Chapter 5

Unicode

စစ္စတာစကားလက်သည် စိတ်လေးစွာဖြင့် အပေါ်ထပ်သို့တက်လာသည်။ အတိတ်တုန်းက ကိစ္စတွေကြောင့် သူ့အနေနဲ့ ဒီအပေါ်ထပ်ကြီးကိုမလာချင်ပေ။ စစ္စတာသည် လည်ပင်းမှာဆွဲထားသည့် လက်ဝါးကပ်တိုင်လေးအား ဆုပ်ကိုင်လိုက်ပြီး နောက်ဆုံးသော လှေကားထစ်အားကျော်ဖြတ်လိုက်သည်။

အေးစက်စက်နဲ့ ပုပ်အဲ့အဲ့အနံ့ကိုသယ်ဆောင်လာသော လေပွေဟာ အကြောင်းအရင်းမရှိပါဘဲ ဝုန်းခနဲတစ်ချက်ဆောင့်ကာ တိုက်ခိုက်လာသည်။ အိမ်အတွင်းပိုင်းမှာ တိုက်ခိုက်လာတဲ့လေဖြစ်တာကြောင့် စစ္စတာ၏ သံသယတို့သည် ပိုမိုခိုင်မာလာသည်။

အပေါ်ထပ်စင်္ကြံလမ်းတစ်လျှောက်တွင် ရေများစိုနေခဲ့သည်။ လူတစ်ယောက်သည် ရေစိုကြီးဖြင့်သွားထားသကဲ့သို့ ခြေရာများနဲ့ ရေကွက်များ ပေပွနေသည်။

ရေများသည် အနီရောင်တံခါးရှေ့ဝယ် အဆုံးသတ်သွားသည့်အပြင် ထိုအနီရောင်တံခါးသည်လည်း ခပ်ဟဟပွင့်နေခဲ့သည်။

ကျီ…..စစ္စတာသည် တံခါးကိုဖွင့်ရာ လက်လှမ်းလိုက်ပေမယ့် တံခါးသည် သူ့အလိုလိုပွင့်သွား၏။

” ဝတုတ်…ဒီအခန်းထဲမဝင်ရဘူးလို့ပြောထားတယ်လေ။ ပြန်လာခဲ့။ ” ဝတုတ်သည် အမှန်တကယ်ပင် အခန်းထဲမှာ နောက်ကျောပေးလျှက် ရပ်နေခဲ့သည်။ ဒီလိုအခြေအနေမျိုးမှာ စစ္စတာစကားလက်ခ် မကြောက်ပါဘူးလို့ပြောနေလျှင် လိမ်ရာကျမှာပေါ့၊ စစ္စတာသည် တကယ်ကြောက်ရွံ့နေခဲ့သည်။ ထိုအရာသည် ဂေဟာတစ်လုံးကို ဗြောင်ဆန်အောင်လုပ်ခဲ့တုန်းက အချိန်ကို မှတ်မိပါသေးသည်။

မိခင်ကိုလည်း ဆုံးရံှုးခဲ့ရသလို၊ မောင်ဖြစ်သူကိုလည်းဆုံးရှုံးမလိုဖြစ်ခဲ့ရသည်။ ကိုယ်တိုင်လည်း မသေရုံတမယ်အသက်ဘေးမှ လွတ်မြောက်လာသည်မဟုတ်လား။ အတိတ်ဆိုးတွေနဲ့ ဒီနေရာကို တကယ်ကြောက်ရွံ့နေမိပါသည်။

” စစ္စတာ…သူ သူက ကျွန်တော်ကို သွားခွင့်မပြုဘူး…” ဝတုတ်သည် စစ္စတာစကားလက်ခ်ဘက်သို့ မျက်နှာလှည့်လာသည့်အခါ စစ္တာသည် တစ်ခုခုမှားယွင်းနေပြီကိုသိလိုက်သည်။

ဝတုတ်က လူမဟုတ်တော့ဘူး..ပြာနှမ်းကာ ပွယောင်းနေသည့်မျက်နှာသည် ရေနစ်သေထားသည့် လူသေကဲ့သို့ပင်။ စစ္စတာစကားလက်ခ်သည် အဖြစ်မှန်ကို ရိပ်မိတဲ့အချိန် ထိုနေရာမှ ပြေးတော့သည်။ ဝတုတ်သည် ထိုအခန်းထဲတွင် တရိှုတ်ငိုနေခဲ့သော်လည်း အခြားအရာတစ်ခုသည် စစ္စတာနောက်ကို လိုက်လေသည်။

” အာညော်…” လှေကားထစ်မှာရပ်နေတဲ့ ဂျောင်ကုအားတွေ့သည့်အခါမှ ပြေးလာသည့် စစ္စတာစကားလက်ခ်၏ ခြေလှမ်းတို့သည် ရပ်တန့်သွားသည်။ ထို့နောက် ဂျောင်ကုကို ကပြာကယာကောက်ပွေ့ကာ…

” သွားကြမယ်.. သူပြန်ရောက်နေပြီ…” ဟူ၍ ပြောလာသည်။

ထိုအခါ စစ္စတာလက်ထဲမှ ဂျောင်ကုသည် တစ်ခစ်ခစ်ရယ်လာသည်။ စစ္စတာကတော့ မူမမှန်သော ဂေါင်ကုအား သတိမပြုမိ။ လှေကားထစ်တွေကိုသာ ဂရုတစိုက်နဲ့ ဆင်းလာနေသည်။

” တုံးအလိုက်တာ…ကျွန်တော့်ကိုချီထားပြီးတော့ ကျွန်တော်နဲ့ အဝေးကို ထွက်ပြေးချင်သေးတာလား စကားလက်ခ်…”

စစ္စတာစကားလက်ခ် ငယ်ထိပ်မြွေပေါက်ခံလိုက်သလိုခံစားလိုက်ရသည်။ စက္ကန့်ပိုင်းအတွင်း ဘာမှမလုပ်ကိုင်နိုင်တော့ဘဲ ကြောင်အသွားမိသည်။

” ကျွန်တော်ပြောခဲ့သားပဲ ကျွန်တော့်ကိုနှင်ထုတ်လို့မရပါဘူးဆိုနေ…ဘယ်တော့မှလည်း ထွက်သွားမှမဟုတ်ဘူး ” ဂျောင်ကု၏ စကားအဆုံးဝယ် မမြင်ရသည့်အားတစ်ခုသည် စစ္စတာကို လှေကားပေါ်မှ အရှိန်ပြင်းစွာ တွန်းချလိုက်တော့သည်။ စစ္စတာရော ချီထားခြင်းခံရသည့် ဂျောင်ကုပါ ဒလိမ့်ကွေးပြုတ်ကျသွားပေမယ့် ဂျောင်ကုသည် ဘာမှမဖြစ်ပေ။ စစ္စတာကတော့ ခေါင်းထိကာ သွေးအိုင်ထဲမှာ လဲနေတော့သည်။

ဟမ့်…ဂျောင်ကုသည် အောင်နိုင်သူအပြုံးလေးဖြင့် ကြမ်းပြင်ပေါ်မှထကာ ဖုန်ခါနေသည်။ ပြီးတော့မှ မျက်ရည်လေးတွေ ဝဲလာကာ အားနည်းသည့် ကလေးတစ်ယောက်လိုဟန်ဆောင်ကာ ပြဇတ်ကတော့သည်။

” ဖေဖေ…ဖေဖေ…စစ္စတာစကားလက်ခ်ကို ခေါ်လို့မရတော့ဘူး ” ဂျောင်ကုသည် ငိုယိုကာဖြင့် ဖခင်ဖြစ်သူ၏ ရုံးခန်းထဲဝင်သွားတော့သည်။

သင်းအုပ်ဆရာတစ်ဖြစ်လဲ ဂျောင်ကု၏ ဖခင်ဖြစ်သူသည် ရှုပ်ပွနေသည့် စာအုပ်တွေထဲမှာ တစ်စုံတစ်ရာကို ရှာဖွေနေဟန်ရှိသည်။ ဂျောင်ကုလာသည့်အခါမှ လုပ်လက်စများကို ပစ်ချကာ ဂျောင်ကုနောက်လိုက်လာ၏။

” စစ္စတာစကားလက်ခ်ကို ဝတုတ်တွန်းချလိုက်တာ…ဝတုတ်က ကြောက်စရာကြီး။ ဝတုတ်မကောင်းဘူး စစ္စတာကို နာအောင်လုပ်တယ်။ ပြီးတော့ သားကိုရောပဲ…” ဂျောင်ကုကို ဖြစ်ကြောင်းကုန်စင် ဝိုင်းမေးသည့်အခါ ထိုသို့သာ သနားစဖွယ်ဖြေလေသည်။

” ဝတုတ် ဘယ်မလဲ…”

” သားမသိဘူး ”

သင်းအုပ်ဆရာသည် နားထင်ကိုအသာဖိနှိပ်ရင်း ရှေ့ဆက်ပြီးရင်ဆိုင်ရမည့်အရာများကို တွေးပူလျှက်ရှိသည်။ ဒီလောက်တင်းဆင်းကြပ်ကြပ်ထိန်းသိမ်းထားသည့်ကြားက ထိုတံခါးအနီက ဘယ်လိုပွင့်သွားရတာ သူမစဉ်းစားနိုင်တော့ပေ။ အခုချိန်မှာ လူတိုင်းသည် တရားခံဖြစ်နေနိုင်သည်။ သူကိုယ်တိုင်အပါအဝင်ပေ။

” ထယ်…ယောင်း…” ဂျောင်ကုသည် အခန်းဝမှာ ခေါင်းလေးထွက်လာပြီး ခပ်တိုးတိုးခေါ်လာသောကြောင့် အိပ်ရာပြင်နေသည့် ထယ်ယောင်းတစ်ယောက် ဂျောင်ကုဆီကို လုံးလုံးလုံးလုံးနဲ့ ပြေးတော့သည်။

‘မင်းကို သူတို့တွေဆူလိမ့်မယ် ပြန်တော့…’ ဂျောင်ကုသည် ထယ်ယောင်း၏ စာကလေးအားဖတ်ပြီး မျက်မှောင်ကြုံ့လိုက်သည်။ ထို့နောက် ထယ်ယောင်းလက်အားဆွဲလိုက်ပြီး ” ကိစ္စမရှိဘူး သူတို့တွေအလုပ်ရှုပ်နေကြတယ် ” ဟူ၍ အပူပင်မရှိပြောသည်။

” ရော့…ကန်ဒီ မင်းကြိုက်တယ်မလား “

ထယ်ယောင်းသည် ဂျောင်ကုပေးသော သကြားလုံးလေးကို ယူလိုက်ပြီး ခေါင့်ငြိမ့်လာ၏။ သကြားလုံးလေးကို ဘောင်းဘီအိတ်ကပ်ထဲ အလျှင်ထည့်လိုက်ပြီး ကျေးဇူးတင်ပါသည်ဟူ၍ စာရေးကာ ပြောလာသည်။

” ဒီနေ့ည ငါ့အခန်းထဲမှာ အိပ်ကြမလား ”

“…” ထယ်ယောင်းသည် ငြင်းဖို့တောင် အချိန်မရှိလိုက်။ ဂျောင်ကုသည် ခြေဗလးဆောင့်ကာ ဆူပုတ်ပုတ် ထပ်ပြောလာပြန်သည်။

” ငြင်းမယ်မကြံနဲ့ ငြင်းရင်စိတ်ဆိုးမှာနော် “

ထယ်ယောင်းသည် မှတ်စုစာအုပ်လေးမှာ စာလုံးအနည်းငယ်ကို ချရေးပြန်သည်။ ‘ငါလိုက်လို့မရဘူး။ လူစစ်လို့ ငါ့ကိုမတွေ့ရင် ပြဿနာတက်မှာပေါ့’

” ဘာမှမဖြစ်ဘူး၊ လူစစ်မယ့် စစ္စတာစကားလက်ခ်မှ မရှိတော့တာ။ ပြီးတော့ ကျန်တဲ့လူတွေကလည်း အလုပ်ရှုပ်နေတယ် “

ဂျောင်ကု၏ စကားများအောက်ဝယ် ထယ်ယောင်းခေါင်းငြိမ့်သဘောတူလိုက်တော့သည်။ အနည်းဆုံးတော့ ဒီကြောက်စရာအခန်းကြီးထဲမှာ အိပ်ရတာထက်ယှဉ်လျှင် ဂျောင်ကုနဲ့အိပ်တာက ပိုပြီးကောင်းလိမ့်မည်။ ဂျောင်ကုက သူ့ကိုကာကွယ်ပေးမှာ။

” London Bridge is falling down,
Falling down, Falling down.
London Bridge is falling down ,
My fair lady.

” London Bridge is falling down,
Falling down, Falling down.
London Bridge is falling down ,
My fair lady.

Take a key and lock him up,
Lock him up, Lock him up.
Take a key and lock him up,
My fair lady.

Leave him in there and let him burn,
Let him burn, let him burn.
Leave him in there and let him burn,
My fair lady. ”

ဂျောင်ကု၏ ကဗျာရွက်ဆိုသံစာစာကလေးသည် စင်္ကြံလမ်းတွင်ပြန့်လွင့်လို့နေသည်။ သူ၏ခြေလှမ်းများသည် ပျော်ရွှင်မှုကြောင့် တက်ကြွလို့နေသည်။ ကိုင်ထားသည့် ထယ်ယောင်းလက်ကလေးကိုလည်း မလွတ်ထွက်အောင်လို့ ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။ ဒီရက်ကိုသာ ကျော်လွန်သွားရင် ထယ်ယောင်း၏ ဖြူစင်သည့် ဝိညာဉ်ကလေးက သူ့အပိုင် ထာဝရဖြစ်တော့မှာ။

သူတို့ဦးတည်ရာကို သတိထားမိလိုက်သည့် ထယ်ယောင်းသည် ရုတ်တရတ်ကြီး ဂျောင်ကုလက်ကို တင်းတင်းပြန်ဆုပ်ကိုင်လိုက်ပြီးနောက် ရှေ့ဆက်သွားဖို့ ငြင်းဆန်တော့သည်။

” ဘာဖြစ်လို့လဲ…” ဂျောင်ကု၏ မျက်နှာသည် ရုတ်ချည်းတည်ကျသွားကာ မေးခွန်းထုတ်လာသည်။ ထယ်ယောင်း ကြောက်ရွံ့မှုကို စတင်ခံစားလာရသည်။ ဂျောင်ကုသည် အနည်းငယ်ကြောက်စရာကောင်းနေသည်လို့ သူခံစားနေရ၏။

‘အဲ့တံခါးက တားမြစ်ထားတာလေ ငါတို့ ဝင်လို့မရဘူး’ ဂျောင်ကုသည် ထယ်ယောင်း၏ စာကိုမြင်သည့်အခါ တစ်ခစ်ခစ်နဲ့ ရယ်လာသည်။ ထယ်ယောင်းမျက်စိမှားသည်လား မသေချာသော်လည်း ဂျောင်ကု၏ အရိပ်သည် လူကြီးတစ်ယောက်၏ အရိပ်မျိုးပင်။

” ဘာလဲ ကြောက်လို့လား…”

ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားကာ ကြားနေကြနာရီသံ တချက်ချက်ကိုတောင် မကြားရတော့ချေ။ တိတ်ဆိတ်မှုနှင့် အေးစက်မှုတွေကြား သူ့ရဲ့နှလုံးခုန်သံတစ်ခုသာ ထွက်ပေါ်နေသည်။ မသိစိတ်ကလည်း တိုးတိုးလေးအော်ပြောနေသည်။

ပြေးတော့တဲ့….

ထယ်ယောင်း ဂျောင်ကု၏လက်ထဲမှ အတင်းရုန်းကန်မိတော့သည်။ သို့ပေသည့်တိုင် သူရုန်းလေလေ ဂျောင်ကု၏ လက်တို့က ပို၍ တင်းကျပ်လေလေ။ အစောနက ပျော်ရွှင်နေသည့် ဂျောင်ကုသည် အခုအခါမှာတော့ အတော်ကလေး စိတ်ပျက်နေဟန်ရှိသည်။

” ကျစ်….ဘာလို့ရုန်းနေတာလဲ ငါခေါ်တဲ့နောက်ကို အေးဆေးလိုက်လာတာမဟုတ်ဘူး ” ဂျောင်ကုသည် စုတ်တစ်ချက်သတ်လိုက်သည်။ သန်မာသည့် ဂျောင်ကု၏အားကလည်း ခြေကန်ရုန်းနေသည့် ထယ်ယောင်းကို လက်တစ်ဖတ်တည်းဖြင့် တရွတ်တိုက်ဆွဲခေါ်လာသည်။

” လွှတ်…လွှတ်..ငါ့ကို ” ထယ်ယောင်း စကားပြန်ပြောလာသည်။ ကြောက်ရွံ့မှုကြောင့် တစ်ကိုလုံးတုန်ရီနေသလို အသံတွေပါတုန်ရီနေသည်။

ဂျောင်ကု၏ နှုတ်ခမ်းပါးတစ်စုံသည် နတ်ဆိုးဆန်စွာ ကော့တက်သွားသည်။ ထို့နောက် နွေးထွေးတဲ့ အပြုံးကလေးကို ပြောင်းလဲပန်ဆင်၍ ထယ်ယောင်းနှင့် မျက်နှာချင်းဆိုင်လေသည်။

” ဘာလို့ငိုနေတာလဲ…မငိုနဲ့နော်။ ဘာမှမဖြစ်ပါဘူး ငါက ဒီအတိုင်းလေး ကစားချင်ရုံပါ။ငါ့ကို ကြောက်နေတာလားဟင်…”

“…”

” ငါ့ကိုကြောက်နေတာမလားဟင်…မင်းလည်း ငါ့ကိုကြောက်နေတာမလား “

“…”

” သူများတွေလိုပဲ မင်းလည်း ငါကိုကြောက်ပြီး ငါနဲ့အဝေးဆုံးကို ထွက်သွားမှာမလား…ဟုတ်တယ်မလား။ ကိစ္စမရှိဘူး ငါက အဲ့လိုဖြစ်အောင် ခွင့်မပြုတာမလို့။ သွားကြမယ် “

ဂျောင်ကုသည် စိတ်ယိုင်ကာသတိလတ်လွတ်ဖြစ်သွားသည့် ထယ်ယောင်းကို အသာကလေး တံခါးနီနီနောက်သို့ တွန်းပို့လိုက်တော့သည်။

” Welcome to my hell baby. . . ” ထိုစကားလုံးလေးနဲ့အတူ မီးခြစ်ဆံတစ်ခုကို မီးညှိပြီး အခန်းထဲသို့ ပစ်ထည့်လိုက်သည်။ အစောပိုင်းကတည်းက ဓာတ်ဆီတွေ လောင်းထားသည်မို့ မီးဟာ အရှိန်အဟုန်ပြင်းစွာ တောက်လောင်တော့သည်။ ထယ်ယောင်း ထပြေးဖို့ ကြံပေမယ့် နောက်ကျသွားခဲ့ပြီ။ ဂျောင်ကုသည် ရက်စက်စွာနှင့် အခန်းတံခါးကို လော့ချသွားလေပြီ။

” ကယ်…ကယ်ကြပါ…လူ..ရှိ…တယ်..ဒီမှာ..ကယ်..ကြ…ပါ ” ထယ်ယောင်းသည် တံခါးကို တဒုန်းဒုန်းထု၍ ခတ်ရာခဲရာအကူအညီအော်တောင်းနေသော်လည်း ဂျောင်ကု ကဗျာဆိုသံကလေးမှလွဲ၍ မည်သည့်တုန့်ပြန်မှုမှမရပေ။

” Take a key and lock him up,
Lock him up, Lock him up.
Take a key and lock him up,
My fair lady.

Leave him in there and let him burn,
Let him burn, let him burn.
Leave him in there and let him burn,
My fair lady. ပျော်စရာကောင်းတယ်မလား ခစ်ခစ်…”

__________

Zawkyi

စစၥတာစကားလက္သည္ စိတ္ေလးစြာျဖင့္ အေပၚထပ္သို႔တက္လာသည္။ အတိတ္တုန္းက ကိစၥေတြေၾကာင့္ သူ႕အေနနဲ႕ ဒီအေပၚထပ္ႀကီးကိုမလာခ်င္ေပ။ စစၥတာသည္ လည္ပင္းမွာဆြဲထားသည့္ လက္ဝါးကပ္တိုင္ေလးအား ဆုပ္ကိုင္လိုက္ၿပီး ေနာက္ဆုံးေသာ ေလွကားထစ္အားေက်ာ္ျဖတ္လိုက္သည္။

ေအးစက္စက္နဲ႕ ပုပ္အဲ့အဲ့အနံ႕ကိုသယ္ေဆာင္လာေသာ ေလေပြဟာ အေၾကာင္းအရင္းမရွိပါဘဲ ဝုန္းခနဲတစ္ခ်က္ေဆာင့္ကာ တိုက္ခိုက္လာသည္။ အိမ္အတြင္းပိုင္းမွာ တိုက္ခိုက္လာတဲ့ေလျဖစ္တာေၾကာင့္ စစၥတာ၏ သံသယတို႔သည္ ပိုမိုခိုင္မာလာသည္။

အေပၚထပ္စၾကၤံလမ္းတစ္ေလွ်ာက္တြင္ ေရမ်ားစိုေနခဲ့သည္။ လူတစ္ေယာက္သည္ ေရစိုႀကီးျဖင့္သြားထားသကဲ့သို႔ ေျခရာမ်ားနဲ႕ ေရကြက္မ်ား ေပပြေနသည္။

ေရမ်ားသည္ အနီေရာင္တံခါးေရွ႕ဝယ္ အဆုံးသတ္သြားသည့္အျပင္ ထိုအနီေရာင္တံခါးသည္လည္း ခပ္ဟဟပြင့္ေနခဲ့သည္။

က်ီ…..စစၥတာသည္ တံခါးကိုဖြင့္ရာ လက္လွမ္းလိုက္ေပမယ့္ တံခါးသည္ သူ႕အလိုလိုပြင့္သြား၏။

” ဝတုတ္…ဒီအခန္းထဲမဝင္ရဘူးလို႔ေျပာထားတယ္ေလ။ ျပန္လာခဲ့။ ” ဝတုတ္သည္ အမွန္တကယ္ပင္ အခန္းထဲမွာ ေနာက္ေက်ာေပးလွ်က္ ရပ္ေနခဲ့သည္။ ဒီလိုအေျခအေနမ်ိဳးမွာ စစၥတာစကားလက္ခ္ မေၾကာက္ပါဘူးလို႔ေျပာေနလွ်င္ လိမ္ရာက်မွာေပါ့၊ စစၥတာသည္ တကယ္ေၾကာက္႐ြံ႕ေနခဲ့သည္။ ထိုအရာသည္ ေဂဟာတစ္လုံးကို ေျဗာင္ဆန္ေအာင္လုပ္ခဲ့တုန္းက အခ်ိန္ကို မွတ္မိပါေသးသည္။

မိခင္ကိုလည္း ဆုံးရံႈးခဲ့ရသလို၊ ေမာင္ျဖစ္သူကိုလည္းဆုံးရႈံးမလိုျဖစ္ခဲ့ရသည္။ ကိုယ္တိုင္လည္း မေသ႐ုံတမယ္အသက္ေဘးမွ လြတ္ေျမာက္လာသည္မဟုတ္လား။ အတိတ္ဆိုးေတြနဲ႕ ဒီေနရာကို တကယ္ေၾကာက္႐ြံ႕ေနမိပါသည္။

” စစၥတာ…သူ သူက ကြၽန္ေတာ္ကို သြားခြင့္မျပဳဘူး…” ဝတုတ္သည္ စစၥတာစကားလက္ခ္ဘက္သို႔ မ်က္ႏွာလွည့္လာသည့္အခါ စစၱာသည္ တစ္ခုခုမွားယြင္းေနၿပီကိုသိလိုက္သည္။

ဝတုတ္က လူမဟုတ္ေတာ့ဘူး..ျပာႏွမ္းကာ ပြေယာင္းေနသည့္မ်က္ႏွာသည္ ေရနစ္ေသထားသည့္ လူေသကဲ့သို႔ပင္။ စစၥတာစကားလက္ခ္သည္ အျဖစ္မွန္ကို ရိပ္မိတဲ့အခ်ိန္ ထိုေနရာမွ ေျပးေတာ့သည္။ ဝတုတ္သည္ ထိုအခန္းထဲတြင္ တရိႈတ္ငိုေနခဲ့ေသာ္လည္း အျခားအရာတစ္ခုသည္ စစၥတာေနာက္ကို လိုက္ေလသည္။

” အာေညာ္…” ေလွကားထစ္မွာရပ္ေနတဲ့ ေဂ်ာင္ကုအားေတြ႕သည့္အခါမွ ေျပးလာသည့္ စစၥတာစကားလက္ခ္၏ ေျခလွမ္းတို႔သည္ ရပ္တန့္သြားသည္။ ထို႔ေနာက္ ေဂ်ာင္ကုကို ကျပာကယာေကာက္ေပြ႕ကာ…

” သြားၾကမယ္.. သူျပန္ေရာက္ေနၿပီ…” ဟူ၍ ေျပာလာသည္။

ထိုအခါ စစၥတာလက္ထဲမွ ေဂ်ာင္ကုသည္ တစ္ခစ္ခစ္ရယ္လာသည္။ စစၥတာကေတာ့ မူမမွန္ေသာ ေဂါင္ကုအား သတိမျပဳမိ။ ေလွကားထစ္ေတြကိုသာ ဂ႐ုတစိုက္နဲ႕ ဆင္းလာေနသည္။

” တုံးအလိုက္တာ…ကြၽန္ေတာ့္ကိုခ်ီထားၿပီးေတာ့ ကြၽန္ေတာ္နဲ႕ အေဝးကို ထြက္ေျပးခ်င္ေသးတာလား စကားလက္ခ္…”

စစၥတာစကားလက္ခ္ ငယ္ထိပ္ေႁမြေပါက္ခံလိုက္သလိုခံစားလိုက္ရသည္။ စကၠန့္ပိုင္းအတြင္း ဘာမွမလုပ္ကိုင္နိုင္ေတာ့ဘဲ ေၾကာင္အသြားမိသည္။

” ကြၽန္ေတာ္ေျပာခဲ့သားပဲ ကြၽန္ေတာ့္ကိုႏွင္ထုတ္လို႔မရပါဘူးဆိုေန…ဘယ္ေတာ့မွလည္း ထြက္သြားမွမဟုတ္ဘူး ” ေဂ်ာင္ကု၏ စကားအဆုံးဝယ္ မျမင္ရသည့္အားတစ္ခုသည္ စစၥတာကို ေလွကားေပၚမွ အရွိန္ျပင္းစြာ တြန္းခ်လိဳက္ေတာ့သည္။ စစၥတာေရာ ခ်ီထားျခင္းခံရသည့္ ေဂ်ာင္ကုပါ ဒလိမ့္ေကြးျပဳတ္က်သြားေပမယ့္ ေဂ်ာင္ကုသည္ ဘာမွမျဖစ္ေပ။ စစၥတာကေတာ့ ေခါင္းထိကာ ေသြးအိုင္ထဲမွာ လဲေနေတာ့သည္။

ဟမ့္…ေဂ်ာင္ကုသည္ ေအာင္နိုင္သူအၿပဳံးေလးျဖင့္ ၾကမ္းျပင္ေပၚမွထကာ ဖုန္ခါေနသည္။ ၿပီးေတာ့မွ မ်က္ရည္ေလးေတြ ဝဲလာကာ အားနည္းသည့္ ကေလးတစ္ေယာက္လိုဟန္ေဆာင္ကာ ျပဇတ္ကေတာ့သည္။

” ေဖေဖ…ေဖေဖ…စစၥတာစကားလက္ခ္ကို ေခၚလို႔မရေတာ့ဘူး ” ေဂ်ာင္ကုသည္ ငိုယိုကာျဖင့္ ဖခင္ျဖစ္သူ၏ ႐ုံးခန္းထဲဝင္သြားေတာ့သည္။

သင္းအုပ္ဆရာတစ္ျဖစ္လဲ ေဂ်ာင္ကု၏ ဖခင္ျဖစ္သူသည္ ရႈပ္ပြေနသည့္ စာအုပ္ေတြထဲမွာ တစ္စုံတစ္ရာကို ရွာေဖြေနဟန္ရွိသည္။ ေဂ်ာင္ကုလာသည့္အခါမွ လုပ္လက္စမ်ားကို ပစ္ခ်ကာ ေဂ်ာင္ကုေနာက္လိုက္လာ၏။

” စစၥတာစကားလက္ခ္ကို ဝတုတ္တြန္းခ်လိဳက္တာ…ဝတုတ္က ေၾကာက္စရာႀကီး။ ဝတုတ္မေကာင္းဘူး စစၥတာကို နာေအာင္လုပ္တယ္။ ၿပီးေတာ့ သားကိုေရာပဲ…” ေဂ်ာင္ကုကို ျဖစ္ေၾကာင္းကုန္စင္ ဝိုင္းေမးသည့္အခါ ထိုသို႔သာ သနားစဖြယ္ေျဖေလသည္။

” ဝတုတ္ ဘယ္မလဲ…”

” သားမသိဘူး ”

သင္းအုပ္ဆရာသည္ နားထင္ကိုအသာဖိႏွိပ္ရင္း ေရွ႕ဆက္ၿပီးရင္ဆိုင္ရမည့္အရာမ်ားကို ေတြးပူလွ်က္ရွိသည္။ ဒီေလာက္တင္းဆင္းၾကပ္ၾကပ္ထိန္းသိမ္းထားသည့္ၾကားက ထိုတံခါးအနီက ဘယ္လိုပြင့္သြားရတာ သူမစဥ္းစားနိုင္ေတာ့ေပ။ အခုခ်ိန္မွာ လူတိုင္းသည္ တရားခံျဖစ္ေနနိုင္သည္။ သူကိုယ္တိုင္အပါအဝင္ေပ။

” ထယ္…ေယာင္း…” ေဂ်ာင္ကုသည္ အခန္းဝမွာ ေခါင္းေလးထြက္လာၿပီး ခပ္တိုးတိုးေခၚလာေသာေၾကာင့္ အိပ္ရာျပင္ေနသည့္ ထယ္ေယာင္းတစ္ေယာက္ ေဂ်ာင္ကုဆီကို လုံးလုံးလုံးလုံးနဲ႕ ေျပးေတာ့သည္။

‘မင္းကို သူတို႔ေတြဆူလိမ့္မယ္ ျပန္ေတာ့…’ ေဂ်ာင္ကုသည္ ထယ္ေယာင္း၏ စာကေလးအားဖတ္ၿပီး မ်က္ေမွာင္ႀကဳံ႕လိုက္သည္။ ထို႔ေနာက္ ထယ္ေယာင္းလက္အားဆြဲလိုက္ၿပီး ” ကိစၥမရွိဘူး သူတို႔ေတြအလုပ္ရႈပ္ေနၾကတယ္ ” ဟူ၍ အပူပင္မရွိေျပာသည္။

” ေရာ့…ကန္ဒီ မင္းႀကိဳက္တယ္မလား “

ထယ္ေယာင္းသည္ ေဂ်ာင္ကုေပးေသာ သၾကားလုံးေလးကို ယူလိုက္ၿပီး ေခါင့္ၿငိမ့္လာ၏။ သၾကားလုံးေလးကို ေဘာင္းဘီအိတ္ကပ္ထဲ အလွ်င္ထည့္လိုက္ၿပီး ေက်းဇူးတင္ပါသည္ဟူ၍ စာေရးကာ ေျပာလာသည္။

” ဒီေန႕ည ငါ့အခန္းထဲမွာ အိပ္ၾကမလား ”

“…” ထယ္ေယာင္းသည္ ျငင္းဖို႔ေတာင္ အခ်ိန္မရွိလိုက္။ ေဂ်ာင္ကုသည္ ေျခဗလးေဆာင့္ကာ ဆူပုတ္ပုတ္ ထပ္ေျပာလာျပန္သည္။

” ျငင္းမယ္မႀကံနဲ႕ ျငင္းရင္စိတ္ဆိုးမွာေနာ္ “

ထယ္ေယာင္းသည္ မွတ္စုစာအုပ္ေလးမွာ စာလုံးအနည္းငယ္ကို ခ်ေရးျပန္သည္။ ‘ငါလိုက္လို႔မရဘူး။ လူစစ္လို႔ ငါ့ကိုမေတြ႕ရင္ ျပႆနာတက္မွာေပါ့’

” ဘာမွမျဖစ္ဘူး၊ လူစစ္မယ့္ စစၥတာစကားလက္ခ္မွ မရွိေတာ့တာ။ ၿပီးေတာ့ က်န္တဲ့လူေတြကလည္း အလုပ္ရႈပ္ေနတယ္ “

ေဂ်ာင္ကု၏ စကားမ်ားေအာက္ဝယ္ ထယ္ေယာင္းေခါင္းၿငိမ့္သေဘာတူလိုက္ေတာ့သည္။ အနည္းဆုံးေတာ့ ဒီေၾကာက္စရာအခန္းႀကီးထဲမွာ အိပ္ရတာထက္ယွဥ္လွ်င္ ေဂ်ာင္ကုနဲ႕အိပ္တာက ပိုၿပီးေကာင္းလိမ့္မည္။ ေဂ်ာင္ကုက သူ႕ကိုကာကြယ္ေပးမွာ။

” London Bridge is falling down,
Falling down, Falling down.
London Bridge is falling down ,
My fair lady.

” London Bridge is falling down,
Falling down, Falling down.
London Bridge is falling down ,
My fair lady.

Take a key and lock him up,
Lock him up, Lock him up.
Take a key and lock him up,
My fair lady.

Leave him in there and let him burn,
Let him burn, let him burn.
Leave him in there and let him burn,
My fair lady. ”

ေဂ်ာင္ကု၏ ကဗ်ာ႐ြက္ဆိုသံစာစာကေလးသည္ စၾကၤံလမ္းတြင္ျပန့္လြင့္လို႔ေနသည္။ သူ၏ေျခလွမ္းမ်ားသည္ ေပ်ာ္႐ႊင္မႈေၾကာင့္ တက္ႂကြလို႔ေနသည္။ ကိုင္ထားသည့္ ထယ္ေယာင္းလက္ကေလးကိုလည္း မလြတ္ထြက္ေအာင္လို႔ ခပ္တင္းတင္းဆုပ္ကိုင္ထားသည္။ ဒီရက္ကိုသာ ေက်ာ္လြန္သြားရင္ ထယ္ေယာင္း၏ ျဖဴစင္သည့္ ဝိညာဥ္ကေလးက သူ႕အပိုင္ ထာဝရျဖစ္ေတာ့မွာ။

သူတို႔ဦးတည္ရာကို သတိထားမိလိုက္သည့္ ထယ္ေယာင္းသည္ ႐ုတ္တရတ္ႀကီး ေဂ်ာင္ကုလက္ကို တင္းတင္းျပန္ဆုပ္ကိုင္လိုက္ၿပီးေနာက္ ေရွ႕ဆက္သြားဖို႔ ျငင္းဆန္ေတာ့သည္။

” ဘာျဖစ္လို႔လဲ…” ေဂ်ာင္ကု၏ မ်က္ႏွာသည္ ႐ုတ္ခ်ည္းတည္က်သြားကာ ေမးခြန္းထုတ္လာသည္။ ထယ္ေယာင္း ေၾကာက္႐ြံ႕မႈကို စတင္ခံစားလာရသည္။ ေဂ်ာင္ကုသည္ အနည္းငယ္ေၾကာက္စရာေကာင္းေနသည္လို႔ သူခံစားေနရ၏။

‘အဲ့တံခါးက တားျမစ္ထားတာေလ ငါတို႔ ဝင္လို႔မရဘူး’ ေဂ်ာင္ကုသည္ ထယ္ေယာင္း၏ စာကိုျမင္သည့္အခါ တစ္ခစ္ခစ္နဲ႕ ရယ္လာသည္။ ထယ္ေယာင္းမ်က္စိမွားသည္လား မေသခ်ာေသာ္လည္း ေဂ်ာင္ကု၏ အရိပ္သည္ လူႀကီးတစ္ေယာက္၏ အရိပ္မ်ိဳးပင္။

” ဘာလဲ ေၾကာက္လို႔လား…”

ပတ္ဝန္းက်င္တစ္ခုလုံးတိတ္ဆိတ္သြားကာ ၾကားေနၾကနာရီသံ တခ်က္ခ်က္ကိုေတာင္ မၾကားရေတာ့ေခ်။ တိတ္ဆိတ္မႈႏွင့္ ေအးစက္မႈေတြၾကား သူ႕ရဲ႕ႏွလုံးခုန္သံတစ္ခုသာ ထြက္ေပၚေနသည္။ မသိစိတ္ကလည္း တိုးတိုးေလးေအာ္ေျပာေနသည္။

ေျပးေတာ့တဲ့….

ထယ္ေယာင္း ေဂ်ာင္ကု၏လက္ထဲမွ အတင္း႐ုန္းကန္မိေတာ့သည္။ သို႔ေပသည့္တိုင္ သူ႐ုန္းေလေလ ေဂ်ာင္ကု၏ လက္တို႔က ပို၍ တင္းက်ပ္ေလေလ။ အေစာနက ေပ်ာ္႐ႊင္ေနသည့္ ေဂ်ာင္ကုသည္ အခုအခါမွာေတာ့ အေတာ္ကေလး စိတ္ပ်က္ေနဟန္ရွိသည္။

” က်စ္….ဘာလို႔႐ုန္းေနတာလဲ ငါေခၚတဲ့ေနာက္ကို ေအးေဆးလိုက္လာတာမဟုတ္ဘူး ” ေဂ်ာင္ကုသည္ စုတ္တစ္ခ်က္သတ္လိုက္သည္။ သန္မာသည့္ ေဂ်ာင္ကု၏အားကလည္း ေျခကန္႐ုန္းေနသည့္ ထယ္ေယာင္းကို လက္တစ္ဖတ္တည္းျဖင့္ တ႐ြတ္တိုက္ဆြဲေခၚလာသည္။

” လႊတ္…လႊတ္..ငါ့ကို ” ထယ္ေယာင္း စကားျပန္ေျပာလာသည္။ ေၾကာက္႐ြံ႕မႈေၾကာင့္ တစ္ကိုလုံးတုန္ရီေနသလို အသံေတြပါတုန္ရီေနသည္။

ေဂ်ာင္ကု၏ ႏႈတ္ခမ္းပါးတစ္စုံသည္ နတ္ဆိုးဆန္စြာ ေကာ့တက္သြားသည္။ ထို႔ေနာက္ ေႏြးေထြးတဲ့ အၿပဳံးကေလးကို ေျပာင္းလဲပန္ဆင္၍ ထယ္ေယာင္းႏွင့္ မ်က္ႏွာခ်င္းဆိုင္ေလသည္။

” ဘာလို႔ငိုေနတာလဲ…မငိုနဲ႕ေနာ္။ ဘာမွမျဖစ္ပါဘူး ငါက ဒီအတိုင္းေလး ကစားခ်င္႐ုံပါ။ငါ့ကို ေၾကာက္ေနတာလားဟင္…”

“…”

” ငါ့ကိုေၾကာက္ေနတာမလားဟင္…မင္းလည္း ငါ့ကိုေၾကာက္ေနတာမလား “

“…”

” သူမ်ားေတြလိုပဲ မင္းလည္း ငါကိုေၾကာက္ၿပီး ငါနဲ႕အေဝးဆုံးကို ထြက္သြားမွာမလား…ဟုတ္တယ္မလား။ ကိစၥမရွိဘူး ငါက အဲ့လိုျဖစ္ေအာင္ ခြင့္မျပဳတာမလို႔။ သြားၾကမယ္ “

ေဂ်ာင္ကုသည္ စိတ္ယိုင္ကာသတိလတ္လြတ္ျဖစ္သြားသည့္ ထယ္ေယာင္းကို အသာကေလး တံခါးနီနီေနာက္သို႔ တြန္းပို႔လိုက္ေတာ့သည္။

” Welcome to my hell baby. . . ” ထိုစကားလုံးေလးနဲ႕အတူ မီးျခစ္ဆံတစ္ခုကို မီးညွိၿပီး အခန္းထဲသို႔ ပစ္ထည့္လိုက္သည္။ အေစာပိုင္းကတည္းက ဓာတ္ဆီေတြ ေလာင္းထားသည္မို႔ မီးဟာ အရွိန္အဟုန္ျပင္းစြာ ေတာက္ေလာင္ေတာ့သည္။ ထယ္ေယာင္း ထေျပးဖို႔ ႀကံေပမယ့္ ေနာက္က်သြားခဲ့ၿပီ။ ေဂ်ာင္ကုသည္ ရက္စက္စြာႏွင့္ အခန္းတံခါးကို ေလာ့ခ်သြားေလၿပီ။

” ကယ္…ကယ္ၾကပါ…လူ..ရွိ…တယ္..ဒီမွာ..ကယ္..ၾက…ပါ ” ထယ္ေယာင္းသည္ တံခါးကို တဒုန္းဒုန္းထု၍ ခတ္ရာခဲရာအကူအညီေအာ္ေတာင္းေနေသာ္လည္း ေဂ်ာင္ကု ကဗ်ာဆိုသံကေလးမွလြဲ၍ မည္သည့္တုန့္ျပန္မႈမွမရေပ။

” Take a key and lock him up,
Lock him up, Lock him up.
Take a key and lock him up,
My fair lady.

Leave him in there and let him burn,
Let him burn, let him burn.
Leave him in there and let him burn,
My fair lady. ေပ်ာ္စရာေကာင္းတယ္မလား ခစ္ခစ္…”

__________

Comments for chapter "Chapter 5"

0 0 votes
Article Rating
Subscribe
Notify of
guest
0 Comments
Oldest
Newest Most Voted