Chapter 24
Unicode
“Vos est qui itis ad infernum, non me. Puer crucians et faciens ad voluntatem Divini Patris? Omnes vos ardere debetis in inferno”
အသံနှစ်ထပ်ဖြစ်နေသည့် လက်တင်စကားသံကြီးသည် အခန်းတစ်ခုလုံးကို ငလျင်လှုပ်သကဲ့သို့ တုန်လှုပ်သွားစေသည်။
သင်းအုပ်ဆရာသည် လက်ဝါးကပ်တိုင်ကို ဂျောင်ကုဘက်သို့ လှည့်ထား၍ စစ္စတာသည် သေတ္တာကိုအဆင့်သင့်ကိုင်ပေးထားသည်။ သို့သော်လည်း သူတို့သည် ဂျောင်ကုကို အာရုံစိုက်နေတုန်း အနောက်ဘက်မှ ထယ်ယောင်းသည် မျက်ဖြူဆိုက်ကာ တက်သလိုဖြစ်လာသည်။
စစ္စတာသည် ရုတ်တရတ် ထယ်ယောင်းကို အရမ်းစိတ်ပူသွသည်မို့ အနားသို့ပြေးသွားသည်။ ဆရာအနေနဲ့ တားဆီးဖို့အချိန်ပင်မရလိုက်ပေ။
စစ္စတာသည် အနားသို့ရောက်သွားတဲ့အခါ လက်ထဲက သေတ္တာကို ဘေးမှာချထားလိုက်ပြီး ထယ်ယောင်းကို ကြိုးဖြေပေးဖို့ရာကြိုးစားနေသည်။ အတိတ်မှာတုန်းက ဒီလိုနည်းနဲ့ပဲ မောင်ဖြစ်သူကိုဆုံးရှုံးခဲ့ရပြီမလို့ အခုအခါတော့ ထယ်ယောင်းကို သူမကာကွယ်ပေးရမည်။ သို့သော်လည်း စစ္စတာ၏ ဆုံးဖြတ်ချက်သည် မှားယွင်းသွားပုံရသည်။
ထယ်ယောင်း၏ ခြေလက်တို့၌ တုတ်နှောင်ထားသည့် ကြိုးများသည့် တစ်စုံတစ်ယောက်က ဖြတ်ပေးလိုက်သည့်နှယ် သူ့အလိုလို ထောင်းခနဲပြတ်တောက်ကုန်သည်။ ထယ်ယောင်းသည် ရုတ်ချည်းဆိုသလို မျက်လုံးပွင့်လာကာ သူ့ဘေးက စစ္စတာကို တွန်းထုတ်လိုက်သည်။ ထို့နောက် ကုတင်ပေါ်မှ ခုန်ဆင်းကာ ဂျောင်ကုရှိရာ အပေါက်ဝသို့ ပြေးတော့သည်။
တစ်ဖတ်တွင်လည်း ဂျောင်ကုသည် သင်းအုပ်ဆရာကို လည်ပင်းညစ်ထားသည်။ အခြားလူအမြင်ဝယ် သင်းအုပ်ဆရာသည် လေထဲတွင်မြှောက်တက်ကာ သူ့လည်ပင်းကို သူညှစ်နေသည့်ပုံပေါက်နေ၏။
အခန်းထဲတွင် ဖယောင်းတိုင်မီးရောင်ပျပျရှိသော်လည်း တံခါးနီနီ၏ အလွန်သည် အဆုံးမရှိမှောင်မိုက်နေသည်။ ထို့ကြောင့် ဂျောင်ကုသည် ဘယ်လို ပုံစံဖြစ်နေမည်ကို မည်သူမှမမြင်နိုင်ချေ။
ထယ်ယောင်းသည် ထိုအမှောင်ထုထဲသို့ပြေးဝင်ကာ တစ်စုံတစ်ယောက်ကို ပြေးဖတ်လိုက်သည်။ ဒါပေမယ့်လည်း သူဖတ်မိသည်က သူနှင့်ရွယ်တူကောင်လေးမဟုတ်ဘဲ လူကြီးတစ်ယောက်၏ ခါးကိုသာဖြစ်လေရာ ထိတ်လန့်သွားလေသည်။ ထယ်ယောင်း အထိတ်တလန့်ဖြင့် အနောက်သို့ပြန်ဆုတ်ရန်ပြင်လိုက်သော်လည်း အေးစက်သည့် လက်ဖဝါးကြီးသည် သူ့၏ခေါင်းကို အသာထိန်းကိုင်လာသည်။
” မကြောက်နဲ့ ငါပါ….”
ဂျောင်ကု၏ အသံကြားသည့်အခါ ထယ်ယောင်းသည် ကြောက်စိတ်တို့ပြေပျောက်သွားပြီး ဂျောင်ကုကိုသာ ခပ်တင်းတင်းပွေ့ဖတ်ထားလိုက်သည်။ သူ့စိတ်ထဲအနည်းငယ်ထုးဆန်းနေသော်လည်း ဒီလူသည် ဂျောင်ကုဆိုသည့်အသိကြောင့် သူအရာအားလုံးကို လစ်လျူရှုလိုက်သည်။
” ထယ်…မင်းပြောကြည့် ငါသူတို့ကို ဘာလုပ်သင့်လဲ “
ဂျောင်ကု၏ အမေးကိုကြားသည့်အခါ ထယ်ယောင်းသည် သင်းအုပ်ဆရညနှင့် စစ္စတာတို့ထံပြန်လှည့်ကြည့်လာသည်။ သင်းအုပ်ဆရာ
သည် လည်ပင်းညှစ်ခံထားရတာကြောင့် အောက်ဆီဂျင်ပြတ်လတ်ကာ မျက်နှာသည် ခရမ်းရောင်သန်းနေပြီဖြစ်သည်။ စစ္စတာသည် သူတွန်းထုတ်လိုက်တာကြောင့် ကုတင်စောင်းနဲ့ဆောင့်ကာ သတိမေ့သွားပုံရသည်။
ထို့နောက် သူ၏ အကြည့်တို့သည် တဖျတ်ဖျတ်တောက်လောင်နေသည့် ဖယောင်းတိုင်မီးတို့ထံရောက်ရှိသွားသည်။ ထို့နောက် ကလေးငယ်တစ်ယောက်နှင့်မလိုက်ဖတ်အောင် ကြောက်စရာကောင်းလောက်တဲ့အပြုံးကို ပန်ဆင်လာသည်။
” မင်းပြောခဲ့တယ်မလား သူတို့တွေ ငရဲမှာ လောင်ကျွမ်းသင့်တယ်လို့လေ ခစ်ခစ် “
” အိုကေ…ကလေးငယ် သဘောပဲလေ ” ဂျောင်ကုသည် သူ့ခါးကိုဖတ်တွယ်ထားသည့် ထယ်ယောင်းကို ကောက်ပွေ့ကာ ပါးမို့မို့လေးကို အားရပါးရနမ်းရိှုတ်သည်။ ဒီကလေးငယ်ကိုသာ အပိုင်ရပါက သူ့အနေနဲ့ ဘာမှမလိုတော့ပေ။ ဟိုသကောင့်သားက ဘာလို့ ဒီကလေးကိုအသည်းသန်လိုချင်နေသလဲဆိုတာ သူအခုမှ နားလည်သည်။ ဒီကလေးငယ်က ပိုင်ဆိုင်ချင်စရာကောင်းလွန်းနေသည်ကို။
” ဂျောင်ကု…”
” ဟင် “
” ချစ်တယ် “
ထိုစကားကို ဘာအဓိပ္ပာယ်ဖြင့်ဆိုသလဲဆိုတာ သူမသိသော်လည်း မျက်ခုံးပင့်လိုက်မိသည်။ ထို့နောက် ထယ်ယောင်းသည် သူ့ပုခုံးပေါ်ဝယ် မှီရင်းအသာ အိပ်ပျော်သွားတော့သည်။ သူလည်း မီးစွဲလောင်နေသည့် ထိုအခန်းထဲမှ အသာထွက်ကာ တံခါးနီနီကိုလည်း သော့ပိတ်ခဲ့လိုက်သည်။
အပြင်ဘက်တွင် မိုးဖွဲဖွဲရွာနေခဲ့သည်။ ဂျောင်ကုသည် ထယ်ယောင်းကိုချီရင်းပင် မိုးရေထဲရပ်နေသည်။ ထို့နောက် နောက်သို့တစ်ချက်ပြန်လှည့်ကြည့်သည်။ မီးတောက်မီးလျှံများသည် မကောင်းဆိုးဝါးသဖွယ် ဂေဟာကု လောင်ကျွမ်းနေသည်မြင်သည့်အခါ နတ်ဆိုးဆန်စွာပြုံးလိုက်သည်။ တခဏအကြာတွင် ဂျောင်ကုသည် တစ်စုံတစ်ခုကိုသတိရသွားကာ ဝမ်းနည်းဖွယ်ဆိုလာသည်။
” အာ…နှစ်ယောက်လုံးသေသွားတော့ ငါတို့ပုံပြင်ကို ပြောပြပေးမယ့်လူမရှိတော့ဘူးပဲ ”
မနက်ခင်းမိုးလင်းသည့်အခါ တာဝန်ခံများသည် ထယ်ယောင်းကို ဂေဟာနှင့်မလှမ်းမကမ်းတွင် လဲကျနေသည်ကို ရှာတွေ့ခဲ့ကြသည်။ မိုးမိထားသည့်အပြင် နှိပ်စက်ခံရသည်ဟု ယူဆရသည့် ဒဏ်ရာများကြောင့် ထယ်ယောင်းသည် ဆေးရုံ၌ သုံးရက်လောက်အိပ်ပျော်နေလေသည်။
သူအိပ်ပျော်နေတုန်း အိမ်မက်အရှည်ကြီးတစ်ခုကို သူမြင်မက်ခဲ့သည်။ ဂျောင်ကုသည် အမျိုးသမီးတစ်ယောက်နှင့် သူသေကိုယ်သေတိုက်ခိုက်နေသည်။ နောက်ဆုံးအမျိုးသမီးသည် ဂျောင်ကု၏ နှလုံးကိုဖောက်ထုတ်လိုက်သည့်အခါ ဖောက်ထုတ်ခံရသူသည် သူဖြစ်သကဲ့သို့ ချွေးစေးများပျံလာသည်။
ထို့နောက် နောက်ထပ်ပုံရိပ်တစ်ခုမှာ ဂျောင်ကု တံခါးနီနီကို တဖုံးဖုံးထုရိုက်ကာ သူ့ကို လွှတ်ပေးဖို့အော်နေတာပင်။ ထယ်ယောင်းသည် တံခါးဖွင့်ရန်ပြင်လိုက်သော်လည်း လက်ဖဝါးကြီးကြီးတစ်ခုသည် သူ့လက်ကို ဆုပ်ကိုင်လာသည်။ ထိုလူသည်ကား ဂျောင်ကုပင်။ သူရှေ့တွင် ဂျောင်ကုနှစ်ယောက်ရှိနေခဲ့သည်။ ဘယ်ဟာက အတုအယောင် ဘယ်ဟာက အစစ်အမှန်မှန်း သူမဝေခွဲတတ်တော့ချေ။
ဂျောင်ကုတစ်ယောက်သည် သူ့ကိုပွေ့ချီလိုက်သည့်အခါ ထိုဂျောင်ကု၏ ပုခုံးပေါ်မေးတက်လျက် တံခါးနီနီနောက်က အခြားဂျောင်ကုကိုသာ အသာငေးကြည့်နေမိသည်။ သူထင်တာမမှားလျှင် အခြားဂျောင်ကုသည် သူ့ကို အသည်းအသန် တစ်ခုခုသတိပေးနေသည့်ပုံပင်။ သို့သော်လည်း သူဘာမှမကြားရပေ။
ထယ်ယောင်းနိုးလာသည့်အခါ အနားတွင် ဂျောင်ကုရှိမနေပါ။ ကြိမ်ဖန်ထပ်နေတဲ့ အိမ်မက်တွေရဲ့ နိုးထခြင်းကဲ့သို့ သူဟာ ကြောက်လန့်ခြင်းတို့နှင့် တစ်ယောက်တည်းသာ။
” ဂျောင်ကု…” အက်ကွဲနေတဲ့အသံဖြင့် ခပ်တိုးတိုးခေါ်သည့်အခါ ဦးလေးကြီးတစ်ယောက်သာ သူ့အနားရောက်လာလေသည်။ ထိုဦးလေးကြီးသည် အချက်ပေးခလုတ်ကို နှိပ်ပြီးမကြာမီ ဆရာဝန်များပါ ရောက်လာတော့သည်။
ဆရာဝန်များကြား ဂျောင်ကုကို တွေ့လိုတွေ့ငှာ ရှာဖွေကြည့်သော်လည်း အရိပ်ကလေးပင် မမြင်ရချေ။ ဆရာဝန်များသည် စစ်ဆေးချက်များစွာ ပြုလုပ်နေသော်လည်း သူသည် မျက်လုံးသေကြီးများဖြင့် ကျောက်ရုပ်လိုရပ်နေခဲ့သည်။
နောက်ဆုံးတော့ ဆရာဝန်များသည် အကြောက်လွန်ပြီး စိတ်ထိခိုက်သွားသည်ဟု မှတ်ချက်ဆိုသည်။ စင်စစ် သူသည် တစ်စုံတစ်ယောက်ကို ပျောက်ဆုံးနေခြင်းသာ။
ဒီရက်တွေအတွင်း တာဝန်ခံများသည် စိတ်ပျက်ဖို့ကောင်းလောက်အောင် သူ့ကို အမျိုးမျိုးစစ်မေးကြသည်။
” ဘာတွေဖြစ်ခဲ့လဲ သားမှတ်မိသေးလား ” သူနိုးလာတုန်းက ပထမဦးဆုံးတွေ့ခဲ့ရသည့် ဦးလေးကြီးသည် အမှုရဲ့တာဝန်ခံတစ်ယောက်ဖြစ်ပုံရသည်။ သူ့ကို နွေးထွေးတဲ့လေသံပျော့ပျော့လေးဖြင့် စစ်မေးနေသည်။
ထယ်ယောင်း ခေါင်းငုံ့ကာ ခေါင်းအသာခါလိုက်သည်။
” ထယ်ယောင်း…သားပူပေါင်းပေးမှဖြစ်မှာ သိတယ်မလား “
” ဦးလေးကြီးက သားကို ကူညီပေးမှာမလိူ့လား ”
ထယ်ယောင်းစကားကြောင့် တာဝန်ခံ၏ မျက်လုံးများသည် မျှော်လင့်ချက်ရောင်ခြည်လေးသန်းသွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုစကားလုံးသည် ထယ်ယောင်းသတိရလာပြီးတဲ့နောက် ပထမဦးဆုံးစကားစပြောခြင်းပင်။ ကျန်တဲ့အချိန်တွေတုန်းက ခေါင်းငြိမ့်ခေါင်းခါ၊ အင်း၊ ဟင့်အင်း သာပြောနေခဲ့သည်မဟုတ်လား။
ထယ်ယောင်းဆက်ပြောသည်။
” သားကို လူတစ်ယောက်ရှာပေးပါ “
” အင်း…သားပြော ဦးလေးတို့ ဘယ်သူ့ကို ကူရှာပေးရမလဲ။ ဦးလေးတို့ အတတ်နိုင်ဆုံးကူရှာပေးမှာ “
” ဂျောင်ကု…ဂျွန်ဂျောင်ကု….အဲ့နေ့ညတုန်းက သူလည်း အဲ့ဒီနေရာမှာ ရှိနေတယ် “
” ဟုတ်ပြီ…ဦးလေးတို့ ရှာပေးမယ်နော် “
တာဝန်ခံကြီးရဲ့ မျှော်လင့်ချက်များသည် ဂျောင်ကု၏မှတ်တမ်းများကို ရှာတွေ့သည့်အခါ အစိတ်စိတ်အမွှာမွှာကြေကွဲသွားရတော့သည်။
” တာဝန်ခံကြီး စနေတာမဟုတ်ဘူးမလား…ဂျွန်ဂျောင်ကုက လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်ကတည်းက သေဆုံးသွားတဲ့ ကလေးလေးလေ ” စခန်းထဲရှိ လုပ်ဖော်ကိုင်ဖတ်များသည် စတင်ညီးတွားလာကြသည်။
” အဲ့ထက်ထူးဆန်းတာက ဂျောင်ကုက အခုဆုံးသွားတဲ့ သင်းအုပ်ဆာရဲ့သားအရင်း၊ စစ္စတာရဲ့ မောင်ဖြစ်သူ…မှတ်တမ်းတွေအရ အပနှင်ရင်းဆုံးသွားတာ။ နဂိုကတည်းက အဲ့မိသားစုက ဘာသာရေးအရမ်းလိုက်စားတာ။ ကလေးရဲ့ မူမမှန်တဲ့ အပြုအမူတွေကို တွေ့တဲ့အခါ နတ်ဆိုးဝင်ပူးတယ်ဆိုပြီး အပနှင်တာတွေ လုပ်တော့တာပဲ။ အဲ့တုန်းက ကောလဟာလတွေအရဆို မကောင်းဆိုးဝါးဝိညာဉ်လို့လည်း ခေါ်ကြတယ် “
အမျိုးသမီးစုံထောက်တစ်ယောက်သည် အချက်အလတ်များကို ထပ်မံထောက်ပြလိုက်သည့်အခါ အဖွဲ့သည် လုံးဝကို အံ့သြသွားရသည်။
” ရား…လိန်း နင်ဒါတွေဘယ်လိုသိတာလဲ။ ဒီမှတ်တမ်းထဲမှာ မရှိဘူးလေ ။ နင်ဘယ်မှတ်တမ်းထဲက သွားရှာလာတာလဲ ” စုံထောက်တစ်ယောက်သည် ထိတ်လန့်တကြားမေးလာသည့်အခါ အဖွဲ့မှူးသည် ဂုဏ်ယူဟန် ထဖြေလာသည်။
” ငါ့ညီမ ငယ်ငယ်တုန်းက အဖွားတို့အိမ်မှာနေခဲ့တာလေ။ အဖွားတို့အိမ်က အဲ့ဂေဟာနားမှာပဲ။ ပြီးတော့… spiritual community နဲ့လည်း အဆတ်အသွယ်ရှိတယ်လေ။ သူမလုပ်ရတာဆိုလို့ ကီးဘုတ်ပေည်အနည်းငယ် ပြေးလွှားလိုက်ရုံပဲ။ သတင်းပေးမယ့်လူတွေက တန်းစီနေမှာ “
” လူစီယန်!!! ဘာတွေလျှောက်ပြောနေတာလဲ ပိတ်ထားစမ်း “
” အောဟော! ငါကအဖွဲ့မှူးနော် လေးစားသမှုရှိမှပေါ့…အစ်ကိုကြီးလို့ပြန်ခေါ် အစ်ကိုကြီးလို့ ခေါ်ရင်ခွင့်လွှတ်ပေးမယ် “
” သေလိုက်လေ “
အမြဲမတည့်တဲ့ အဖွဲ့မှူးမောင်နှမကြောင့် ကျန်အဖွဲ့သားများသည် ခပ်တိုးတိုးရယ်သည်။
” ရော့…ဆေးရုံကိုလိုက်သွားပြီး တာဝန်ခံစုံထောက်ချွဲကို ဒါတွေသွားပေးလိုက် ” လိန်းသည် ငြင်းဆန်ချင်သော်လည်း နောက်ဆုံးတွင် ဆောင့်အောင့်ကာ ဆေးရုံသို့ထွက်လာလိုက်သည်။
ဆေးရုံအခန်းတွင်းသို့ ဝင်သွားတဲ့အခါ ကလေးသည် သူမကို မျက်တောင်မခတ်စိုက်ကြည့်နေသဖြင့် သူမနေရခတ်လာသည်။
” တီတီ့ကို သားမြင်ဖူးတယ် ” ထယ်ယောင်း၏ စကားကြောင့် လိန်းကျောတောင့်သွားသည်။ ထိုနောက် ထယ်ယောင်းသည် ဆက်ပြောသည်။
” တီတီ…ဂျောင်ကုကို သိတယ်မလား…”
လိန်းသည် ဖြေရခတ်သွားသည်။ တာဝန်ခံကြီးကိူ လှမ်းကြည့်သည့်အခါ စိတ်ချဆိုသည့်သဘောဖြင့် ခေါင်းအသာငြိမ့်ပြလာသည်။
” အင်း…သားဂျောင်ကုကို ရှာချင်တယ်ဆိုလို့…တီတီက ရှာပေးနေတာဆိုတော့ သိတယ်လို့ ပြောလို့ရတယ် “
” ဆရာပြောတော့ ဂျောင်ကုက ဆုံးပြီတဲ့လေ…”
လိန်းသည် ထပ်မံဖြေရခတ်သွားသည်။ သူမအမှန်တိုင်းဖြေလိုက်လျှင်လည်း ကလေးသည် ပိုပြီးစိတ်ထိခိုက်သွားကာ သူမတို့လိုချင်သည့်အချက်အလတ်များကို မပေးနိုင်မှာ စိုးရိမ်သည်။ ထိုသို့ အကြပ်အတည်းထဲကျနေသည့်အချိန် အချိန်ကိုက်ပင် ဖုန်းဝင်လာသည်။ လိန်းသည် ဖုန်းပြောဦးမည်ဟု အကြောင်းပြကာ ဆေးရုံခန်းထဲမှ ထွက်သွားတော့သည်။
နောက်ရက်ရောက်သော် ထယ်ယောင်းသည် ဒဏ်ရာများ သတ်သာလာပြီဖြစ်၍ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်သည်။ တာဝန်ခံများသည် သူ့ကို ဂေဟာတစ်ခုသို့ ပို့ရန် စီစဉ်နေကြသည်။ ပို၍ ထူးဆန်းသည်က ဆေးရုံမဆင်းမီ ထယ်ယောင်းသည် စုံစမ်းရေးအဖွဲ့က အလိုရှိသမျှ အဖြေအားလုံးကို ပြန်လည်ဖြေကြားပေးခဲ့သည်။
သူသည် မိဘနှစ်ပါး ကားမှောက်ဆုံးပါးသွားပြီးနောက် ထိုဂေဟာသို့ ရောက်ရှိခဲ့သည်။ ထို့နောက် ရုတ်တရတ်ကြီး သူ့ကို မကောင်းဆိုးဝါးဝင်ပူးသည်ဟု စွပ်စွဲကာ အခန်းတစ်ခုထဲပိတ်ကာ နှိပ်စက်ခဲ့သည်။ နဖူးကို ရေနွေးပူဖြင့်လောင်း၍ လက်ဝါးကပ်တိုင်ပုံဖော်ကြသည်။ အရမ်းပူလွန်းတဲ့အဝတ်စဖြင့် သူ၏ မျက်နှာကို အုပ်ခဲ့သည်။ ခုနှစ်ရက်တစ်ပတ်ကျော် အစာမကျွေးဘဲ အခန်းထဲသာပိတ်ထားကြသည်။ အခြားသော နည်းများနဲ့လည်း သူ့ကို ရိုက်နှက်ခဲ့ကြသေးသည်။
ထိုနေ့ကလည်း အခြားနေ့တွေလို သူ့ကိုနှိပ်စက်နေတုန်း ဆရာနှင့် စစ္စတာတို့သည် စကားများကြသည်။ ဆရာသည် စစ္စတာကို ရိုက်လိုက်သည်။ အဲ့နောက် ထွန်းထားတဲ့ ဖယောင်းတိုင်မီးတွေက လဲပြီး အခန်းထဲမီးစွဲခဲ့သည်။ သူလည်း ဆရာရဲ့အလစ်မှာ ထိုအခန်းထဲက မနည်းပြေးထွက်လာခဲ့သည်။ အဲ့နောက်တော့ ဘာမှမမှတ်မိတော့ဘူးဟူ၍ ထယ်ယောင်းဆိုသည်။
ထယ်ယောင်း၏ လိမ်ဆင်ထွက်ဆိုမှုများကို ကြားသည့်အခါ စုံစမ်းရေးတစ်ဖွဲ့လုံး ကရုဏာသတ်ကာ မျက်ရည်များဝဲလာကြသည်။ ထယ်ယောင်းအနေနဲ့ ဂျောင်ကုနာမည်ကို တစ်ချက်မှ မဟခဲ့ပေ။
စုံစမ်းရေးအဖွဲ့များသည် အခြားဂေဟာသို့ရောက်သည့်အခါ အဆင်ပြေစေရန် မုန့်တွေ လက်ဆောင်တွေ များစွာကို ထည့်ပေးလိုက်ကြသေးသည်။ သတ်ဆိုင်ရာရဲ့ ကြည့်ရှုမှုအောက်ဝယ် အခြားဂေဟာသို့ရောက်သောအခါ ဂေဟာမှူးသည် သူ့ကို အလွန်နွေးထွေးစွာ ကြိုဆိုသည်။ မကြာလိုက်ပါ ထိုနေ့ချင်းပင် ထယ်ယောင်းကို မွေးစားမည့်လူပေါ်လာလေသည်။
” ထယ်ယောင်း…နှုတ်ဆတ်လိုက်ဦး ဒီကမစ္စတာက သားကို မွေးစားချင်လို့တဲ့ ”
ထယ်ယောင်းသည် မှန်ပြတင်းပေါက်မှ လမ်းကို မျက်လုံးသေကြီးများဖြင့် ရပ်ကြည့်နေရာမှ ဂေဟာမှူး၏ အသံလာရာသို့ လှည့်ကြည့်လာသည်။ ထို့နောက် ရင်းနှီးနေသည့်အသံကို ထပ်မံကြားလိုက်ရသည့်အခါ သူ့မျက်လုံးများသည် မယုံကြည်နိုင်မှုများဖြင့် တလတ်လတ်တောက်လာတော့သည်။
” မင်္ဂလာပါ…ဦးဦးက မစ္စတာဂျော်ဒန်လို့ခေါ်ပါတယ်။ စတော်ဘယ်ရီကန်ဒီယူမလား ခွေးရူးလေး…”
” ဂျောင်ကု…” ထယ်ယောင်းခုန်ပေါက်ကာ ပြေးဖတ်လိုက်တော့သည်။ ဂျောင်ကုသည် ထယ်ယောင်းကို ကောက်ပွေ့လိုက်ပြီး…
” အခုကစပြီး ဒယ်ဒီလို့ခေါ်….” ဟူ၍ ပြောလာသည်။
” ဒယ်ဒီဘယ်ဘက်မျက်လုံးက ဘာဖြစ်တာလဲဟင်….” ထယ်ယောင်းသည် ဂျောင်ကု၏ ထူးဆန်းသည့်အငွေ့အသတ်တွေကြား ပို၍ ထူးဆန်းတာကို ရှာတွေ့သွားသည်။ ဘယ်ဘက်မျက်လုံးကွယ်နေတာပင်။ ဘယ်ဘက်မျက်လုံးတစ်ဖတ်ကို အမည်းရောင် မျက်လုံးစည်းဖြင့်ဖုံးအုပ်ထားလေသည်။
ဂျောင်ကုသည် ခြောက်ကပ်ကပ်ရယ်သည်။
” သိချင်လား…”
ဂျောင်ကုသည် ထယ်ယောင်းနားနားသို့ကပ်ကာ တီးတိုးဆိုသည်။
” မင်းရဲ့ သစ္စာရှိခွေးကောင်ဖောက်ထုတ်လိုက်တာလေ…” ထိုအဖြေကို ကြားသည့်အခါ ထယ်ယောင်းသည် တစ်ခုခုကို ပြန်သတိရသွားလေသည်။
သို့သော်လည်း အရာအားလုံးနောက်ကျသွားပြီဖြစ်သည်။
The End
___________
Zawkyi
“Vos est qui itis ad infernum, non me. Puer crucians et faciens ad voluntatem Divini Patris? Omnes vos ardere debetis in inferno”
အသံႏွစ္ထပ္ျဖစ္ေနသည့္ လက္တင္စကားသံႀကီးသည္ အခန္းတစ္ခုလုံးကို ငလ်င္လႈပ္သကဲ့သို႔ တုန္လႈပ္သြားေစသည္။
သင္းအုပ္ဆရာသည္ လက္ဝါးကပ္တိုင္ကို ေဂ်ာင္ကုဘက္သို႔ လွည့္ထား၍ စစၥတာသည္ ေသတၱာကိုအဆင့္သင့္ကိုင္ေပးထားသည္။ သို႔ေသာ္လည္း သူတို႔သည္ ေဂ်ာင္ကုကို အာ႐ုံစိုက္ေနတုန္း အေနာက္ဘက္မွ ထယ္ေယာင္းသည္ မ်က္ျဖဴဆိုက္ကာ တက္သလိုျဖစ္လာသည္။
စစၥတာသည္ ႐ုတ္တရတ္ ထယ္ေယာင္းကို အရမ္းစိတ္ပူသြသည္မို႔ အနားသို႔ေျပးသြားသည္။ ဆရာအေနနဲ႕ တားဆီးဖို႔အခ်ိန္ပင္မရလိုက္ေပ။
စစၥတာသည္ အနားသို႔ေရာက္သြားတဲ့အခါ လက္ထဲက ေသတၱာကို ေဘးမွာခ်ထားလိုက္ၿပီး ထယ္ေယာင္းကို ႀကိဳးေျဖေပးဖို႔ရာႀကိဳးစားေနသည္။ အတိတ္မွာတုန္းက ဒီလိုနည္းနဲ႕ပဲ ေမာင္ျဖစ္သူကိုဆုံးရႈံးခဲ့ရၿပီမလို႔ အခုအခါေတာ့ ထယ္ေယာင္းကို သူမကာကြယ္ေပးရမည္။ သို႔ေသာ္လည္း စစၥတာ၏ ဆုံးျဖတ္ခ်က္သည္ မွားယြင္းသြားပုံရသည္။
ထယ္ေယာင္း၏ ေျခလက္တို႔၌ တုတ္ေႏွာင္ထားသည့္ ႀကိဳးမ်ားသည့္ တစ္စုံတစ္ေယာက္က ျဖတ္ေပးလိုက္သည့္ႏွယ္ သူ႕အလိုလို ေထာင္းခနဲျပတ္ေတာက္ကုန္သည္။ ထယ္ေယာင္းသည္ ႐ုတ္ခ်ည္းဆိုသလို မ်က္လုံးပြင့္လာကာ သူ႕ေဘးက စစၥတာကို တြန္းထုတ္လိုက္သည္။ ထို႔ေနာက္ ကုတင္ေပၚမွ ခုန္ဆင္းကာ ေဂ်ာင္ကုရွိရာ အေပါက္ဝသို႔ ေျပးေတာ့သည္။
တစ္ဖတ္တြင္လည္း ေဂ်ာင္ကုသည္ သင္းအုပ္ဆရာကို လည္ပင္းညစ္ထားသည္။ အျခားလူအျမင္ဝယ္ သင္းအုပ္ဆရာသည္ ေလထဲတြင္ျမႇောက္တက္ကာ သူ႕လည္ပင္းကို သူညွစ္ေနသည့္ပုံေပါက္ေန၏။
အခန္းထဲတြင္ ဖေယာင္းတိုင္မီးေရာင္ပ်ပ်ရွိေသာ္လည္း တံခါးနီနီ၏ အလြန္သည္ အဆုံးမရွိေမွာင္မိုက္ေနသည္။ ထို႔ေၾကာင့္ ေဂ်ာင္ကုသည္ ဘယ္လို ပုံစံျဖစ္ေနမည္ကို မည္သူမွမျမင္နိုင္ေခ်။
ထယ္ေယာင္းသည္ ထိုအေမွာင္ထုထဲသို႔ေျပးဝင္ကာ တစ္စုံတစ္ေယာက္ကို ေျပးဖတ္လိုက္သည္။ ဒါေပမယ့္လည္း သူဖတ္မိသည္က သူႏွင့္႐ြယ္တူေကာင္ေလးမဟုတ္ဘဲ လူႀကီးတစ္ေယာက္၏ ခါးကိုသာျဖစ္ေလရာ ထိတ္လန့္သြားေလသည္။ ထယ္ေယာင္း အထိတ္တလန့္ျဖင့္ အေနာက္သို႔ျပန္ဆုတ္ရန္ျပင္လိုက္ေသာ္လည္း ေအးစက္သည့္ လက္ဖဝါးႀကီးသည္ သူ႕၏ေခါင္းကို အသာထိန္းကိုင္လာသည္။
” မေၾကာက္နဲ႕ ငါပါ….”
ေဂ်ာင္ကု၏ အသံၾကားသည့္အခါ ထယ္ေယာင္းသည္ ေၾကာက္စိတ္တို႔ေျပေပ်ာက္သြားၿပီး ေဂ်ာင္ကုကိုသာ ခပ္တင္းတင္းေပြ႕ဖတ္ထားလိုက္သည္။ သူ႕စိတ္ထဲအနည္းငယ္ထုးဆန္းေနေသာ္လည္း ဒီလူသည္ ေဂ်ာင္ကုဆိုသည့္အသိေၾကာင့္ သူအရာအားလုံးကို လစ္လ်ဴရႈလိုက္သည္။
” ထယ္…မင္းေျပာၾကည့္ ငါသူတို႔ကို ဘာလုပ္သင့္လဲ “
ေဂ်ာင္ကု၏ အေမးကိုၾကားသည့္အခါ ထယ္ေယာင္းသည္ သင္းအုပ္ဆရညႏွင့္ စစၥတာတို႔ထံျပန္လွည့္ၾကည့္လာသည္။ သင္းအုပ္ဆရာ
သည္ လည္ပင္းညွစ္ခံထားရတာေၾကာင့္ ေအာက္ဆီဂ်င္ျပတ္လတ္ကာ မ်က္ႏွာသည္ ခရမ္းေရာင္သန္းေနၿပီျဖစ္သည္။ စစၥတာသည္ သူတြန္းထုတ္လိုက္တာေၾကာင့္ ကုတင္ေစာင္းနဲ႕ေဆာင့္ကာ သတိေမ့သြားပုံရသည္။
ထို႔ေနာက္ သူ၏ အၾကည့္တို႔သည္ တဖ်တ္ဖ်တ္ေတာက္ေလာင္ေနသည့္ ဖေယာင္းတိုင္မီးတို႔ထံေရာက္ရွိသြားသည္။ ထို႔ေနာက္ ကေလးငယ္တစ္ေယာက္ႏွင့္မလိုက္ဖတ္ေအာင္ ေၾကာက္စရာေကာင္းေလာက္တဲ့အၿပဳံးကို ပန္ဆင္လာသည္။
” မင္းေျပာခဲ့တယ္မလား သူတို႔ေတြ ငရဲမွာ ေလာင္ကြၽမ္းသင့္တယ္လို႔ေလ ခစ္ခစ္ “
” အိုေက…ကေလးငယ္ သေဘာပဲေလ ” ေဂ်ာင္ကုသည္ သူ႕ခါးကိုဖတ္တြယ္ထားသည့္ ထယ္ေယာင္းကို ေကာက္ေပြ႕ကာ ပါးမို႔မို႔ေလးကို အားရပါးရနမ္းရိႈတ္သည္။ ဒီကေလးငယ္ကိုသာ အပိုင္ရပါက သူ႕အေနနဲ႕ ဘာမွမလိုေတာ့ေပ။ ဟိုသေကာင့္သားက ဘာလို႔ ဒီကေလးကိုအသည္းသန္လိုခ်င္ေနသလဲဆိုတာ သူအခုမွ နားလည္သည္။ ဒီကေလးငယ္က ပိုင္ဆိုင္ခ်င္စရာေကာင္းလြန္းေနသည္ကို။
” ေဂ်ာင္ကု…”
” ဟင္ “
” ခ်စ္တယ္ “
ထိုစကားကို ဘာအဓိပၸာယ္ျဖင့္ဆိုသလဲဆိုတာ သူမသိေသာ္လည္း မ်က္ခုံးပင့္လိုက္မိသည္။ ထို႔ေနာက္ ထယ္ေယာင္းသည္ သူ႕ပုခုံးေပၚဝယ္ မွီရင္းအသာ အိပ္ေပ်ာ္သြားေတာ့သည္။ သူလည္း မီးစြဲေလာင္ေနသည့္ ထိုအခန္းထဲမွ အသာထြက္ကာ တံခါးနီနီကိုလည္း ေသာ့ပိတ္ခဲ့လိုက္သည္။
အျပင္ဘက္တြင္ မိုးဖြဲဖြဲ႐ြာေနခဲ့သည္။ ေဂ်ာင္ကုသည္ ထယ္ေယာင္းကိုခ်ီရင္းပင္ မိုးေရထဲရပ္ေနသည္။ ထို႔ေနာက္ ေနာက္သို႔တစ္ခ်က္ျပန္လွည့္ၾကည့္သည္။ မီးေတာက္မီးလွ်ံမ်ားသည္ မေကာင္းဆိုးဝါးသဖြယ္ ေဂဟာကု ေလာင္ကြၽမ္းေနသည္ျမင္သည့္အခါ နတ္ဆိုးဆန္စြာၿပဳံးလိုက္သည္။ တခဏအၾကာတြင္ ေဂ်ာင္ကုသည္ တစ္စုံတစ္ခုကိုသတိရသြားကာ ဝမ္းနည္းဖြယ္ဆိုလာသည္။
” အာ…ႏွစ္ေယာက္လုံးေသသြားေတာ့ ငါတို႔ပုံျပင္ကို ေျပာျပေပးမယ့္လူမရွိေတာ့ဘူးပဲ ”
မနက္ခင္းမိုးလင္းသည့္အခါ တာဝန္ခံမ်ားသည္ ထယ္ေယာင္းကို ေဂဟာႏွင့္မလွမ္းမကမ္းတြင္ လဲက်ေနသည္ကို ရွာေတြ႕ခဲ့ၾကသည္။ မိုးမိထားသည့္အျပင္ ႏွိပ္စက္ခံရသည္ဟု ယူဆရသည့္ ဒဏ္ရာမ်ားေၾကာင့္ ထယ္ေယာင္းသည္ ေဆး႐ုံ၌ သုံးရက္ေလာက္အိပ္ေပ်ာ္ေနေလသည္။
သူအိပ္ေပ်ာ္ေနတုန္း အိမ္မက္အရွည္ႀကီးတစ္ခုကို သူျမင္မက္ခဲ့သည္။ ေဂ်ာင္ကုသည္ အမ်ိဳးသမီးတစ္ေယာက္ႏွင့္ သူေသကိုယ္ေသတိုက္ခိုက္ေနသည္။ ေနာက္ဆုံးအမ်ိဳးသမီးသည္ ေဂ်ာင္ကု၏ ႏွလုံးကိုေဖာက္ထုတ္လိုက္သည့္အခါ ေဖာက္ထုတ္ခံရသူသည္ သူျဖစ္သကဲ့သို႔ ေခြၽးေစးမ်ားပ်ံလာသည္။
ထို႔ေနာက္ ေနာက္ထပ္ပုံရိပ္တစ္ခုမွာ ေဂ်ာင္ကု တံခါးနီနီကို တဖုံးဖုံးထုရိုက္ကာ သူ႕ကို လႊတ္ေပးဖို႔ေအာ္ေနတာပင္။ ထယ္ေယာင္းသည္ တံခါးဖြင့္ရန္ျပင္လိုက္ေသာ္လည္း လက္ဖဝါးႀကီးႀကီးတစ္ခုသည္ သူ႕လက္ကို ဆုပ္ကိုင္လာသည္။ ထိုလူသည္ကား ေဂ်ာင္ကုပင္။ သူေရွ႕တြင္ ေဂ်ာင္ကုႏွစ္ေယာက္ရွိေနခဲ့သည္။ ဘယ္ဟာက အတုအေယာင္ ဘယ္ဟာက အစစ္အမွန္မွန္း သူမေဝခြဲတတ္ေတာ့ေခ်။
ေဂ်ာင္ကုတစ္ေယာက္သည္ သူ႕ကိုေပြ႕ခ်ီလိုက္သည့္အခါ ထိုေဂ်ာင္ကု၏ ပုခုံးေပၚေမးတက္လ်က္ တံခါးနီနီေနာက္က အျခားေဂ်ာင္ကုကိုသာ အသာေငးၾကည့္ေနမိသည္။ သူထင္တာမမွားလွ်င္ အျခားေဂ်ာင္ကုသည္ သူ႕ကို အသည္းအသန္ တစ္ခုခုသတိေပးေနသည့္ပုံပင္။ သို႔ေသာ္လည္း သူဘာမွမၾကားရေပ။
ထယ္ေယာင္းနိုးလာသည့္အခါ အနားတြင္ ေဂ်ာင္ကုရွိမေနပါ။ ႀကိမ္ဖန္ထပ္ေနတဲ့ အိမ္မက္ေတြရဲ႕ နိုးထျခင္းကဲ့သို႔ သူဟာ ေၾကာက္လန့္ျခင္းတို႔ႏွင့္ တစ္ေယာက္တည္းသာ။
” ေဂ်ာင္ကု…” အက္ကြဲေနတဲ့အသံျဖင့္ ခပ္တိုးတိုးေခၚသည့္အခါ ဦးေလးႀကီးတစ္ေယာက္သာ သူ႕အနားေရာက္လာေလသည္။ ထိုဦးေလးႀကီးသည္ အခ်က္ေပးခလုတ္ကို ႏွိပ္ၿပီးမၾကာမီ ဆရာဝန္မ်ားပါ ေရာက္လာေတာ့သည္။
ဆရာဝန္မ်ားၾကား ေဂ်ာင္ကုကို ေတြ႕လိုေတြ႕ငွာ ရွာေဖြၾကည့္ေသာ္လည္း အရိပ္ကေလးပင္ မျမင္ရေခ်။ ဆရာဝန္မ်ားသည္ စစ္ေဆးခ်က္မ်ားစြာ ျပဳလုပ္ေနေသာ္လည္း သူသည္ မ်က္လုံးေသႀကီးမ်ားျဖင့္ ေက်ာက္႐ုပ္လိုရပ္ေနခဲ့သည္။
ေနာက္ဆုံးေတာ့ ဆရာဝန္မ်ားသည္ အေၾကာက္လြန္ၿပီး စိတ္ထိခိုက္သြားသည္ဟု မွတ္ခ်က္ဆိုသည္။ စင္စစ္ သူသည္ တစ္စုံတစ္ေယာက္ကို ေပ်ာက္ဆုံးေနျခင္းသာ။
ဒီရက္ေတြအတြင္း တာဝန္ခံမ်ားသည္ စိတ္ပ်က္ဖို႔ေကာင္းေလာက္ေအာင္ သူ႕ကို အမ်ိဳးမ်ိဳးစစ္ေမးၾကသည္။
” ဘာေတြျဖစ္ခဲ့လဲ သားမွတ္မိေသးလား ” သူနိုးလာတုန္းက ပထမဦးဆုံးေတြ႕ခဲ့ရသည့္ ဦးေလးႀကီးသည္ အမႈရဲ႕တာဝန္ခံတစ္ေယာက္ျဖစ္ပုံရသည္။ သူ႕ကို ေႏြးေထြးတဲ့ေလသံေပ်ာ့ေပ်ာ့ေလးျဖင့္ စစ္ေမးေနသည္။
ထယ္ေယာင္း ေခါင္းငုံ႕ကာ ေခါင္းအသာခါလိုက္သည္။
” ထယ္ေယာင္း…သားပူေပါင္းေပးမွျဖစ္မွာ သိတယ္မလား “
” ဦးေလးႀကီးက သားကို ကူညီေပးမွာမလိူ႕လား ”
ထယ္ေယာင္းစကားေၾကာင့္ တာဝန္ခံ၏ မ်က္လုံးမ်ားသည္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးသန္းသြားသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုစကားလုံးသည္ ထယ္ေယာင္းသတိရလာၿပီးတဲ့ေနာက္ ပထမဦးဆုံးစကားစေျပာျခင္းပင္။ က်န္တဲ့အခ်ိန္ေတြတုန္းက ေခါင္းၿငိမ့္ေခါင္းခါ၊ အင္း၊ ဟင့္အင္း သာေျပာေနခဲ့သည္မဟုတ္လား။
ထယ္ေယာင္းဆက္ေျပာသည္။
” သားကို လူတစ္ေယာက္ရွာေပးပါ “
” အင္း…သားေျပာ ဦးေလးတို႔ ဘယ္သူ႕ကို ကူရွာေပးရမလဲ။ ဦးေလးတို႔ အတတ္နိုင္ဆုံးကူရွာေပးမွာ “
” ေဂ်ာင္ကု…ဂြၽန္ေဂ်ာင္ကု….အဲ့ေန႕ညတုန္းက သူလည္း အဲ့ဒီေနရာမွာ ရွိေနတယ္ “
” ဟုတ္ၿပီ…ဦးေလးတို႔ ရွာေပးမယ္ေနာ္ “
တာဝန္ခံႀကီးရဲ႕ ေမွ်ာ္လင့္ခ်က္မ်ားသည္ ေဂ်ာင္ကု၏မွတ္တမ္းမ်ားကို ရွာေတြ႕သည့္အခါ အစိတ္စိတ္အမႊာမႊာေၾကကြဲသြားရေတာ့သည္။
” တာဝန္ခံႀကီး စေနတာမဟုတ္ဘူးမလား…ဂြၽန္ေဂ်ာင္ကုက လြန္ခဲ့တဲ့ႏွစ္ႏွစ္ဆယ္ေက်ာ္ကတည္းက ေသဆုံးသြားတဲ့ ကေလးေလးေလ ” စခန္းထဲရွိ လုပ္ေဖာ္ကိုင္ဖတ္မ်ားသည္ စတင္ညီးတြားလာၾကသည္။
” အဲ့ထက္ထူးဆန္းတာက ေဂ်ာင္ကုက အခုဆုံးသြားတဲ့ သင္းအုပ္ဆာရဲ႕သားအရင္း၊ စစၥတာရဲ႕ ေမာင္ျဖစ္သူ…မွတ္တမ္းေတြအရ အပႏွင္ရင္းဆုံးသြားတာ။ နဂိုကတည္းက အဲ့မိသားစုက ဘာသာေရးအရမ္းလိုက္စားတာ။ ကေလးရဲ႕ မူမမွန္တဲ့ အျပဳအမူေတြကို ေတြ႕တဲ့အခါ နတ္ဆိုးဝင္ပူးတယ္ဆိုၿပီး အပႏွင္တာေတြ လုပ္ေတာ့တာပဲ။ အဲ့တုန္းက ေကာလဟာလေတြအရဆို မေကာင္းဆိုးဝါးဝိညာဥ္လို႔လည္း ေခၚၾကတယ္ “
အမ်ိဳးသမီးစုံေထာက္တစ္ေယာက္သည္ အခ်က္အလတ္မ်ားကို ထပ္မံေထာက္ျပလိုက္သည့္အခါ အဖြဲ႕သည္ လုံးဝကို အံ့ၾသသြားရသည္။
” ရား…လိန္း နင္ဒါေတြဘယ္လိုသိတာလဲ။ ဒီမွတ္တမ္းထဲမွာ မရွိဘူးေလ ။ နင္ဘယ္မွတ္တမ္းထဲက သြားရွာလာတာလဲ ” စုံေထာက္တစ္ေယာက္သည္ ထိတ္လန့္တၾကားေမးလာသည့္အခါ အဖြဲ႕မႉးသည္ ဂုဏ္ယူဟန္ ထေျဖလာသည္။
” ငါ့ညီမ ငယ္ငယ္တုန္းက အဖြားတို႔အိမ္မွာေနခဲ့တာေလ။ အဖြားတို႔အိမ္က အဲ့ေဂဟာနားမွာပဲ။ ၿပီးေတာ့… spiritual community နဲ႕လည္း အဆတ္အသြယ္ရွိတယ္ေလ။ သူမလုပ္ရတာဆိုလို႔ ကီးဘုတ္ေပည္အနည္းငယ္ ေျပးလႊားလိုက္႐ုံပဲ။ သတင္းေပးမယ့္လူေတြက တန္းစီေနမွာ “
” လူစီယန္!!! ဘာေတြေလွ်ာက္ေျပာေနတာလဲ ပိတ္ထားစမ္း “
” ေအာေဟာ! ငါကအဖြဲ႕မႉးေနာ္ ေလးစားသမႈရွိမွေပါ့…အစ္ကိုႀကီးလို႔ျပန္ေခၚ အစ္ကိုႀကီးလို႔ ေခၚရင္ခြင့္လႊတ္ေပးမယ္ “
” ေသလိုက္ေလ “
အၿမဲမတည့္တဲ့ အဖြဲ႕မႉးေမာင္ႏွမေၾကာင့္ က်န္အဖြဲ႕သားမ်ားသည္ ခပ္တိုးတိုးရယ္သည္။
” ေရာ့…ေဆး႐ုံကိုလိုက္သြားၿပီး တာဝန္ခံစုံေထာက္ခြၽဲကို ဒါေတြသြားေပးလိုက္ ” လိန္းသည္ ျငင္းဆန္ခ်င္ေသာ္လည္း ေနာက္ဆုံးတြင္ ေဆာင့္ေအာင့္ကာ ေဆး႐ုံသို႔ထြက္လာလိုက္သည္။
ေဆး႐ုံအခန္းတြင္းသို႔ ဝင္သြားတဲ့အခါ ကေလးသည္ သူမကို မ်က္ေတာင္မခတ္စိုက္ၾကည့္ေနသျဖင့္ သူမေနရခတ္လာသည္။
” တီတီ့ကို သားျမင္ဖူးတယ္ ” ထယ္ေယာင္း၏ စကားေၾကာင့္ လိန္းေက်ာေတာင့္သြားသည္။ ထိုေနာက္ ထယ္ေယာင္းသည္ ဆက္ေျပာသည္။
” တီတီ…ေဂ်ာင္ကုကို သိတယ္မလား…”
လိန္းသည္ ေျဖရခတ္သြားသည္။ တာဝန္ခံႀကီးကိူ လွမ္းၾကည့္သည့္အခါ စိတ္ခ်ဆိဳသည့္သေဘာျဖင့္ ေခါင္းအသာၿငိမ့္ျပလာသည္။
” အင္း…သားေဂ်ာင္ကုကို ရွာခ်င္တယ္ဆိုလို႔…တီတီက ရွာေပးေနတာဆိုေတာ့ သိတယ္လို႔ ေျပာလို႔ရတယ္ “
” ဆရာေျပာေတာ့ ေဂ်ာင္ကုက ဆုံးၿပီတဲ့ေလ…”
လိန္းသည္ ထပ္မံေျဖရခတ္သြားသည္။ သူမအမွန္တိုင္းေျဖလိုက္လွ်င္လည္း ကေလးသည္ ပိုၿပီးစိတ္ထိခိုက္သြားကာ သူမတို႔လိုခ်င္သည့္အခ်က္အလတ္မ်ားကို မေပးနိုင္မွာ စိုးရိမ္သည္။ ထိုသို႔ အၾကပ္အတည္းထဲက်ေနသည့္အခ်ိန္ အခ်ိန္ကိုက္ပင္ ဖုန္းဝင္လာသည္။ လိန္းသည္ ဖုန္းေျပာဦးမည္ဟု အေၾကာင္းျပကာ ေဆး႐ုံခန္းထဲမွ ထြက္သြားေတာ့သည္။
ေနာက္ရက္ေရာက္ေသာ္ ထယ္ေယာင္းသည္ ဒဏ္ရာမ်ား သတ္သာလာၿပီျဖစ္၍ ေဆး႐ုံမွ ဆင္းခြင့္ရၿပီျဖစ္သည္။ တာဝန္ခံမ်ားသည္ သူ႕ကို ေဂဟာတစ္ခုသို႔ ပို႔ရန္ စီစဥ္ေနၾကသည္။ ပို၍ ထူးဆန္းသည္က ေဆး႐ုံမဆင္းမီ ထယ္ေယာင္းသည္ စုံစမ္းေရးအဖြဲ႕က အလိုရွိသမွ် အေျဖအားလုံးကို ျပန္လည္ေျဖၾကားေပးခဲ့သည္။
သူသည္ မိဘႏွစ္ပါး ကားေမွာက္ဆုံးပါးသြားၿပီးေနာက္ ထိုေဂဟာသို႔ ေရာက္ရွိခဲ့သည္။ ထို႔ေနာက္ ႐ုတ္တရတ္ႀကီး သူ႕ကို မေကာင္းဆိုးဝါးဝင္ပူးသည္ဟု စြပ္စြဲကာ အခန္းတစ္ခုထဲပိတ္ကာ ႏွိပ္စက္ခဲ့သည္။ နဖူးကို ေရေႏြးပူျဖင့္ေလာင္း၍ လက္ဝါးကပ္တိုင္ပုံေဖာ္ၾကသည္။ အရမ္းပူလြန္းတဲ့အဝတ္စျဖင့္ သူ၏ မ်က္ႏွာကို အုပ္ခဲ့သည္။ ခုႏွစ္ရက္တစ္ပတ္ေက်ာ္ အစာမေကြၽးဘဲ အခန္းထဲသာပိတ္ထားၾကသည္။ အျခားေသာ နည္းမ်ားနဲ႕လည္း သူ႕ကို ရိုက္ႏွက္ခဲ့ၾကေသးသည္။
ထိုေန႕ကလည္း အျခားေန႕ေတြလို သူ႕ကိုႏွိပ္စက္ေနတုန္း ဆရာႏွင့္ စစၥတာတို႔သည္ စကားမ်ားၾကသည္။ ဆရာသည္ စစၥတာကို ရိုက္လိုက္သည္။ အဲ့ေနာက္ ထြန္းထားတဲ့ ဖေယာင္းတိုင္မီးေတြက လဲၿပီး အခန္းထဲမီးစြဲခဲ့သည္။ သူလည္း ဆရာရဲ႕အလစ္မွာ ထိုအခန္းထဲက မနည္းေျပးထြက္လာခဲ့သည္။ အဲ့ေနာက္ေတာ့ ဘာမွမမွတ္မိေတာ့ဘူးဟူ၍ ထယ္ေယာင္းဆိုသည္။
ထယ္ေယာင္း၏ လိမ္ဆင္ထြက္ဆိုမႈမ်ားကို ၾကားသည့္အခါ စုံစမ္းေရးတစ္ဖြဲ႕လုံး က႐ုဏာသတ္ကာ မ်က္ရည္မ်ားဝဲလာၾကသည္။ ထယ္ေယာင္းအေနနဲ႕ ေဂ်ာင္ကုနာမည္ကို တစ္ခ်က္မွ မဟခဲ့ေပ။
စုံစမ္းေရးအဖြဲ႕မ်ားသည္ အျခားေဂဟာသို႔ေရာက္သည့္အခါ အဆင္ေျပေစရန္ မုန့္ေတြ လက္ေဆာင္ေတြ မ်ားစြာကို ထည့္ေပးလိုက္ၾကေသးသည္။ သတ္ဆိုင္ရာရဲ႕ ၾကည့္ရႈမႈေအာက္ဝယ္ အျခားေဂဟာသို႔ေရာက္ေသာအခါ ေဂဟာမႉးသည္ သူ႕ကို အလြန္ေႏြးေထြးစြာ ႀကိဳဆိုသည္။ မၾကာလိုက္ပါ ထိုေန႕ခ်င္းပင္ ထယ္ေယာင္းကို ေမြးစားမည့္လူေပၚလာေလသည္။
” ထယ္ေယာင္း…ႏႈတ္ဆတ္လိုက္ဦး ဒီကမစၥတာက သားကို ေမြးစားခ်င္လို႔တဲ့ ”
ထယ္ေယာင္းသည္ မွန္ျပတင္းေပါက္မွ လမ္းကို မ်က္လုံးေသႀကီးမ်ားျဖင့္ ရပ္ၾကည့္ေနရာမွ ေဂဟာမႉး၏ အသံလာရာသို႔ လွည့္ၾကည့္လာသည္။ ထို႔ေနာက္ ရင္းႏွီးေနသည့္အသံကို ထပ္မံၾကားလိုက္ရသည့္အခါ သူ႕မ်က္လုံးမ်ားသည္ မယုံၾကည္နိုင္မႈမ်ားျဖင့္ တလတ္လတ္ေတာက္လာေတာ့သည္။
” မဂၤလာပါ…ဦးဦးက မစၥတာေဂ်ာ္ဒန္လို႔ေခၚပါတယ္။ စေတာ္ဘယ္ရီကန္ဒီယူမလား ေခြး႐ူးေလး…”
” ေဂ်ာင္ကု…” ထယ္ေယာင္းခုန္ေပါက္ကာ ေျပးဖတ္လိုက္ေတာ့သည္။ ေဂ်ာင္ကုသည္ ထယ္ေယာင္းကို ေကာက္ေပြ႕လိုက္ၿပီး…
” အခုကစၿပီး ဒယ္ဒီလို႔ေခၚ….” ဟူ၍ ေျပာလာသည္။
” ဒယ္ဒီဘယ္ဘက္မ်က္လုံးက ဘာျဖစ္တာလဲဟင္….” ထယ္ေယာင္းသည္ ေဂ်ာင္ကု၏ ထူးဆန္းသည့္အေငြ႕အသတ္ေတြၾကား ပို၍ ထူးဆန္းတာကို ရွာေတြ႕သြားသည္။ ဘယ္ဘက္မ်က္လုံးကြယ္ေနတာပင္။ ဘယ္ဘက္မ်က္လုံးတစ္ဖတ္ကို အမည္းေရာင္ မ်က္လုံးစည္းျဖင့္ဖုံးအုပ္ထားေလသည္။
ေဂ်ာင္ကုသည္ ေျခာက္ကပ္ကပ္ရယ္သည္။
” သိခ်င္လား…”
ေဂ်ာင္ကုသည္ ထယ္ေယာင္းနားနားသို႔ကပ္ကာ တီးတိုးဆိုသည္။
” မင္းရဲ႕ သစၥာရွိေခြးေကာင္ေဖာက္ထုတ္လိုက္တာေလ…” ထိုအေျဖကို ၾကားသည့္အခါ ထယ္ေယာင္းသည္ တစ္ခုခုကို ျပန္သတိရသြားေလသည္။
သို႔ေသာ္လည္း အရာအားလုံးေနာက္က်သြားၿပီျဖစ္သည္။
The End
________
Comments for chapter "Chapter 24"