Chapter 18
Unicode
ကုတင်ပေါ်ဝယ် အောက်ဆီဂျင်ပိုက်ဖြင့် လဲနေသည့် အဖိုးအိုတစ်ယောက်ရှိသည်။ သေချာကြည့်မည်ဆိုလျှင် ထိုအလင်းပျပျသာရှိပြီး ခြောက်သွေ့နေသည့်အခန်းထဲ အဖိုးအိုအပြင် အခြားတစ်ယောက်ပါရှိနေသေးသည်။ ထိုလူသည် အဖိုးအို၏ ကုတင်ခြေရင်းတွင် ဝင်ထိုင်ကာ မေးခွန်းတစ်ခုမေးလာသည်။
” Portal က ဘယ်မှာလဲ…”
” မင်းသိပြီးသားပဲကို ဘာလို့ ငါ့ကိုလာမေးနေတာလဲ ” အဖိုးအို၏ တုန်ရီနေသောအသံသည် အလွန်ကို ဖျော့တော့နေသည်။
” အင်း သိပြီးသားပါ…ပြောစရာ စကားမရှိလို့။ အနည်းဆုံးတော့ ခင်များရဲ့ နောက်ဆံထွက်သက်ကို အဖော်ပြုပေးမလို့ “
” မလိုဘူး ငါတို့ကတိအတိုင်း ကလေးလေးကိုသာ သေချာစောင့်ရှောက်ပေးစမ်းပါ “
” ကလေးလေး…ငါသူ့ကိုခေါ်သွားမှာ။ လူ့လောကကြီးက သူ့အတွက် ကြမ်းတမ်းလွန်းတယ်…”
” သူကလက်ခံမှာတဲ့လား…မင်းရဲ့အဖြစ်မှန်ကိုသိတာနဲ့ မင်းရဲ့အဝေးကိုထွက်ပြေးလိမ့်မယ် Sunya…ဒီအတိုင်းလေးပဲ ဆက်ပြီးဟန်ဆောင်စမ်းပါ “
အဖိုးအို၏ စကားကြောင့် Sanya ရဲ့ ပါးပြင်ပေါ် မျက်ရည်တစ်စက်သည် တိတ်တိတ်လေး စီးကျလာသည်။ သူထိုမျက်ရည်ကို အသာကလေးသုတ်လိုက်သည်။ သူက လူသားတစ်ယောက်အတွက် ငိုကြွေးနေတယ်လား…ထူးဆန်းလိုက်တာ…
” အချိန်တောင်တော်တော်နောက်ကျနေပြီပဲ။ ခင်များကိုခေါ်မယ့် သေမင်းက ပေါ်လာမယ့်ပုံမပေါ်ဘူးပဲ။ အာ…ဟုတ်သား သူတို့တွေ Portal ဖွင့်ဖို့အလုပ်ရှုပ်နေကြမှာ။ အဲ့တော့ ကိုယ့်ဘာသာပဲ မရဏလမ်းကို သွားလိုက်တော့…ကလေးလေးကိုတော့စိတ်ချပါ ငါကာကွယ်ပေးမှာမလို့…”
Sanya သည် အေးစက်စက်စကားသံတွေနဲ့အတူ အဖိုးအို၏ နဖူးကို အသာထိတွေ့လာသည့် လက်ညှိုးသွယ်သွယ်လေးသည် အေးစက်တဲ့ အထိအတွေ့ကို ဆောင်ယူလို့လာသည်။ ထိုအထိအတွေ့နဲ့အတူ မော်နီတာမှ အချက်ပေးသံသည် စီခနဲမည်အောင် ထွက်ပေါ်လာတော့သည်။ မျက်တောင်တစ်ခတ်အတွင်းက နောက်ထပ်သေဆုံးမှုတစ်ခု…
ဆေးရုံတွင်ဖြစ်သည်။ ချိန်းဆိုထားသလားမှတ်ရအောင် လူသည် အရမ်းစည်ကားနေခဲ့သည်။ ရော်ဘက်ခ်နှင့် Vincent တို့၏ ရန်ပွဲကြားဝယ် သူတို့တွေ ငြိမ်ငြိမ်လေးသာ နေနေကြသည်။ အထူးသဖြင့် လိန်းပင်။ သူမ၏ မျက်နှာမှာ သွေးမရှိတော့သည့်နှယ် ဖြူဖွေးနေသည်။
ထိုစဉ် ထွက်ပေါ်လာတဲ့ တံခါးခေါက်သံကြောင့် အားလုံးရဲ့အကြည့်သည် တံခါးကိုကြည့်မိသည်။
” CEO ရှင့် မှာထားတဲ့ မုန့်…တွေ…ရ…ပါ…ပြီ ” အခန်းတွင်းမှ ကသိကအောက်ဖြစ်ဖွယ် အခြေအနေကို မြင်သည့်အခါ သွတ်လက်လွန်းသည့် အတွင်းရေးမှူးမလေး၏ စကားတို့သည် ကြောင်အစွာနဲ့ တစ်လုံးချင်းထွက်ပေါ်လာ၏။
ဂျောင်ကုသည် ခေါင်းငြိမ့်ပြကာ ယူလာခဲ့ဖို့ ပြောလိုက်သည်။ အခန်းထဲ ဖြစ်လျှောက်လာသည့် အတွင်းရေးမှူးနှယ် ချွေးဇောပြန်လာသည်။ သူ့အနေနဲ့ ဒီအထဲက လူတစ်ယောက်ယောက်ကို အမှားလေးနည်းနည်းလုပ်မိတာနဲ့ အသက်နဲ့ကိုယ် အိုးစားကွဲသွားလိမ့်မယ်။
ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါး CEOနဲ့ သူ့ရဲ့ပူတူးတူးအူကြူးလေး၊ ပြီးတော့ မမလေးလိန်း၊ ပြီးတော့ Rovia မိသားစုခေါင်းဆောင်၊ ပြီးတော့ Rovia မိသားစုခေါင်းဆောင်နဲ့ ပြိုင်ပြီးရန်ဖြစ်နေသည့် ထိုလူသည်လည်း အရှိန်အဝါသေးမည်မဟုတ်ပေ။ အတွင်းရေးမှူးသည် ရုတ်တရတ်ကြီး သူမဘဝကိုသူမနားလည်လာသလိုပင်။ ဒီအခန်းထဲက လူတွေနှင့်ယှဉ်လျှင် သူမသည် ဖုန်မှုန့်သာသာပင်။ ဘဝကြီးက ခါးသီးလိုက်တာ။
” မနက်စာ မစားရသေးမလား…ဗိုက်ဆာနေရော့မယ် ” ဂျောင်ကုသည် အတွင်းရေးမှူးထံမှ အထုပ်နှစ်ထုပ်ကို လက်လွှဲယူလိုက်ပြီးနောက် ထယ်ယောင်းကို ပြောလာသည်။
အစားအစာဆိုတဲ့အသံကြောင့် ထယ်ယောင်းမျက်လုံးလေး အရောင်တောက်လာသော်လည်း သူရှေ့က မကောင်းဆိုးဝါးကောင်သည် သူ့ကို ဘယ်လိုဆတ်ဆံခဲ့လဲဆိုတာ မှတ်မိသွားသည့်အခါ မကျေမနပ်နှာတစ်ချက်မှုတ်လိုက်၏။
” ဟမ့်….ဘယ်သူက ဗိုက်ဆာလို့လဲ မစားဘူး “
” ထယ်…ကိုယ်တကယ်တောင်းပန်ပါတယ်…” ဂျောင်ကုသည် အကြောင်းအရင်းမရှိဘဲ ထိုစကားကို ထပ်မံ၍ပြောဆိုပြန်သည်။
ထယ်ယောင်း စိတ်ထဲတင်းကြပ်လာကာ မသတ်မသာခံစားလာရသည်။ ဘာလို့ ဂျောင်ကုမျက်နှာ တစ်ချက်ပျက်တာနဲ့ သူကနာကျင်နေရတာလဲ။ ဒီမကောင်းဆိုးဝါးကောင်က သူ့အပေါ်ဘာတွေများကောင်းခဲ့လို့လဲ။ အမြဲတမ်း သူ့ကိုပဲ သေကြောင်းကြံနေခဲ့တာမလား။
” ထယ်…အတိတ်မမှတ်မိဘူးဆိုပေမယ့် ကိုယ်တကယ်တောင်းပန်ပါတယ် “
ထိုစကားတစ်ခွန်းသည် ထယ်ယောင်း၏ အရှိုတ်တည့်တည့်ထိလေသည်။ ဘယ်သူကမမှတ်မိတာလဲ…ဘယ်သူကလဲ။ ဂေဟာပေါ်ကပြုတ်ကျခဲ့တာတွေ။ နှစ်ယောက်ပေါင်းပြီး လူတစ်ယောက်လုံးကို ရေတွင်းထဲတွန်းချခဲ့တာတွေ။ မီးတွေလောင်မြိုက်နေတဲ့ တံခါးနီနီတွေ။ ကလေးဘဝက မှတ်ဉာဏ်တွေသည် သူ့ခေါင်းထဲ အစအဆုံးပြန်ပေါ်နေသည်။ သူကြောက်သည်။ ထိုကဲ့သို့ အဖြစ်မျိုးတွေ ထပ်ဖြစ်မှာကို သူကြောက်သည်။ သတိမရချင်လို့ မေ့ထားပါတယ်ဆိုမှ ဘာလို့ လာပြီးတော့အစဖော်နေရတာလဲ။
စင်စစ် သူအတိတ်မမေ့ခဲ့ပါ။ ဆိုးဝါးလွန်းတဲ့ အတိတ်ကို မရှိခဲ့သလိုမျိုး ကိုယ့်ကိုကိုယ် လိမ်ညာထားခြင်းသာ။ လိမ်ညာတတ်တဲ့လူတွေထဲမှာမှ ကိုယ့်ကိုယ်ကိုယ်လမ်ညာတတ်တဲ့ လူတွေသည်ကြောက်စရာအကောင်းဆုံးပင်။ သူအတိတ်နေ့ရက်တွေကလို ငိုကြွေးမိပြန်ပြီ ကြောက်ရွံ့မိပြန်ပြီ။ မုန်းဖို့ကောင်းလိုက်တာ။
” ထယ်…” ဂျောင်ကုထပ်မံ၍ စကားတစ်ခုကိုပြောဖို့ ကြံလိုက်သော်လည်း ထယ်ယောင်း၏ အော်ငေါက်ခြင်းဖြင့်သာ အဆုံးသတ်သည်။
” တော်တော့လို့…တော်ပါတော့ တောင်းပန်ပါတယ် ” ထယ်ယောင်းသည် ယခုအခါ ခံစားများစွာရှုပ်ထွေးနေသည်။ မျက်ရည်မကျမိစေရန် အံကိုတင်းတင်းကိုက်ထားသောလည်း သူ၏အမြင်သည် မျက်ရည်များကြောင့်ဝေဝါးနေလျက်ရှိသည်။ ထယ်ယောင်း၏ တုံ့ပြန်မှုကြောင့် အခန်းထဲရှိလူများ အားလုံးသည် တိတ်ဆိတ်သွားသည်။
ရော်ဘက်ခ်သည် Vincentနှင့် ငြင်းခုန်နေရာမှ ထယ်ယောင်းဘေးရောက်လာကာ ” တစ်ခုခုသတိရတာရှိလား” ဟုမေးလာသည်။ သို့ပေသည့်တိုင် ထယ်ယောင်းကတော့ ပြန်ဖြေခြင်းမရှိဘဲ ခေါင်းငုံ့ထားကာ ပေါင်ပေါ်ကစောင်ကိုသာ တင်းတင်းဆုပ်ကိုင်ထားသည်။
” ငါ…ငါလည်း…အကောင်းဆုံးကြိုးစားပြီး နေထိုင်နေတာပဲလေ…ဘာလို့လဲ…ဘာလို့ အတိတ်ဆီကိုပဲ ပြန်ခေါ်နေရတာလဲ…” ထယ်ယောင်း၏ စကားသံတို့မှာ တိုးလျလျလေးနှင့် တုန်ရီနေသည်။ ဝတ်ထားတဲ့ လူနာဝတ်စုံအပြာဖျော့ဖျော့လေးကြောင့် သူ့ပုံစံမှာ အချိန်မရွေးလဲကျသွားနိုင်သကဲ့သို့ အားနည်းနေသည့်ပုံပေါ်သည်။ မျက်ရည်များဝိုင်းနေသည့် မျက်ဝန်းများသည် အရင်လိုတောက်ပမှုမရှိဘဲ နက်ရှိုင်းတဲ့ကန်ရေပြင်လို ငြိမ်သက်နေသည်။
” ငါတို့တွေ….အဆင်ပြေသွားမှာပါ…” လိန်းသည် ထယ်ယောင်းကို ပွေ့ဖတ်လာပေးသည်။ အခုဒီအခန်းထဲမှာ ထယ်ယောင်းကို နားလည်ပေးနိုင်သည်မှာ သူမတစ်ယောက်တည်းသာရှိလိမ့်မည်ထင်သည်။ ဘာလို့အတိတ်က ပြီးဆုံးခဲ့တဲ့အရာတွေက သူတို့ကို နှောင့်ယှတ်နေရတာလဲ…
ထယ်ယောင်းသည် မငိုဖို့တင်းထားသော်လည်း အဆုံးမှာတော့ လိန်းကို ပွေ့ဖတ်လျက်ပင် ငိုကြွေးမိသည်။ လိန်းသည်လည်း ငိုနေသည်။ အကြောင်းပြချက်တွေမတူညီပေမယ့် သူတို့ဝမ်းကွဲနှစ်ယောက်လုံး ငိုနေကြသည်။
အစောပိုင်းက ဆူညံနေသည့် အခန်းလေးငယ် တခနတွင်း တိတ်ဆိတ်သွားသည်။ Vincent သည် လိန်းငိုနေသည်ကိုမြင်သည့်အခါ အတိတ်ကတစ်စုံတစ်ယောက်ကို သတိရမိသွားသည်။ သူတို့နောက်ဆုံးတွေ့ခဲ့တုန်းက ထိုတစ်စုံတစ်ယောက်သည် ယခုကဲ့သို့ငိုယိုကာနေခဲ့သည်။
” တောင်းပန်ပါတယ်…ငါ့အမှားတွေအတွက်တောင်းပန်ပါတယ်…” ဂျောင်ကုသည် တောင်းပန်စကားခပ်တိုးတိုးဆိုပြီး လိန်းနှင့် ထယ်ယောင်းတို့ကို အသာပွေ့ဖတ်လာသည်။ သူဒီအတောအတွင်းအမှားတွေချည်း လုပ်ခဲ့မိပါရောလား။
” အတိတ်တွေကို မေ့ပစ်ရအောင်…” ရော်ဘက်ခ်သည်လည်း နာကျင်နေသည့် ရင်ဘက်တစ်စုံကိုလစ်လျူရှု၍ ပွေ့ဖတ်မှုထဲပါဝင်လာသည်။ အတိတ်ကနေ့ရက်တွေကို သူဘယ်လိုလုပ် မေ့ပစ်လို့ရပါ့မလဲ။
လောကကြီးက ကြမ်းတမ်းသည်။ ရက်စက်သည်။ ညှာတာမှုကင်းမဲ့သည်။ အထူးသဖြင့် ဒဏ်ရာများစွာနဲ့ စိတ်ဝိညာဉ်တို့အတွက် အကြိမ်ကြိမ်သေဆုံးစေဖို့ရာ အကြောင်းပြချက်လုံလောက်ပါသည်။ အဘက်ဘက်က ဖိအားတွေ၊ လူမှုရေးအရှုပ်တွေ၊ ဖိအားတွေ၊ မိသားစုပြဿနာတွေစတဲ့ များစွာသောပြဿနာတွေကြားမှာ သူတို့လက်တွေက ထုတ်တန်းမှာ ကြိုးပြင်မိသည်မှာ အခါခါ။ သတ္တိမရှိ၍သာ ယနေ့အချိန်ထိ ကြမ်းတမ်းလောကထဲ ရှိနေသေးတာဖြစ်သည်။
တစ်စုံတစ်ယောက်ဆီမှာ ဆုတောင်းကြမည်။ ထိုတစ်စုံတစ်ယောက်သည် မည်သူပဲဖြစ်ပါစေ…သူတို့ရဲ့ ဆုတောင်းသံတွေကို ကြားနိုင်မည့် တစ်စုံတစ်ယောက်ပေါ့…။ ကျေးဇူးပြုပြီး အေးချမ်းခြင်းနဲ့ ပျော်ရွှင်ခြင်းတွေယူဆောင်လာပေးပါလို့လေ..။
အပွေ့ဖတ်ခံထားရသည့် ထယ်ယောင်းသည် ရုတ်တရတ်ကြီး နွေးထွေးမှုနဲ့ မေတ္တာကိုနားလည်လာသည်။ သူ့တစ်ဘဝလုံးပျောက်ဆုံးနေသည့် အစိတ်အပိုင်းတစ်ခုကို ရှာတွေ့သွားသလိုပင်။
” ဘာလို့ငိုနေကြတာလဲ…” ထယ်ယောင်း ခပ်တိုးတိုးမေးသည်။ ထယ်ယောင်းအမေးကို မည်သူမျှ ပြန်လည်မဖြေနိုင်ချေ။
” လွှတ်ဦး…အသက်ရှုကြပ်နေပြီ ” ထယ်ယောင်းသည် စတင်ရုန်းကန်လာသည်။
ထိုအခါ ဂျောင်ကုသည် သဘောကျစွာရယ်၍ ” ခွေးရူးလေး ငိုလို့ဝသွားပြီလား ” ဟု စနောက်ကာမေးလာသည်။
” ငိုအောင်ဘယ်မမေဘေးလုပ်တာလဲ ဟမ်!? နောက်တစ်ခါအဲ့စကားထပ်ပြောကြည့် သေခန်းပြတ်ပဲ ” ထယ်ယောင်းသည် ပါးပေါ်က မျက်ရည်တွေကို ခပ်ကြမ်းကြမ်းဖိသုတ်လိုက်ပြီးနောက် ပတ်ခနဲရန်ပြန်တွေ့လာသည်။
” မင်းတို့ကရော ဘာလို့ငိုတာလဲ အရူးလား ” ဂျောင်ကုသည် ထယ်ယောင်းကိုမနိုင်သည့်အခါ ဆံနီနှစ်ယောက်ဘက် မြားဦးလှည့်လိုက်သည်။
” ဟမ့်….ဘယ်သူကငိုလို့တုန်း ” ရော်ဘက်ခ်သည် မျက်ဖြူလှန်လိုက်ကာ ပြန်ဖြေသည်။
” ငိုတာပေါ့ xီးလား။ ငါ့နှလုံးသားလေးက အထိမခံနာကျင်တတ်တယ်…နင့်လိုနှလုံးသားမဲ့တဲ့လူ မဟုတ်ဘူး ” လိန်းကတော့ မျက်ရည်များကြားကပင် ဂျောင်ကုကို နရင်းအုပ်လျက် ရန်ပြန်တွေ့လာသည်။
သူငယ်ချင်းလေးယောက်ကြားမှာ စကားများနေတုန်း Vincent သည် ထိုအခန်းထဲမှ တိတ်တိတ်လေးပြန်ထွက်သွားသည်။ ထိုသူငယ်ချင်းလေးယောက်သည် အတိတ်တုန်းက သူ့ရဲ့သူငယ်ချင်းတွေကို ပြန်ပြီးအမှတ်ရစေ၏။ အတိတ်ကို တမ်းတမိသည့်အခါ ဝဲဘက်တစ်နေရာက အလွန်ကို နာကျင်လို့လာသည်။
ထို့နောက် အိတ်ကပ်ထဲက သူငယ်ချင်းလေးယောက်စုရိုက်ထားသည့် ဓာတ်ပုံအဟောင်းလေးတစ်ခုကို ထုတ်ကြည့်မိသည်။ လူလေးယောက်ဓာတ်ပုံထဲဝယ် ဆံပင်ကောက်ကောက်နီနီတို့ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး၏ ပါးလေးကို အသာထိတွေ့ရင်း…
” သူမက မင်းနဲ့ အရမ်းတူတာပဲ စန္ဒီရယ်…” ဟူ၍ တီးတိုးဆိုမိသည်။ ထို့နောက် အေးစက်သည့် အမိန့်သံဖြင့် လိန်းနှင့် ရော်ဘက်ခ်အကြောင်းစုံစမ်းဖို့ရာ နောက်လိုက်များကို စေခိုင်းလိုက်သည်။ Adryan. . . Adryan. . . လျှို့ဝှက်ချက်တွေများလိုက်တဲ့မြို့ပါလား။
Vincent သည် ဒီမြို့ကိုရောက်တုန်း သူ၏ သူငယ်ချင်းတစ်ယောက်ကိုတွေ့ဖို့ရာ ထွက်လာသည်။ ငယ်ငယ်ကတည်းကပေါင်းသင်းလာတဲ့ သူငယ်ချင်းတွေထဲ တစ်ယောက်သာ အခုထိအသက်ရှင်လျက်ရှိတော့သည်။ မသေနိုင်သည့် Vampireဖြစ်ရသည်မှာ ရင်နာဖို့တော့ကောင်းလှသည်။ မိမိချစ်ခင်ရတဲ့လူတွေ မိမိမျက်စိရှေ့မှာ သေဆုံးသွားရသည်ကို ဘာမှစွမ်းဆောင်နိုင်ခြင်းမရှိဘဲ ရပ်ကြည့်နေခဲ့ရသည်။
” အို့…Sorry. . ”
Vincent သည် အတွေးများနေသည်မို့ လူတစ်ယောက်နှင့်ဝင်တိုက်မိလေသည်။ လျှပ်တပြတ်မလို့ ထိုလူ၏ မျက်နှာကို မြင်ဖူးသလိုရှိသည်ဟု ခံစားလိုက်ရသည်။
__________
Zawkyi
ကုတင္ေပၚဝယ္ ေအာက္ဆီဂ်င္ပိုက္ျဖင့္ လဲေနသည့္ အဖိုးအိုတစ္ေယာက္ရွိသည္။ ေသခ်ာၾကည့္မည္ဆိုလွ်င္ ထိုအလင္းပ်ပ်သာရွိၿပီး ေျခာက္ေသြ႕ေနသည့္အခန္းထဲ အဖိုးအိုအျပင္ အျခားတစ္ေယာက္ပါရွိေနေသးသည္။ ထိုလူသည္ အဖိုးအို၏ ကုတင္ေျခရင္းတြင္ ဝင္ထိုင္ကာ ေမးခြန္းတစ္ခုေမးလာသည္။
” Portal က ဘယ္မွာလဲ…”
” မင္းသိၿပီးသားပဲကို ဘာလို႔ ငါ့ကိုလာေမးေနတာလဲ ” အဖိုးအို၏ တုန္ရီေနေသာအသံသည္ အလြန္ကို ေဖ်ာ့ေတာ့ေနသည္။
” အင္း သိၿပီးသားပါ…ေျပာစရာ စကားမရွိလို႔။ အနည္းဆုံးေတာ့ ခင္မ်ားရဲ႕ ေနာက္ဆံထြက္သက္ကို အေဖာ္ျပဳေပးမလို႔ “
” မလိုဘူး ငါတို႔ကတိအတိုင္း ကေလးေလးကိုသာ ေသခ်ာေစာင့္ေရွာက္ေပးစမ္းပါ “
” ကေလးေလး…ငါသူ႕ကိုေခၚသြားမွာ။ လူ႕ေလာကႀကီးက သူ႕အတြက္ ၾကမ္းတမ္းလြန္းတယ္…”
” သူကလက္ခံမွာတဲ့လား…မင္းရဲ႕အျဖစ္မွန္ကိုသိတာနဲ႕ မင္းရဲ႕အေဝးကိုထြက္ေျပးလိမ့္မယ္ Sunya…ဒီအတိုင္းေလးပဲ ဆက္ၿပီးဟန္ေဆာင္စမ္းပါ “
အဖိုးအို၏ စကားေၾကာင့္ Sanya ရဲ႕ ပါးျပင္ေပၚ မ်က္ရည္တစ္စက္သည္ တိတ္တိတ္ေလး စီးက်လာသည္။ သူထိုမ်က္ရည္ကို အသာကေလးသုတ္လိုက္သည္။ သူက လူသားတစ္ေယာက္အတြက္ ငိုေႂကြးေနတယ္လား…ထူးဆန္းလိုက္တာ…
” အခ်ိန္ေတာင္ေတာ္ေတာ္ေနာက္က်ေနၿပီပဲ။ ခင္မ်ားကိုေခၚမယ့္ ေသမင္းက ေပၚလာမယ့္ပုံမေပၚဘူးပဲ။ အာ…ဟုတ္သား သူတို႔ေတြ Portal ဖြင့္ဖို႔အလုပ္ရႈပ္ေနၾကမွာ။ အဲ့ေတာ့ ကိုယ့္ဘာသာပဲ မရဏလမ္းကို သြားလိုက္ေတာ့…ကေလးေလးကိုေတာ့စိတ္ခ်ပါ ငါကာကြယ္ေပးမွာမလို႔…”
Sanya သည္ ေအးစက္စက္စကားသံေတြနဲ႕အတူ အဖိုးအို၏ နဖူးကို အသာထိေတြ႕လာသည့္ လက္ညွိုးသြယ္သြယ္ေလးသည္ ေအးစက္တဲ့ အထိအေတြ႕ကို ေဆာင္ယူလို႔လာသည္။ ထိုအထိအေတြ႕နဲ႕အတူ ေမာ္နီတာမွ အခ်က္ေပးသံသည္ စီခနဲမည္ေအာင္ ထြက္ေပၚလာေတာ့သည္။ မ်က္ေတာင္တစ္ခတ္အတြင္းက ေနာက္ထပ္ေသဆုံးမႈတစ္ခု…
ေဆး႐ုံတြင္ျဖစ္သည္။ ခ်ိန္းဆိုထားသလားမွတ္ရေအာင္ လူသည္ အရမ္းစည္ကားေနခဲ့သည္။ ေရာ္ဘက္ခ္ႏွင့္ Vincent တို႔၏ ရန္ပြဲၾကားဝယ္ သူတို႔ေတြ ၿငိမ္ၿငိမ္ေလးသာ ေနေနၾကသည္။ အထူးသျဖင့္ လိန္းပင္။ သူမ၏ မ်က္ႏွာမွာ ေသြးမရွိေတာ့သည့္ႏွယ္ ျဖဴေဖြးေနသည္။
ထိုစဥ္ ထြက္ေပၚလာတဲ့ တံခါးေခါက္သံေၾကာင့္ အားလုံးရဲ႕အၾကည့္သည္ တံခါးကိုၾကည့္မိသည္။
” CEO ရွင့္ မွာထားတဲ့ မုန့္…ေတြ…ရ…ပါ…ၿပီ ” အခန္းတြင္းမွ ကသိကေအာက္ျဖစ္ဖြယ္ အေျခအေနကို ျမင္သည့္အခါ သြတ္လက္လြန္းသည့္ အတြင္းေရးမႉးမေလး၏ စကားတို႔သည္ ေၾကာင္အစြာနဲ႕ တစ္လုံးခ်င္းထြက္ေပၚလာ၏။
ေဂ်ာင္ကုသည္ ေခါင္းၿငိမ့္ျပကာ ယူလာခဲ့ဖို႔ ေျပာလိုက္သည္။ အခန္းထဲ ျဖစ္ေလွ်ာက္လာသည့္ အတြင္းေရးမႉးႏွယ္ ေခြၽးေဇာျပန္လာသည္။ သူ႕အေနနဲ႕ ဒီအထဲက လူတစ္ေယာက္ေယာက္ကို အမွားေလးနည္းနည္းလုပ္မိတာနဲ႕ အသက္နဲ႕ကိုယ္ အိုးစားကြဲသြားလိမ့္မယ္။
ေၾကာက္စရာေကာင္းတဲ့ မေကာင္းဆိုးဝါး CEOနဲ႕ သူ႕ရဲ႕ပူတူးတူးအူၾကဴးေလး၊ ၿပီးေတာ့ မမေလးလိန္း၊ ၿပီးေတာ့ Rovia မိသားစုေခါင္းေဆာင္၊ ၿပီးေတာ့ Rovia မိသားစုေခါင္းေဆာင္နဲ႕ ၿပိဳင္ၿပီးရန္ျဖစ္ေနသည့္ ထိုလူသည္လည္း အရွိန္အဝါေသးမည္မဟုတ္ေပ။ အတြင္းေရးမႉးသည္ ႐ုတ္တရတ္ႀကီး သူမဘဝကိုသူမနားလည္လာသလိုပင္။ ဒီအခန္းထဲက လူေတြႏွင့္ယွဥ္လွ်င္ သူမသည္ ဖုန္မႈန့္သာသာပင္။ ဘဝႀကီးက ခါးသီးလိုက္တာ။
” မနက္စာ မစားရေသးမလား…ဗိုက္ဆာေနေရာ့မယ္ ” ေဂ်ာင္ကုသည္ အတြင္းေရးမႉးထံမွ အထုပ္ႏွစ္ထုပ္ကို လက္လႊဲယူလိုက္ၿပီးေနာက္ ထယ္ေယာင္းကို ေျပာလာသည္။
အစားအစာဆိုတဲ့အသံေၾကာင့္ ထယ္ေယာင္းမ်က္လုံးေလး အေရာင္ေတာက္လာေသာ္လည္း သူေရွ႕က မေကာင္းဆိုးဝါးေကာင္သည္ သူ႕ကို ဘယ္လိုဆတ္ဆံခဲ့လဲဆိုတာ မွတ္မိသြားသည့္အခါ မေက်မနပ္ႏွာတစ္ခ်က္မႈတ္လိုက္၏။
” ဟမ့္….ဘယ္သူက ဗိုက္ဆာလို႔လဲ မစားဘူး “
” ထယ္…ကိုယ္တကယ္ေတာင္းပန္ပါတယ္…” ေဂ်ာင္ကုသည္ အေၾကာင္းအရင္းမရွိဘဲ ထိုစကားကို ထပ္မံ၍ေျပာဆိုျပန္သည္။
ထယ္ေယာင္း စိတ္ထဲတင္းၾကပ္လာကာ မသတ္မသာခံစားလာရသည္။ ဘာလို႔ ေဂ်ာင္ကုမ်က္ႏွာ တစ္ခ်က္ပ်က္တာနဲ႕ သူကနာက်င္ေနရတာလဲ။ ဒီမေကာင္းဆိုးဝါးေကာင္က သူ႕အေပၚဘာေတြမ်ားေကာင္းခဲ့လို႔လဲ။ အၿမဲတမ္း သူ႕ကိုပဲ ေသေၾကာင္းႀကံေနခဲ့တာမလား။
” ထယ္…အတိတ္မမွတ္မိဘူးဆိုေပမယ့္ ကိုယ္တကယ္ေတာင္းပန္ပါတယ္ “
ထိုစကားတစ္ခြန္းသည္ ထယ္ေယာင္း၏ အရွိုတ္တည့္တည့္ထိေလသည္။ ဘယ္သူကမမွတ္မိတာလဲ…ဘယ္သူကလဲ။ ေဂဟာေပၚကျပဳတ္က်ခဲ့တာေတြ။ ႏွစ္ေယာက္ေပါင္းၿပီး လူတစ္ေယာက္လုံးကို ေရတြင္းထဲတြန္းခ်ခဲ့တာေတြ။ မီးေတြေလာင္ၿမိဳက္ေနတဲ့ တံခါးနီနီေတြ။ ကေလးဘဝက မွတ္ဉာဏ္ေတြသည္ သူ႕ေခါင္းထဲ အစအဆုံးျပန္ေပၚေနသည္။ သူေၾကာက္သည္။ ထိုကဲ့သို႔ အျဖစ္မ်ိဳးေတြ ထပ္ျဖစ္မွာကို သူေၾကာက္သည္။ သတိမရခ်င္လို႔ ေမ့ထားပါတယ္ဆိုမွ ဘာလို႔ လာၿပီးေတာ့အစေဖာ္ေနရတာလဲ။
စင္စစ္ သူအတိတ္မေမ့ခဲ့ပါ။ ဆိုးဝါးလြန္းတဲ့ အတိတ္ကို မရွိခဲ့သလိုမ်ိဳး ကိုယ့္ကိုကိုယ္ လိမ္ညာထားျခင္းသာ။ လိမ္ညာတတ္တဲ့လူေတြထဲမွာမွ ကိုယ့္ကိုယ္ကိုယ္လမ္ညာတတ္တဲ့ လူေတြသည္ေၾကာက္စရာအေကာင္းဆုံးပင္။ သူအတိတ္ေန႕ရက္ေတြကလို ငိုေႂကြးမိျပန္ၿပီ ေၾကာက္႐ြံ႕မိျပန္ၿပီ။ မုန္းဖို႔ေကာင္းလိုက္တာ။
” ထယ္…” ေဂ်ာင္ကုထပ္မံ၍ စကားတစ္ခုကိုေျပာဖို႔ ႀကံလိုက္ေသာ္လည္း ထယ္ေယာင္း၏ ေအာ္ေငါက္ျခင္းျဖင့္သာ အဆုံးသတ္သည္။
” ေတာ္ေတာ့လို႔…ေတာ္ပါေတာ့ ေတာင္းပန္ပါတယ္ ” ထယ္ေယာင္းသည္ ယခုအခါ ခံစားမ်ားစြာရႈပ္ေထြးေနသည္။ မ်က္ရည္မက်မိေစရန္ အံကိုတင္းတင္းကိုက္ထားေသာလည္း သူ၏အျမင္သည္ မ်က္ရည္မ်ားေၾကာင့္ေဝဝါးေနလ်က္ရွိသည္။ ထယ္ေယာင္း၏ တုံ႕ျပန္မႈေၾကာင့္ အခန္းထဲရွိလူမ်ား အားလုံးသည္ တိတ္ဆိတ္သြားသည္။
ေရာ္ဘက္ခ္သည္ Vincentႏွင့္ ျငင္းခုန္ေနရာမွ ထယ္ေယာင္းေဘးေရာက္လာကာ ” တစ္ခုခုသတိရတာရွိလား” ဟုေမးလာသည္။ သို႔ေပသည့္တိုင္ ထယ္ေယာင္းကေတာ့ ျပန္ေျဖျခင္းမရွိဘဲ ေခါင္းငုံ႕ထားကာ ေပါင္ေပၚကေစာင္ကိုသာ တင္းတင္းဆုပ္ကိုင္ထားသည္။
” ငါ…ငါလည္း…အေကာင္းဆုံးႀကိဳးစားၿပီး ေနထိုင္ေနတာပဲေလ…ဘာလို႔လဲ…ဘာလို႔ အတိတ္ဆီကိုပဲ ျပန္ေခၚေနရတာလဲ…” ထယ္ေယာင္း၏ စကားသံတို႔မွာ တိုးလ်လ်ေလးႏွင့္ တုန္ရီေနသည္။ ဝတ္ထားတဲ့ လူနာဝတ္စုံအျပာေဖ်ာ့ေဖ်ာ့ေလးေၾကာင့္ သူ႕ပုံစံမွာ အခ်ိန္မေ႐ြးလဲက်သြားနိုင္သကဲ့သို႔ အားနည္းေနသည့္ပုံေပၚသည္။ မ်က္ရည္မ်ားဝိုင္းေနသည့္ မ်က္ဝန္းမ်ားသည္ အရင္လိုေတာက္ပမႈမရွိဘဲ နက္ရွိုင္းတဲ့ကန္ေရျပင္လို ၿငိမ္သက္ေနသည္။
” ငါတို႔ေတြ….အဆင္ေျပသြားမွာပါ…” လိန္းသည္ ထယ္ေယာင္းကို ေပြ႕ဖတ္လာေပးသည္။ အခုဒီအခန္းထဲမွာ ထယ္ေယာင္းကို နားလည္ေပးနိုင္သည္မွာ သူမတစ္ေယာက္တည္းသာရွိလိမ့္မည္ထင္သည္။ ဘာလို႔အတိတ္က ၿပီးဆုံးခဲ့တဲ့အရာေတြက သူတို႔ကို ေႏွာင့္ယွတ္ေနရတာလဲ…
ထယ္ေယာင္းသည္ မငိုဖို႔တင္းထားေသာ္လည္း အဆုံးမွာေတာ့ လိန္းကို ေပြ႕ဖတ္လ်က္ပင္ ငိုေႂကြးမိသည္။ လိန္းသည္လည္း ငိုေနသည္။ အေၾကာင္းျပခ်က္ေတြမတူညီေပမယ့္ သူတို႔ဝမ္းကြဲႏွစ္ေယာက္လုံး ငိုေနၾကသည္။
အေစာပိုင္းက ဆူညံေနသည့္ အခန္းေလးငယ္ တခနတြင္း တိတ္ဆိတ္သြားသည္။ Vincent သည္ လိန္းငိုေနသည္ကိုျမင္သည့္အခါ အတိတ္ကတစ္စုံတစ္ေယာက္ကို သတိရမိသြားသည္။ သူတို႔ေနာက္ဆုံးေတြ႕ခဲ့တုန္းက ထိုတစ္စုံတစ္ေယာက္သည္ ယခုကဲ့သို႔ငိုယိုကာေနခဲ့သည္။
” ေတာင္းပန္ပါတယ္…ငါ့အမွားေတြအတြက္ေတာင္းပန္ပါတယ္…” ေဂ်ာင္ကုသည္ ေတာင္းပန္စကားခပ္တိုးတိုးဆိုၿပီး လိန္းႏွင့္ ထယ္ေယာင္းတို႔ကို အသာေပြ႕ဖတ္လာသည္။ သူဒီအေတာအတြင္းအမွားေတြခ်ည္း လုပ္ခဲ့မိပါေရာလား။
” အတိတ္ေတြကို ေမ့ပစ္ရေအာင္…” ေရာ္ဘက္ခ္သည္လည္း နာက်င္ေနသည့္ ရင္ဘက္တစ္စုံကိုလစ္လ်ဴရႈ၍ ေပြ႕ဖတ္မႈထဲပါဝင္လာသည္။ အတိတ္ကေန႕ရက္ေတြကို သူဘယ္လိုလုပ္ ေမ့ပစ္လို႔ရပါ့မလဲ။
ေလာကႀကီးက ၾကမ္းတမ္းသည္။ ရက္စက္သည္။ ညွာတာမႈကင္းမဲ့သည္။ အထူးသျဖင့္ ဒဏ္ရာမ်ားစြာနဲ႕ စိတ္ဝိညာဥ္တို႔အတြက္ အႀကိမ္ႀကိမ္ေသဆုံးေစဖို႔ရာ အေၾကာင္းျပခ်က္လုံေလာက္ပါသည္။ အဘက္ဘက္က ဖိအားေတြ၊ လူမႈေရးအရႈပ္ေတြ၊ ဖိအားေတြ၊ မိသားစုျပႆနာေတြစတဲ့ မ်ားစြာေသာျပႆနာေတြၾကားမွာ သူတို႔လက္ေတြက ထုတ္တန္းမွာ ႀကိဳးျပင္မိသည္မွာ အခါခါ။ သတၱိမရွိ၍သာ ယေန႕အခ်ိန္ထိ ၾကမ္းတမ္းေလာကထဲ ရွိေနေသးတာျဖစ္သည္။
တစ္စုံတစ္ေယာက္ဆီမွာ ဆုေတာင္းၾကမည္။ ထိုတစ္စုံတစ္ေယာက္သည္ မည္သူပဲျဖစ္ပါေစ…သူတို႔ရဲ႕ ဆုေတာင္းသံေတြကို ၾကားနိုင္မည့္ တစ္စုံတစ္ေယာက္ေပါ့…။ ေက်းဇူးျပဳၿပီး ေအးခ်မ္းျခင္းနဲ႕ ေပ်ာ္႐ႊင္ျခင္းေတြယူေဆာင္လာေပးပါလို႔ေလ..။
အေပြ႕ဖတ္ခံထားရသည့္ ထယ္ေယာင္းသည္ ႐ုတ္တရတ္ႀကီး ေႏြးေထြးမႈနဲ႕ ေမတၱာကိုနားလည္လာသည္။ သူ႕တစ္ဘဝလုံးေပ်ာက္ဆုံးေနသည့္ အစိတ္အပိုင္းတစ္ခုကို ရွာေတြ႕သြားသလိုပင္။
” ဘာလို႔ငိုေနၾကတာလဲ…” ထယ္ေယာင္း ခပ္တိုးတိုးေမးသည္။ ထယ္ေယာင္းအေမးကို မည္သူမွ် ျပန္လည္မေျဖနိုင္ေခ်။
” လႊတ္ဦး…အသက္ရႈၾကပ္ေနၿပီ ” ထယ္ေယာင္းသည္ စတင္႐ုန္းကန္လာသည္။
ထိုအခါ ေဂ်ာင္ကုသည္ သေဘာက်စြာရယ္၍ ” ေခြး႐ူးေလး ငိုလို႔ဝသြားၿပီလား ” ဟု စေနာက္ကာေမးလာသည္။
” ငိုေအာင္ဘယ္မေမေဘးလုပ္တာလဲ ဟမ္!? ေနာက္တစ္ခါအဲ့စကားထပ္ေျပာၾကည့္ ေသခန္းျပတ္ပဲ ” ထယ္ေယာင္းသည္ ပါးေပၚက မ်က္ရည္ေတြကို ခပ္ၾကမ္းၾကမ္းဖိသုတ္လိုက္ၿပီးေနာက္ ပတ္ခနဲရန္ျပန္ေတြ႕လာသည္။
” မင္းတို႔ကေရာ ဘာလို႔ငိုတာလဲ အ႐ူးလား ” ေဂ်ာင္ကုသည္ ထယ္ေယာင္းကိုမနိုင္သည့္အခါ ဆံနီႏွစ္ေယာက္ဘက္ ျမားဦးလွည့္လိုက္သည္။
” ဟမ့္….ဘယ္သူကငိုလို႔တုန္း ” ေရာ္ဘက္ခ္သည္ မ်က္ျဖဴလွန္လိုက္ကာ ျပန္ေျဖသည္။
” ငိုတာေပါ့ xီးလား။ ငါ့ႏွလုံးသားေလးက အထိမခံနာက်င္တတ္တယ္…နင့္လိုႏွလုံးသားမဲ့တဲ့လူ မဟုတ္ဘူး ” လိန္းကေတာ့ မ်က္ရည္မ်ားၾကားကပင္ ေဂ်ာင္ကုကို နရင္းအုပ္လ်က္ ရန္ျပန္ေတြ႕လာသည္။
သူငယ္ခ်င္းေလးေယာက္ၾကားမွာ စကားမ်ားေနတုန္း Vincent သည္ ထိုအခန္းထဲမွ တိတ္တိတ္ေလးျပန္ထြက္သြားသည္။ ထိုသူငယ္ခ်င္းေလးေယာက္သည္ အတိတ္တုန္းက သူ႕ရဲ႕သူငယ္ခ်င္းေတြကို ျပန္ၿပီးအမွတ္ရေစ၏။ အတိတ္ကို တမ္းတမိသည့္အခါ ဝဲဘက္တစ္ေနရာက အလြန္ကို နာက်င္လို႔လာသည္။
ထို႔ေနာက္ အိတ္ကပ္ထဲက သူငယ္ခ်င္းေလးေယာက္စုရိုက္ထားသည့္ ဓာတ္ပုံအေဟာင္းေလးတစ္ခုကို ထုတ္ၾကည့္မိသည္။ လူေလးေယာက္ဓာတ္ပုံထဲဝယ္ ဆံပင္ေကာက္ေကာက္နီနီတို႔ကို ပိုင္ဆိုင္ထားတဲ့ အမ်ိဳးသမီး၏ ပါးေလးကို အသာထိေတြ႕ရင္း…
” သူမက မင္းနဲ႕ အရမ္းတူတာပဲ စႏၵီရယ္…” ဟူ၍ တီးတိုးဆိုမိသည္။ ထို႔ေနာက္ ေအးစက္သည့္ အမိန့္သံျဖင့္ လိန္းႏွင့္ ေရာ္ဘက္ခ္အေၾကာင္းစုံစမ္းဖို႔ရာ ေနာက္လိုက္မ်ားကို ေစခိုင္းလိုက္သည္။ Adryan. . . Adryan. . . လွ်ို႔ဝွက္ခ်က္ေတြမ်ားလိုက္တဲ့ၿမိဳ႕ပါလား။
Vincent သည္ ဒီၿမိဳ႕ကိုေရာက္တုန္း သူ၏ သူငယ္ခ်င္းတစ္ေယာက္ကိုေတြ႕ဖို႔ရာ ထြက္လာသည္။ ငယ္ငယ္ကတည္းကေပါင္းသင္းလာတဲ့ သူငယ္ခ်င္းေတြထဲ တစ္ေယာက္သာ အခုထိအသက္ရွင္လ်က္ရွိေတာ့သည္။ မေသနိုင္သည့္ Vampireျဖစ္ရသည္မွာ ရင္နာဖို႔ေတာ့ေကာင္းလွသည္။ မိမိခ်စ္ခင္ရတဲ့လူေတြ မိမိမ်က္စိေရွ႕မွာ ေသဆုံးသြားရသည္ကို ဘာမွစြမ္းေဆာင္နိုင္ျခင္းမရွိဘဲ ရပ္ၾကည့္ေနခဲ့ရသည္။
” အို႔…Sorry. . ”
Vincent သည္ အေတြးမ်ားေနသည္မို႔ လူတစ္ေယာက္ႏွင့္ဝင္တိုက္မိေလသည္။ လွ်ပ္တျပတ္မလို႔ ထိုလူ၏ မ်က္ႏွာကို ျမင္ဖူးသလိုရွိသည္ဟု ခံစားလိုက္ရသည္။
__________
Comments for chapter "Chapter 18"