကာင့္ အတြင္းမႉးမေလးသည္ တြန့္ခနဲ တစ္ခ်က္လန့္သြားသည္။
” ဘာေသာက္ဆင့္ရွိလို႔ အဲ့မ်က္လုံးေတြနဲ႕ ၾကည့္ေနရတာလဲ ဟမ္!!! “
” ေတာင္း…ေတာင္းပန္ပါတယ္..အသက္ခ်မ္းသာေပးပါ…ေတာင္းပန္ပါတယ္…” ေဂ်ာင္ကု၏ စကားသံတို႔ေနာက္က ငရဲကို ခံစားမိတာေၾကာင့္ အတြင္းေရးမႉးေမလးသည္ ဦးေခါင္းေျမထိမတက္ ေတာင္းပန္ေလသည္။
” ဒါေတြသိမ္းၿပီး အျမန္ထြက္သြားေတာ့…ေနာက္တစ္ခါ Vanteနားမွာ အရိပ္ကေလးေတာင္မျမင္ခ်င္ဘူး…”
” ဟုတ္…ဟုတ္ကဲ့ပါ..”
ေဂ်ာင္ကုသည္ တိတ္ဆိတ္ေနေသာအခန္းငယ္ေလးအတြင္း ေအးခ်မ္းစြာအိပ္စက္ေနသည့္ ထယ္ေယာင္းလက္ကို အသာဆုပ္ကိုင္လိုက္သည္။ ထို႔ေနာက္အျမတ္တနိုး နမ္းရွိုတ္၏။
” ထယ္ရယ္…သူတို႔ေတြက ထယ့္ခႏၶာကိုယ္ထဲဝင္ခ်င္ေနၾကတယ္…စိတ္ပ်က္ဖို႔ေကာင္းလိုက္တာ…”
ညေတြကေအးစက္ေနသည္။ တစ္ဘဝလုံးရည္႐ြယ္ထားသူဆီက အျငင္းခံလိုက္ရသည့္အတြက္ လိန္း၏ ကမာၻႀကီးဟာလည္းေအးစက္ေနသည္။ လူသားတြက သစၥာမရွိပါဘူးဆိုေနမွ မေကာင္းဆိုးဝါးဝိညာဥ္ေတြက ဘာလို႔ႏွလုံးမဲ့ရတာလဲ။
‘ နင္တကယ္ခ်စ္တဲ့လူေပၚလာရင္ လမ္းခြဲေပးမယ္ေလ၊ အခုကစီးပြါးေရးအရေပါ့ ‘
အတိတ္တုန္းက ထိုစကားေလးကို သူမ မေျပာခဲ့သင့္ဘူး။ အခုေတာ့ စြဲလမ္းမိတဲ့သူမကသာ ႐ူးရခ်ည္ရဲ႕။
လိန္းတစ္ေယာက္ ကုတင္ေပၚ ပုစြန္တုပ္ေလးေကြးကာ အိပ္ေပ်ာ္ဖို႔ရာ ကိုယ့္ကိုကိုယ္ဖိအားေပးေနသည္။ အိမ္မက္ေတြ…ဒါေတြအားလုံးက အိမ္မက္ေတြအထျဖစ္ပဲက်န္ခဲ့မွာ။ မနက္မိုးလင္းတဲ့အခါ အကုန္လုံးေဝဝါးေပ်ာက္ကြယ္သြားမွာ။ Jordanကလည္း ေသခ်ာေပါက္ျပန္လာမွာပါ…။
သို႔ေပသည့္တိုင္ လိန္း အိပ္မေပ်ာ္ပါ။ မ်က္လုံးမွိတ္လိုက္တိုင္း Jordan ကိုသာ ေျပးျမင္ေနမိသည္။ လိန္းတစ္ေယာက္ ငိုင္ငိုင္ႀကီး ထထိုင္ျပန္သည္။ အခန္းတြင္းမွာရွိသည့္ Ozzyသည္ လိန္းကို ၾကည့္ရင္း ေခါင္းအသာယမ္းသည္။ အေစာကတည္းက ထိုမေကာင္းဆိုးဝါးေကာင္ကို မခ်စ္မိဖို႔ သူအတန္တန္ သတိေပးခဲ့သားပဲ။ ဘာလို႔လူသားေတြက မိုက္႐ူးရဲဆန္ရတာလဲ…
” ငိုခ်ပစ္ေလ ဘာလို႔တင္းခံေနရတာလဲ…” လိန္းၾကားနိုင္စြမ္းမရွိမွန္းသိေသာ္လည္း Ozzy သည္ မေက်မခ်မ္းေျပာလာသည္။
” အဲ့မေကာင္းဆိုးဝါးေကာင္နဲ႕ မပတ္သတ္ပါနဲ႕လို႔ေျပာတာကို ငါ့စကားကို ဘာလို႔နားမေထာင္ခဲ့တာလဲ ဟမ္!? နင္တစ္ခါေလာက္ပဲျဖစ္ျဖစ္ ငါ့စကားကို နားေထာင္စမ္းပါ “
လိန္းသည္ Ozzyကို ၾကားနိုင္ျမင္နိုင္စြမ္းမရွိေပမယ့္ Ozzy ေဒါသထြက္ေနသည္ကိုခံစားမိသည္။ ထို႔ေၾကာင့္ သူမစိတ္ရႈပ္ေထြးစြာေပါက္ကြဲပစ္သည္။
” ငါ့အခန္းထဲက ထြက္သြား…စိတ္အေျခအေနလုံးဝကို down ေနပါတယ္ဆိုကပါ ငါ့ကို Nagative energy ေတြေပးၿပီး ႐ူးေစခ်င္ေနတာလား “
” ငါကနင္ေကာင္းဖို႔အတြက္ေျပာေနတာ…ငါ့စကားကိုနည္းနည္းေလးမွ နားမေထာင္နိုင္ရင္လည္း ငါကဘာအတြက္ လမ္းၫႊန္ေပးေနရဦးမွာလဲ “
” ထြက္သြား…ထြက္သြား…ငါ့အနားက ထြက္သြားလို႔ အား….” လိန္းတစ္ေယာက္ ကုတင္ေပၚတြက္သာ ကေလးတစ္ေယာက္လို ေျခေဆာင့္ကာေအာ္ေနသည္။ Ozzy အတြက္ေတာ့ ဒါကမဆန္းပါ။ စကားက်ဘယ္ေတာ့မွနားမေထာင္ဘဲ တစ္ခုခုဆို သူ႕ကိုသာပတ္ရမ္းတတ္သည့္လိန္းဟာ တကယ့္ကေလးဆိုးႀကီးပင္။ သူလိန္းေရွ႕ကေနေရွာင္ထြက္လာလိုက္သည္။
အခန္းထဲ Ozzy မရွိေတာ့သည္ႏွင့္ ေလထုကလည္းသ္သိသာသာကို ေျပာင္းလဲသြား၏။ ဘယ္သူမွ မရွိေတာ့ဘူးဆိုသည့္အသိေၾကာင့္ သူမေအာ္ငိုပစ္ခ်င္ေပမယ့္ မ်က္ရည္တို႔သည္ ခမ္းေျခာက္ေနၿပီထင္ပါရဲ႕။ သူမထပ္ၿပီးမငိုေႂကြးနိုင္ေတာ့ပါ။
အဆုံးမွာေတာ့ ရႈပ္ေထြးေနသည့္ ဆံနီေတြကို ခပ္ျမင့္ျမင့္စီးကာ မ်က္ႏွာထက္မိတ္ကပ္အနည္းငယ္ဖို႔လိုက္သည္။ ကိုယ့္ကိုကိုယ္ သားသားနားနားျပင္ဆင္ၿပီးသည့္အခါ အခ်ိန္သည္ မနက္သုံးနာရီပင္ရွိလုၿပီ။ အခ်ိဳ႕သူမ်ားသည္ ပရေလာကသားတို႔ျမဴးႂကြသည့္ မနက္သုံးနာရီအခ်ိန္ဝယ္ မွန္ေရွ႕ထိုင္ရမွာကို သိပ္ေၾကာက္ၾကသည္။ လိန္းကေတာ့ မတူေပ။ ထိုအခ်ိန္ မွန္ေရွ႕ထိုင္ၿပီး အလွျပင္ရသည္ကို သူမသေဘာက်သည္။
Ozzyသည္ သူအးမကို အရက္မေသာက္ခိုင္းေပ။ သို႔ေပသည့္ သူမအေနနဲ႕ နာခံဖို႔ အစီစဥ္မရွိေပ။ အခုလည္း မနက္သုံးနာရီႀကီး ဘားတစ္ခုကို သူမထြက္လာျပန္သည္။ Ozzy သိရင္ သူမကို ဆူေတာ့မွာ အေသအခ်ာပင္။
သူမ၏ စိတ္တို႔သည္ ေသဆုံးေနပါသည္။ လူကသာ ဘားသြားလိုက္ ဟိုသြားလိုက္ ဒီသြားလိုက္။ ဟိုဟာစားလိုက္ ဒါေသာက္လိုက္လုပ္ေနေသာ္လည္း သူမကိုယ္သူမ မထိန္းခ်ဳပ္နိုင္ေပ။ သူမဘာေတြလုပ္မိေနလဲဆိုတာလည္း မမွတ္မိေတာ့ေပ။
သူမ၏ စိတ္ဝိညာဥ္တို႔ အေလလြင့္ကာ ေသဆုံးေနသည့္အခ်ိန္ လမ္းၾကားထဲရွိ လူသတ္ေနသည့္ျမင္ကြင္းေၾကာင့္ အမူးေျပသြား၏။ ႐ုတ္တရတ္ျဖစ္ေသာေၾကာင့္ လိန္းဘာလုပ္ရမလဲမသိ။ ေၾကာင္ကာရပ္ၾကည့္ေနမိသည္။ တစ္ဖတ္ကလူသတ္သမားသည္ တစ္စုံတစ္ခုျဖင့္ ေကာင္မေလးတစ္ေယာက္ကို ထုသတ္ေနသည္မို႔ သူမကို သတိမထားမိေပ။
လိန္း သူမပါးစပ္ကို သူမလက္နဲ႕အုပ္ကာ ထိုေနရာမွ တိတ္တိတ္ေလး ထြက္ေျပးရန္ျပင္လိုက္သည္။ သို႔ေသာ္လည္း ေျခလွမ္းသုံးေလးလွမ္းေလာက္ဆုတ္ၿပီးသည့္အခ်ိန္တြင္ စီးထားသည့္ ေဒါက္ဖိနပ္နီနီေလးသည္ ေဒါက္က်ိဳးကာ သူမပါအပုံလိုက္ လဲက်သြားေတာ့သည္။
လိန္းအေၾကာက္ေၾကာက္အလန့္လန့္ျဖင့္ လူသတ္သမားအား လွမ္းၾကည့္မိသည့္အခါ လူသတ္သမားသည္ သူမအား လည္ျပန္ၾကည့္လာသည္။ ဒိန္း….လိန္း၏ႏွလုံးသည္ ေပါက္ထြက္သြားၿပီသလား ေအာက္ေမ့ရသည္။
လူသတ္သမားသည္ ဦးထုပ္ကို ခပ္စိုက္စိုကိေဆာင္းထားသည္မို႔ မ်က္ႏွာမျမင္ရေသာ္လည္း တစ္စြန္းတစ္ျမင္ေနရသည့္ ႏႈတ္ခမ္းပါးသည္ ေသသပ္စြာေကာ့တက္သြားသည္။
လိန္း ဖိနပ္ခြၽတ္ကာ အသားကုန္ေျပးေတာ့သည္။ သူမေနာက္က ေျခသံေၾကာင့္ လူသတ္သမားသည္ သူမေနာက္လိုက္လာသည္ဆိုတာ လွည့္ၾကည့္စရာမလိုဘဲနဲ႕ သူမသိပါသည္။ သူမ အလြန္ကိုေၾကာက္လန့္ေနသည္။ ႏွလုံးသည္ အျပင္ကိုေပါက္ထြက္မတက္ လွင္ျမန္စြာခုန္ေနသည္။
အခုခ်ိန္သူမသတိရမိသည္မွာ Ozzyပင္။ သူမသည္ စုန္းမတစ္ေယာက္ျဖစ္ေသာ္လည္း နတ္ဘုရားေတြဆီက အေစာင့္အေရွာက္ကိုမခံယူထားေပ။ သူမမွာ ရွိသည့္ အေစာင့္ေရွာက္ဆိုလို႔ Ozzy တစ္ေယာက္သာ။
သို႔ေသာ္လည္း သူမ Ozzy ကို ဆတ္သြယ္လို႔လုံးဝမရေပ။ အရက္ေတြေသာက္ၿပီး ေနခ်င္သလိုေန လုပ္ခ်င္သလိုလုပ္ခဲ့တာေၾကာင့္ သူမ၏ Third eyes သည္ သုံးစားမရေတာ့သလို Mind power သည္လည္း အသုံးမဝင္ေတာ္ေပ။
ထိုစဥ္ သူမ၏ ဆံႏြယ္နီနီတို႔သည္ အေနာက္မွ ေစာင့္ဆြဲခံလိုက္ရသည္မို႔ လိန္းတစ္ေယာက္ ေခါင္းေနာက္ျပန္လန္ကာ လူသတ္သမား၏ လက္ထဲဖမ္းမိသြားခဲ့သည္။ မရဏမင္းႏွင့္ ရင္ဆိုင္ေနရသည့္အခ်ိန္မွာေတာင္ သူမ မငိုနိုင္ခဲ့ပါ။ ၎အစား ” ေက်းဇူးျပဳၿပီး နာက်င္မႈမရွိေအာင္သတ္ေပးလို႔ရမလား ” ဟု သူမ ေမးလိုက္သည္။ သူမသည္ ေသဆုံးျခင္းကိုမေၾကာက္ပမယ့္ အသားနာမွာကိုေတာ့ အလြန္ေၾကာက္ပါသည္။
” ေကာင္းၿပီ…အေပးနဲ႕အယူေပါ့ ” လူသတ္သမား၏ နားနားကပ္ေျပာသည့္ စကားသံေၾကာင့္ လိန္း ေက်ာတစ္ေလ်ာက္ ေအးစိမ့္သြားသည္။ ထို႔ေနာက္ ႏွာေခါင္းကို ပိတ္အုပ္လာသည့္ လက္ကိုင္ပဝါႏွင့္အတူ သူမ၏ အျမင္အာ႐ုံမ်ားလည္း အေမွာင္က်သြားသည္။
” အဟက္…ဆံနီေလးပါလား စိတ္ဝင္စားစရာပဲ…”
_________
Comments for chapter "Chapter 11"