Chapter 13
Unicode
” မင်းဘာတွေပြောနေတာလဲ…မင်းသတိမေ့နေတာ ခြောက်လလောက်ရှိနေပြီ…”
” ဟမ်…”
ထယ်ယောင်းအနည်းကြာတွေဝေသွားပြီးနောက်…
” ငါဘာလို့ သတိမေ့သွားတာလဲ ” ဟူ၍မေး၏။ Mr. Jordan အနေနဲ့ သူလူရိုက်မိတာကို ဝန်ခံမှာမဟုတ်ပေ။ ထို့အပြင် ထိုလူသည် သူ့ကိုအစောကတည်းကသိနေပုံရသည်။ သူ့ရဲ့ငယ်နာမည်ကို ခေါ်ခဲ့သည်မဟုတ်လား…
” လှေကားပေါ်က ပြုတ်ကျတာတဲ့လေ မမှတ်မိဘူးလား…”
” အာ…အ့..” ထယ်ယောင်း ခေါင်းလေးတစ်ငြိမ့်ငြိမ့်လုပ်တုန်း ဦးခေါင်းသည် လျှပ်တစ်ပြတ်ဆစ်ခနဲထိုးကိုလာ၏။
နာကျင်မှုက ဦးခေါင်းတစ်ခုလုံးပေါက်ထွက်တော့မတတ်ခံစားနေရသည်။ ထယ်ယောင်း သူ့ဦးခေါင်းကိုသူလက်နဲ့ ဆုပ်ကိုင်ကာ တစ်ချက်တစ်ချက်ကျ ထထုတတ်တာကြောင့် ရော်ဘက်ခ်သည် အလျှင်အမြန်ပင် ဆွဲရတော့သည်။
” အ့..အား…ငါ့ခေါင်း…ခေါင်း…ကိုက်တယ်…ဆရာဝန်ခေါ်ပေး…”
” Vante. . . မလုပ်နဲ့။ မလုပ်နဲ့ ငြိမ်ငြိမ်နေ။ မင်းချုပ်ရိုးကမကျတ်သေးဘူး။ ပိုဆိုးလိမ့်မယ်။ “
” အား…”
ခေါင်းကိုက်မှုသည် ပိုဆိုးလာသည်။ အစောကတောင် အကောင်းကြီး စကားတွေပြောနေသေးတာ ဘာလို့ရုတ်တရတ်အခုလို ထဖြစ်လဲဆိုတာကတော့ ထူးဆန်းသည်။ ရော်ဘက်ခ်သည် လက်တစ်ဖတ်က ရုန်းကန်နေတဲ့ ထယ်ယောင်းကိုဆွဲရင်း ကျန်တစ်ဖတ်သည် အရေးပေါ်ခလုပ်အား လှမ်းနှိပ်ရင်း တစ်ယောက်တည်း ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။
ဆရာဝန်နှင့် သူနာပြုများရောက်လာသည့်အခါ ထယ်ယောင်းဝိုင်းထိန်းရင်း ဆေးသုံးလုံးလောက် ချိတ်လည်းချိတ် ထိုးလည်းထိုးသွားသည်။ ထိုအခါ ဦးခေါင်းကိုက်သည့် ဝေဒနာသည် တစ်ဖြေးဖြေးသတ်သာလာတော့သည်။ ထိုဝေဒနာသည် ဘယ်လောက်တောင်မှ ပြင်းထန်လဲဆိုလျှင် ခေါင်းအုံပေါ် စိုနေသော ထယ်ယောင်း၏ မျက်ရည်စတို့က သတ်သေပင်ဖြစ်သည်။
ခေါင်းကချုပ်ရိုးသည် ထယ်ယောင်းလက်ချက်ကြောင့် အနည်းငယ်ဟသွားသော်လည်း အရမ်းကြီးဆိုးဆိုးဝါးဝါးမဖြစ်သွား။
ဆရာဝန်သည် စစ်ဆေးမှုအနည်းပြုလုပ်ပြီးနောက် ချုပ်ရိုးကိုဆေးပြန်ထည့် ပတ်တီးအသစ်လဲပေးသွားသည်။
ထိုသို့ဖြစ်ပြီးနောက် ထယ်ယောင်းလုံးဝကို ငြိမ်ကျသွားတော့သည်။ ဘာစကားမှလည်း မဆိုသလို၊ မျက်လုံးသေကြီးများဖြင့် မျက်နှာကျတ်ဖြူဖြူကိုသာ အသက်မဲ့စွာကြည့်နေသည်။
ခြောက်လ….ခြောက်လကြီးတောင်မှ သူမေ့နေခဲ့တာပေါ့။ အချိန်တွေအများကြီးပဲကုန်သွားပြီ။ ဒီလတွေအတွင်း သူရေးဆွဲထားတဲ့Planတွေရော…ဆေးတွေရော…ဆောင်းဦးပွဲတော်ရော သူအများကြီးလက်လွတ်ရလိုက်ပြီ။ ဘယ်လောက်တောင် ဆိုးဝါးလိုက်လေသလဲ…။
အခန်းထဲ၌ ရော်ဘက်ခ်ရှိမနေပါ။ အပြင်ဘက်၌ အမှောင်ကျနေပြီဖြစ်၍ ညဖြစ်နေသည်ကို သူသတိထားမိလိုက်သည်။ သို့သော် သူအချိန်ကိုသိချင်တာကြောင့် ကုတင်ဘေး စားပွဲသေးလေးပေါ်က ဒစ်ဂျစ်တယ်နာရီလေးကို လှမ်းကြည့်မိသည်။ သူနားမလည်စွာ မျက်မှောင်တစ်ချက်ကြုံ့သွားသည်။
ဒီခွေးမသား ရော်ဘက်ခ် သူ့ကိုတစ်ပတ်ရိုက်သွားပြန်ပြီ…
Hadria ပြည်နယ်ရှိ Adryan မြို့လေးသည် အေးချမ်းသည့်မြို့ငယ်လေးဖြစ်သည်။ တောင်တန်းများ၊ မြစ်ချောင်းများ၊ ကန်များဝန်းရံထားသည်။ လမ်းပန်းဆတ်သွယ်မှုလည်း အလွန်ကောင်းမွန်သည်။ မြို့ငယ်လေးဟုဆိုသော်လည်း မြို့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သည် တိတ်တဆိတ်အနားယူနေကြသည့် ဒိတ်ဒိတ်ကြဲသူဌေးများသာဖြစ်သည်။ ထိုထဲတွင် Mr. Jordan Jeon တစ်ဖြစ်လဲ ဂျောင်ကုလည်း အပါအဝင်ပင်။
Hadria ပြည်နယ်၏ အပိုင်းအခြားတစ်ခုစီတိုင်းလျှင် အုပ်စိုးသူများရှိတတ်ကြသည်။ ထိုသူတို့သည် ချမ်းသာသည်၊ သွေးအေးသည်၊ ရက်စက်သည်၊ တစ်ဖတ်တွင်လည်း နွေးထွေးသည့် နှလုံးသားတစ်စုံစီရှိကြသည်။ သူတို့အုပ်စိုးသည့် နယ်မြေထဲတွင် လူသားတို့အပါအဝင်နေထိုင်သူအားလုံးကို အပြည့်အဝကာကွယ်မှုပေးကြတတ်သည်။
သို့သော်လည်း အခုအခါတော့ ထိုအုပ်စိုးသူတို့အကြား ကိစ္စအကြီးကြီးတစ်ခုဖြစ်သွားလေသည်။ အကြောင်းမှာ အရှေ့ဘက်အရပ်ရှိ Roviaမြို့မှ မိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရခြင်းပင်ဖြစ်သည်။ သာမာန်ဆိုလျှင် ကိစ္စသည် ဒီလောက်ကြီးမှာမဟုတ်သော်လည်း အသတ်ခံလိုက်ရသည့် မိန်းကလေးသည် အုပ်စိုးသူ၏ တစ်ဦးတည်းသော သွေးမျိုးဆတ်ဖြစ်နေသည်။
အခုဆိုလျှင် Mr. Vincent Rovia သည် အကြီးအကျယ်ကို ဒေါသထွက်နေလျှက်ရှိသည်။ သူ့သမီးနှင့် သူ့ကြားက သွေးမျိုးဆက် ဆတ်သွယ်မှုသည် လုံးဝကိုပြတ်တောက်သွားခဲ့ပြီ။ ဒါက သူ့၏ တစ်ဦးတည်းသော သွေးမျိုးဆတ်ကမရှိတော့ဘူးဆိုတာသေချာနေလေပြီ။
Rovia မြို့မှ ကုန်တင်ကားအကြီးကြီးများသည် ညသန်းယံအချိန်တွင် အရှိန်ဟုန်ပြင်းပြင်းဖြင့် Adryan မြို့တွင်းသို့ဝင်လာကြသည်။ နောက်ဆုံးသတင်းအရ အသတ်ခံရသည့်မိန်းကလေးသည် Adryan မြို့မှာရှိနေခဲ့သည်။
” CEO. . . CEO. . . CEO. . . ပြဿနာတက်ပြီ…ပြဿနာအကြီးကြီးတက်ပြီလို့…” အတွင်းရေးမှူးမလေးသည် ညသန်းကြီးဂျောင်ကု၏ အိပ်ခန်းတံခါးကို တဒုန်းဒုန်းလာထုကာ အော်နေသည်။
” ဘာဖြစ်တာလဲ…” အခန်းတံခါးဖွင့်ပြီး ထွက်လာသည့် ဂျောင်ကုသည် မျက်နှာသိပ်မကြည်လင်။ မနက်ကကိစ္စကြောင့် အနည်းငယ်ဖျော့တော့ကာ အားနည်းနေသည်။
” Rovia. . . Rovia ကလူတွေ ရောက်နေတယ် “
” ဟမ်…အဲ့အဘိုးကြီးတွေက ဘာလာလုပ်တာလဲ…”
” Rovia အိမ်တော်က မမလေးအသတ်ခံလိုက်ရလို့တဲ့၊ မိသားစုခေါင်းဆောင်က အကြီးအကျယ်ဒေါသထွက်နေတယ်အခု “
ဂျောင်ကုသည် မျက်ရိုးအား အသာနှိပ်နယ်လိုက်ပြီးနောက်…
” မင်းပြောချင်တာ ငါ့လူတွေထဲက တစ်ယောက်က သွေးစုပ်ဖုတ်ကောင်သားပေါက်လေးကို သတ်ပစ်လိုက်တယ်ပေါ့။ သူတို့က အဲ့လောက်ထိစွမ်းတယ်ပေါ့။ ငါ့လက်အောက်လူတွေအားလုံးက လူသားတွေပဲလေ။ ဘယ်လိုလုပ် သွေးစုပ်ဖုတ်ကောင်နဲ့ ယှဉ်ချနိုင်မှာလဲ…”
” Mr. Vincent ကလည်း သူ့သမီးရဲ့သွေးမျိုးဆတ်က ဒီမြို့မှာ ခြေရာပျောက်သွားတာလို့ အတိအကျဆိုနေတယ်။ ကျွန်မတို့ ဘာလုပ်ကြမလဲဟင်…”
” ချီးလိုအရှုပ်ထုပ်တွေကတော့…ပြင်ဆင်ထားလိုက် အခုသွားတွေ့ကြမယ်။ ပြီးတော့ အခြေခံလူတန်းစားတွေအတွက် အကာအကွယ်နည်းနည်းလွှတ်ထားလိုက်၊ အခုမြို့မှာ ဘာတွေဖြစ်နေလဲဆိုတာ သူတို့ကိုမသိစေနဲ့ “
” ဟုတ်ကဲ့…ကျွန်မအခုပဲသွားပြင်ဆင်လိုက်ပါ့မယ်…”
ဂျောင်ကုသည် အင်္ကျီလဲရန် အဝတ်ဗီဒိုအားဖွင့်လိုက်သည့်အချိန် Ozzyသည် ဗြုန်းခနဲ ဗီဒိုထဲမှ ထွက်လာ၏။ ဂျောင်ကု ဘာလဲဟူသည့် မျက်နှာဘေးဖြင့်သာ မျက်မှောင်ကုတ်ကာ ကြည့်နေလိုက်သည်။
” လိန်းရော…”
ဂျောင်ကု၏ မျက်ခုံးများသည် ပိုလို့ပင်ကြုံ့လာသည်။ ဒါက အစောင့်အရှောက်တစ်ယောက် မေးရမယ့် စကားလား…။
” အစောင့်အရှောင်ဖြစ်တဲ့ မင်းကတောင်မသိတာ ငါကဘာကိစ္စနဲ့ သိရမှာလဲ…ထွက်သွားစမ်းပါ မင်းလိုသူများနောက်လိုက်ခွေးတွေကို မမြင်ချင်ဘူး “
” မကောင်းဆိုးဝါးကောင်…ငါအတည်ပြောနေတာ လိန်းပျောက်နေတယ် “
” ပျောက်နေလိုက်ရှာလေ ဟုတ်ပြီလား…အခုငါလည်းမအားဘူး…”
” သူ Chakra တွေ အကုန် bolckဖြစ်နေတယ်။ Mind power ကလည်းလုံးဝကို downနေတာမို့ အဆတ်အသွယ်လုပ်မရဘူး။ လိန်းရဲ့ spiritual power ကလုံးဝကို သုံးစားလို့မရတော့ဘူး။ ပြီးတော့ သူအန္တရာယ်တစ်ခုခုရှိတယ်ထင်တယ် ငါခံစားမိနေတယ်…”
” ချီးလိုပဲ…” ဂျောင်ကုစိတ်ရှုပ်စွာ ဆဲရေးလိုက်သည်။ ထို့နောက် လိန်းကိုရှာဖွေဖို့ရာလည်း လူအနည်းငယ်လွှတ်လိုက်သည်။ ပြင်ဆင်ပြီးသည့်အခါ Mr. Vincent နှင့်တွေ့ဆုံဖို့ရာ ထွက်လာခဲ့သည်။
လူခြေတိတ်နေသည့် မြို့အပြင်လမ်းမထက် ကားတွေသည် ယောက်ယက်ခတ်နေသည်။ တန်းစီကာ ရပ်ထားသည့် ကုန်တင်ကားကြီးများသည် အမှောင်ထဲက မကောင်းဆိုးဝါးကြီးတွေအလားပင်။
” ဘာများကူညီရမလဲမသိဘူး…” လူလာရှာတာလား တစ်ဆွေလုံးတစ်မျိုးလုံးအသိုက်ပြောင်းလာတာလား မသဲကွဲသည့် ထိုလူများအား ဂျောင်ကုသည် တစ်ချက်အကဲခတ်လိုက်သည်။
” ကျွန်မတို့က စီးပွါးရေးချဲ့ထွင်ချင်ရုံပါ။ Mr. Jordan စိတ်မပူပါနဲ့…”
အသက်ခပ်လတ်လတ်အမျိုးသမီးတစ်ယောက်သည် ဒေါက်ခနဲပြန်ဖြေလာသည်။ ရွှေအိုရောင်ဆံနွယ်တို့နှင့် နှုတ်ခမ်းနီ နီနီ၊ ဒေါက်ဖိနပ်နီနီတို့သည် ထိုအမျိုးသမီး၏ အလှကို ပို၍ပံ့ပိုးပေးနေသည်။
” ညသန်းခေါင်ကြီးလား…အကြောင်းရင်းတစ်ခုခုကြောင့် ကျွန်တော့်နယ်မြေထဲကလူတွေ အန္တရာယ်ဖြစ်မှာကိုတော့ စိုးရိမ်သားဗျ “
” ရှင်ဒါဘာစကားပြောတာလဲ…ကျွန်မတို့က ဒီအတိုင်း ကုန်ကူးသန်းရုံပါ။ ရှင်ဒီလိုပြောတာက Rovia မိသားစုကြီးကို စော်ကားလိုက်တာပဲ။ အခြားမြို့က လူတွေလဲ ဒီလိုပဲ စီးပွါးရေးနယ်မြေတွေ ချဲ့ထွင်နေကြတာပဲ…”
” အိုး…ကျွန်တော်မဝံ့ရဲပါဘူး။ Rovia မိသားစုက ဒီဘက်ကိုစီးပွါးရေးနယ်ချဲ့မယ်ဆိုတော့ ဝမ်းတောင်သာရဦးမှာပဲ။ ကျွန်တော်ကိုရီးယားမှာရှိစဉ်ကတည်းက Rovia သကြားလုံးတွေကို အရမ်းကြိုက်တာလေ…သွေးအရသာလေးမို့လေ….”
ဂျောင်ကု၏ နောက်ဆုံးပြောစကားမှာတော့ အမျိုးသမီး၏ သွေးမရှိသည့်မျက်နှာသည် ပိုလို့ပင် ဖွေးဆုတ်သွားသည်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကိုရီးယားရှိ စက်ရုံခွဲတစ်ခုတွင် သူတို့၏ လျှို့ဝှက်ချက်တွေပေါ်ပေါက်ကာ ပြဿနာတွေတက်ခဲ့ဖူးသည်။ သို့ပေသည့် သူတို့တွေ သေချာဖုံးဖိထားပါသည်။ ဘာလို့ Jordan က သိနေရတာလဲ…
” ကဲကစားနေတာတော်ပြီ…ရိုစီမင်းထွက်သွားတော့ ငါ Mr. Jordanနဲ့ နှစ်ယောက်တည်းစကားပြောမယ်…”
ခေါင်းဆောင်ရဲ့ကားဖြစ်ဟန်တူသော ကားထဲမှ လူတစ်ယောက် ထပ်ထွက်လာသည်။ ထိုလူ၏ ငွေမင်ရောင်ဆံနွယ်များသည် Rovia မိသားစုကို ကိုယ်စားပြုလေသည်။ နီထွေးသည့် နှုတ်ခမ်းပါးတစ်စုံနှင့် ကြက်သွေးရောင်မျက်ဝန်းတို့သည် အန္တရာယ်များသည့် ခန်းညားမှုမျိုးပင်။ အသက်လေးဆယ်ဝန်းကျင်အရွယ် ခန့်ညားလွန်းသည့် ထိုလူသည် Rovia မိသားစု၏ မိသားစုအကြီးအကဲ Vicent William Rovia ပင်ဖြစ်သည်။
” Jordan မင်းလည်းသတင်းစကားအချို့ ကြားပြီးရောပေါ့၊ ငါ့သမီးအသတ်ခံလိုက်ရတယ်။ ငါသမီးရဲ့အလောင်းနဲ့ လူသတ်သမားကို ငါတို့လိုချင်တယ်။ ငါတို့လိုချင်ရရင် အေးအေးဆေးဆေးထွက်သွားမှာပါ…”
” ခြိမ်းခြောက်တာလား၊ အမိန့်ပေးတာလား…ကျွန်တော့်မြို့က အေးချမ်းပေမယ့် အုပ်စိုးသူကတော့ သိပ်အေးချမ်းပြီးစိတ်ရှည်တဲ့ထဲမပါဘူးဆိုတာ သိတယ်မလား “
” တောင်းဆိုတာပါ…ဖခင်တစ်ယောက်အနေနဲ့ တောင်းဆိုတာပါ “
” မရဘူး။ လူရှာချင်ရင်တောင်မှ ခင်များတို့လူတစ်ယောက်နှစ်ယောက် အင်အားနဲ့ရနေပြီလေ။ အခုလို အသိုက်တစ်ခုလုံးပြောင်းလာပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် မလုပ်နဲ့…သွေးစုပ်ဖုတ်ကောင်အုပ်လိုက်ကြီးကို မြို့ထဲခေါ်သွင်းရလောက်တဲ့အထိ ကျွန်တော်မရူးသေးဘူး…”
” ဟက်…မင်းက ငါတို့အကြောင်းသိနေတယ်…” Vincentသည် အနည်းငယ်အံ့သြသွားသော်လည်း ချက်ချင်းပင် ပြန်ထိန်းကာ ခြောက်ကပ်ကပ်ရယ်လိုက်သည်။
” ဒါဆိုလည်း ဘာလို့အခုထိ လက်မခံနိုင်ရသေးတာလဲ ” Vincent သည် ဒေါသကြီးစွာအော်၍ လျှပ်တစ်ပြတ် လည်ပင်းကိုလှမ်းညှစ်လာသည်။ မျိုးရိုးမြင့်သွေးစုပ်ဖုတ်ကောင်၏ တိုက်ခိုက်မှုသည် အလွန်လျှင်မြန်လွန်းသော်လည်း လူသားမဟုတ်သည့် ဂျောင်ကုအတွက် အားပျော့နေသေးသည်။
” လောကကြီးမှာ မင်းလိုလူမျိုးတွေရှိနေသေးတယ်ဆိုတာကို သတိရပေးပါ Vinc. . . ” ဂျောင်ကုသည် Vincent၏ လက်ကိုဖမ်းကာ ပြန်လည်ချုပ်လိုက်ရင်း ပြောလာသည်။
” မင်း…မင်းက လူမဟုတ်ဘူးပဲ…”
” အဲ့တာကအရေးကြီးလား အခု…”
” CEO. . . ကျွန်မတို့ရှာတွေ့ပြီ။ CEOလိုက်မှာလား…”
ရုတ်တရတ်အပြေးကလေးရောက်လာကာ အမောတကောပြောတဲ့ ဂျောင်ကု၏အတွင်းရေးမှူးကြောင့် Vincentကို ချုပ်ထားတဲ့လက့တို့အား လွှတ်ပေးလိုက်သည်။ ထို့နောက် Vincent ဘက်လှည့်ရင်း…
” ငါးယောက်…ငါးယောက်ပဲ မြို့ထဲနေခဲ့ပြီး လူသတ်သမားကိုရှာလို့ရတယ်။ အပြစ်မဲ့တဲ့လူတွေကိုလည်း အထိတ်တလန့်မဖြစ်ပါစေနဲ့ ” ဟူ၍ အလျှင်အမြန်ပြောပြီးနောက် အတွင်းရေးမှူးမလေးနောက်သို့ မပြေးရုံတမယ် ခြေလှမ်းများဖြင့် လိုက်သွားသည်။
ကျန်ရစ်ခဲ့သည့် Vincentသည် သူ့လူတစ်ယောက်ကို ခေါင်းငြိမ့်အချက်ပြကာ ဂျောင်ကုတို့နောက်သို့ လိုက်စေသည်။ ထို့နောက် ဂျောင်ကုပြောသွားသည့်အတိုင်းပင် သူအပါအဝင် ငါးယောက်သာချန်ခဲ့၍ ကျန်တဲ့လူများကို ပြန်လွှတ်လိုက်တော့သည်။
_________
Zawkyi
” မင္းဘာေတြေျပာေနတာလဲ…မင္းသတိေမ့ေနတာ ေျခာက္လေလာက္ရွိေနၿပီ…”
” ဟမ္…”
ထယ္ေယာင္းအနည္းၾကာေတြေဝသြားၿပီးေနာက္…
” ငါဘာလို႔ သတိေမ့သြားတာလဲ ” ဟူ၍ေမး၏။ Mr. Jordan အေနနဲ႕ သူလူရိုက္မိတာကို ဝန္ခံမွာမဟုတ္ေပ။ ထို႔အျပင္ ထိုလူသည္ သူ႕ကိုအေစာကတည္းကသိေနပုံရသည္။ သူ႕ရဲ႕ငယ္နာမည္ကို ေခၚခဲ့သည္မဟုတ္လား…
” ေလွကားေပၚက ျပဳတ္က်တာတဲ့ေလ မမွတ္မိဘူးလား…”
” အာ…အ့..” ထယ္ေယာင္း ေခါင္းေလးတစ္ၿငိမ့္ၿငိမ့္လုပ္တုန္း ဦးေခါင္းသည္ လွ်ပ္တစ္ျပတ္ဆစ္ခနဲထိုးကိုလာ၏။
နာက်င္မႈက ဦးေခါင္းတစ္ခုလုံးေပါက္ထြက္ေတာ့မတတ္ခံစားေနရသည္။ ထယ္ေယာင္း သူ႕ဦးေခါင္းကိုသူလက္နဲ႕ ဆုပ္ကိုင္ကာ တစ္ခ်က္တစ္ခ်က္က် ထထုတတ္တာေၾကာင့္ ေရာ္ဘက္ခ္သည္ အလွ်င္အျမန္ပင္ ဆြဲရေတာ့သည္။
” အ့..အား…ငါ့ေခါင္း…ေခါင္း…ကိုက္တယ္…ဆရာဝန္ေခၚေပး…”
” Vante. . . မလုပ္နဲ႕။ မလုပ္နဲ႕ ၿငိမ္ၿငိမ္ေန။ မင္းခ်ဳပ္ရိုးကမက်တ္ေသးဘူး။ ပိုဆိုးလိမ့္မယ္။ “
” အား…”
ေခါင္းကိုက္မႈသည္ ပိုဆိုးလာသည္။ အေစာကေတာင္ အေကာင္းႀကီး စကားေတြေျပာေနေသးတာ ဘာလို႔႐ုတ္တရတ္အခုလို ထျဖစ္လဲဆိုတာကေတာ့ ထူးဆန္းသည္။ ေရာ္ဘက္ခ္သည္ လက္တစ္ဖတ္က ႐ုန္းကန္ေနတဲ့ ထယ္ေယာင္းကိုဆြဲရင္း က်န္တစ္ဖတ္သည္ အေရးေပၚခလုပ္အား လွမ္းႏွိပ္ရင္း တစ္ေယာက္တည္း ႐ုန္းရင္းဆန္ခတ္ျဖစ္ေနသည္။
ဆရာဝန္ႏွင့္ သူနာျပဳမ်ားေရာက္လာသည့္အခါ ထယ္ေယာင္းဝိုင္းထိန္းရင္း ေဆးသုံးလုံးေလာက္ ခ်ိတ္လည္းခ်ိတ္ ထိုးလည္းထိုးသြားသည္။ ထိုအခါ ဦးေခါင္းကိုက္သည့္ ေဝဒနာသည္ တစ္ေျဖးေျဖးသတ္သာလာေတာ့သည္။ ထိုေဝဒနာသည္ ဘယ္ေလာက္ေတာင္မွ ျပင္းထန္လဲဆိုလွ်င္ ေခါင္းအုံေပၚ စိုေနေသာ ထယ္ေယာင္း၏ မ်က္ရည္စတို႔က သတ္ေသပင္ျဖစ္သည္။
ေခါင္းကခ်ဳပ္ရိုးသည္ ထယ္ေယာင္းလက္ခ်က္ေၾကာင့္ အနည္းငယ္ဟသြားေသာ္လည္း အရမ္းႀကီးဆိုးဆိုးဝါးဝါးမျဖစ္သြား။
ဆရာဝန္သည္ စစ္ေဆးမႈအနည္းျပဳလုပ္ၿပီးေနာက္ ခ်ဳပ္ရိုးကိုေဆးျပန္ထည့္ ပတ္တီးအသစ္လဲေပးသြားသည္။
ထိုသို႔ျဖစ္ၿပီးေနာက္ ထယ္ေယာင္းလုံးဝကို ၿငိမ္က်သြားေတာ့သည္။ ဘာစကားမွလည္း မဆိုသလို၊ မ်က္လုံးေသႀကီးမ်ားျဖင့္ မ်က္ႏွာက်တ္ျဖဴျဖဴကိုသာ အသက္မဲ့စြာၾကည့္ေနသည္။
ေျခာက္လ….ေျခာက္လႀကီးေတာင္မွ သူေမ့ေနခဲ့တာေပါ့။ အခ်ိန္ေတြအမ်ားႀကီးပဲကုန္သြားၿပီ။ ဒီလေတြအတြင္း သူေရးဆြဲထားတဲ့Planေတြေရာ…ေဆးေတြေရာ…ေဆာင္းဦးပြဲေတာ္ေရာ သူအမ်ားႀကီးလက္လြတ္ရလိုက္ၿပီ။ ဘယ္ေလာက္ေတာင္ ဆိုးဝါးလိုက္ေလသလဲ…။
အခန္းထဲ၌ ေရာ္ဘက္ခ္ရွိမေနပါ။ အျပင္ဘက္၌ အေမွာင္က်ေနၿပီျဖစ္၍ ညျဖစ္ေနသည္ကို သူသတိထားမိလိုက္သည္။ သို႔ေသာ္ သူအခ်ိန္ကိုသိခ်င္တာေၾကာင့္ ကုတင္ေဘး စားပြဲေသးေလးေပၚက ဒစ္ဂ်စ္တယ္နာရီေလးကို လွမ္းၾကည့္မိသည္။ သူနားမလည္စြာ မ်က္ေမွာင္တစ္ခ်က္ႀကဳံ႕သြားသည္။
ဒီေခြးမသား ေရာ္ဘက္ခ္ သူ႕ကိုတစ္ပတ္ရိုက္သြားျပန္ၿပီ…
Hadria ျပည္နယ္ရွိ Adryan ၿမိဳ႕ေလးသည္ ေအးခ်မ္းသည့္ၿမိဳ႕ငယ္ေလးျဖစ္သည္။ ေတာင္တန္းမ်ား၊ ျမစ္ေခ်ာင္းမ်ား၊ ကန္မ်ားဝန္းရံထားသည္။ လမ္းပန္းဆတ္သြယ္မႈလည္း အလြန္ေကာင္းမြန္သည္။ ၿမိဳ႕ငယ္ေလးဟုဆိုေသာ္လည္း ၿမိဳ႕လူဦးေရ၏ သုံးပုံႏွစ္ပုံခန့္သည္ တိတ္တဆိတ္အနားယူေနၾကသည့္ ဒိတ္ဒိတ္ႀကဲသူေဌးမ်ားသာျဖစ္သည္။ ထိုထဲတြင္ Mr. Jordan Jeon တစ္ျဖစ္လဲ ေဂ်ာင္ကုလည္း အပါအဝင္ပင္။
Hadria ျပည္နယ္၏ အပိုင္းအျခားတစ္ခုစီတိုင္းလွ်င္ အုပ္စိုးသူမ်ားရွိတတ္ၾကသည္။ ထိုသူတို႔သည္ ခ်မ္းသာသည္၊ ေသြးေအးသည္၊ ရက္စက္သည္၊ တစ္ဖတ္တြင္လည္း ေႏြးေထြးသည့္ ႏွလုံးသားတစ္စုံစီရွိၾကသည္။ သူတို႔အုပ္စိုးသည့္ နယ္ေျမထဲတြင္ လူသားတို႔အပါအဝင္ေနထိုင္သူအားလုံးကို အျပည့္အဝကာကြယ္မႈေပးၾကတတ္သည္။
သို႔ေသာ္လည္း အခုအခါေတာ့ ထိုအုပ္စိုးသူတို႔အၾကား ကိစၥအႀကီးႀကီးတစ္ခုျဖစ္သြားေလသည္။ အေၾကာင္းမွာ အေရွ႕ဘက္အရပ္ရွိ Roviaၿမိဳ႕မွ မိန္းကေလးတစ္ေယာက္ အသတ္ခံလိုက္ရျခင္းပင္ျဖစ္သည္။ သာမာန္ဆိုလွ်င္ ကိစၥသည္ ဒီေလာက္ႀကီးမွာမဟုတ္ေသာ္လည္း အသတ္ခံလိုက္ရသည့္ မိန္းကေလးသည္ အုပ္စိုးသူ၏ တစ္ဦးတည္းေသာ ေသြးမ်ိဳးဆတ္ျဖစ္ေနသည္။
အခုဆိုလွ်င္ Mr. Vincent Rovia သည္ အႀကီးအက်ယ္ကို ေဒါသထြက္ေနလွ်က္ရွိသည္။ သူ႕သမီးႏွင့္ သူ႕ၾကားက ေသြးမ်ိဳးဆက္ ဆတ္သြယ္မႈသည္ လုံးဝကိုျပတ္ေတာက္သြားခဲ့ၿပီ။ ဒါက သူ႕၏ တစ္ဦးတည္းေသာ ေသြးမ်ိဳးဆတ္ကမရွိေတာ့ဘူးဆိုတာေသခ်ာေနေလၿပီ။
Rovia ၿမိဳ႕မွ ကုန္တင္ကားအႀကီးႀကီးမ်ားသည္ ညသန္းယံအခ်ိန္တြင္ အရွိန္ဟုန္ျပင္းျပင္းျဖင့္ Adryan ၿမိဳ႕တြင္းသို႔ဝင္လာၾကသည္။ ေနာက္ဆုံးသတင္းအရ အသတ္ခံရသည့္မိန္းကေလးသည္ Adryan ၿမိဳ႕မွာရွိေနခဲ့သည္။
” CEO. . . CEO. . . CEO. . . ျပႆနာတက္ၿပီ…ျပႆနာအႀကီးႀကီးတက္ၿပီလို႔…” အတြင္းေရးမႉးမေလးသည္ ညသန္းႀကီးေဂ်ာင္ကု၏ အိပ္ခန္းတံခါးကို တဒုန္းဒုန္းလာထုကာ ေအာ္ေနသည္။
” ဘာျဖစ္တာလဲ…” အခန္းတံခါးဖြင့္ၿပီး ထြက္လာသည့္ ေဂ်ာင္ကုသည္ မ်က္ႏွာသိပ္မၾကည္လင္။ မနက္ကကိစၥေၾကာင့္ အနည္းငယ္ေဖ်ာ့ေတာ့ကာ အားနည္းေနသည္။
” Rovia. . . Rovia ကလူေတြ ေရာက္ေနတယ္ “
” ဟမ္…အဲ့အဘိုးႀကီးေတြက ဘာလာလုပ္တာလဲ…”
” Rovia အိမ္ေတာ္က မမေလးအသတ္ခံလိုက္ရလို႔တဲ့၊ မိသားစုေခါင္းေဆာင္က အႀကီးအက်ယ္ေဒါသထြက္ေနတယ္အခု “
ေဂ်ာင္ကုသည္ မ်က္ရိုးအား အသာႏွိပ္နယ္လိုက္ၿပီးေနာက္…
” မင္းေျပာခ်င္တာ ငါ့လူေတြထဲက တစ္ေယာက္က ေသြးစုပ္ဖုတ္ေကာင္သားေပါက္ေလးကို သတ္ပစ္လိုက္တယ္ေပါ့။ သူတို႔က အဲ့ေလာက္ထိစြမ္းတယ္ေပါ့။ ငါ့လက္ေအာက္လူေတြအားလုံးက လူသားေတြပဲေလ။ ဘယ္လိုလုပ္ ေသြးစုပ္ဖုတ္ေကာင္နဲ႕ ယွဥ္ခ်နိဳင္မွာလဲ…”
” Mr. Vincent ကလည္း သူ႕သမီးရဲ႕ေသြးမ်ိဳးဆတ္က ဒီၿမိဳ႕မွာ ေျခရာေပ်ာက္သြားတာလို႔ အတိအက်ဆိဳေနတယ္။ ကြၽန္မတို႔ ဘာလုပ္ၾကမလဲဟင္…”
” ခ်ီးလိုအရႈပ္ထုပ္ေတြကေတာ့…ျပင္ဆင္ထားလိုက္ အခုသြားေတြ႕ၾကမယ္။ ၿပီးေတာ့ အေျခခံလူတန္းစားေတြအတြက္ အကာအကြယ္နည္းနည္းလႊတ္ထားလိုက္၊ အခုၿမိဳ႕မွာ ဘာေတြျဖစ္ေနလဲဆိုတာ သူတို႔ကိုမသိေစနဲ႕ “
” ဟုတ္ကဲ့…ကြၽန္မအခုပဲသြားျပင္ဆင္လိုက္ပါ့မယ္…”
ေဂ်ာင္ကုသည္ အကၤ်ီလဲရန္ အဝတ္ဗီဒိုအားဖြင့္လိုက္သည့္အခ်ိန္ Ozzyသည္ ျဗဳန္းခနဲ ဗီဒိုထဲမွ ထြက္လာ၏။ ေဂ်ာင္ကု ဘာလဲဟူသည့္ မ်က္ႏွာေဘးျဖင့္သာ မ်က္ေမွာင္ကုတ္ကာ ၾကည့္ေနလိုက္သည္။
” လိန္းေရာ…”
ေဂ်ာင္ကု၏ မ်က္ခုံးမ်ားသည္ ပိုလို႔ပင္ႀကဳံ႕လာသည္။ ဒါက အေစာင့္အေရွာက္တစ္ေယာက္ ေမးရမယ့္ စကားလား…။
” အေစာင့္အေရွာင္ျဖစ္တဲ့ မင္းကေတာင္မသိတာ ငါကဘာကိစၥနဲ႕ သိရမွာလဲ…ထြက္သြားစမ္းပါ မင္းလိုသူမ်ားေနာက္လိုက္ေခြးေတြကို မျမင္ခ်င္ဘူး “
” မေကာင္းဆိုးဝါးေကာင္…ငါအတည္ေျပာေနတာ လိန္းေပ်ာက္ေနတယ္ “
” ေပ်ာက္ေနလိုက္ရွာေလ ဟုတ္ၿပီလား…အခုငါလည္းမအားဘူး…”
” သူ Chakra ေတြ အကုန္ bolckျဖစ္ေနတယ္။ Mind power ကလည္းလုံးဝကို downေနတာမို႔ အဆတ္အသြယ္လုပ္မရဘူး။ လိန္းရဲ႕ spiritual power ကလုံးဝကို သုံးစားလို႔မရေတာ့ဘူး။ ၿပီးေတာ့ သူအႏၲရာယ္တစ္ခုခုရွိတယ္ထင္တယ္ ငါခံစားမိေနတယ္…”
” ခ်ီးလိုပဲ…” ေဂ်ာင္ကုစိတ္ရႈပ္စြာ ဆဲေရးလိုက္သည္။ ထို႔ေနာက္ လိန္းကိုရွာေဖြဖို႔ရာလည္း လူအနည္းငယ္လႊတ္လိုက္သည္။ ျပင္ဆင္ၿပီးသည့္အခါ Mr. Vincent ႏွင့္ေတြ႕ဆုံဖို႔ရာ ထြက္လာခဲ့သည္။
လူေျခတိတ္ေနသည့္ ၿမိဳ႕အျပင္လမ္းမထက္ ကားေတြသည္ ေယာက္ယက္ခတ္ေနသည္။ တန္းစီကာ ရပ္ထားသည့္ ကုန္တင္ကားႀကီးမ်ားသည္ အေမွာင္ထဲက မေကာင္းဆိုးဝါးႀကီးေတြအလားပင္။
” ဘာမ်ားကူညီရမလဲမသိဘူး…” လူလာရွာတာလား တစ္ေဆြလုံးတစ္မ်ိဳးလုံးအသိုက္ေျပာင္းလာတာလား မသဲကြဲသည့္ ထိုလူမ်ားအား ေဂ်ာင္ကုသည္ တစ္ခ်က္အကဲခတ္လိုက္သည္။
” ကြၽန္မတို႔က စီးပြါးေရးခ်ဲ့ထြင္ခ်င္႐ုံပါ။ Mr. Jordan စိတ္မပူပါနဲ႕…”
အသက္ခပ္လတ္လတ္အမ်ိဳးသမီးတစ္ေယာက္သည္ ေဒါက္ခနဲျပန္ေျဖလာသည္။ ေ႐ႊအိုေရာင္ဆံႏြယ္တို႔ႏွင့္ ႏႈတ္ခမ္းနီ နီနီ၊ ေဒါက္ဖိနပ္နီနီတို႔သည္ ထိုအမ်ိဳးသမီး၏ အလွကို ပို၍ပံ့ပိုးေပးေနသည္။
” ညသန္းေခါင္ႀကီးလား…အေၾကာင္းရင္းတစ္ခုခုေၾကာင့္ ကြၽန္ေတာ့္နယ္ေျမထဲကလူေတြ အႏၲရာယ္ျဖစ္မွာကိုေတာ့ စိုးရိမ္သားဗ် “
” ရွင္ဒါဘာစကားေျပာတာလဲ…ကြၽန္မတို႔က ဒီအတိုင္း ကုန္ကူးသန္း႐ုံပါ။ ရွင္ဒီလိုေျပာတာက Rovia မိသားစုႀကီးကို ေစာ္ကားလိုက္တာပဲ။ အျခားၿမိဳ႕က လူေတြလဲ ဒီလိုပဲ စီးပြါးေရးနယ္ေျမေတြ ခ်ဲ့ထြင္ေနၾကတာပဲ…”
” အိုး…ကြၽန္ေတာ္မဝံ့ရဲပါဘူး။ Rovia မိသားစုက ဒီဘက္ကိုစီးပြါးေရးနယ္ခ်ဲ့မယ္ဆိုေတာ့ ဝမ္းေတာင္သာရဦးမွာပဲ။ ကြၽန္ေတာ္ကိုရီးယားမွာရွိစဥ္ကတည္းက Rovia သၾကားလုံးေတြကို အရမ္းႀကိဳက္တာေလ…ေသြးအရသာေလးမို႔ေလ….”
ေဂ်ာင္ကု၏ ေနာက္ဆုံးေျပာစကားမွာေတာ့ အမ်ိဳးသမီး၏ ေသြးမရွိသည့္မ်က္ႏွာသည္ ပိုလို႔ပင္ ေဖြးဆုတ္သြားသည္။ လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက ကိုရီးယားရွိ စက္႐ုံခြဲတစ္ခုတြင္ သူတို႔၏ လွ်ို႔ဝွက္ခ်က္ေတြေပၚေပါက္ကာ ျပႆနာေတြတက္ခဲ့ဖူးသည္။ သို႔ေပသည့္ သူတို႔ေတြ ေသခ်ာဖုံးဖိထားပါသည္။ ဘာလို႔ Jordan က သိေနရတာလဲ…
” ကဲကစားေနတာေတာ္ၿပီ…ရိုစီမင္းထြက္သြားေတာ့ ငါ Mr. Jordanနဲ႕ ႏွစ္ေယာက္တည္းစကားေျပာမယ္…”
ေခါင္းေဆာင္ရဲ႕ကားျဖစ္ဟန္တူေသာ ကားထဲမွ လူတစ္ေယာက္ ထပ္ထြက္လာသည္။ ထိုလူ၏ ေငြမင္ေရာင္ဆံႏြယ္မ်ားသည္ Rovia မိသားစုကို ကိုယ္စားျပဳေလသည္။ နီေထြးသည့္ ႏႈတ္ခမ္းပါးတစ္စုံႏွင့္ ၾကက္ေသြးေရာင္မ်က္ဝန္းတို႔သည္ အႏၲရာယ္မ်ားသည့္ ခန္းညားမႈမ်ိဳးပင္။ အသက္ေလးဆယ္ဝန္းက်င္အ႐ြယ္ ခန့္ညားလြန္းသည့္ ထိုလူသည္ Rovia မိသားစု၏ မိသားစုအႀကီးအကဲ Vicent William Rovia ပင္ျဖစ္သည္။
” Jordan မင္းလည္းသတင္းစကားအခ်ိဳ႕ ၾကားၿပီးေရာေပါ့၊ ငါ့သမီးအသတ္ခံလိုက္ရတယ္။ ငါသမီးရဲ႕အေလာင္းနဲ႕ လူသတ္သမားကို ငါတို႔လိုခ်င္တယ္။ ငါတို႔လိုခ်င္ရရင္ ေအးေအးေဆးေဆးထြက္သြားမွာပါ…”
” ၿခိမ္းေျခာက္တာလား၊ အမိန့္ေပးတာလား…ကြၽန္ေတာ့္ၿမိဳ႕က ေအးခ်မ္းေပမယ့္ အုပ္စိုးသူကေတာ့ သိပ္ေအးခ်မ္းၿပီးစိတ္ရွည္တဲ့ထဲမပါဘူးဆိုတာ သိတယ္မလား “
” ေတာင္းဆိုတာပါ…ဖခင္တစ္ေယာက္အေနနဲ႕ ေတာင္းဆိုတာပါ “
” မရဘူး။ လူရွာခ်င္ရင္ေတာင္မွ ခင္မ်ားတို႔လူတစ္ေယာက္ႏွစ္ေယာက္ အင္အားနဲ႕ရေနၿပီေလ။ အခုလို အသိုက္တစ္ခုလုံးေျပာင္းလာၿပီး ႐ုန္းရင္းဆန္ခတ္ျဖစ္ေအာင္ မလုပ္နဲ႕…ေသြးစုပ္ဖုတ္ေကာင္အုပ္လိုက္ႀကီးကို ၿမိဳ႕ထဲေခၚသြင္းရေလာက္တဲ့အထိ ကြၽန္ေတာ္မ႐ူးေသးဘူး…”
” ဟက္…မင္းက ငါတို႔အေၾကာင္းသိေနတယ္…” Vincentသည္ အနည္းငယ္အံ့ၾသသြားေသာ္လည္း ခ်က္ခ်င္းပင္ ျပန္ထိန္းကာ ေျခာက္ကပ္ကပ္ရယ္လိုက္သည္။
” ဒါဆိုလည္း ဘာလို႔အခုထိ လက္မခံနိုင္ရေသးတာလဲ ” Vincent သည္ ေဒါသႀကီးစြာေအာ္၍ လွ်ပ္တစ္ျပတ္ လည္ပင္းကိုလွမ္းညွစ္လာသည္။ မ်ိဳးရိုးျမင့္ေသြးစုပ္ဖုတ္ေကာင္၏ တိုက္ခိုက္မႈသည္ အလြန္လွ်င္ျမန္လြန္းေသာ္လည္း လူသားမဟုတ္သည့္ ေဂ်ာင္ကုအတြက္ အားေပ်ာ့ေနေသးသည္။
” ေလာကႀကီးမွာ မင္းလိုလူမ်ိဳးေတြရွိေနေသးတယ္ဆိုတာကို သတိရေပးပါ Vinc. . . ” ေဂ်ာင္ကုသည္ Vincent၏ လက္ကိုဖမ္းကာ ျပန္လည္ခ်ဳပ္လိုက္ရင္း ေျပာလာသည္။
” မင္း…မင္းက လူမဟုတ္ဘူးပဲ…”
” အဲ့တာကအေရးႀကီးလား အခု…”
” CEO. . . ကြၽန္မတို႔ရွာေတြ႕ၿပီ။ CEOလိုက္မွာလား…”
႐ုတ္တရတ္အေျပးကေလးေရာက္လာကာ အေမာတေကာေျပာတဲ့ ေဂ်ာင္ကု၏အတြင္းေရးမႉးေၾကာင့္ Vincentကို ခ်ဳပ္ထားတဲ့လက့တို႔အား လႊတ္ေပးလိုက္သည္။ ထို႔ေနာက္ Vincent ဘက္လွည့္ရင္း…
” ငါးေယာက္…ငါးေယာက္ပဲ ၿမိဳ႕ထဲေနခဲ့ၿပီး လူသတ္သမားကိုရွာလို႔ရတယ္။ အျပစ္မဲ့တဲ့လူေတြကိုလည္း အထိတ္တလန့္မျဖစ္ပါေစနဲ႕ ” ဟူ၍ အလွ်င္အျမန္ေျပာၿပီးေနာက္ အတြင္းေရးမႉးမေလးေနာက္သို႔ မေျပး႐ုံတမယ္ ေျခလွမ္းမ်ားျဖင့္ လိုက္သြားသည္။
က်န္ရစ္ခဲ့သည့္ Vincentသည္ သူ႕လူတစ္ေယာက္ကို ေခါင္းၿငိမ့္အခ်က္ျပကာ ေဂ်ာင္ကုတို႔ေနာက္သို႔ လိုက္ေစသည္။ ထို႔ေနာက္ ေဂ်ာင္ကုေျပာသြားသည့္အတိုင္းပင္ သူအပါအဝင္ ငါးေယာက္သာခ်န္ခဲ့၍ က်န္တဲ့လူမ်ားကို ျပန္လႊတ္လိုက္ေတာ့သည္။
_________
Comments for chapter "Chapter 13"