Chapter 12

Unicode

စကားသံတွေ…အမှောင်ထဲက စကားသံတွေက ဘာလို့အဲ့လောက်တောင် ဆူညံနေရတာလဲ…

” Vante မပြေးနဲ့လေ ချော်လဲမယ်…”
” No…no..no, Vante läuft nicht. Vante က မာမီမြန်မြန်ရောက်ချင်ရုံပါ…”

” ထယ်ယောင်း…မပြေးနဲ့လေ…”
” မား…သားသားကိုလိုက်ဖမ်းလေ…သားကိုဖမ်း….”

” Vante…Strawberry or Chocolate? “
” Chocolate…Strawberry တွေက ကြောက်စရာကောင်းတယ်…”

” ဒီမှာ သားကြိုက်တဲ့ Strawberry ice-cream “
” ရေး….Strawberry ကွ! “

ဆူညံလွန်းတယ်။ ရှင်းလင်းခြင်းမရှိတဲ့ အမြင်အာရုံတွေနဲ့ ပဲ့တင်ထပ်နေတဲ့ အပြိုင်စကားသံတွေ။ မတူညီတဲ့ ဘာသာစကားတွေ။ ဖော်ပြနိုင်စွမ်းမရှိတဲ့ ခံစားချက်တွေ တကယ်ကုိ ရှုပ်ထွေးလွန်းသည်။

” သား သူငယ်ချင်းသစ်တွေနဲ့ သွားဆော့နော်…”
” သားသူငယ်ချင်းရောဟင်…သူရော..သူ့နာမည်..သူ့နာမည်ကို…ဘာလို့မမှတ်မိရတာလဲ…”

” မင်းကအသစ်လေးမလား။ ငါက ဂျောင်ကု။ မင်းတော့မသိဘူး ငါတော့မင်းကို အရမ်းသဘောကျတာပဲ ခစ်ခစ် “
” ထွက်…သွား..”

ဘာတွေလဲ…ဘာတွေလဲ ရှုပ်ထွေးလွန်းတယ်။ ဒါအိမ်မက်တစ်ခုပဲမလား။ နိုးထပါတော့…ကျေးဇူးပြုပြီး ဒီရှုပ်ထွေးလွန်းတဲ့ ပုံရိပ်တွေထဲက နိုးထပါတော့။ ဝေဝါးနေသည့် ပုံရိပ်များသည် သူ၏ ခေါင်းထဲတစ်ဝဲလည်လည်ပေါ်လာလိုက် ပျောက်သွားလိုက် နောက်တစ်မျိုးပြောင်းသွားလိုက်နှင့် သန်းခေါင်ယံမှာ မြူးထတဲ့တစ္ဆေတွေအလားပင်။

ပထမပုံရိပ်သည် ဆီးနှင်းများပိတ်ဆို့နေသည့် လမ်းမပေါ်ဝယ် မီးလောင်နေသည့် ကားတစ်စီးရှိလေသည်။ ကားထဲမှ အမျိုးသမီးသည် သူအား နောက်ဆုံးထွက်သတ်ထိ မျက်ရည်များကြားကပင် ပြုံးပြနေသည်။

နောက်ထပ် ပြောင်းလဲသွားသည့် ပုံရိပ်မှာတော့ တစ်စုံတစ်ယောက်က သူ့ကိုငုံ့မိုးကာ ကြည့်နေသည်။ ထိုလူ၏ အနောက်ကအလင်းရောင်ကြောင့် မျက်နှာကို သေချာမမြင်ရသော်လည်း ကြောက်စရာကောင်းအောင် ပြုံးနေသည်ဟု သူထင်မိသည်။ ထို့နောက် ထိုလူသည် သူ့အား စတော်ဘယ်ရီသကြားလုံးစားမလားဟု မေးလာခဲ့သည်။ သူတွန်းထုတ်မိခဲ့တယ်ထင်သည်။ မရေရာပေ။

ပုံရိပ်များစွာသည် နောက်ထပ်နောက်ထပ် ပြောင်းလဲကာ သူ့ခေါင်းတစ်ခုလုံး ပေါက်ထွက်တော့မတတ် ကိုက်ခဲလာသည်။ ကောင်လေးနှစ်ယောက် လက်ချင်းတွဲထားရင်း ရေတွင်းထဲက ရေနစ်နေသည့် အခြားကောင်လေးအား ပြုံးပြီးရပ်ကြည့်နေသည့်ပုံတွေ။ စစ္စတာတစ်ယောက်ကို နှစ်ယောက်အတူ လှေကားပေါ်က တွန်းချလိုက်သည့် ပုံရိပ်တွေ။

တံခါးနီနီကို လောင်မြိုက်နေသည့် မီးတောက်တွေ။ ဂေဟာခေါင်မိုးပေါ်ကနေ ပြုတ်ကျလာတဲ့ ပုံရိပ်လေးတစ်ခု။ အေးစက်ပြီး ကြောက်စရာကောင်းတဲ့ အပြုံးတွေ။ နံရံပေါ်က အရိပ်တွေ။ အပြင်ဘက်က ဝိညာဉ်တွေ။ ဆံပင်နီနီနဲ့ လိန်း။ ရော်ဘက်ခ်။ မစ္စတာဂျော်ဒန်…။ မကောင်းဆိုးဝါးဝိညာဉ်တွေ။

” အား….” ထယ်ယောင်း အကြောက်လန့်တကြားနိုးထလာသည်။ အခန်းသည် သူမရင်းနှီးသည့် အခန်းငယ်တစ်ခု။ ဘယ်ကအလင်းရောင်လဲမသိသော်လည်း ပတ်ဝန်းကျင်ကို မြင်ရတယ်ဆိုရုံလေး အလင်းပျပျရှိနေသည်။

မှိုင်းပျပျအငွေ့အသတ်နဲ့အတူ တိတ်ဆိတ်ကာ အသက်မဲ့လွန်းသည်။ ထယ်ယောင်း ကုတင်ပေါ်ကဆင်းလိုက်သည်။ ကြမ်းပြင်သည် အလွန်အေးတာကြောင့် သူတစ်ချက်တွန့်သွားသည်။ သူ့ကိုယ်သူ အရမ်းပေါ့ပါးနေသလို ခံစားရသည်။ အနှောင်အဖွဲ့မရှိ။ အချုပ်အနှောင်မရှိ။

ထယ်ယောင်း ကုတင်ဘက်ကို ပြန်လှည့်ကြည့်လိုက်သည့်အခါ သူ့ကိုယ်သူပြန်တွေ့လိုက်ရသည်။ အောက်စီဂျင်ပိုက်တတ်ထားကာ သတိမေ့နေသည့် သူကိုယ်သူ ပြန်တွေ့လိုက်ရသည်။ သူအနည်းငယ်ထိတ်လန့်သွားသည်။ သို့သော်လည်း ဒါဟာ အိမ်မက်တစ်ခုပါပဲဟူသည့် အတွေးဖြင့် စိတ်ကိုပြန်ထိန်းထားနိုင်လေသည်။

” အဲ့တာ ဘယ်သွားမလို့လဲ…လာခဲ့ ဒီကို…”

ကြောက်စရာကောင်းတဲ့ အသံနက်ကြီးကြောင့် ထယ်ယောင်း အသံလာရာလှည့်ကြည့်လိုက်သည်။ လူပုံသဏ္ဌန်ရှိသည့် အနက်ရောင်အခိုးအငွေ့များဖြင့် အရိပ်မည်းမည်းကြီး တစ်ခုပင်ဖြစ်သည်။ အနက်ရောင်အခိုးအငွေ့တွေက အငြိုးအတေးတွေကို ကိုယ်စားပြုသည်။ ထယ်ယောင်းတစ်ယောက် အထိတ်လန့်တကြား ထွက်ပြေးတော့သည်။

အခန်းတံခါးဖွင့်လိုက်သည့်အချိန် တံခါး၏ အခြားတစ်ဖတ်သည် လုံးဝကို မှောင်မိုက်နေသည်။ အနောက်ပြန်လှည့်ကြည့်တဲ့အခါ တစ်ဖတ်တွင်လည်း အရိပ်မည်းကြီးက သူနဲ့ အရမ်းနီးကပ်လွန်းလာပြီ။ ထယ်ယောင်း မျက်လုံးစုံမှိတ်ကာ တံခါးရဲ့ အခြားတစ်ဖတ် အမှောင်ထုထဲ ပြေးဝင်လိုက်သည်။

“မသွားနဲ့….” အရိပ်မည်းကြီး၏ အသံနက်ကြီးမှာလည်း သူ၏နှလုံးသားအတွင်းမှ ထွက်လာသကဲ့သို့ ကြောက်မတ်ဖွယ်ရာ ပဲ့တင်ထပ်လာသည်။

အမှောင်ထုထဲ တံခါးနီနီတစ်ချပ်ရှိနေသည်။ ဘယ်နေရာပဲသွားသွား ဘယ်ဘက်ကိုပဲဦးတည်ပါစေ ထိုအမှောင်ထုနဲ့ တံခါးနီနီသည် ရှိမြဲရှိနေဆဲပင်။ ထယ်ယောင်း တစ်ခုခုမှားနေသည်ကို သတိထားမိလာသည်။ သူအနောက်သို့ ပြန်လှည့်ကြည့်တဲ့အခါလည်း အစောက ဝင်လာသည့်တံခါးကို ရှာမရတော့ပေ။ ၎င်းအစား တံခါးနီနီက နေရာယူထားသည်။

တံခါးနီနီသည် နေရာတိုင်းမှာရှိနေသည်။ ဟိုဘက်ကြည့်လည်း တံခါးနီ၊ ဒီဘက်ကြည့်လည်း တံခါးနီ။ စိတ်ပျက်ဖို့ကောင်းလိုက်တာ…

နောက်ဆုံး အမှောင်ထဲလမ်းပျောက်နေသည့် ထယ်ယောင်းအတွက် ထိုတံခါးနီမှလွဲ၍ သွားစရာနေရာမရှိချေ။

ထယ်ယောင်း တံခါးကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ တိတ်ဆိတ်နေသည့် အမှောင်ထုအတွင်း သံချေးတက်နေသော တံခါးပတ္တာသံက ခြောက်ခြားဖွယ်ထွက်လာသည်။

ကျွီ….

ထိုတံခါးနီ၏ အခြားတစ်ဖတ်သည်လည်း မထူးမခြားအမှောင်ထုသာ။ ထယ်ယောင်း၏ သံသယတို့သည် တစ်စတစ်စပိုမို ခိုင်မာလာသည်။ ဒါဟာ အိမ်မက်သက်သက်မဟုတ်ပေ။ သူထင်တာမလွဲလျှင် အခြားလောကဘက်သို့ ရောက်နေပြီဖြစ်သည်။

ထယ်ယောင်း ခေါင်းကိုအလုပ်ပေးသော်လည်း ဒီကိုဘာလို့ရောက်လာလဲဆိုတာမမှတ်မိပေ။ ဝိညာဉ်နှင့် ခန္ဓာကိုယ် ကွဲကွာသွားဖို့ဆိုလျှင် ထိခိုက်မှုအကြီးကြီးတစ်ခုခု ဖြစ်ခဲ့ပုံရသည်။ ထယ်ယောင်း အတွေးများစွာနဲ့ပင် အိမ်ပြန်လမ်းကို ရှာဖွေရတော့သည်။

တံခါးနီကို ဖြတ်ကျော်ပြီးနောက် အမှောင်ထဲတွင် ခြေဦးတည့်ရာသာ လျှောက်သွားနေသည်။ သူ့အဖြစ်သည် ကမ်းမမြင်လမ်းမြင် ပင်လယ်ထဲ၌ လမ်းပျောက်နေသကဲ့သို့ပင်ဖြစ်သည်။ ထိုစဉ် ခြေထောက်ဖြင့် တက်နင်းမိသည့် ပျော့အိအိအရာတစ်ခု…

ထယ်ယောင်းသည် ထိုအရာကို ကုန်းကောက်လိုက်သည့်အချိန် အနားမှာ တစ်စုံတစ်ယောက်ရှိနေသည်ကို ခံစားမိလိုက်သည်။ မသိစိတ်ကြောင့် ရုတ်တရတ် ကြမ်းပြင်ပေါ်သို့ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ လက်ထဲတွင်လည်း အစောကကောက်လိုက်သည့် ပျော့အိအိတက်ဒီဝတ်ဝံရုပ်လေးရှိနေသည်။

သူပတ်ဝန်းကျင်ကို စူးစမ်းနေတုန်း ဂါဝန်ရှည်ဖြစ်ပုံရသည့် အဝတ်စတစ်ခုသည် သူ့ကို လာထိတာကြောင့် အနောက်သို့ဖင်ထိုင်ရက်လဲကျသွားသည်။ အော်မိစေရန် ပါးစပ်ကိုလည်း လက်နဲ့ အလျှင်အမြန်ပိတ်ထားလိုက်သည်။ အကယ်၍ သင်သည် အခြားလောက၌ ပိတ်မိနေပြီဆိုလျှင် ထိုလောကရှိအရာများသည် သင့်ကိုသတိမပြုမိစေဖို့က အရေးကြီးဆုံးအချက်ဖြစ်သည်။

နားထဲ၌ လေတိုးသံလိုလို စကားသံလိုလို အသံတွေကို ကြားယောင်လာသည်။ လေထဲရှိ အအေးဓာတ်သည် ပိုမိုအေးစိမ့်လာသည်။ အမှောင်ထုသည် တစ်ဖြေးဖြေးနဲ့ ရုပ်လုံးပေါ်လာသည်။ ထယ်ယောင်း ပါးစပ်ပိတ်ကာ မအော်မိစေရန်လမနည်းထိန်းထားရသည်။

သူ့ဘေး၌ များစွာသော တစ္ဆေသရဲတွေရှိနေ၏။ အချို့သည် မျက်နှာကို ဇာအမည်းနှင့်အုပ်ထားကြသည်။ အချို့သည် မျက်နှာ၌ မျက်လုံး နှာခေါင်း ပါးစပ်တို့မပါဘဲ ပြောင်ချောကြီးသာဖြစ်သည်။ အချို့ကြတော့လည်း ပုံမုန်အသွင်အပြင်ရှိကြသည်။ ထိုသရဲများအားလုံးသည် သူ့ကို ဝိုင်းကြီးပတ်ပတ် ပတ်ကာ တရွေ့ရွေ့သွားနေကြသည်။

ထယ်ယောင်း ဖင်ထိုင်လျှက်ပင် နောက်သို့ဖြေးဖြေးချင်းဆုတ်သည်။ သူ့ရှေ့မှ သရဲများကိုသာ သတိထားမိနေချိန် နောက်ကျောသည် တစ်စုံတစ်ခုနှင့် ဝင်တိုက်မိလေသည်။

ထယ်ယောင်း နောက်ကိုအထိတ်တလန့်လှည့်ကြည့်လိုက်သည်။ ခပ်ညစ်ညစ်ဂါဝန်ဖြူစကစလို့ အကြည့်တို့သည် တစ်ဖြေးဖြေးအပေါ်သို့တတ်သွားလေရာ သွေးစွန်းနေသည့် မျက်နှာလွှားဇာဖြင့် သရဲမသည် နားစည်ကွဲတော့မတတ်အော်လာသည်။

” အား…….”

ထယ်ယောင်းလည်း နားကိုလက်ဖြင့် အမြန်ပိတ်ထားလိုက်သည်။ ထို့နောက် ပြဲအာနေတဲ့ ပါးစပ်ကြီးဖြင့် နားကွဲမတက်အော်နေသော သရဲမကို စူးစူးရဲရဲကြည့်ကာ

” ချီးဖြစ်လို့အော်နေတာလား…” ဟူ၍ ပြန်ဟောက်လိုက်၏။ စိတ်မြန်လက်မြန်မို့ လက်ကလည်း သရဲမကို ဖြတ်ရိုက်လိုက်ပြီးပြီဖြစ်သည်။

ရလဒ်အနေနဲ့ကတော့ မျက်မမြင်လို တရွေ့ရွေ့ ရွေ့လျားနေသည့် သရဲအုပ်ကြီးသည် သူ့ထံ လည်ပြန်လာကြသည်။ ထယ်ယောင်း ကျောထဲစိမ့်သွားသည်။ သူဘယ်လိုပဲ သရဲနိုင်နေပါစေ အုပ်စုလိုက်ကြီးကိုတော့ နိုင်မည်မဟုတ်ပေ။ တစ်ချိန်တည်းမှာပင် သူရိုက်လိုက်သည့် သရဲမသည် ကြမ်းပြင်ပေါ်ဝယ် ငိုကြွေးလူးလှိမ့်ကာ ပြာအဖြစ် လောင်ကျွမ်းသွားတော့သည်။

ထိုစဉ် ဝိုင်းကြီးပတ်ပတ်လှည့်နေသည့် သရဲအုပ်ကြီးသည်လည်း ဝူးဝူးဝါးဝါးနဲ့ ဆိုးဝါးတဲ့အသံများပေးကာ ပျောက်ကွယ်သွားကြသည်။ အလင်းပျပျသာရှိသည့် အမှောင်ထုအတွင်း ထယ်ယောင်းတစ်ယောက်တည်းသား ကျန်ခဲ့တော့သည်။ သူတောင်တောင်မြောက်မြောက်ကြည့်နေတုန်းမှာပင် အသံတစ်ခုကို ကြားလိုက်ရသည်။

” ခွေးရူးလေး…အိမ်ပြန်လာဖို့ အစီစဉ်မရှိဘူးလား…”

အမှောင်ထဲ၌ လူတစ်ယောက်ရပ်နေသည်။ Suitအပြည့်အစုံကို ဝတ်ဆင်ထားကာ ဘယ်ဘက်လက်သန်းတွင် ကြိုးနီသေးသေးလေးကို ချည်ထားလေသည်။ ထိုလူ၏ မျက်နှာကိုမူ မမြင်ရ။ စင်စစ်မြင်ရသည် သို့သော်လည်း သူမမှတ်မိချေ။ အိမ်မက်တွေထဲ၌ သူစိမ်းတစ်ယောက်ကို တွေ့ရသလိုမျိုးပင်။ မျက်နှာသည် မျက်လုံးကမြင်လိုက်သော်လည်း မှတ်ဉာဏ်ထဲမှာတော့ မြူခိုးတွေအုပ်ဆိုင်းနေသကဲ့သို့ ဝေဝါးနေလေ၏။

” အိမ်ပြန်မယ်…” ထိုလူသည် ထိုသို့ပြောပြီးနောက် ကြိုးနီလေးချည်ထားသည် လက်ကမ်းပေးလာသည်။ တစ်ချိန်တည်းမှာပင် သူ၏ ဘယ်ဘက်လက်သန်းမှာလည်း တစ်ခုခုရှိနေသည်ကို သတိထားမိလိုက်သည်။ ကြိုးနီကလေးပင်။ ကြိုးနီကလေးသည် သူတို့နှစ်ယောက်အကြား ရစ်ပတ်ချည်နှောင်လို့နေသည်။

ထယ်ယောင်း အနည်းငယ်တွေဝေသွားပြီးနောက် ထိုလူ၏လက်ကို လှမ်းကိုင်လိုက်သည်။ ထိုစဉ် ပတ်ဝန်းကျင်ရှိ အမှောင်ထုသည် မှန်တစ်ချပ်ကျကွဲသွားသကဲ့ ခွမ်းခနဲမြည်သံပေးကာ တစ်စစီကြေမွှသွားတော့သည်။ စူးရှတဲ့ အလင်းရောင်က သူ့ကိုဝါးမြိုသွားတော့သည်။

အလင်းရောင်က အရမ်းစူးတာကြောင့် ထယ်ယောက်း မျက်လုံးကိုလက်နှင့်ကာဖို့ရာ ကြိုးစားလိုက်သည်။ သို့သော်လည်း သူ့ကိုယ်လက်များသည် လေးပင်ကာ ကိုက်ခဲနေသည်။ လှုပ်ရှားဖိုးရာခတ်ခဲလှသည်။ ဦးခေါင်းကလည်း တဆစ်ဆစ်နှင့် ထိုးကိုက်နေသည်။ ဘာတွေဘယ်လိုဖြစ်နေလဲဆိုတာ မှတ်မိဖို့ရာ သူမိနစ်အနည်းငယ် အချိန်ယူလိုက်ရသည်။

မျက်ခွံများသည် ပေကလပ်ပေကလပ် လှုပ်လာသော်လည်း မီးရောင်သည် အလွန်စူးလွန်နေတာကြောင့် ချက်ချင်းမဖွင့်နိုင်ချေ။

” Vante. . . မင်းသတိရလာပြီပဲ…” နားထဲကြားရသည့် စကားသံတို့သည် မသဲကွဲချေ။

မျက်လုံးဖွင့်လိုက်သည့်အချိန် စူးရှရှဆေးအနံ့နဲ့အတူ နီးကပ်စွာ ငုံ့ကြည့်နေတဲ့သရဲငနီကြောင့် အထိတ်တလန့် အားအင်မရှိစွာပင် ရိုက်ထုတ်ဖို့ကြိုးစားလိုက်သည်။

” ဟိတ်! ဟိတ်! မှားမယ်နော် ” ရော်ဘက်ခ်သည် အကြောင့်အလန့်တကြားရှောင်ဖယ်ကာ အော်လေ၏။ Vante လက်စာဘယ်လောက်ပြင်းလဲ သူအသိဆုံးမဟုတ်ပါလား…အရင်တစ်ခေါက်က အရိုက်ခံရတုန်းကဆို ဆန်ပြုတ်နဲ့တစ်ပတ်လောက်ညားခဲ့သေးသည်။

” ရော်ဘက်ခ်…မင်းလား…” ထယ်ယောင်း အခုမှစိတ်ချသွားဟန် တိုးညှင်းစွာဆိုလာသည်။

” အောင်မလေး ဒါကခေါင်းထိထားတဲ့ လူနာပါတဲ့ဗျာ။ နိုးတာနဲ့ လူကိုရိုက်နှတ်ဖို့ပဲ…”

” ငါဘယ်လောက်ထိ သတိမေ့နေတာလဲ…ပြီးတော့ သူရော…”

” မင်းဘာတွေပြောနေတာလဲ…မင်းသတိမေ့နေတာ ခြောက်လလောက်ရှိနေပြီ…”

_________

Zawkyi

စကားသံေတြ…အေမွာင္ထဲက စကားသံေတြက ဘာလို႔အဲ့ေလာက္ေတာင္ ဆူညံေနရတာလဲ…

” Vante မေျပးနဲ႕ေလ ေခ်ာ္လဲမယ္…”
” No…no..no, Vante läuft nicht. Vante က မာမီျမန္ျမန္ေရာက္ခ်င္႐ုံပါ…”

” ထယ္ေယာင္း…မေျပးနဲ႕ေလ…”
” မား…သားသားကိုလိုက္ဖမ္းေလ…သားကိုဖမ္း….”

” Vante…Strawberry or Chocolate? “
” Chocolate…Strawberry ေတြက ေၾကာက္စရာေကာင္းတယ္…”

” ဒီမွာ သားႀကိဳက္တဲ့ Strawberry ice-cream “
” ေရး….Strawberry ကြ! “

ဆူညံလြန္းတယ္။ ရွင္းလင္းျခင္းမရွိတဲ့ အျမင္အာ႐ုံေတြနဲ႕ ပဲ့တင္ထပ္ေနတဲ့ အၿပိဳင္စကားသံေတြ။ မတူညီတဲ့ ဘာသာစကားေတြ။ ေဖာ္ျပနိုင္စြမ္းမရွိတဲ့ ခံစားခ်က္ေတြ တကယ္ကုိ ရႈပ္ေထြးလြန္းသည္။

” သား သူငယ္ခ်င္းသစ္ေတြနဲ႕ သြားေဆာ့ေနာ္…”
” သားသူငယ္ခ်င္းေရာဟင္…သူေရာ..သူ႕နာမည္..သူ႕နာမည္ကို…ဘာလို႔မမွတ္မိရတာလဲ…”

” မင္းကအသစ္ေလးမလား။ ငါက ေဂ်ာင္ကု။ မင္းေတာ့မသိဘူး ငါေတာ့မင္းကို အရမ္းသေဘာက်တာပဲ ခစ္ခစ္ “
” ထြက္…သြား..”

ဘာေတြလဲ…ဘာေတြလဲ ရႈပ္ေထြးလြန္းတယ္။ ဒါအိမ္မက္တစ္ခုပဲမလား။ နိုးထပါေတာ့…ေက်းဇူးျပဳၿပီး ဒီရႈပ္ေထြးလြန္းတဲ့ ပုံရိပ္ေတြထဲက နိုးထပါေတာ့။ ေဝဝါးေနသည့္ ပုံရိပ္မ်ားသည္ သူ၏ ေခါင္းထဲတစ္ဝဲလည္လည္ေပၚလာလိုက္ ေပ်ာက္သြားလိုက္ ေနာက္တစ္မ်ိဳးေျပာင္းသြားလိုက္ႏွင့္ သန္းေခါင္ယံမွာ ျမဴးထတဲ့တေစၦေတြအလားပင္။

ပထမပုံရိပ္သည္ ဆီးႏွင္းမ်ားပိတ္ဆို႔ေနသည့္ လမ္းမေပၚဝယ္ မီးေလာင္ေနသည့္ ကားတစ္စီးရွိေလသည္။ ကားထဲမွ အမ်ိဳးသမီးသည္ သူအား ေနာက္ဆုံးထြက္သတ္ထိ မ်က္ရည္မ်ားၾကားကပင္ ၿပဳံးျပေနသည္။

ေနာက္ထပ္ ေျပာင္းလဲသြားသည့္ ပုံရိပ္မွာေတာ့ တစ္စုံတစ္ေယာက္က သူ႕ကိုငုံ႕မိုးကာ ၾကည့္ေနသည္။ ထိုလူ၏ အေနာက္ကအလင္းေရာင္ေၾကာင့္ မ်က္ႏွာကို ေသခ်ာမျမင္ရေသာ္လည္း ေၾကာက္စရာေကာင္းေအာင္ ၿပဳံးေနသည္ဟု သူထင္မိသည္။ ထို႔ေနာက္ ထိုလူသည္ သူ႕အား စေတာ္ဘယ္ရီသၾကားလုံးစားမလားဟု ေမးလာခဲ့သည္။ သူတြန္းထုတ္မိခဲ့တယ္ထင္သည္။ မေရရာေပ။

ပုံရိပ္မ်ားစြာသည္ ေနာက္ထပ္ေနာက္ထပ္ ေျပာင္းလဲကာ သူ႕ေခါင္းတစ္ခုလုံး ေပါက္ထြက္ေတာ့မတတ္ ကိုက္ခဲလာသည္။ ေကာင္ေလးႏွစ္ေယာက္ လက္ခ်င္းတြဲထားရင္း ေရတြင္းထဲက ေရနစ္ေနသည့္ အျခားေကာင္ေလးအား ၿပဳံးၿပီးရပ္ၾကည့္ေနသည့္ပုံေတြ။ စစၥတာတစ္ေယာက္ကို ႏွစ္ေယာက္အတူ ေလွကားေပၚက တြန္းခ်လိဳက္သည့္ ပုံရိပ္ေတြ။

တံခါးနီနီကို ေလာင္ၿမိဳက္ေနသည့္ မီးေတာက္ေတြ။ ေဂဟာေခါင္မိုးေပၚကေန ျပဳတ္က်လာတဲ့ ပုံရိပ္ေလးတစ္ခု။ ေအးစက္ၿပီး ေၾကာက္စရာေကာင္းတဲ့ အၿပဳံးေတြ။ နံရံေပၚက အရိပ္ေတြ။ အျပင္ဘက္က ဝိညာဥ္ေတြ။ ဆံပင္နီနီနဲ႕ လိန္း။ ေရာ္ဘက္ခ္။ မစၥတာေဂ်ာ္ဒန္…။ မေကာင္းဆိုးဝါးဝိညာဥ္ေတြ။

” အား….” ထယ္ေယာင္း အေၾကာက္လန့္တၾကားနိုးထလာသည္။ အခန္းသည္ သူမရင္းႏွီးသည့္ အခန္းငယ္တစ္ခု။ ဘယ္ကအလင္းေရာင္လဲမသိေသာ္လည္း ပတ္ဝန္းက်င္ကို ျမင္ရတယ္ဆို႐ုံေလး အလင္းပ်ပ်ရွိေနသည္။

မွိုင္းပ်ပ်အေငြ႕အသတ္နဲ႕အတူ တိတ္ဆိတ္ကာ အသက္မဲ့လြန္းသည္။ ထယ္ေယာင္း ကုတင္ေပၚကဆင္းလိုက္သည္။ ၾကမ္းျပင္သည္ အလြန္ေအးတာေၾကာင့္ သူတစ္ခ်က္တြန့္သြားသည္။ သူ႕ကိုယ္သူ အရမ္းေပါ့ပါးေနသလို ခံစားရသည္။ အေႏွာင္အဖြဲ႕မရွိ။ အခ်ဳပ္အေႏွာင္မရွိ။

ထယ္ေယာင္း ကုတင္ဘက္ကို ျပန္လွည့္ၾကည့္လိုက္သည့္အခါ သူ႕ကိုယ္သူျပန္ေတြ႕လိုက္ရသည္။ ေအာက္စီဂ်င္ပိုက္တတ္ထားကာ သတိေမ့ေနသည့္ သူကိုယ္သူ ျပန္ေတြ႕လိုက္ရသည္။ သူအနည္းငယ္ထိတ္လန့္သြားသည္။ သို႔ေသာ္လည္း ဒါဟာ အိမ္မက္တစ္ခုပါပဲဟူသည့္ အေတြးျဖင့္ စိတ္ကိုျပန္ထိန္းထားနိုင္ေလသည္။

” အဲ့တာ ဘယ္သြားမလို႔လဲ…လာခဲ့ ဒီကို…”

ေၾကာက္စရာေကာင္းတဲ့ အသံနက္ႀကီးေၾကာင့္ ထယ္ေယာင္း အသံလာရာလွည့္ၾကည့္လိုက္သည္။ လူပုံသဏၭန္ရွိသည့္ အနက္ေရာင္အခိုးအေငြ႕မ်ားျဖင့္ အရိပ္မည္းမည္းႀကီး တစ္ခုပင္ျဖစ္သည္။ အနက္ေရာင္အခိုးအေငြ႕ေတြက အၿငိဳးအေတးေတြကို ကိုယ္စားျပဳသည္။ ထယ္ေယာင္းတစ္ေယာက္ အထိတ္လန့္တၾကား ထြက္ေျပးေတာ့သည္။

အခန္းတံခါးဖြင့္လိုက္သည့္အခ်ိန္ တံခါး၏ အျခားတစ္ဖတ္သည္ လုံးဝကို ေမွာင္မိုက္ေနသည္။ အေနာက္ျပန္လွည့္ၾကည့္တဲ့အခါ တစ္ဖတ္တြင္လည္း အရိပ္မည္းႀကီးက သူနဲ႕ အရမ္းနီးကပ္လြန္းလာၿပီ။ ထယ္ေယာင္း မ်က္လုံးစုံမွိတ္ကာ တံခါးရဲ႕ အျခားတစ္ဖတ္ အေမွာင္ထုထဲ ေျပးဝင္လိုက္သည္။

“မသြားနဲ႕….” အရိပ္မည္းႀကီး၏ အသံနက္ႀကီးမွာလည္း သူ၏ႏွလုံးသားအတြင္းမွ ထြက္လာသကဲ့သို႔ ေၾကာက္မတ္ဖြယ္ရာ ပဲ့တင္ထပ္လာသည္။

အေမွာင္ထုထဲ တံခါးနီနီတစ္ခ်ပ္ရွိေနသည္။ ဘယ္ေနရာပဲသြားသြား ဘယ္ဘက္ကိုပဲဦးတည္ပါေစ ထိုအေမွာင္ထုနဲ႕ တံခါးနီနီသည္ ရွိၿမဲရွိေနဆဲပင္။ ထယ္ေယာင္း တစ္ခုခုမွားေနသည္ကို သတိထားမိလာသည္။ သူအေနာက္သို႔ ျပန္လွည့္ၾကည့္တဲ့အခါလည္း အေစာက ဝင္လာသည့္တံခါးကို ရွာမရေတာ့ေပ။ ၎အစား တံခါးနီနီက ေနရာယူထားသည္။

တံခါးနီနီသည္ ေနရာတိုင္းမွာရွိေနသည္။ ဟိုဘက္ၾကည့္လည္း တံခါးနီ၊ ဒီဘက္ၾကည့္လည္း တံခါးနီ။ စိတ္ပ်က္ဖို႔ေကာင္းလိုက္တာ…

ေနာက္ဆုံး အေမွာင္ထဲလမ္းေပ်ာက္ေနသည့္ ထယ္ေယာင္းအတြက္ ထိုတံခါးနီမွလြဲ၍ သြားစရာေနရာမရွိေခ်။

ထယ္ေယာင္း တံခါးကို ျဖည္းျဖည္းခ်င္းဖြင့္လိုက္သည္။ တိတ္ဆိတ္ေနသည့္ အေမွာင္ထုအတြင္း သံေခ်းတက္ေနေသာ တံခါးပတၱာသံက ေျခာက္ျခားဖြယ္ထြက္လာသည္။

ကြၽီ….

ထိုတံခါးနီ၏ အျခားတစ္ဖတ္သည္လည္း မထူးမျခားအေမွာင္ထုသာ။ ထယ္ေယာင္း၏ သံသယတို႔သည္ တစ္စတစ္စပိုမို ခိုင္မာလာသည္။ ဒါဟာ အိမ္မက္သက္သက္မဟုတ္ေပ။ သူထင္တာမလြဲလွ်င္ အျခားေလာကဘက္သို႔ ေရာက္ေနၿပီျဖစ္သည္။

ထယ္ေယာင္း ေခါင္းကိုအလုပ္ေပးေသာ္လည္း ဒီကိုဘာလို႔ေရာက္လာလဲဆိုတာမမွတ္မိေပ။ ဝိညာဥ္ႏွင့္ ခႏၶာကိုယ္ ကြဲကြာသြားဖို႔ဆိုလွ်င္ ထိခိုက္မႈအႀကီးႀကီးတစ္ခုခု ျဖစ္ခဲ့ပုံရသည္။ ထယ္ေယာင္း အေတြးမ်ားစြာနဲ႕ပင္ အိမ္ျပန္လမ္းကို ရွာေဖြရေတာ့သည္။

တံခါးနီကို ျဖတ္ေက်ာ္ၿပီးေနာက္ အေမွာင္ထဲတြင္ ေျခဦးတည့္ရာသာ ေလွ်ာက္သြားေနသည္။ သူ႕အျဖစ္သည္ ကမ္းမျမင္လမ္းျမင္ ပင္လယ္ထဲ၌ လမ္းေပ်ာက္ေနသကဲ့သို႔ပင္ျဖစ္သည္။ ထိုစဥ္ ေျခေထာက္ျဖင့္ တက္နင္းမိသည့္ ေပ်ာ့အိအိအရာတစ္ခု…

ထယ္ေယာင္းသည္ ထိုအရာကို ကုန္းေကာက္လိုက္သည့္အခ်ိန္ အနားမွာ တစ္စုံတစ္ေယာက္ရွိေနသည္ကို ခံစားမိလိုက္သည္။ မသိစိတ္ေၾကာင့္ ႐ုတ္တရတ္ ၾကမ္းျပင္ေပၚသို႔ ေဆာင့္ေၾကာင့္ထိုင္ခ်လိဳက္သည္။ လက္ထဲတြင္လည္း အေစာကေကာက္လိုက္သည့္ ေပ်ာ့အိအိတက္ဒီဝတ္ဝံ႐ုပ္ေလးရွိေနသည္။

သူပတ္ဝန္းက်င္ကို စူးစမ္းေနတုန္း ဂါဝန္ရွည္ျဖစ္ပုံရသည့္ အဝတ္စတစ္ခုသည္ သူ႕ကို လာထိတာေၾကာင့္ အေနာက္သို႔ဖင္ထိုင္ရက္လဲက်သြားသည္။ ေအာ္မိေစရန္ ပါးစပ္ကိုလည္း လက္နဲ႕ အလွ်င္အျမန္ပိတ္ထားလိုက္သည္။ အကယ္၍ သင္သည္ အျခားေလာက၌ ပိတ္မိေနၿပီဆိုလွ်င္ ထိုေလာကရွိအရာမ်ားသည္ သင့္ကိုသတိမျပဳမိေစဖို႔က အေရးႀကီးဆုံးအခ်က္ျဖစ္သည္။

နားထဲ၌ ေလတိုးသံလိုလို စကားသံလိုလို အသံေတြကို ၾကားေယာင္လာသည္။ ေလထဲရွိ အေအးဓာတ္သည္ ပိုမိုေအးစိမ့္လာသည္။ အေမွာင္ထုသည္ တစ္ေျဖးေျဖးနဲ႕ ႐ုပ္လုံးေပၚလာသည္။ ထယ္ေယာင္း ပါးစပ္ပိတ္ကာ မေအာ္မိေစရန္လမနည္းထိန္းထားရသည္။

သူ႕ေဘး၌ မ်ားစြာေသာ တေစၦသရဲေတြရွိေန၏။ အခ်ိဳ႕သည္ မ်က္ႏွာကို ဇာအမည္းႏွင့္အုပ္ထားၾကသည္။ အခ်ိဳ႕သည္ မ်က္ႏွာ၌ မ်က္လုံး ႏွာေခါင္း ပါးစပ္တို႔မပါဘဲ ေျပာင္ေခ်ာႀကီးသာျဖစ္သည္။ အခ်ိဳ႕ၾကေတာ့လည္း ပုံမုန္အသြင္အျပင္ရွိၾကသည္။ ထိုသရဲမ်ားအားလုံးသည္ သူ႕ကို ဝိုင္းႀကီးပတ္ပတ္ ပတ္ကာ တေ႐ြ႕ေ႐ြ႕သြားေနၾကသည္။

ထယ္ေယာင္း ဖင္ထိုင္လွ်က္ပင္ ေနာက္သို႔ေျဖးေျဖးခ်င္းဆုတ္သည္။ သူ႕ေရွ႕မွ သရဲမ်ားကိုသာ သတိထားမိေနခ်ိန္ ေနာက္ေက်ာသည္ တစ္စုံတစ္ခုႏွင့္ ဝင္တိုက္မိေလသည္။

ထယ္ေယာင္း ေနာက္ကိုအထိတ္တလန့္လွည့္ၾကည့္လိုက္သည္။ ခပ္ညစ္ညစ္ဂါဝန္ျဖဴစကစလို႔ အၾကည့္တို႔သည္ တစ္ေျဖးေျဖးအေပၚသို႔တတ္သြားေလရာ ေသြးစြန္းေနသည့္ မ်က္ႏွာလႊားဇာျဖင့္ သရဲမသည္ နားစည္ကြဲေတာ့မတတ္ေအာ္လာသည္။

” အား…….”

ထယ္ေယာင္းလည္း နားကိုလက္ျဖင့္ အျမန္ပိတ္ထားလိုက္သည္။ ထို႔ေနာက္ ၿပဲအာေနတဲ့ ပါးစပ္ႀကီးျဖင့္ နားကြဲမတက္ေအာ္ေနေသာ သရဲမကို စူးစူးရဲရဲၾကည့္ကာ

” ခ်ီးျဖစ္လို႔ေအာ္ေနတာလား…” ဟူ၍ ျပန္ေဟာက္လိုက္၏။ စိတ္ျမန္လက္ျမန္မို႔ လက္ကလည္း သရဲမကို ျဖတ္ရိုက္လိုက္ၿပီးၿပီျဖစ္သည္။

ရလဒ္အေနနဲ႕ကေတာ့ မ်က္မျမင္လို တေ႐ြ႕ေ႐ြ႕ ေ႐ြ႕လ်ားေနသည့္ သရဲအုပ္ႀကီးသည္ သူ႕ထံ လည္ျပန္လာၾကသည္။ ထယ္ေယာင္း ေက်ာထဲစိမ့္သြားသည္။ သူဘယ္လိုပဲ သရဲနိုင္ေနပါေစ အုပ္စုလိုက္ႀကီးကိုေတာ့ နိုင္မည္မဟုတ္ေပ။ တစ္ခ်ိန္တည္းမွာပင္ သူရိုက္လိုက္သည့္ သရဲမသည္ ၾကမ္းျပင္ေပၚဝယ္ ငိုေႂကြးလူးလွိမ့္ကာ ျပာအျဖစ္ ေလာင္ကြၽမ္းသြားေတာ့သည္။

ထိုစဥ္ ဝိုင္းႀကီးပတ္ပတ္လွည့္ေနသည့္ သရဲအုပ္ႀကီးသည္လည္း ဝူးဝူးဝါးဝါးနဲ႕ ဆိုးဝါးတဲ့အသံမ်ားေပးကာ ေပ်ာက္ကြယ္သြားၾကသည္။ အလင္းပ်ပ်သာရွိသည့္ အေမွာင္ထုအတြင္း ထယ္ေယာင္းတစ္ေယာက္တည္းသား က်န္ခဲ့ေတာ့သည္။ သူေတာင္ေတာင္ေျမာက္ေျမာက္ၾကည့္ေနတုန္းမွာပင္ အသံတစ္ခုကို ၾကားလိုက္ရသည္။

” ေခြး႐ူးေလး…အိမ္ျပန္လာဖို႔ အစီစဥ္မရွိဘူးလား…”

အေမွာင္ထဲ၌ လူတစ္ေယာက္ရပ္ေနသည္။ Suitအျပည့္အစုံကို ဝတ္ဆင္ထားကာ ဘယ္ဘက္လက္သန္းတြင္ ႀကိဳးနီေသးေသးေလးကို ခ်ည္ထားေလသည္။ ထိုလူ၏ မ်က္ႏွာကိုမူ မျမင္ရ။ စင္စစ္ျမင္ရသည္ သို႔ေသာ္လည္း သူမမွတ္မိေခ်။ အိမ္မက္ေတြထဲ၌ သူစိမ္းတစ္ေယာက္ကို ေတြ႕ရသလိုမ်ိဳးပင္။ မ်က္ႏွာသည္ မ်က္လုံးကျမင္လိုက္ေသာ္လည္း မွတ္ဉာဏ္ထဲမွာေတာ့ ျမဴခိုးေတြအုပ္ဆိုင္းေနသကဲ့သို႔ ေဝဝါးေနေလ၏။

” အိမ္ျပန္မယ္…” ထိုလူသည္ ထိုသို႔ေျပာၿပီးေနာက္ ႀကိဳးနီေလးခ်ည္ထားသည္ လက္ကမ္းေပးလာသည္။ တစ္ခ်ိန္တည္းမွာပင္ သူ၏ ဘယ္ဘက္လက္သန္းမွာလည္း တစ္ခုခုရွိေနသည္ကို သတိထားမိလိုက္သည္။ ႀကိဳးနီကေလးပင္။ ႀကိဳးနီကေလးသည္ သူတို႔ႏွစ္ေယာက္အၾကား ရစ္ပတ္ခ်ည္ေႏွာင္လို႔ေနသည္။

ထယ္ေယာင္း အနည္းငယ္ေတြေဝသြားၿပီးေနာက္ ထိုလူ၏လက္ကို လွမ္းကိုင္လိုက္သည္။ ထိုစဥ္ ပတ္ဝန္းက်င္ရွိ အေမွာင္ထုသည္ မွန္တစ္ခ်ပ္က်ကြဲသြားသကဲ့ ခြမ္းခနဲျမည္သံေပးကာ တစ္စစီေၾကမႊသြားေတာ့သည္။ စူးရွတဲ့ အလင္းေရာင္က သူ႕ကိုဝါးၿမိဳသြားေတာ့သည္။

အလင္းေရာင္က အရမ္းစူးတာေၾကာင့္ ထယ္ေယာက္း မ်က္လုံးကိုလက္ႏွင့္ကာဖို႔ရာ ႀကိဳးစားလိုက္သည္။ သို႔ေသာ္လည္း သူ႕ကိုယ္လက္မ်ားသည္ ေလးပင္ကာ ကိုက္ခဲေနသည္။ လႈပ္ရွားဖိုးရာခတ္ခဲလွသည္။ ဦးေခါင္းကလည္း တဆစ္ဆစ္ႏွင့္ ထိုးကိုက္ေနသည္။ ဘာေတြဘယ္လိုျဖစ္ေနလဲဆိုတာ မွတ္မိဖို႔ရာ သူမိနစ္အနည္းငယ္ အခ်ိန္ယူလိုက္ရသည္။

မ်က္ခြံမ်ားသည္ ေပကလပ္ေပကလပ္ လႈပ္လာေသာ္လည္း မီးေရာင္သည္ အလြန္စူးလြန္ေနတာေၾကာင့္ ခ်က္ခ်င္းမဖြင့္နိုင္ေခ်။

” Vante. . . မင္းသတိရလာၿပီပဲ…” နားထဲၾကားရသည့္ စကားသံတို႔သည္ မသဲကြဲေခ်။

မ်က္လုံးဖြင့္လိုက္သည့္အခ်ိန္ စူးရွရွေဆးအနံ႕နဲ႕အတူ နီးကပ္စြာ ငုံ႕ၾကည့္ေနတဲ့သရဲငနီေၾကာင့္ အထိတ္တလန့္ အားအင္မရွိစြာပင္ ရိုက္ထုတ္ဖို႔ႀကိဳးစားလိုက္သည္။

” ဟိတ္! ဟိတ္! မွားမယ္ေနာ္ ” ေရာ္ဘက္ခ္သည္ အေၾကာင့္အလန့္တၾကားေရွာင္ဖယ္ကာ ေအာ္ေလ၏။ Vante လက္စာဘယ္ေလာက္ျပင္းလဲ သူအသိဆုံးမဟုတ္ပါလား…အရင္တစ္ေခါက္က အရိုက္ခံရတုန္းကဆို ဆန္ျပဳတ္နဲ႕တစ္ပတ္ေလာက္ညားခဲ့ေသးသည္။

” ေရာ္ဘက္ခ္…မင္းလား…” ထယ္ေယာင္း အခုမွစိတ္ခ်သြားဟန္ တိုးညွင္းစြာဆိုလာသည္။

” ေအာင္မေလး ဒါကေခါင္းထိထားတဲ့ လူနာပါတဲ့ဗ်ာ။ နိုးတာနဲ႕ လူကိုရိုက္ႏွတ္ဖို႔ပဲ…”

” ငါဘယ္ေလာက္ထိ သတိေမ့ေနတာလဲ…ၿပီးေတာ့ သူေရာ…”

” မင္းဘာေတြေျပာေနတာလဲ…မင္းသတိေမ့ေနတာ ေျခာက္လေလာက္ရွိေနၿပီ…”

_________

Comments for chapter "Chapter 12"

0 0 votes
Article Rating
Subscribe
Notify of
guest
0 Comments
Oldest
Newest Most Voted