Chapter 16
Unicode
ပြတင်းပေါက်မှ ထိုအရာသည် လေးဘက်ကုန်းကြီးဖြင့် တစ်လှမ်းချင်းတစ်လှမ်းချင်းလာနေသည်။ ဗိုက်ထဲမှ အူအခွေလိုက်နှင့် အဆီဖတ်အသားဖတ်တို့သည် ကြမ်းပြင်ပေါ်၌ တစ်ဖတ်ချင်းကျကျန်နေသည်။
ထိုအရာသည် ပတ်လတ်အိပ်နေသော ထယ်ယောင်း၏ ဗိုက်ပေါ်သို့တက်လာသည်။ အပုပ်နံ့သည် မသတီစရာကောင်းလောက်အောင် လှိုင်ထွက်နေသည်။ ဗိုက်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီးနောက် မျက်လုံးပြူးပြူးကြီးများနှင့် ထယ်ယောင်းကို ငုံ့ကြည့်လာပြီး ကြောက်စရာကောင်းလောက်အောင် ရယ်ပြလာသည်။
ပြာအဲ့အဲ့နှုတ်ခမ်းသားတို့နဲ့ ဟလိုက်သည့်အချိန် ပါးစပ်ထဲမှ သွေးပုပ်များသည် ထယ်ယောင်း ပါးပေါ်သို့ ဘက်ခနဲ ကျလာသည်။ ထယ်ယောင်း ရွံရှာစွာ တစ်ချက်တွန့်သွားသည်။ ဘယ်လိုတောင် မုန်းစရာကောင်းလိုက်တဲ့ အခြေအနေကြီးလဲ။ သူဘယ်လောက်ပဲကြိုးစားပါစေ လည်ချောင်းမှအသံမထွက်လာသလို ခန္ဓာကိုယ်ကလည်း ကျောက်ရုပ်ကဲ့သို့ မလှုပ်နိုင်ဘဲရှိလေ၏။
ထိုအရာကြီးသည် ထယ်ယောင်း၏ ပါးပေါ်က သွေးပုပ်မည်းမည်းများကို ပြာအဲ့အဲ့လျှာကြီးဖြင့် ကုန်းလျှက်လာ၏။ ထယ်ယောင်း၏ မျက်နှာသည်လည်း အလွန်ရှုံ့မဲ့နေပြီ။ သူ့မျက်နှာပေါ် ပြေးလွှားနေသည့် လျှာကြီးကို နှုတ်နှုတ်စင်းပစ်ချင်စိတ်တို့သည် တစ်ဖွားဖွားပင်။
ထိုစဉ် သူပြေးသတိရသည်က Jordan ပင်။ Jordan သာ ဒီဆေးရုံမှာရှိနေရင် ဒီလို အညတရလေးတွေက လူတွေကိုနှောင့်ယှတ်နိုင်မှာမဟုတ်ပေ။
အိပ်ပျော်နေသည့် ရော်ဘက်ခ်သည် နားပါးသူပီပီ ထယ်ယောင်း၏ ဝူးဝူးဝါးဝါးအသံအချို့ကြောင့် နိုးလာ၏။ တစ်ဖတ်ကကုတင်ပေါ်မှာ မူမမှန်သည့် ထယ်ယောင်းကို တွေ့သည့်အခါ ရော်ဘက်ခ်တစ်ယောက် ကုတင်ပေါ်မှ လွှားခနဲခုန်ဆင်းသည်။ ရော်ဘက်ခ်နိုးလာလို့ ထယ်ယောင်းအားတက်သွားသည်။ သို့ပေသည့် သူတောင်မနိုင်တာ ရော်ဘက်ခ်ကရော နိုင်မှာလားဆိုတဲ့အတွေးစကြောင့် စိတ်ပူရပြန်သည်။
မထင်မှတ်ထားဘဲ ရော်ဘက်ခ်သည် လည်ပင်းမှာဆွဲထားတဲ့ လက်ဝါးကပ်တိုင်ဆွဲကြိုးလေးကို ဖြုတ်၍ ထယ်ယောင်းကိုဆွဲပေးလာသည်။ လုပ်ကိုင်သွားပုံသည် တုန့်ဆိုင်းခြင်းမရှိ၊ ဒီလိုကိစ္စတွေနဲ့ အကျွမ်းတဝင်ရှိသကဲ့သို့ပင်။ ထိုအခါမှ ထယ်ယောင်းလည်း ပုံမှန်ပြန်ဖြစ်လာသည်။ ထယ်ယောင်းလှုပ်လို့ရရချင်းပင် စားပွဲပေါ်က စာအုပ်ထူထူကို ကောက်ယူကာ ဗိုက်ပေါ်တက်ဖိထားသည့် ထိုအရာကို ရိုက်ချလိုက်သည်။
သို့သော်လည်း မရိုက်မိလိုက်ခင် ထွက်ပြေးပျောက်ကွယ်သွားတာမလို့ သူ့အနေနဲ့ လေကိုသာရိုက်မိ၍ အားလွန်ပြီး ကုတင်တစ်ဖတ်သို့ လိမ့်ကျသွားသည်သာ အဖတ်တင်၏။
အုန်းခနဲ ပြုတ်ကျသံနှင့်အတူ ရော်ဘက်ခ်၏ အထိတ်တလန့်အော်သံက ပြိုင်တူထွက်လာသည်။
” Fuck! Fuck! Fuck! ” ထယ်ယောင်း ဒေါသတကြီးဆဲရေးလိုက်ပြီးနောက် လက်ထဲက စာအုပ်ကိုလည်း ကိုင်ပေါက်လိုက်သည်။ ပြုတ်ကျတဲ့အချိန်ကြောင့် သူဖင်နောင့်ရိုးသည်အတော်ကလေး အီသွားတာပင်။ ထို့နောက် မပြေသေးတဲ့ဒေါသကို အခန်းထဲက သရဲငနီထံတွင်သာ ပုံချလိုက်တော့သည်။
” ဒါလား လူနာစောင့်…ငါသေသွားရင် မင်းအလောင်းတောင်ကောက်လို့ရမှာမဟုတ်ဘူး…”
ရော်ဘက်ခ်သည် နားမလည်စွာ မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ အဲ့တာမင်းအကြောင်းလေကွာ။
” ဒါနဲ့နေပါဦး စိတ်ကျန်းမာရေးဆရာဝန် ဒါတွေကိုလည်း အယုံကြည်ရှိတာပဲလား ဟမ် ” ထယ်ယောင်းသည် ကြမ်းပြင်မှ ကုန်းရုန်းထကာ ရော်ဘက်ခ်ဆီသို့ လျှောက်သွားသည်။ ထယ်ယောင်း၏ လက်စာကိုသိသူမို့ ရော်ဘက်ခ်သည်လည်း နောက်သို့ဆုတ်မိသည်။ ထယ်ယောင်းဆက်ပြောသည်။
” ဧကန္တ…မင်းလည်း အဲ့အရာတွေကို မြင်ရတာလား….”
ထယ်ယောင်း၏ မေးခွန်းများအတွက် ရော်ဘက်ခ်ထံတွင် အဖြေမရှိပါ။ နောက်ဆုံးတော့ အူဂျာလည်ရုပ်လေးနှင့် “မင်းပြောတာတွေ တစ်လုံးမှကို ငါနားမလည်ဘူး”ဟု ဆိုလေသည်။ ထိုစဉ်ထယ်ယောင်းသည် တစ်စုံတစ်ခုကို စတင်သတိမိသွားလေသည်။ ရော်ဘက်ခ်၏ လှုပ်ရှားမှုတွေအောက်မှာ တစ်ချက်တစ်ချက်ပေါ်လာတဲ့ အရိပ်မည်းတစ်ခုပင်။ ထိုသည်က အများအားဖြင့် ကပ်ပါးကောင်ပူးကပ်ခံရသည့် လူအများစုမှာ တွေ့ရတတ်သည်။
” ငါက သရဲတွေကိုမြင်ရတယ်…အဲ့လို ဝင်ပူးထားတဲ့လူတွေကိုလည်း အရိပ်အချေမြင်ရတယ်…” ထယ်ယောင်း စကားတို့ဖြင့် စတင်ထိုးနှတ်သည့်အခါ ရော်ဘက်ခ်သည် မျက်နှာတစ်ချက်မပျက်ပါဘဲ ခြောက်ကပ်ကပ်ရယ်သည်။
” ဟ..ဟား…ထယ်ယောင်း မင်းဆေးတွေပုံမှန်သောက်ရဲ့လား…”
ထိုစဉ်ခနအတွင်း ထယ်ယောင်း၏ လျင်မြန်လှတဲ့ မျက်လုံးများသည် ဒေါက်ဒေါက်ဒေါက်နဲ့ ရော်ဘက်ခ်၏ အပြုအမူတွေကို စကင်န်ဖတ်လိုက်ပြီးပြီဖြစ်သည်။ ရော်ဘက်ခ်၏ အကြည့်လွှဲသွားသည့် မျက်လုံးတွေ၊ ငြိမ်ငြိမ်မနေဘဲ ဆော့နေတဲ့ လက်ချောင်းကလေးတွေ၊ ပြေပျစ်မှုမရှိတဲ့ အသံလှိုင်းတွေက လိမ်နေသည်ကို ထောက်ပြနေသည်။
ထယ်ယောင်းမျက်နှာထက် နားမလည်နိုင်မှုများ ဖြတ်ပြေးသွားသည်။ အကယ်၍ ရော်ဘက်ခ်က လိမ်ညာနေပြီး ဝင်ပူးခံထားရတယ်ဆိုလျှင်တောင်မှပဲ ဘာလို့လက်ဝါးကပ်တိုင်ကို ဆွဲထားနိုင်ရတာလဲ။
ထယ်ယောင်းသည် ရော်ဘက်ခ်၏ အငိုက်တွင် ထိုအရိပ်ကို လှမ်းထိလိုက်သည်။ အေးစက်တဲ့ အထိအတွေ့နဲ့အတူ မြင်လိုက်ရတဲ့အမြင်တစ်ခုကြောင့် ထယ်ယောင်းအတော်လေးကို ထိတ်လန့်သွား၏။ သူမယုံကြည်နိုင်စွာ ရော်ဘက်ခ်ကို ပြန်ကြည့်မိသည်။ ရော်ဘက်ခ်ကတော့ သွားစွယ်လေးတွေပေါ်သည်အထိ ပြုံးရယ်နေ၏။
အခုတစ်လော မြို့ထဲ၌ မူမမှန်သည့်အရာများ ဖြစ်နေသည်ကို လိန်းသတိထားမိသည်။ သို့ပေသည့် Ozzyမရှိတော့သည့်နောက် သူမကိုယ်သူမ သာမန်လူတစ်ယောက် နေထိုင်သွားဖို့ ဆုံးဖြတ်ပြီးပြီမို့ ဒီအရေးတွေကို မသိသလိုသာ မျက်ကွယ်ပြုထားသည်။
လိန်း၏ တောင့်ခံထားသည့်စိတ်သည် ကြာကြာမခံလိုက်ပါ။ ဂျောင်ကု၏ တောင်းဆိုမှုအောက်ဝယ် ရှုပ်ထွေးတဲ့ကိစ္စတွေနဲ့ သူမထပ်ပြီး ပတ်သတ်ရပြန်တယ်။ အခုလည်း မိုးမလင်းသေးဘူး အိမ်ထဲရောက်လာတဲ့ ဂျောင်ကုအား သူမပေကပ်ကပ်ကြည့်လိုက်သည်။
” ညက ငလျင်အော်တယ် မင်းသိလား ” ဂျောင်ကုဆိုဖာပေါ်မှာ အခန့်သားထိုင်၍ ပြောလာသည်။
” ငလျင်ပဲအော်အော် မြေပဲပြိုပြို ငါနဲ့မှမဆိုင်တာ ” လိန်းသည် မျက်လုံးထောင့်မှ မျက်ချေးများကို ဖယ်ရင်း အိပ်ချင်မူးတူးပြောလာသည်။ ဂျောင်ကုတစ်ချက်စိတ်ပျက်သွားသည်။
” ကျီးတွေလည်း ပြိုတယ်။ အခြားမြို့တွေမှာလည်း လူသေမှုတွေဖြစ်နေတာမနည်းဘူး။ ပြီးတော့…ဝိညာဉ်တွေလည်း ပျောက်နေတယ်။ လမ်းပေါ်မှာ အလေလွင့် ဝိညာဉ်တွေ တစ်ကောင်မှမရှိတော့ဘူး …”
” အင်း…အေးချမ်းတားပေါ့ ” လိန်းသည် ဟွားခနဲတစ်ချက်သန်းလိုက်ပြီ ပြန်ဖြေလာသည်။ အယ်ကိုကြီးရာ နောက်မှဆွေးနွေးလို့မရဘူးလားဟင်။ ဒီဘိုးဘေးလေး အိပ်ရေးမဝသေးလို့။
” လိန်း!!! တစ်ခုခုလာတော့မယ် သိရဲ့လား နည်းနည်းပါးပါးအာရုံစိုက်ပါဦး! “
ဂျောင်ကုအော်သံကြောင့် လိန်းမျက်လုံးအစုံ ပြူးကျယ်သွားသည်။ ထို့နောက် အထိတ်လန့်တကြားထအော်၏။
” ဘာ…တစ်ခုခုလာတော့မယ် !? “
” အင်း “
” မဟုတ်ဘူး…မဟုတ်သေးဘူး မဖြစ်နိုင်တာ။ Ozzy ထွက်မသွားခင်က ငါ့ကိုပြောခဲ့ဖူးတယ်။ တစ်ခုခုလာလိမ့်မယ်တဲ့ ငါတို့တောင်ရင်မဆိုင်နိုင်တဲ့ အရာတစ်ခုတဲ့ ”
လိန်းသည် အထိတ်လန့်တကြားအော်ဟစ်ရင်းနဲ့ စာကြည့်ခန်းထဲသို့ပြေးဝင်သွားသည်။ ဂျောင်ကုသည်လည်း အခန်းထဲသို့လိုက်ဝင်ရန်ပြင်လိုက်သော်လည်း စားပွဲပေါ်ရှိ လိန်း၏ဖုန်းသည် မြည်လာ၏။
” ဖုန်းကိုင်လိုက်ဦး…အရေးမကြီးရင် နောက်မှ ပြန်ဆက်မယ်လို့ပြောလိုက်ချေ ” စာကြည့်ခန်းထဲမှ လိန်းသည် လှမ်းအော်သည်။
ဂျောင်ကုလည်း လိန်းပြောသလို ဖုန်းကိုင်လိုက်သည်။ Contact name ကြောင့် ခတ္တမျှတုံ့ဆိုင်းပြီးသွားတဲ့နောက်မှာတော့ နွေးထွေးစွာနဲ့ “ဟယ်လို”ဟု အသံပြုလိုက်သည်။
” လိန်း…နင်ဘယ်မှာလဲ အိမ်မှာလား ကုမ္ပဏီမှာပဲလား။ ဖြစ်နိုင်ရင် ငါ့ကိုလာတွေ့ပေးမလား အရေးကြီးလို့…”
” လိန်းက စာအုပ်သွားရှာနေတယ်နဲ့တူတယ် အခုလေးတင်ထွက်သွားလို့ ကိုယ်ဘာပြောပေးရမလဲ ကိုယ်ကူညီနိုင်တာ တစ်ခုခုများရှိမလား “
တစ်ဖတ်က ယောက်ျားသံကြောင့် ထယ်ယောင်းသည် နှာခေါင်းရှုံ့လိုက်မိသည်။
” ဟမ့် မကောင်းဆိုးဝါးကောင်…မင်းကဘာလို့လိန်းဖုန်းကို ကိုင်ရတာလဲ ” ထယ်ယောင်းသည် ထိုမေးခွန်းကို မေးပြီးကာမှ တစ်ခုခုကို သတိရသွားသည်။ Jordanသည် လိန်းနဲ့ အတူရှိနေတာဆန်းမှ မဆန်းဘဲ သူတို့နှစ်ယောက် စေ့စပ်ထားကြသည်ပဲကို။
” ကိုယ်ပြောပြီးပြီပဲ လိန်းက အလုပ်ရှုပ်နေလို့ ကိုယ်ကိုင်ပေးတာပါဆို “
” ဒီမှာ!…စကားပြောရင်အကောင်းပြော ရင်မခုန်တတ်ဘူး။ တစ်ကိုယ်ကိုယ်နဲ့ ရွံစရာကောင်းအောင်လို့။ လိန်းကိုပြောလိုက် အားတာနဲ့ ဆေးရုံကို လာတွေ့ပေးလို့ “
ဒေါသတကြီး ပြောချင်တာပြောပြီး ဖုန်းချသွားတဲ့ ထယ်ယောင်းကြောင့် ဂျောင်ကုသည် ခပ်တိုးတိုးရယ်သည်။ ထို့နောက် လိန်း၏ စာကြည့်ခန်းတံခါးကို အသံပေးခေါက်လိုက်ပြီး ဝင်သွားသည်။ အခန်းထဲ၌ လိန်းသည် စာအုပ်စင်ရှိ စာအုပ်အားလုံးကို ဖွထားသည်။ ဟိုနားတစ်အုပ် ဒီနားတစ်အုပ် စာအုပ်ပုံအရှုပ်ကြီးကြားမှာ ဆံပင်စုပ်ဖွားနဲ့ လိန်းသည် စိတ်ပျက်လက်ပျက်ထိုင်နေသည်။
” အား…ဘယ်ရောက်သွားတာလဲမသိဘူး သေချာပေါက် ဟိုနေ့ကတောင် တွေ့သေးတာကို “
” ထယ်ယောင်းဆီကဖုန်း…ဆေးရုံကိုလာတွေ့ပေးပါတဲ့ “
လိန်းသည် ထယ်ယောင်းဆိုတဲ့ နာမည်ကြောင့် စက္ကန့်ပိုင်းမျှ ကြောင်အသွားပြီး…
” သြော်…ငါရဲ့ ဝမ်းကွဲ ဟန်းဂုကောင်လေးလား ဆောတီး ထယ်ယောင်းဆိုတော့ နည်းနည်းကြောင်သွားလို့။ ဟုတ်သား! ငါ့စာအုပ်! Vante ငှားသွားတာပဲ။ လာ…လာ..ဆေးရုံကို အခုသွားကြမယ်။ အိုး ခန! ငါသွားပြင်ဆင်ဦးမယ်။ စောင့်နေနော်။ အတူသွားမှာ။ “
တစ်ယောက်တည်း အသံမျိုးစုံထွက်နေကာ အရူးမီးဝိုင်းသလို ဟိုပြေးဒီပြေးဖြစ်နေတဲ့ လိန်းကိုကြည့်ရင်း ဂျောင်ကု ကိုယ့်နှဖူးကိုသာ ကိုယ်ပြန်ရိုက်ချင်မိတော့သည်။ ဒီအရူးမဆီ သူဘာလို့ လာခဲ့မိပါလိမ့်။ ကာယကံရှင်က ရူးလားမရူးလားမသိပေမယ့် သူကတော့ လိန်းကို ကြည့်ပြီး ရူးချင်လာတာတော့အမှန်ပင်။
လိန်းနှင့် ဂျောင်ကုဆေးရုံသို့ ရောက်သွားချိန်ဝယ် ထယ်ယောင်းသည် မနက်စားရန် ပြင်ဆင်နေသည့်အချိန်ဖြစ်သည်။ ကုတင်ပေါ်မှာပင် စားပွဲဝိုင်းသေးသေးလေးနဲ့ မနက်စာကို စုံနေအောင်ပြင်ပေးထားသည်။
” လိန်း…နင်ရောက်လာပြီပဲ ” ထယ်ယောင်းသည် လိန်းကို နှုတ်ဆတ်လိုက်သော်လည်း လိန်းနောက်မှ ထွက်လာတဲ့ လူတစ်ယောက်ကြောင့် တုန်လှုပ်သွားသည်။အလားတူပင် လိန်းသည်လည်း ထယ်ယောင်းဘေးနားမှ ရော်ဘက်ခ်မြင်သည့်အခါ ခြေထောက်များပင် မခိုင်ချင်တော့ပေ။
ဂျောင်ကုသည် လဲကျတော့မည့် လိန်းကို ပုခုံးကနေတင်းတင်းဖတ်ကာ ထိန်းပေးထားလိုက်သည်။ ထို့နောက် နားနားကပ်ကာ လိန်းတစ်ယောက်တည်း ကြားနိုင်မည့် လေသံဖြင့်….
” ငါမင်းကိုကာကွယ်ပေးမှာပါ။ မင်းကငါ့အတွက် အသုံးဝင်သေးတယ်လေ….ဟုတ်တယ်မလား ” ဟူ၍ နတ်ဆိုးဆန်စွာပြုံးရင်းပြောလိုက်သည်။
” ငါသေရင် နင့်ကိုပါ ဆွဲခေါ်သွားမှာ….” လိန်းသည် အသံတွေတုန်ရီနေလျက်ပင် ပြန်၍ပြောလာသည်။
ဂျောင်ကုသည် လိန်း၏ စကားကို ကြားသည့်အခါ ခပ်တိုးတိုးရယ်သည်။ ဒီအရူးမက သူပြောသမျှကို အကုန်အတည်ကြီးယူနေတာပဲ။ သူ့အနေနဲ့ သူ့အနားက လူတွေကို မည်သူပဲဖြစ်ပါစေ အဆုံးထိ ကာကွယ်ပေးမှာပင်။ မည်သူမှလည်းမသေစေရဘူး။ မည်သူကိုမှလည်း အဝေးထွက်သွားခွင့်ပြုမှာ မဟုတ်ပေ။
_________
Zawkyi
ျပတင္းေပါက္မွ ထိုအရာသည္ ေလးဘက္ကုန္းႀကီးျဖင့္ တစ္လွမ္းခ်င္းတစ္လွမ္းခ်င္းလာေနသည္။ ဗိုက္ထဲမွ အူအေခြလိုက္ႏွင့္ အဆီဖတ္အသားဖတ္တို႔သည္ ၾကမ္းျပင္ေပၚ၌ တစ္ဖတ္ခ်င္းက်က်န္ေနသည္။
ထိုအရာသည္ ပတ္လတ္အိပ္ေနေသာ ထယ္ေယာင္း၏ ဗိုက္ေပၚသို႔တက္လာသည္။ အပုပ္နံ႕သည္ မသတီစရာေကာင္းေလာက္ေအာင္ လွိုင္ထြက္ေနသည္။ ဗိုက္ေပၚတြင္ ေဆာင့္ေၾကာင့္ထိုင္လိုက္ၿပီးေနာက္ မ်က္လုံးျပဴးျပဴးႀကီးမ်ားႏွင့္ ထယ္ေယာင္းကို ငုံ႕ၾကည့္လာၿပီး ေၾကာက္စရာေကာင္းေလာက္ေအာင္ ရယ္ျပလာသည္။
ျပာအဲ့အဲ့ႏႈတ္ခမ္းသားတို႔နဲ႕ ဟလိုက္သည့္အခ်ိန္ ပါးစပ္ထဲမွ ေသြးပုပ္မ်ားသည္ ထယ္ေယာင္း ပါးေပၚသို႔ ဘက္ခနဲ က်လာသည္။ ထယ္ေယာင္း ႐ြံရွာစြာ တစ္ခ်က္တြန့္သြားသည္။ ဘယ္လိုေတာင္ မုန္းစရာေကာင္းလိုက္တဲ့ အေျခအေနႀကီးလဲ။ သူဘယ္ေလာက္ပဲႀကိဳးစားပါေစ လည္ေခ်ာင္းမွအသံမထြက္လာသလို ခႏၶာကိုယ္ကလည္း ေက်ာက္႐ုပ္ကဲ့သို႔ မလႈပ္နိုင္ဘဲရွိေလ၏။
ထိုအရာႀကီးသည္ ထယ္ေယာင္း၏ ပါးေပၚက ေသြးပုပ္မည္းမည္းမ်ားကို ျပာအဲ့အဲ့လွ်ာႀကီးျဖင့္ ကုန္းလွ်က္လာ၏။ ထယ္ေယာင္း၏ မ်က္ႏွာသည္လည္း အလြန္ရႈံ႕မဲ့ေနၿပီ။ သူ႕မ်က္ႏွာေပၚ ေျပးလႊားေနသည့္ လွ်ာႀကီးကို ႏႈတ္ႏႈတ္စင္းပစ္ခ်င္စိတ္တို႔သည္ တစ္ဖြားဖြားပင္။
ထိုစဥ္ သူေျပးသတိရသည္က Jordan ပင္။ Jordan သာ ဒီေဆး႐ုံမွာရွိေနရင္ ဒီလို အညတရေလးေတြက လူေတြကိုေႏွာင့္ယွတ္နိုင္မွာမဟုတ္ေပ။
အိပ္ေပ်ာ္ေနသည့္ ေရာ္ဘက္ခ္သည္ နားပါးသူပီပီ ထယ္ေယာင္း၏ ဝူးဝူးဝါးဝါးအသံအခ်ိဳ႕ေၾကာင့္ နိုးလာ၏။ တစ္ဖတ္ကကုတင္ေပၚမွာ မူမမွန္သည့္ ထယ္ေယာင္းကို ေတြ႕သည့္အခါ ေရာ္ဘက္ခ္တစ္ေယာက္ ကုတင္ေပၚမွ လႊားခနဲခုန္ဆင္းသည္။ ေရာ္ဘက္ခ္နိုးလာလို႔ ထယ္ေယာင္းအားတက္သြားသည္။ သို႔ေပသည့္ သူေတာင္မနိုင္တာ ေရာ္ဘက္ခ္ကေရာ နိုင္မွာလားဆိုတဲ့အေတြးစေၾကာင့္ စိတ္ပူရျပန္သည္။
မထင္မွတ္ထားဘဲ ေရာ္ဘက္ခ္သည္ လည္ပင္းမွာဆြဲထားတဲ့ လက္ဝါးကပ္တိုင္ဆြဲႀကိဳးေလးကို ျဖဳတ္၍ ထယ္ေယာင္းကိုဆြဲေပးလာသည္။ လုပ္ကိုင္သြားပုံသည္ တုန့္ဆိုင္းျခင္းမရွိ၊ ဒီလိုကိစၥေတြနဲ႕ အကြၽမ္းတဝင္ရွိသကဲ့သို႔ပင္။ ထိုအခါမွ ထယ္ေယာင္းလည္း ပုံမွန္ျပန္ျဖစ္လာသည္။ ထယ္ေယာင္းလႈပ္လို႔ရရခ်င္းပင္ စားပြဲေပၚက စာအုပ္ထူထူကို ေကာက္ယူကာ ဗိုက္ေပၚတက္ဖိထားသည့္ ထိုအရာကို ရိုက္ခ်လိဳက္သည္။
သို႔ေသာ္လည္း မရိုက္မိလိုက္ခင္ ထြက္ေျပးေပ်ာက္ကြယ္သြားတာမလို႔ သူ႕အေနနဲ႕ ေလကိုသာရိုက္မိ၍ အားလြန္ၿပီး ကုတင္တစ္ဖတ္သို႔ လိမ့္က်သြားသည္သာ အဖတ္တင္၏။
အုန္းခနဲ ျပဳတ္က်သံႏွင့္အတူ ေရာ္ဘက္ခ္၏ အထိတ္တလန့္ေအာ္သံက ၿပိဳင္တူထြက္လာသည္။
” Fuck! Fuck! Fuck! ” ထယ္ေယာင္း ေဒါသတႀကီးဆဲေရးလိုက္ၿပီးေနာက္ လက္ထဲက စာအုပ္ကိုလည္း ကိုင္ေပါက္လိုက္သည္။ ျပဳတ္က်တဲ့အခ်ိန္ေၾကာင့္ သူဖင္ေနာင့္ရိုးသည္အေတာ္ကေလး အီသြားတာပင္။ ထို႔ေနာက္ မေျပေသးတဲ့ေဒါသကို အခန္းထဲက သရဲငနီထံတြင္သာ ပုံခ်လိဳက္ေတာ့သည္။
” ဒါလား လူနာေစာင့္…ငါေသသြားရင္ မင္းအေလာင္းေတာင္ေကာက္လို႔ရမွာမဟုတ္ဘူး…”
ေရာ္ဘက္ခ္သည္ နားမလည္စြာ မ်က္လုံးေလးပုတ္ခတ္ပုတ္ခတ္လုပ္လိုက္သည္။ အဲ့တာမင္းအေၾကာင္းေလကြာ။
” ဒါနဲ႕ေနပါဦး စိတ္က်န္းမာေရးဆရာဝန္ ဒါေတြကိုလည္း အယုံၾကည္ရွိတာပဲလား ဟမ္ ” ထယ္ေယာင္းသည္ ၾကမ္းျပင္မွ ကုန္း႐ုန္းထကာ ေရာ္ဘက္ခ္ဆီသို႔ ေလွ်ာက္သြားသည္။ ထယ္ေယာင္း၏ လက္စာကိုသိသူမို႔ ေရာ္ဘက္ခ္သည္လည္း ေနာက္သို႔ဆုတ္မိသည္။ ထယ္ေယာင္းဆက္ေျပာသည္။
” ဧကႏၲ…မင္းလည္း အဲ့အရာေတြကို ျမင္ရတာလား….”
ထယ္ေယာင္း၏ ေမးခြန္းမ်ားအတြက္ ေရာ္ဘက္ခ္ထံတြင္ အေျဖမရွိပါ။ ေနာက္ဆုံးေတာ့ အူဂ်ာလည္႐ုပ္ေလးႏွင့္ “မင္းေျပာတာေတြ တစ္လုံးမွကို ငါနားမလည္ဘူး”ဟု ဆိုေလသည္။ ထိုစဥ္ထယ္ေယာင္းသည္ တစ္စုံတစ္ခုကို စတင္သတိမိသြားေလသည္။ ေရာ္ဘက္ခ္၏ လႈပ္ရွားမႈေတြေအာက္မွာ တစ္ခ်က္တစ္ခ်က္ေပၚလာတဲ့ အရိပ္မည္းတစ္ခုပင္။ ထိုသည္က အမ်ားအားျဖင့္ ကပ္ပါးေကာင္ပူးကပ္ခံရသည့္ လူအမ်ားစုမွာ ေတြ႕ရတတ္သည္။
” ငါက သရဲေတြကိုျမင္ရတယ္…အဲ့လို ဝင္ပူးထားတဲ့လူေတြကိုလည္း အရိပ္အေခ်ျမင္ရတယ္…” ထယ္ေယာင္း စကားတို႔ျဖင့္ စတင္ထိုးႏွတ္သည့္အခါ ေရာ္ဘက္ခ္သည္ မ်က္ႏွာတစ္ခ်က္မပ်က္ပါဘဲ ေျခာက္ကပ္ကပ္ရယ္သည္။
” ဟ..ဟား…ထယ္ေယာင္း မင္းေဆးေတြပုံမွန္ေသာက္ရဲ႕လား…”
ထိုစဥ္ခနအတြင္း ထယ္ေယာင္း၏ လ်င္ျမန္လွတဲ့ မ်က္လုံးမ်ားသည္ ေဒါက္ေဒါက္ေဒါက္နဲ႕ ေရာ္ဘက္ခ္၏ အျပဳအမူေတြကို စကင္န္ဖတ္လိုက္ၿပီးၿပီျဖစ္သည္။ ေရာ္ဘက္ခ္၏ အၾကည့္လႊဲသြားသည့္ မ်က္လုံးေတြ၊ ၿငိမ္ၿငိမ္မေနဘဲ ေဆာ့ေနတဲ့ လက္ေခ်ာင္းကေလးေတြ၊ ေျပပ်စ္မႈမရွိတဲ့ အသံလွိုင္းေတြက လိမ္ေနသည္ကို ေထာက္ျပေနသည္။
ထယ္ေယာင္းမ်က္ႏွာထက္ နားမလည္နိုင္မႈမ်ား ျဖတ္ေျပးသြားသည္။ အကယ္၍ ေရာ္ဘက္ခ္က လိမ္ညာေနၿပီး ဝင္ပူးခံထားရတယ္ဆိုလွ်င္ေတာင္မွပဲ ဘာလို႔လက္ဝါးကပ္တိုင္ကို ဆြဲထားနိုင္ရတာလဲ။
ထယ္ေယာင္းသည္ ေရာ္ဘက္ခ္၏ အငိုက္တြင္ ထိုအရိပ္ကို လွမ္းထိလိုက္သည္။ ေအးစက္တဲ့ အထိအေတြ႕နဲ႕အတူ ျမင္လိုက္ရတဲ့အျမင္တစ္ခုေၾကာင့္ ထယ္ေယာင္းအေတာ္ေလးကို ထိတ္လန့္သြား၏။ သူမယုံၾကည္နိုင္စြာ ေရာ္ဘက္ခ္ကို ျပန္ၾကည့္မိသည္။ ေရာ္ဘက္ခ္ကေတာ့ သြားစြယ္ေလးေတြေပၚသည္အထိ ၿပဳံးရယ္ေန၏။
အခုတစ္ေလာ ၿမိဳ႕ထဲ၌ မူမမွန္သည့္အရာမ်ား ျဖစ္ေနသည္ကို လိန္းသတိထားမိသည္။ သို႔ေပသည့္ Ozzyမရွိေတာ့သည့္ေနာက္ သူမကိုယ္သူမ သာမန္လူတစ္ေယာက္ ေနထိုင္သြားဖို႔ ဆုံးျဖတ္ၿပီးၿပီမို႔ ဒီအေရးေတြကို မသိသလိုသာ မ်က္ကြယ္ျပဳထားသည္။
လိန္း၏ ေတာင့္ခံထားသည့္စိတ္သည္ ၾကာၾကာမခံလိုက္ပါ။ ေဂ်ာင္ကု၏ ေတာင္းဆိုမႈေအာက္ဝယ္ ရႈပ္ေထြးတဲ့ကိစၥေတြနဲ႕ သူမထပ္ၿပီး ပတ္သတ္ရျပန္တယ္။ အခုလည္း မိုးမလင္းေသးဘူး အိမ္ထဲေရာက္လာတဲ့ ေဂ်ာင္ကုအား သူမေပကပ္ကပ္ၾကည့္လိုက္သည္။
” ညက ငလ်င္ေအာ္တယ္ မင္းသိလား ” ေဂ်ာင္ကုဆိုဖာေပၚမွာ အခန့္သားထိုင္၍ ေျပာလာသည္။
” ငလ်င္ပဲေအာ္ေအာ္ ေျမပဲၿပိဳၿပိဳ ငါနဲ႕မွမဆိုင္တာ ” လိန္းသည္ မ်က္လုံးေထာင့္မွ မ်က္ေခ်းမ်ားကို ဖယ္ရင္း အိပ္ခ်င္မူးတူးေျပာလာသည္။ ေဂ်ာင္ကုတစ္ခ်က္စိတ္ပ်က္သြားသည္။
” က်ီးေတြလည္း ၿပိဳတယ္။ အျခားၿမိဳ႕ေတြမွာလည္း လူေသမႈေတြျဖစ္ေနတာမနည္းဘူး။ ၿပီးေတာ့…ဝိညာဥ္ေတြလည္း ေပ်ာက္ေနတယ္။ လမ္းေပၚမွာ အေလလြင့္ ဝိညာဥ္ေတြ တစ္ေကာင္မွမရွိေတာ့ဘူး …”
” အင္း…ေအးခ်မ္းတားေပါ့ ” လိန္းသည္ ဟြားခနဲတစ္ခ်က္သန္းလိုက္ၿပီ ျပန္ေျဖလာသည္။ အယ္ကိုႀကီးရာ ေနာက္မွေဆြးေႏြးလို႔မရဘူးလားဟင္။ ဒီဘိုးေဘးေလး အိပ္ေရးမဝေသးလို႔။
” လိန္း!!! တစ္ခုခုလာေတာ့မယ္ သိရဲ႕လား နည္းနည္းပါးပါးအာ႐ုံစိုက္ပါဦး! “
ေဂ်ာင္ကုေအာ္သံေၾကာင့္ လိန္းမ်က္လုံးအစုံ ျပဴးက်ယ္သြားသည္။ ထို႔ေနာက္ အထိတ္လန့္တၾကားထေအာ္၏။
” ဘာ…တစ္ခုခုလာေတာ့မယ္ !? “
” အင္း “
” မဟုတ္ဘူး…မဟုတ္ေသးဘူး မျဖစ္နိုင္တာ။ Ozzy ထြက္မသြားခင္က ငါ့ကိုေျပာခဲ့ဖူးတယ္။ တစ္ခုခုလာလိမ့္မယ္တဲ့ ငါတို႔ေတာင္ရင္မဆိုင္နိုင္တဲ့ အရာတစ္ခုတဲ့ ”
လိန္းသည္ အထိတ္လန့္တၾကားေအာ္ဟစ္ရင္းနဲ႕ စာၾကည့္ခန္းထဲသို႔ေျပးဝင္သြားသည္။ ေဂ်ာင္ကုသည္လည္း အခန္းထဲသို႔လိုက္ဝင္ရန္ျပင္လိုက္ေသာ္လည္း စားပြဲေပၚရွိ လိန္း၏ဖုန္းသည္ ျမည္လာ၏။
” ဖုန္းကိုင္လိုက္ဦး…အေရးမႀကီးရင္ ေနာက္မွ ျပန္ဆက္မယ္လို႔ေျပာလိုက္ေခ် ” စာၾကည့္ခန္းထဲမွ လိန္းသည္ လွမ္းေအာ္သည္။
ေဂ်ာင္ကုလည္း လိန္းေျပာသလို ဖုန္းကိုင္လိုက္သည္။ Contact name ေၾကာင့္ ခတၱမွ်တုံ႕ဆိုင္းၿပီးသြားတဲ့ေနာက္မွာေတာ့ ေႏြးေထြးစြာနဲ႕ “ဟယ္လို”ဟု အသံျပဳလိုက္သည္။
” လိန္း…နင္ဘယ္မွာလဲ အိမ္မွာလား ကုမၸဏီမွာပဲလား။ ျဖစ္နိုင္ရင္ ငါ့ကိုလာေတြ႕ေပးမလား အေရးႀကီးလို႔…”
” လိန္းက စာအုပ္သြားရွာေနတယ္နဲ႕တူတယ္ အခုေလးတင္ထြက္သြားလို႔ ကိုယ္ဘာေျပာေပးရမလဲ ကိုယ္ကူညီနိုင္တာ တစ္ခုခုမ်ားရွိမလား “
တစ္ဖတ္က ေယာက္်ားသံေၾကာင့္ ထယ္ေယာင္းသည္ ႏွာေခါင္းရႈံ႕လိုက္မိသည္။
” ဟမ့္ မေကာင္းဆိုးဝါးေကာင္…မင္းကဘာလို႔လိန္းဖုန္းကို ကိုင္ရတာလဲ ” ထယ္ေယာင္းသည္ ထိုေမးခြန္းကို ေမးၿပီးကာမွ တစ္ခုခုကို သတိရသြားသည္။ Jordanသည္ လိန္းနဲ႕ အတူရွိေနတာဆန္းမွ မဆန္းဘဲ သူတို႔ႏွစ္ေယာက္ ေစ့စပ္ထားၾကသည္ပဲကို။
” ကိုယ္ေျပာၿပီးၿပီပဲ လိန္းက အလုပ္ရႈပ္ေနလို႔ ကိုယ္ကိုင္ေပးတာပါဆို “
” ဒီမွာ!…စကားေျပာရင္အေကာင္းေျပာ ရင္မခုန္တတ္ဘူး။ တစ္ကိုယ္ကိုယ္နဲ႕ ႐ြံစရာေကာင္းေအာင္လို႔။ လိန္းကိုေျပာလိုက္ အားတာနဲ႕ ေဆး႐ုံကို လာေတြ႕ေပးလို႔ “
ေဒါသတႀကီး ေျပာခ်င္တာေျပာၿပီး ဖုန္းခ်သြားတဲ့ ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ကုသည္ ခပ္တိုးတိုးရယ္သည္။ ထို႔ေနာက္ လိန္း၏ စာၾကည့္ခန္းတံခါးကို အသံေပးေခါက္လိုက္ၿပီး ဝင္သြားသည္။ အခန္းထဲ၌ လိန္းသည္ စာအုပ္စင္ရွိ စာအုပ္အားလုံးကို ဖြထားသည္။ ဟိုနားတစ္အုပ္ ဒီနားတစ္အုပ္ စာအုပ္ပုံအရႈပ္ႀကီးၾကားမွာ ဆံပင္စုပ္ဖြားနဲ႕ လိန္းသည္ စိတ္ပ်က္လက္ပ်က္ထိုင္ေနသည္။
” အား…ဘယ္ေရာက္သြားတာလဲမသိဘူး ေသခ်ာေပါက္ ဟိုေန႕ကေတာင္ ေတြ႕ေသးတာကို “
” ထယ္ေယာင္းဆီကဖုန္း…ေဆး႐ုံကိုလာေတြ႕ေပးပါတဲ့ “
လိန္းသည္ ထယ္ေယာင္းဆိုတဲ့ နာမည္ေၾကာင့္ စကၠန့္ပိုင္းမွ် ေၾကာင္အသြားၿပီး…
” ေၾသာ္…ငါရဲ႕ ဝမ္းကြဲ ဟန္းဂုေကာင္ေလးလား ေဆာတီး ထယ္ေယာင္းဆိုေတာ့ နည္းနည္းေၾကာင္သြားလို႔။ ဟုတ္သား! ငါ့စာအုပ္! Vante ငွားသြားတာပဲ။ လာ…လာ..ေဆး႐ုံကို အခုသြားၾကမယ္။ အိုး ခန! ငါသြားျပင္ဆင္ဦးမယ္။ ေစာင့္ေနေနာ္။ အတူသြားမွာ။ “
တစ္ေယာက္တည္း အသံမ်ိဳးစုံထြက္ေနကာ အ႐ူးမီးဝိုင္းသလို ဟိုေျပးဒီေျပးျဖစ္ေနတဲ့ လိန္းကိုၾကည့္ရင္း ေဂ်ာင္ကု ကိုယ့္ႏွဖူးကိုသာ ကိုယ္ျပန္ရိုက္ခ်င္မိေတာ့သည္။ ဒီအ႐ူးမဆီ သူဘာလို႔ လာခဲ့မိပါလိမ့္။ ကာယကံရွင္က ႐ူးလားမ႐ူးလားမသိေပမယ့္ သူကေတာ့ လိန္းကို ၾကည့္ၿပီး ႐ူးခ်င္လာတာေတာ့အမွန္ပင္။
လိန္းႏွင့္ ေဂ်ာင္ကုေဆး႐ုံသို႔ ေရာက္သြားခ်ိန္ဝယ္ ထယ္ေယာင္းသည္ မနက္စားရန္ ျပင္ဆင္ေနသည့္အခ်ိန္ျဖစ္သည္။ ကုတင္ေပၚမွာပင္ စားပြဲဝိုင္းေသးေသးေလးနဲ႕ မနက္စာကို စုံေနေအာင္ျပင္ေပးထားသည္။
” လိန္း…နင္ေရာက္လာၿပီပဲ ” ထယ္ေယာင္းသည္ လိန္းကို ႏႈတ္ဆတ္လိုက္ေသာ္လည္း လိန္းေနာက္မွ ထြက္လာတဲ့ လူတစ္ေယာက္ေၾကာင့္ တုန္လႈပ္သြားသည္။အလားတူပင္ လိန္းသည္လည္း ထယ္ေယာင္းေဘးနားမွ ေရာ္ဘက္ခ္ျမင္သည့္အခါ ေျခေထာက္မ်ားပင္ မခိုင္ခ်င္ေတာ့ေပ။
ေဂ်ာင္ကုသည္ လဲက်ေတာ့မည့္ လိန္းကို ပုခုံးကေနတင္းတင္းဖတ္ကာ ထိန္းေပးထားလိုက္သည္။ ထို႔ေနာက္ နားနားကပ္ကာ လိန္းတစ္ေယာက္တည္း ၾကားနိုင္မည့္ ေလသံျဖင့္….
” ငါမင္းကိုကာကြယ္ေပးမွာပါ။ မင္းကငါ့အတြက္ အသုံးဝင္ေသးတယ္ေလ….ဟုတ္တယ္မလား ” ဟူ၍ နတ္ဆိုးဆန္စြာၿပဳံးရင္းေျပာလိုက္သည္။
” ငါေသရင္ နင့္ကိုပါ ဆြဲေခၚသြားမွာ….” လိန္းသည္ အသံေတြတုန္ရီေနလ်က္ပင္ ျပန္၍ေျပာလာသည္။
ေဂ်ာင္ကုသည္ လိန္း၏ စကားကို ၾကားသည့္အခါ ခပ္တိုးတိုးရယ္သည္။ ဒီအ႐ူးမက သူေျပာသမွ်ကို အကုန္အတည္ႀကီးယူေနတာပဲ။ သူ႕အေနနဲ႕ သူ႕အနားက လူေတြကို မည္သူပဲျဖစ္ပါေစ အဆုံးထိ ကာကြယ္ေပးမွာပင္။ မည္သူမွလည္းမေသေစရဘူး။ မည္သူကိုမွလည္း အေဝးထြက္သြားခြင့္ျပဳမွာ မဟုတ္ေပ။
_________
Comments for chapter "Chapter 16"