Chapter 15

Unicode

လိန်း ပြင်ပလူနာဆောင်မှာ ရှိနေစဉ် မိန်းကလေးတစ်ယောက်သည် ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့် သူမရှေ့မှ ဖြတ်လျှောက်ကာ ဆေးရုံအတွင်းသို့ဝင်လာသည်။ လိန်း တစ်စုံတစ်ခုကို သတိရသွားတာကြောင့် အကြည့်တို့သည် အေးခဲသွားသည်။

မိန်းကလေးသည် ငွေမင်ရောင် ဆံနွယ်ရှည်တွေကို ပိုင်ဆိုင်ထားပြီး နီစွေးစွေးမျက်ဝန်းတစ်စုံရှိသည်။ အနီရောင် ချစ်စရာဂါဝန်ရှည်လေးကို ဝတ်ဆင်ထားသည်။ တစ်နည်းပြောရလျှင် လွန်ခဲ့တဲ့ညက လူသတ်သမားလက်ထဲ အသတ်ခံခဲ့ရသည့် မိန်းကလေးပုံစံနှင့် တစ်ပုံစံထဲပင်။

အတွေးတို့သည် လူသတ်သမားအကြောင်းတွေးမိတဲ့အခါ ကြောက်ရွံ့ခြင်းက သူမကို စတင်ဝါးမြိုလာသည်။ အသက်မသေရုံတမယ် လွတ်မြောက်လာပေမယ့် ငရဲခန်းထဲမှာ ပိတ်မိနေခဲ့တဲ့တစ်ရက်တာက သူမအတွက်တော့ အိမ်မက်ဆိုးကြီးပင်။ နံရံတွေပေါ်မှာ ချိတ်ထားတဲ့ လူသေတွေရဲ့ဓာတ်ပုံတွေ၊ ရေခဲသေတ္တာထဲကလူ့ခန္ဓာအစိတ်အပိုင်းတွေ၊ ဆေးတွေ၊ အက်ဆစ်တွေ၊ ဆေးစိမ်ထားတဲ့ အမည်မသိအရာတွေ၊ စိမ်းရွှင်ရွှင်အနံအသတ်တွေ….။

လိန်းတစ်ယောက် တွေးရင်း တွေးရင်းနဲ့ပင် အောဂလီဆန်ကာ ပျို့တက်လာသည်။ အလျှင်အမြန် ပါးစပ်ကို လက်နှင့်ပိတ်ကာ ပျို့တက်လာတဲ့ အစာအိမ်ထဲမှ အရည်ခါးခါးတို့ကို မနည်းထိန်းကာ ပြန်မြိုချလိုက်သည်။ မသတ်မသာခံစားနေရတာကြောင့် သူမ နဖူးပေါ်ဝယ် ချွေးစေးလေးများပင် စို့နေသည်။

” အဆင်ပြေရဲ့လား … ” ရုတ်တရတ် မေးလာတဲ့ အသံတစ်ခုကြောင့် သူမမော့ကြည့်မိသည်။ သူမလို ဆံပင်နီနီတွေကို ပိုင်ဆိုင်ထားသည့် အမျိုးသားတစ်ယောက်ပင်။

” ရော့…ဒါလေးယူထားလိုက်…” တစ်ဖတ်ကလူသည် သူမထံ စတော်ဘယ်ရီနို့ဘူးလေးပေးလာသည်။ သူမ ဘာမှမတုန့်ပြန်နိုင်ခင်မှာပဲ နို့ဘူးရဲ့တံဆိပ်ကို မြင်တဲ့အခါ မျက်လုံးအစုံပြူးကျယ်သွားသည်။

ဤသို့သော နို့ဘူးတွေသည် သူမအဖမ်းခံထားရသည့် အခန်းထဲအများအပြားရှိနေခဲ့သည်။ သို့ပေသည့် အထဲက အရည်များသည် စတော်ဘယ်ရီနို့မဟုတ်ပေ။ ညှီစို့စို့သွေးပုပ်များနှင့် လောက်ကောင်များသာ။ မျက်လုံးထဲ တစ်ဖန်ပြန်ပေါ်လာတဲ့ မြင်ကွင်းတွေကြောင့် လိန်း သူမရှေ့မှ နို့ဘူးကို ပုတ်ထုတ်လိုက်သည်။ သူမတစ်ကိုယ်လုံးလည်း ကြောက်ရွံ့မှုကြောင့် တစ်ဆတ်ဆတ်တုန်နေသည်။

ထိုအခါ ရော်ဘက်ခ်သည် ‘ဟက်’ခနဲ တစ်ချက်လှောင်ရယ်သည်။ ထို့နောက်ဆောင့်ကြောင့်ထိုင်ချကာ နို့ဘူးကိုကောက်လိုက်သည်။ ထိုအနေအထားနဲ့ပင် ထိုင်ခုံမှာထိုင်နေသည့် လိန်းကို တစ်ဖန်မော့ကြည့်သည်။ လိန်း၏ မျက်လုံးစိမ်းစိမ်းလေးများသည် တုန်လှုပ်စွာနဲ့ သူ့ကို ပြန်ကြည့်နေသည်။

” ရော့ယူထား…နောက်ဆို ကိုယ်နဲ့မဆိုင်တာတွေကို သိပ်မစပ်စုနဲ့ ညီ…မ…လေး….” ရော်ဘက်ခ်သည် နို့ဘူးလေးအား လိန်းလက်ထဲထိုးပေးခဲ့ပြီး ကျောခိုင်းထွက်သွားတော့သည်။

လိန်းသည် ရော်ဘက်ခ်ပြောသွားသည့် စကားတို့၏ အဓိပ္ပာယ်ကို နားလည်လိုက်သည့်အချိန် ရော်ဘက်ခ်သည် သူမမြင်ကွင်းထဲမှ ပျောက်ကွယ်သွားပြီဖြစ်သည်။

မြို့ပြင်နားက Jeon group ၏ ခြံဝင်းတစ်ခုတွင်ဖြစ်သည်။ အချိန်အားဖြင့် မနက်လေးနာရီခန့်ရှိလေပြီ။
လသာဆောင်၌ Mr. Jordan နှင့် Mr. Vincent တို့နှစ်ယောက် စကားပြောနေကြသည်။

” မဆိုးပါဘူး ဒီမြို့လေးက အေးချမ်းသား…စီးပွါးရေး ချဲ့ထွင်သင့်လား…” Vincent သည် လက်ထဲရှိ ဝိုင်ခွက်ကို လှည့်ကစားနေရင်း ဆိုလာသည်။

” ဒီမြို့က လူသားတွေချည်းပဲ…မင်းတို့နဲ့ အဆင်ပြေမှာမဟုတ်ဘူး “

” အိုး…ငါအရမ်းသိချင်နေတာ တစ်ခုရှိတယ်။ အဲ့တာက မင်းရဲ့ ပုံစံအစစ်အမှန်ပဲ။ တကယ်ပဲ မင်းက ဘာလဲ…”

” ဘာလို့ထင်လဲ….” ဂျောင်ကုသည် မျက်ခုံးပင့်ကာ ပြန်မေးလိုက်သည့်အချိန် တစ်ဖတ်လူသည် တွေးတောနေဟန် တိတ်ဆိတ်သွားသည်။

ဂျောင်ကုသည် အဖြေပြန်မပေးတတ်တော့သည့် Vincent အားကြည့်ရင်း ခပ်တိုးတိုးရယ်သည်။ လူတွေက သူတို့ဦးနှောက်လေးနဲ့ လိုက်မမှီနိုင်တဲ့အရာတွေကို ဘာလို့အဲ့လောက်တောင်သိချင်နေရတာလဲ မသိဘူး။

” သခင်ကြီး…မမလေးကို ပြန်တွေ့ပါပြီ…”

အသံလာရာသို့ နှစ်ယောက်လုံးလှည့်ကြည့်မိသည်။ Vincent ၏ နောက်လိုက်နှစ်ယောက်နှင့် မိန်းမပျိုတစ်ဦးပင်ဖြစ်သည်။ Vincent သည် တစ်ခဏတာမျှ မင်သတ်သွားသည်။ သူမျက်စိရှေ့က မိန်းကလေးသည် သူ့ကလေးဖြစ်သော်လည်း တစ်ချိန်တည်းမှာပဲ တစ်ခုခုမှားယွင်းနေသလိုခံစားနေရသည်။ သွေးမျိုးဆက်ဆတ်သွယ်မှုလည်းမရှိသလို သူ့သမီးဆီက သွေးနံ့ကိုလည်း သူမရပေ။

ဂျောင်ကုသည်လည်း Vincentကဲ့သို့ တစ်ခုခုမှားယွင်းနေသည်ဟု ထင်နေသည်။ သူ၏မျက်လုံးများသည် အန္တရာယ်ရှိစွာ မှေးကျဉ်းသွားပြီးနောက် တစ်စုံတစ်ခုကို ရိပ်မိသွားခဲ့သည်။

” ဖေဖေ ဘာလို့လိုက်လာတာလဲ…”

” ကလေးဘာတွေဖြစ်ခဲ့တာလဲ။ ဒီဖေဖေက ကလေးကို ဆုံးရှုံးလိုက်ရပြီထင်နေတာ…” Vincent သည် မျက်ရည်များပင်ဝဲနေလျှက် ပွေ့ဖတ်ရန်ပြင်လိုက်သည်။ ထိုစဉ် ဂျောင်ကုသည် ထိုင်ခုံဘေးချထားသည် တုတ်ကောက်တစ်ခုဖြင့် Vincent ရှေ့မှာတားလိုက် နောက်ပြန်ဆုတ်ခိုင်းလိုက်သည်။

” နောက်ဆုတ်…”

ဂျောင်ကု၏ လုပ်ရပ်ကြောင့် အနီးရှိသူများအားလုံး ကြောင်အသွားသည်။

ဂျောင်ကုသည် လက်ထဲက တုတ်ကောက်ကို Vincent ၏ သမီးထံသို့ ရွယ်လိုက်ပြီး အေးစက်စက်ပြောလိုက်သည်။

” ဘာလို့ပြန်လာတာလဲ…ဒီနေရာက မင်းနဲ့မဆိုင်တော့ဘူးလေ၊ အငြိုးတွေဘယ်လောက်တောင်ကြီးမားနေလို့ ဝိညာဉ်ဖွဲ့စည်းမှုက အဲ့လောက်သိပ်သည်းနေရတာလဲ…သာမာန်လူသားတစ်ယောက်လိုလေ…”

ထိုစကားများကြားသည့်အခါ Vincent သည် ဒေါသအလိပ်လိုက်ထွက်လာသည်။

” Jordan မင်းဒါဘာစကားလဲ ဧကန္တ ငါ့သမီးပျောက်သွားတာရဲ့နောက်ကွယ်မှာ မင်းရှိနေတာလား “

” မဟုတ်တာတွေမပြောစမ်းနဲ့ မင်းသမီးကသေသွားပြီ “

” ဘာကွ…ငါ့သမီးတစ်ယောက်လုံး ငါ့အရှေ့ရောက်နေတာကို မင်းဘာခွေးစကားပြောတာလဲ “

” အဲ့တာကြောင့် မင်းရဲ့စောက်ပေါက်ကိုလည်း ပိတ်ထားလိုက်လို့ ” ဂျောင်ကုသည် ဒေါသထွက်လာပြီး ကြမ်းပြင်ကို တုတ်ကောက်နှင့်ဆောင့်ချလိုက်တဲ့အခါ ကြမ်းပြင်တစ်ခုလုံး သိမ့်ခနဲတုန်သွားသည်။ ဂျောင်ကု၏မျက်လုံးများသည် မျက်သားဖြူဖြူတို့ကပျောက်ဆုံးသွားပြီး မည်းနက်နေသည်။ အနီးရှိလေထုသည် ပိုမိုအေးစက်လာကာ ဖိနှိပ်မှုပိုများလာသည်။

” မင်း…” ကြောက်စရာအသံနက်ကြီးဖြင့် တုတ်ကောက်ပြန်ရွယ်လာသည့် ဂျောင်ကုကြောင့် မိန်းကလေးသည် ကျောထဲထိအေးစိမ့်သွားသည်။

” ငါဒီလောက်ပြောနေတာတောင် မင်းဘယ်လိုသေခဲ့လဲမမှတ်မိသေးဘူးလား ဟမ်။ မင်းမှာ နာကျင်မှုကို မခံစားရဘူး၊ ခန္ဓာကိုယ်ကလည်း အရင်ကထက် ပိုပြီးပေါ့ပါးနေတယ်၊ အချိန်တစ်ခုအထိ မှတ်ဉာဏ်တွေကို မမှတ်မိဘူး၊ ဒီလောကနဲ့မဆိုင်တဲ့ အခြားသူတွေကိုပါ မင်းမြင်နေရတယ် “

ဂျောင်ကု၏ အဆတ်မပြတ် ထိုးနှတ်မှုအောက်မှာ တစ်ဖတ်က မိန်းကလေးသည် ခေါင်းတစ်ယမ်းယမ်းဖြင့် ငိုကြွေးလာသည်။ အဘယ်ကြောင့်ဆိုတော့ ဂျောင်ကုပြောသမျှကို အကုန်မှန်နေသောကြောင့်ပင်။

တစ်ချိန်တည်းမှာပင် သူမ ဘယ်လိုသေဆုံးခဲ့ရလဲဆိုတာကိုပါ မှတ်မိလာခဲ့သည်။ ထိုနေ့က လူသားဖြစ်တဲ့ သူမချစ်သူအကြောင်းကို ဖခင်အားပြောပြသည့်အခါ ဖခင်သည်လက်မခံပေ။ သွေးသန့်ဖြစ်တဲ့အလျှောက် သွေးသန့်နှင့်ပဲ လက်ထပ်ရမည်ဟုဆိုသည်။ ထို့ကြောင့် သူမစိတ်ဆိုးဆိုးဖြင့် အိမ်မှထွက်ပြေးလာကာ ချစ်သူရှိရာ Adryan မြို့သို့ထွက်လာသည်။

ဒါပေမယ့်…ဒါပေမယ့် ဘာလို့လဲ။ သူမရဲ့ မှတ်ဉာဏ်တွေကိုတောင် သူမ မယုံချင်ရဲပါ။ သူမရဲ့ ချစ်သူသည် သူမကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်။ သူမမှာ သွေးသန့်ဖြစ်သည့်အလျှောက် အင်အားကြီးသော်လည်း သူမချစ်သူသည် သူမထက်ကို ပိုပြီးအင်အားကြီးနေသေးသည်။

သူမခြေထောက်ကို ရိုက်ချိုးပြီးမှ ထွက်ပြေးခိုင်းခဲ့သည့်ပုံမှာ ကစားတစ်ခုကို ကစားနေသကဲ့သို့ပင်။ အရှင်လတ်လတ် ဦးခေါင်းတစ်ခုလုံးကို ကြေမွသွားအောင် တူနှင့်ထုရိုက်ခဲ့ပြီးမှ အတ်ဆစ်နဲ့ လောင်းချခဲ့သည်။ သူမမသေဆုံးခင်က ကြားလိုက်ရသည့် စကားသည် သူမနားထဲက အခုထိမထွက်သေးပေ။

‘မင်းတို့ဖုတ်ကောင်တစ်မိသားစုလုံး သေသင့်တယ်…မဟုတ်ဘူး အဲ့တာကအေးချမ်းနေဦးမယ်။ ငါက အရှင်လတ်လတ် ငရဲပို့ပေးမှာ…’

” မဟုတ်ဘူး…မဟုတ်ဘူး…ဒါတွေက အမှန်မဟူတ်ဘူး! ” မိန်းကလေးသည် အမှန်တရားကို လက်မခံနိုင်သည့်အခါ အတင်းငြင်းဆန်တော့သည်။ ထိုစဉ် သူမ၏ လူသားအသွင်သည် ပျောက်ကွယ်သွားကာ ခေါင်းတစ်ခြမ်းက ရစရာမရှိအောင်ကြေမွှနေ၍ ဦးနှောက်များပင် အပြင်သို့ ယိုစီးနေသည့် ကြောက်စရာအသွင်သည် ပေါ်လာသည်။

ဝတ်ထားသည့်အနီရောင်ဂါဝန်သည် သွေးများကို ဖုံးကွယ်ပေးထားသော်လည်း လှပတဲ့ ငွေမင်ရောင် ဆံနွယ်တို့သည် သွေးများဖြင့် အကျည်းတန်စရာကောင်းနေသည်။

Vincent သည်လည်း သမီးဖြစ်သူရဲ့ အဖြစ်ကို မြင်သည့်အခါ ရင်ကျိုးရလေ၏။ ဘယ်သူကများ ဒီလိုလုပ်ရက်နိုင်ရတာလဲ။ Vincent ၏ နီဆွေးဆွေးနှုတ်ခမ်းပါးတစ်စုံသည် တုန်ရီလာသည်။

” ကလေး…” Vincent သည် ဝမ်းနည်းစွာခေါ်လိုက်သည်။ ထို့နောက် သူ့သမီးကို ပွေ့ဖတ်ဖို့ရာ ပြင်လိုက်သော်လည်း သမီးဖြစ်သူသည် သူ့ကို ရှောင်တိမ်းသွားသည်။ ထို့နောက် မီးစကလေးများသည် သမီးဖြစ်သူရဲ့ ဝိညာဉ်ပေါ်မှာ ပေါ်လာကာ စတင်လောင်ကျွမ်းတော့သည်။

” ဆံနီနဲ့တစ်ယောက်ကိုရှာ…” ဝိညာဉ်သည် အလုံးစုံလောင်ကျွမ်း မပျောက်ကွယ်သွားခင် မိန်းကလေးသည် ထိုသို့ပြောသွားသည်။

ပြာမှုန်လေးတွေတောင် မကျန်တော့ဘဲ လောင်ကျွမ်းပျောက်ကွယ်သွားတဲ့ သမီးဖြစ်သူကို ကြည့်ရင်း Vincent သည် ထိုနေရာမှာပင် အရုပ်ကြိုးပျက်လဲကျသွားတော့သည်။ မျက်ဝန်းနီဆွေးဆွေးများသည် ဝမ်းနည်းမှုကြောင့် အရည်ကြည်လဲ့လာသည်။

” ငါ့ကလေးပြောသွားတာကြားလား ဆံပင်နီနဲ့တစ်ယောက်ကိုရှာတဲ့…ဒီမြို့မှာရှိတဲ့ ဆံနီတွေအားလုံးကို စုံစမ်းခဲ့…” လူသည် အပြိုပြိုအလဲလဲဖြစ်နေသောလည်း အသံသည် တည်ငြိမ်ခတ်ထန်ကာ သြဇာလွှမ်းမိုးမှုအပြည့်ပင်။

လူသတ်သမားသည် သေချာပေါက် ပြန်ပေးဆပ်ရမည်။ သူ့ကလေးသာ သေသွားပြီဆိုလျှင် သူ၏ သွေးမျိုးဆက်ကို မည်သူက ဆက်ခံပါတော့မလဲ။ သွေးသန့်များသည် ကလေးမမွေးနိုင်ကြပေ။ အကယ်၍ သွေးမွေးဆတ်လိုချင်လျှင် လူသားတစ်ဦးကို Vampire အသွင်ပြောင်းပေးရမည်။ ထိုသို့ပြောင်းရာတွင်လည်း အောင်မြင်နိုင်ချေနည်းလွန်းသည်။ အကယ်၍ သွေးမျိုးဆက်သေဆုံးသွားလျှင် နောက်ထပ်သွေးမျိုးဆက်ရှိလာတော့မည်မဟုတ်ပေ။

ဆေးရုံတွင် ထယ်ယောင်းသည် ဟိုစပ်စပ် ဒီစပ်စပ် ကိစ္စလေးတွေကြောင့် တစ်ညလုံးမအိပ်ရသေးပေ။ ရော်ဘက်ခ်ကတော့ လူနာစောင့်မဟုတ်သည့်အလား သိုးနေအောင်အိပ်နေသည်။ အပြင်ဘက်တွင် အမှောင်ထုရှိနေသေးတာကြောင့် ထယ်ယောင်း နာရီတစ်ချက်ကြည့်မိသည်။ မနက်လေးနာရီခွဲသာရှိသေးသည်။

ပြန်အိပ်ဖို့ပြင်လိုက်ပြီ မကြာလိုက်ပါ သူမှေးခနဲအိပ်ပျော်သွားသည်။ သို့သော်လည်း ကျောဘက်က အေးစက်စက်အထိအတွေ့ကြောင့် သူပြန်နိုးလာပြန်သည်။ နာရီကို လှမ်းကြည့်တဲ့အခါ ငါးနာရီသာရှိသေးသည်။ ထယ်ယောင်းနောက်သို့လှည့်လိုက်သည့်အခါ တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းထကာ ခေါင်းနပန်းကြီးသွားသည်။

ပြတင်းပေါက်အပြင်ဘက်မှ အမျိုးသမီးတစ်ယောက်သည် သူ့ကို လက်ပြနှုတ်ဆတ်နေသည်။ သို့သော် သူ့အခန်းသည် ကိုးထပ်အမြှင့်မှာပင်။

အမျိုးသမီးသည် ကောက်ရိုးပုံကဲ့သို့ ဆံပင်ဖွာစုတ်စုတ်နှင့် လည်ပင်းနဲ့ ခန္ဓာကိုယ်မှာ မကြာခင်ပြတ်ထွက်သွားတော့မလို တည်းတည်းကလေးသာ ဆက်နေသည်။ ဗိုက်မှာလည်း ထိုကဲ့သို့ ပြတ်ရှရာတစ်ခုရှိရင် အူများသည် အခွေလိုက် အပြင်သို့ထွက်နေသည်။

ထယ်ယောင်း ကြည့်နေရင်းပင် ထိုအမျိုးသမီးသည် မှန်ပြတင်းပေါက်ကို ဖွင့်လျှက် အထဲသို့ ကုန်းကုန်းကွကွဝင်ရောက်လာသည်။ ခြေတံလက်တံများသည် သာမာန်လူထက်ရှည်ထွက်နေ၏။

ထယ်ယောင်း ပိုပြီးတုန်လှုပ်သွားသည်မှာ သူတစ်ကိုယ်လုံးသည် တစ်ယောက်ယောက်က တပ်ဖိထားသကဲ့သို့ လှုပ်လို့မရချေ။ စကားလုံးတို့သည်လည်း လည်ချောင်းဝတွင်သာ ပျောက်ကွယ်သွားကာ အသံထွက်မလာချေ။

_______

Zawkyi

လိန္း ျပင္ပလူနာေဆာင္မွာ ရွိေနစဥ္ မိန္းကေလးတစ္ေယာက္သည္ ယိုင္နဲ႕နဲ႕ ေျခလွမ္းမ်ားျဖင့္ သူမေရွ႕မွ ျဖတ္ေလွ်ာက္ကာ ေဆး႐ုံအတြင္းသို႔ဝင္လာသည္။ လိန္း တစ္စုံတစ္ခုကို သတိရသြားတာေၾကာင့္ အၾကည့္တို႔သည္ ေအးခဲသြားသည္။

မိန္းကေလးသည္ ေငြမင္ေရာင္ ဆံႏြယ္ရွည္ေတြကို ပိုင္ဆိုင္ထားၿပီး နီေစြးေစြးမ်က္ဝန္းတစ္စုံရွိသည္။ အနီေရာင္ ခ်စ္စရာဂါဝန္ရွည္ေလးကို ဝတ္ဆင္ထားသည္။ တစ္နည္းေျပာရလွ်င္ လြန္ခဲ့တဲ့ညက လူသတ္သမားလက္ထဲ အသတ္ခံခဲ့ရသည့္ မိန္းကေလးပုံစံႏွင့္ တစ္ပုံစံထဲပင္။

အေတြးတို႔သည္ လူသတ္သမားအေၾကာင္းေတြးမိတဲ့အခါ ေၾကာက္႐ြံ႕ျခင္းက သူမကို စတင္ဝါးၿမိဳလာသည္။ အသက္မေသ႐ုံတမယ္ လြတ္ေျမာက္လာေပမယ့္ ငရဲခန္းထဲမွာ ပိတ္မိေနခဲ့တဲ့တစ္ရက္တာက သူမအတြက္ေတာ့ အိမ္မက္ဆိုးႀကီးပင္။ နံရံေတြေပၚမွာ ခ်ိတ္ထားတဲ့ လူေသေတြရဲ႕ဓာတ္ပုံေတြ၊ ေရခဲေသတၱာထဲကလူ႕ခႏၶာအစိတ္အပိုင္းေတြ၊ ေဆးေတြ၊ အက္ဆစ္ေတြ၊ ေဆးစိမ္ထားတဲ့ အမည္မသိအရာေတြ၊ စိမ္း႐ႊင္႐ႊင္အနံအသတ္ေတြ….။

လိန္းတစ္ေယာက္ ေတြးရင္း ေတြးရင္းနဲ႕ပင္ ေအာဂလီဆန္ကာ ပ်ိဳ႕တက္လာသည္။ အလွ်င္အျမန္ ပါးစပ္ကို လက္ႏွင့္ပိတ္ကာ ပ်ိဳ႕တက္လာတဲ့ အစာအိမ္ထဲမွ အရည္ခါးခါးတို႔ကို မနည္းထိန္းကာ ျပန္ၿမိဳခ်လိဳက္သည္။ မသတ္မသာခံစားေနရတာေၾကာင့္ သူမ နဖူးေပၚဝယ္ ေခြၽးေစးေလးမ်ားပင္ စို႔ေနသည္။

” အဆင္ေျပရဲ႕လား … ” ႐ုတ္တရတ္ ေမးလာတဲ့ အသံတစ္ခုေၾကာင့္ သူမေမာ့ၾကည့္မိသည္။ သူမလို ဆံပင္နီနီေတြကို ပိုင္ဆိုင္ထားသည့္ အမ်ိဳးသားတစ္ေယာက္ပင္။

” ေရာ့…ဒါေလးယူထားလိုက္…” တစ္ဖတ္ကလူသည္ သူမထံ စေတာ္ဘယ္ရီနို႔ဘူးေလးေပးလာသည္။ သူမ ဘာမွမတုန့္ျပန္နိုင္ခင္မွာပဲ နို႔ဘူးရဲ႕တံဆိပ္ကို ျမင္တဲ့အခါ မ်က္လုံးအစုံျပဴးက်ယ္သြားသည္။

ဤသို႔ေသာ နို႔ဘူးေတြသည္ သူမအဖမ္းခံထားရသည့္ အခန္းထဲအမ်ားအျပားရွိေနခဲ့သည္။ သို႔ေပသည့္ အထဲက အရည္မ်ားသည္ စေတာ္ဘယ္ရီနို႔မဟုတ္ေပ။ ညွီစို႔စို႔ေသြးပုပ္မ်ားႏွင့္ ေလာက္ေကာင္မ်ားသာ။ မ်က္လုံးထဲ တစ္ဖန္ျပန္ေပၚလာတဲ့ ျမင္ကြင္းေတြေၾကာင့္ လိန္း သူမေရွ႕မွ နို႔ဘူးကို ပုတ္ထုတ္လိုက္သည္။ သူမတစ္ကိုယ္လုံးလည္း ေၾကာက္႐ြံ႕မႈေၾကာင့္ တစ္ဆတ္ဆတ္တုန္ေနသည္။

ထိုအခါ ေရာ္ဘက္ခ္သည္ ‘ဟက္’ခနဲ တစ္ခ်က္ေလွာင္ရယ္သည္။ ထို႔ေနာက္ေဆာင့္ေၾကာင့္ထိုင္ခ်ကာ နို႔ဘူးကိုေကာက္လိုက္သည္။ ထိုအေနအထားနဲ႕ပင္ ထိုင္ခုံမွာထိုင္ေနသည့္ လိန္းကို တစ္ဖန္ေမာ့ၾကည့္သည္။ လိန္း၏ မ်က္လုံးစိမ္းစိမ္းေလးမ်ားသည္ တုန္လႈပ္စြာနဲ႕ သူ႕ကို ျပန္ၾကည့္ေနသည္။

” ေရာ့ယူထား…ေနာက္ဆို ကိုယ္နဲ႕မဆိုင္တာေတြကို သိပ္မစပ္စုနဲ႕ ညီ…မ…ေလး….” ေရာ္ဘက္ခ္သည္ နို႔ဘူးေလးအား လိန္းလက္ထဲထိုးေပးခဲ့ၿပီး ေက်ာခိုင္းထြက္သြားေတာ့သည္။

လိန္းသည္ ေရာ္ဘက္ခ္ေျပာသြားသည့္ စကားတို႔၏ အဓိပၸာယ္ကို နားလည္လိုက္သည့္အခ်ိန္ ေရာ္ဘက္ခ္သည္ သူမျမင္ကြင္းထဲမွ ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။

ၿမိဳ႕ျပင္နားက Jeon group ၏ ၿခံဝင္းတစ္ခုတြင္ျဖစ္သည္။ အခ်ိန္အားျဖင့္ မနက္ေလးနာရီခန့္ရွိေလၿပီ။
လသာေဆာင္၌ Mr. Jordan ႏွင့္ Mr. Vincent တို႔ႏွစ္ေယာက္ စကားေျပာေနၾကသည္။

” မဆိုးပါဘူး ဒီၿမိဳ႕ေလးက ေအးခ်မ္းသား…စီးပြါးေရး ခ်ဲ့ထြင္သင့္လား…” Vincent သည္ လက္ထဲရွိ ဝိုင္ခြက္ကို လွည့္ကစားေနရင္း ဆိုလာသည္။

” ဒီၿမိဳ႕က လူသားေတြခ်ည္းပဲ…မင္းတို႔နဲ႕ အဆင္ေျပမွာမဟုတ္ဘူး “

” အိုး…ငါအရမ္းသိခ်င္ေနတာ တစ္ခုရွိတယ္။ အဲ့တာက မင္းရဲ႕ ပုံစံအစစ္အမွန္ပဲ။ တကယ္ပဲ မင္းက ဘာလဲ…”

” ဘာလို႔ထင္လဲ….” ေဂ်ာင္ကုသည္ မ်က္ခုံးပင့္ကာ ျပန္ေမးလိုက္သည့္အခ်ိန္ တစ္ဖတ္လူသည္ ေတြးေတာေနဟန္ တိတ္ဆိတ္သြားသည္။

ေဂ်ာင္ကုသည္ အေျဖျပန္မေပးတတ္ေတာ့သည့္ Vincent အားၾကည့္ရင္း ခပ္တိုးတိုးရယ္သည္။ လူေတြက သူတို႔ဦးေႏွာက္ေလးနဲ႕ လိုက္မမွီနိုင္တဲ့အရာေတြကို ဘာလို႔အဲ့ေလာက္ေတာင္သိခ်င္ေနရတာလဲ မသိဘူး။

” သခင္ႀကီး…မမေလးကို ျပန္ေတြ႕ပါၿပီ…”

အသံလာရာသို႔ ႏွစ္ေယာက္လုံးလွည့္ၾကည့္မိသည္။ Vincent ၏ ေနာက္လိုက္ႏွစ္ေယာက္ႏွင့္ မိန္းမပ်ိဳတစ္ဦးပင္ျဖစ္သည္။ Vincent သည္ တစ္ခဏတာမွ် မင္သတ္သြားသည္။ သူမ်က္စိေရွ႕က မိန္းကေလးသည္ သူ႕ကေလးျဖစ္ေသာ္လည္း တစ္ခ်ိန္တည္းမွာပဲ တစ္ခုခုမွားယြင္းေနသလိုခံစားေနရသည္။ ေသြးမ်ိဳးဆက္ဆတ္သြယ္မႈလည္းမရွိသလို သူ႕သမီးဆီက ေသြးနံ႕ကိုလည္း သူမရေပ။

ေဂ်ာင္ကုသည္လည္း Vincentကဲ့သို႔ တစ္ခုခုမွားယြင္းေနသည္ဟု ထင္ေနသည္။ သူ၏မ်က္လုံးမ်ားသည္ အႏၲရာယ္ရွိစြာ ေမွးက်ဥ္းသြားၿပီးေနာက္ တစ္စုံတစ္ခုကို ရိပ္မိသြားခဲ့သည္။

” ေဖေဖ ဘာလို႔လိုက္လာတာလဲ…”

” ကေလးဘာေတြျဖစ္ခဲ့တာလဲ။ ဒီေဖေဖက ကေလးကို ဆုံးရႈံးလိုက္ရၿပီထင္ေနတာ…” Vincent သည္ မ်က္ရည္မ်ားပင္ဝဲေနလွ်က္ ေပြ႕ဖတ္ရန္ျပင္လိုက္သည္။ ထိုစဥ္ ေဂ်ာင္ကုသည္ ထိုင္ခုံေဘးခ်ထားသည္ တုတ္ေကာက္တစ္ခုျဖင့္ Vincent ေရွ႕မွာတားလိုက္ ေနာက္ျပန္ဆုတ္ခိုင္းလိုက္သည္။

” ေနာက္ဆုတ္…”

ေဂ်ာင္ကု၏ လုပ္ရပ္ေၾကာင့္ အနီးရွိသူမ်ားအားလုံး ေၾကာင္အသြားသည္။

ေဂ်ာင္ကုသည္ လက္ထဲက တုတ္ေကာက္ကို Vincent ၏ သမီးထံသို႔ ႐ြယ္လိုက္ၿပီး ေအးစက္စက္ေျပာလိုက္သည္။

” ဘာလို႔ျပန္လာတာလဲ…ဒီေနရာက မင္းနဲ႕မဆိုင္ေတာ့ဘူးေလ၊ အၿငိဳးေတြဘယ္ေလာက္ေတာင္ႀကီးမားေနလို႔ ဝိညာဥ္ဖြဲ႕စည္းမႈက အဲ့ေလာက္သိပ္သည္းေနရတာလဲ…သာမာန္လူသားတစ္ေယာက္လိုေလ…”

ထိုစကားမ်ားၾကားသည့္အခါ Vincent သည္ ေဒါသအလိပ္လိုက္ထြက္လာသည္။

” Jordan မင္းဒါဘာစကားလဲ ဧကႏၲ ငါ့သမီးေပ်ာက္သြားတာရဲ႕ေနာက္ကြယ္မွာ မင္းရွိေနတာလား “

” မဟုတ္တာေတြမေျပာစမ္းနဲ႕ မင္းသမီးကေသသြားၿပီ “

” ဘာကြ…ငါ့သမီးတစ္ေယာက္လုံး ငါ့အေရွ႕ေရာက္ေနတာကို မင္းဘာေခြးစကားေျပာတာလဲ “

” အဲ့တာေၾကာင့္ မင္းရဲ႕ေစာက္ေပါက္ကိုလည္း ပိတ္ထားလိုက္လို႔ ” ေဂ်ာင္ကုသည္ ေဒါသထြက္လာၿပီး ၾကမ္းျပင္ကို တုတ္ေကာက္ႏွင့္ေဆာင့္ခ်လိဳက္တဲ့အခါ ၾကမ္းျပင္တစ္ခုလုံး သိမ့္ခနဲတုန္သြားသည္။ ေဂ်ာင္ကု၏မ်က္လုံးမ်ားသည္ မ်က္သားျဖဴျဖဴတို႔ကေပ်ာက္ဆုံးသြားၿပီး မည္းနက္ေနသည္။ အနီးရွိေလထုသည္ ပိုမိုေအးစက္လာကာ ဖိႏွိပ္မႈပိုမ်ားလာသည္။

” မင္း…” ေၾကာက္စရာအသံနက္ႀကီးျဖင့္ တုတ္ေကာက္ျပန္႐ြယ္လာသည့္ ေဂ်ာင္ကုေၾကာင့္ မိန္းကေလးသည္ ေက်ာထဲထိေအးစိမ့္သြားသည္။

” ငါဒီေလာက္ေျပာေနတာေတာင္ မင္းဘယ္လိုေသခဲ့လဲမမွတ္မိေသးဘူးလား ဟမ္။ မင္းမွာ နာက်င္မႈကို မခံစားရဘူး၊ ခႏၶာကိုယ္ကလည္း အရင္ကထက္ ပိုၿပီးေပါ့ပါးေနတယ္၊ အခ်ိန္တစ္ခုအထိ မွတ္ဉာဏ္ေတြကို မမွတ္မိဘူး၊ ဒီေလာကနဲ႕မဆိုင္တဲ့ အျခားသူေတြကိုပါ မင္းျမင္ေနရတယ္ “

ေဂ်ာင္ကု၏ အဆတ္မျပတ္ ထိုးႏွတ္မႈေအာက္မွာ တစ္ဖတ္က မိန္းကေလးသည္ ေခါင္းတစ္ယမ္းယမ္းျဖင့္ ငိုေႂကြးလာသည္။ အဘယ္ေၾကာင့္ဆိုေတာ့ ေဂ်ာင္ကုေျပာသမွ်ကို အကုန္မွန္ေနေသာေၾကာင့္ပင္။

တစ္ခ်ိန္တည္းမွာပင္ သူမ ဘယ္လိုေသဆုံးခဲ့ရလဲဆိုတာကိုပါ မွတ္မိလာခဲ့သည္။ ထိုေန႕က လူသားျဖစ္တဲ့ သူမခ်စ္သူအေၾကာင္းကို ဖခင္အားေျပာျပသည့္အခါ ဖခင္သည္လက္မခံေပ။ ေသြးသန့္ျဖစ္တဲ့အေလွ်ာက္ ေသြးသန့္ႏွင့္ပဲ လက္ထပ္ရမည္ဟုဆိုသည္။ ထို႔ေၾကာင့္ သူမစိတ္ဆိုးဆိုးျဖင့္ အိမ္မွထြက္ေျပးလာကာ ခ်စ္သူရွိရာ Adryan ၿမိဳ႕သို႔ထြက္လာသည္။

ဒါေပမယ့္…ဒါေပမယ့္ ဘာလို႔လဲ။ သူမရဲ႕ မွတ္ဉာဏ္ေတြကိုေတာင္ သူမ မယုံခ်င္ရဲပါ။ သူမရဲ႕ ခ်စ္သူသည္ သူမကို ရက္ရက္စက္စက္သတ္ျဖတ္ခဲ့သည္။ သူမမွာ ေသြးသန့္ျဖစ္သည့္အေလွ်ာက္ အင္အားႀကီးေသာ္လည္း သူမခ်စ္သူသည္ သူမထက္ကို ပိုၿပီးအင္အားႀကီးေနေသးသည္။

သူမေျခေထာက္ကို ရိုက္ခ်ိဳးၿပီးမွ ထြက္ေျပးခိုင္းခဲ့သည့္ပုံမွာ ကစားတစ္ခုကို ကစားေနသကဲ့သို႔ပင္။ အရွင္လတ္လတ္ ဦးေခါင္းတစ္ခုလုံးကို ေၾကမြသြားေအာင္ တူႏွင့္ထုရိုက္ခဲ့ၿပီးမွ အတ္ဆစ္နဲ႕ ေလာင္းခ်ခဲ့သည္။ သူမမေသဆုံးခင္က ၾကားလိုက္ရသည့္ စကားသည္ သူမနားထဲက အခုထိမထြက္ေသးေပ။

‘မင္းတို႔ဖုတ္ေကာင္တစ္မိသားစုလုံး ေသသင့္တယ္…မဟုတ္ဘူး အဲ့တာကေအးခ်မ္းေနဦးမယ္။ ငါက အရွင္လတ္လတ္ ငရဲပို႔ေပးမွာ…’

” မဟုတ္ဘူး…မဟုတ္ဘူး…ဒါေတြက အမွန္မဟူတ္ဘူး! ” မိန္းကေလးသည္ အမွန္တရားကို လက္မခံနိုင္သည့္အခါ အတင္းျငင္းဆန္ေတာ့သည္။ ထိုစဥ္ သူမ၏ လူသားအသြင္သည္ ေပ်ာက္ကြယ္သြားကာ ေခါင္းတစ္ျခမ္းက ရစရာမရွိေအာင္ေၾကမႊေန၍ ဦးေႏွာက္မ်ားပင္ အျပင္သို႔ ယိုစီးေနသည့္ ေၾကာက္စရာအသြင္သည္ ေပၚလာသည္။

ဝတ္ထားသည့္အနီေရာင္ဂါဝန္သည္ ေသြးမ်ားကို ဖုံးကြယ္ေပးထားေသာ္လည္း လွပတဲ့ ေငြမင္ေရာင္ ဆံႏြယ္တို႔သည္ ေသြးမ်ားျဖင့္ အက်ည္းတန္စရာေကာင္းေနသည္။

Vincent သည္လည္း သမီးျဖစ္သူရဲ႕ အျဖစ္ကို ျမင္သည့္အခါ ရင္က်ိဳးရေလ၏။ ဘယ္သူကမ်ား ဒီလိုလုပ္ရက္နိုင္ရတာလဲ။ Vincent ၏ နီေဆြးေဆြးႏႈတ္ခမ္းပါးတစ္စုံသည္ တုန္ရီလာသည္။

” ကေလး…” Vincent သည္ ဝမ္းနည္းစြာေခၚလိုက္သည္။ ထို႔ေနာက္ သူ႕သမီးကို ေပြ႕ဖတ္ဖို႔ရာ ျပင္လိုက္ေသာ္လည္း သမီးျဖစ္သူသည္ သူ႕ကို ေရွာင္တိမ္းသြားသည္။ ထို႔ေနာက္ မီးစကေလးမ်ားသည္ သမီးျဖစ္သူရဲ႕ ဝိညာဥ္ေပၚမွာ ေပၚလာကာ စတင္ေလာင္ကြၽမ္းေတာ့သည္။

” ဆံနီနဲ႕တစ္ေယာက္ကိုရွာ…” ဝိညာဥ္သည္ အလုံးစုံေလာင္ကြၽမ္း မေပ်ာက္ကြယ္သြားခင္ မိန္းကေလးသည္ ထိုသို႔ေျပာသြားသည္။

ျပာမႈန္ေလးေတြေတာင္ မက်န္ေတာ့ဘဲ ေလာင္ကြၽမ္းေပ်ာက္ကြယ္သြားတဲ့ သမီးျဖစ္သူကို ၾကည့္ရင္း Vincent သည္ ထိုေနရာမွာပင္ အ႐ုပ္ႀကိဳးပ်က္လဲက်သြားေတာ့သည္။ မ်က္ဝန္းနီေဆြးေဆြးမ်ားသည္ ဝမ္းနည္းမႈေၾကာင့္ အရည္ၾကည္လဲ့လာသည္။

” ငါ့ကေလးေျပာသြားတာၾကားလား ဆံပင္နီနဲ႕တစ္ေယာက္ကိုရွာတဲ့…ဒီၿမိဳ႕မွာရွိတဲ့ ဆံနီေတြအားလုံးကို စုံစမ္းခဲ့…” လူသည္ အၿပိဳၿပိဳအလဲလဲျဖစ္ေနေသာလည္း အသံသည္ တည္ၿငိမ္ခတ္ထန္ကာ ၾသဇာလႊမ္းမိုးမႈအျပည့္ပင္။

လူသတ္သမားသည္ ေသခ်ာေပါက္ ျပန္ေပးဆပ္ရမည္။ သူ႕ကေလးသာ ေသသြားၿပီဆိုလွ်င္ သူ၏ ေသြးမ်ိဳးဆက္ကို မည္သူက ဆက္ခံပါေတာ့မလဲ။ ေသြးသန့္မ်ားသည္ ကေလးမေမြးနိုင္ၾကေပ။ အကယ္၍ ေသြးေမြးဆတ္လိုခ်င္လွ်င္ လူသားတစ္ဦးကို Vampire အသြင္ေျပာင္းေပးရမည္။ ထိုသို႔ေျပာင္းရာတြင္လည္း ေအာင္ျမင္နိုင္ေခ်နည္းလြန္းသည္။ အကယ္၍ ေသြးမ်ိဳးဆက္ေသဆုံးသြားလွ်င္ ေနာက္ထပ္ေသြးမ်ိဳးဆက္ရွိလာေတာ့မည္မဟုတ္ေပ။

ေဆး႐ုံတြင္ ထယ္ေယာင္းသည္ ဟိုစပ္စပ္ ဒီစပ္စပ္ ကိစၥေလးေတြေၾကာင့္ တစ္ညလုံးမအိပ္ရေသးေပ။ ေရာ္ဘက္ခ္ကေတာ့ လူနာေစာင့္မဟုတ္သည့္အလား သိုးေနေအာင္အိပ္ေနသည္။ အျပင္ဘက္တြင္ အေမွာင္ထုရွိေနေသးတာေၾကာင့္ ထယ္ေယာင္း နာရီတစ္ခ်က္ၾကည့္မိသည္။ မနက္ေလးနာရီခြဲသာရွိေသးသည္။

ျပန္အိပ္ဖို႔ျပင္လိုက္ၿပီ မၾကာလိုက္ပါ သူေမွးခနဲအိပ္ေပ်ာ္သြားသည္။ သို႔ေသာ္လည္း ေက်ာဘက္က ေအးစက္စက္အထိအေတြ႕ေၾကာင့္ သူျပန္နိုးလာျပန္သည္။ နာရီကို လွမ္းၾကည့္တဲ့အခါ ငါးနာရီသာရွိေသးသည္။ ထယ္ေယာင္းေနာက္သို႔လွည့္လိုက္သည့္အခါ တစ္ကိုယ္လုံးၾကက္သီးေမႊးညွင္းထကာ ေခါင္းနပန္းႀကီးသြားသည္။

ျပတင္းေပါက္အျပင္ဘက္မွ အမ်ိဳးသမီးတစ္ေယာက္သည္ သူ႕ကို လက္ျပႏႈတ္ဆတ္ေနသည္။ သို႔ေသာ္ သူ႕အခန္းသည္ ကိုးထပ္အျမႇင့္မွာပင္။

အမ်ိဳးသမီးသည္ ေကာက္ရိုးပုံကဲ့သို႔ ဆံပင္ဖြာစုတ္စုတ္ႏွင့္ လည္ပင္းနဲ႕ ခႏၶာကိုယ္မွာ မၾကာခင္ျပတ္ထြက္သြားေတာ့မလို တည္းတည္းကေလးသာ ဆက္ေနသည္။ ဗိုက္မွာလည္း ထိုကဲ့သို႔ ျပတ္ရွရာတစ္ခုရွိရင္ အူမ်ားသည္ အေခြလိုက္ အျပင္သို႔ထြက္ေနသည္။

ထယ္ေယာင္း ၾကည့္ေနရင္းပင္ ထိုအမ်ိဳးသမီးသည္ မွန္ျပတင္းေပါက္ကို ဖြင့္လွ်က္ အထဲသို႔ ကုန္းကုန္းကြကြဝင္ေရာက္လာသည္။ ေျခတံလက္တံမ်ားသည္ သာမာန္လူထက္ရွည္ထြက္ေန၏။

ထယ္ေယာင္း ပိုၿပီးတုန္လႈပ္သြားသည္မွာ သူတစ္ကိုယ္လုံးသည္ တစ္ေယာက္ေယာက္က တပ္ဖိထားသကဲ့သို႔ လႈပ္လို႔မရေခ်။ စကားလုံးတို႔သည္လည္း လည္ေခ်ာင္းဝတြင္သာ ေပ်ာက္ကြယ္သြားကာ အသံထြက္မလာေခ်။

_______

Comments for chapter "Chapter 15"

0 0 votes
Article Rating
Subscribe
Notify of
guest
0 Comments
Oldest
Newest Most Voted