Chapter 4
Unicode
” မင်းငါ့ကို ဘယ်တော့မှ ထားမသွားဘူးမလား…”
ထယ်ယောင်းတွေဝေမှုမရှိဘဲ ခေါင်းငြိမ့်လိုက်သည်။ အင်း…မင်းလည်းငါ့ကိုမထားသွားဘူးမလား။
” ကတိနော် “
ကတိ…
ရာသီဥတုက အနည်းငယ်ပူအိုက်အိုက်ဖြစ်နေပေမယ့်လည်း သူတို့နှစ်ယောက်ကတော့ စစ္စတာလာစစ်ရင် မမိအောင် စောင်ခေါင်းမြီးခြုံထားကြသည်။ တစ်ခန်းလုံးအမှောင်ကျကာ အခြားကလေးတွေအကုန်လုံးလည်း အိပ်မောကြနေပေမယ့် သူတို့နှစ်ယောက်သည် စကားတွေ တီတီတာတာဖြင့် ခရာပိုနေဆဲပင်။
” ဒီကစစ္စတာတွေတစ်ယောက်မှ မကောင်းကြဘူး။ အကယ်၍ ငါ့ကို ဒီအခန်းထဲမှာသာတွေ့သွားရင် ငါ့ကိုအပြစ်ပေးကြလိမ့်မယ်။ အဲ့တံခါးကြီးအနောက်ကို ပြန်မသွားချင်ဘူး “
အမှောင်ထဲမှာ ရေးရေးလေးမြင်နေရသည့် ဂျောင်ကု၏ ပါးပြင်ကို သူအသာလေးလှမ်းထိလိုက်သည်။
” ငါ…ကာ…ကွယ်…ပေး…မှာ…မင်း…ကို ” တစ်လုံးချင်းခဲရာခဲဆစ်ပြောလာသည့် စကားလုံးတို့သည် ထယ်ယောင်း၏ ဒုတိယအကြိမ်စကားပြောခြင်းပင်။
ဂျောင်ကုမျက်လုံးတို့သည် မဟူရာညလယ်က ကြယ်ကလေးများကဲ့သို့ တစ်ဖိတ်ဖိတ်လတ်သွားသည်။ ထို့နောက် ထယ်ယောင်းကိုယ်လေးအား ဖတ်လုံးသဖွယ်ဆွဲဖတ်လိုက်ပြီးနောက် ထယ်ယောင်းရင်ဘက်ပေါ်တွင် ခေါင်းမြုပ်လိုက်သည်။
” မင်းအသံကနားထောင်လို့ကောင်းတယ်။ နောက်ဆို စကားတွေအများကြီးပြောပြီးနေ သာမာန်လူလိုမျိုးလေ။ မဟုတ်ဘူး…ငါတစ်ယောက်တည်းအတွက်ပဲ ပြောရင်တောင် လုံလောက်ပြီ။ မင်းအသံလေးကို ကြားချင်တာမို့…”
ထယ်ယောင်း တိတ်ဆိတ်သွားပြန်၏။ ‘အင်း…ငါကြိုးစားပါ့မယ်…’ ဟူသည့် စကားသံလေးသည် လည်ချောင်းတွင်သာ တစ်ဖန်နစ်မြုပ်ပျောက်ကွယ်သွားသည်။
” အိပ်တော့…ဂွတ်နိုတ်..”
ဂျောင်ကုတစ်ယောက် ထယ်ယောင်းကို ဖတ်ကာပင် အိပ်ပျော်သွားပေမယ့် ထယ်ယောင်းကတော့ နေရာစိမ်းမှာ ကြောက်စိတ်တွေလွှမ်းမိုးမှုကြောင့် တောင်ကြည့်မြောက်ကြည့်ဖြစ်နေဆဲပင်။
အခန်းထဲသို့ဝင်နေသည့် လရောင်သည်လည်း အခုမှ ပို၍ မှိန်သွားသဖွယ်ရှိသည်။ အမှောင်ထုသည် တစ်ဖြေးဖြေးကြီးစိုးလာကာ ပတ်ဝန်းကျင်ကို လုံးဝမမြင်ရတော့ချေ။
ဂျစ်…ဂျစ်…ဂျစ်…
တစ်စုံတစ်ရာကို ဆွဲဆွဲငင်ငင်ကုတ်ခြစ်နေသကဲ့သို့ အသံသည် စင်္ကြံလမ်းပေါ်မှ ထွက်ပေါ်နေသည်။ ထယ်ယောင်းကျောရိုးတစ်လျှောက်ပင် အေးစိမ့်သွားတော့သည်။ နဘေးမှ ဂျောင်ကုကို ပြန်လည်တင်းကျပ်စွာ ဖတ်ထားပြီးနောက် မျက်လုံးစုံမှိတ်ထားလိုက်သည်။ သို့ပေသည့်တိုင် ကြောက်စိတ်က မပြေသေးပေ။
ဒေါက်! ဒေါက်!ဒေါက်!
သံခေါင်းယံဟာ တိတ်ဆိတ်နေသည့်အတွက် အခန်းတစ်ခါးခေါက်သံသည် ကျယ်လောင်စွာနဲ့ ခြောက်ခြားဖွယ်ထွက်ပေါ်လာသည်။ အခန်းသည် ဟောခန်းပုံသဏ္ဍန်ရှိကာ ဂျောင်ကုမှလွဲ၍ ဂေဟာမှ ကလေးတွေ အားလုံးစုပြီး နေကြရသည်။ သို့သော်လည်း အခုချိန်မှာတော့ အခန်းထဲ၌ သူတစ်ယောက်တည်းသာ ကျန်ခဲ့နေသလို ထယ်ယောင်းခံစားနေရသည်။ မှောင်မိုက်မှုကြောင့် အခြားသူများကိုလည်း မမြင်ရချေ။
ဒေါက်! ဒေါက်! ဒေါက်! ဒေါက်! ဒေါက်!
ထပ်ပြီးတော့ အဆက်မပြတ်လျှင်မြန်စွာ ထွက်ပေါ်လာတဲ့ တံခါးခေါက်သံကြောင့် ထယ်ယောင်း မျက်ရည်ပင် ဝဲလို့လာသည်။
” ထယ်…ယောင်း…” တိုးအက်အက်အသံနဲ့အတူ စောင်အောက်မှ ခြေထောက်ကို လာဆွဲသည့် လက်အေးကြီးကြောင့် ထယ်ယောင်းအော်မိတော့သည်။ သို့ပေသည့် သူ့အသံသည် ပျောက်ဆုံးနေသည်။ ဂျောင်ကုကို တင်းနေအောင်ဖတ်ထားပေမယ့် သူ၏ လက်တို့သည် အားပျော့လာသလို ခံစားနေရသည်။
” ငါ့ကိုဝင်ခွင့်ပေး…ဝင်ခွင့်ပေး…” ထိုအရာသည် တောင်းဆိုလာသည်။
မသိစိတ်ရဲ့ စေခိုင်းမှုကြောင့် ထယ်ယောင်းအလိုအလျောက်ခေါင်းယမ်းမိသည်။ တစ်ဖတ်ကအရာသည် ထယ်ယောင်း၏ တုန့်ပြန်ချက်ကို မကျေမနပ်ဖြစ်ကာ ဒေါသထွက်သွားတော့သည်။ ထို့နောက် နားစည်ကွဲမတက် စူးစူးဝါးဝါးထအော်ကာ ထယ်ယောင်းခြေထောက်ကို ဆောင့်ဆွဲချတော့သည်။
” ဝင်ခွင့်ပေးလို့!!! “
အားပြင်းတဲ့ ဆောင့်ဆွဲချက်ကြောင့် ထယ်ယောင်းသည် ကုတင်ပေါ်မှ ဒလိမ့်ကွေးပြုတ်ကျလေသည်။ ထယ်ယောင်းအား ဖတ်ထားသည် ဂျောင်ကုသည်လည်း အလားတူပင်။ ထိုအခါမှ ဆူဆူညံညံဖြစ်သွားကာ အခြားကလေးတွေလည်းနိုးလာတော့သည်။ မီးဖွင့်တဲ့သူက ပြေးဖွင့် ကိုယ့်အိပ်ရာမှာ ကိုယ်ကြောင်ကြောင်လေး ထိုင်နေတဲ့လူကထိုင် တစ်ခန်းလုံး နိုးကုန်တော့သည်။
ထယ်ယောင်း မျက်ရည်တွေဝဲလျှက်ပင် သူ့ခြေထောက်ကို ဆောင့်ဆွဲချသွားတဲ့ ထိုအရာအား လိုက်လံရှာဖွေ၏။ ဒါပေမယ့်လည်း မည်သည့်အရာတစ်ကောင်တစ်မြီမျှ မတွေ့ရချေ။
” ဘာဖြစ်တာလဲ…” ပထမဦးဆုံး သတိကပ်လာသူမှာ ဂျောင်ကုပင်။ ထယ်ယောင်းကတော့ ကြမ်းပြင်မှာသာ တစ်သိမ့်သိမ့်တုန်ကာ ငိုနေရှာသည်။ နှစ်ထပ်ကုတင်ဖြစ်သည့်အတွက် ဂျောင်ကုရော ထယ်ယောင်းပါ အထိနာပေမယ့်လည်း မည်သူမျှ နာကျင်မှုကို ဂရုမစိုက်နိုင်ကြသေးပေ။
” မင်းဘာဖြစ်သွားသေးလဲ…”
ထယ်ယောင်းသည် တံခါးပေါက်ကို လက်ညိုးထိုးပြလေသည်။ မျက်လုံးများသည်လည်း တစ်စုံတစ်ရာကို ကြောက်ရွံ့နေသည့်ဟန် အထင်းသာပေါ်နေသည်။ တစ်ခုခုရှိနေတယ်…အပြင်ဘက်မှာ…
” ဘာဖြစ်ကြတာလဲ….ဂျောင်ကု…” အသက်ခပ်ကြီးကြီး စစ္စတာတစ်ယောက်သည် စိုးရိမ်စွာရောက်လာပြီးနောက် ဂျောင်ကုကို မြင်သည့်အခါ စတင်ဆူပူတော့သည်။
” ကိုယ့်အခန်းကိုပြန်…သွား..”
” မပြန်ဘူး သားက ထယ်ထယ်နဲ့ပဲနေမှာ “
” တော်သင့်ပြီ မင်းအဖေက မင်းကို သူငယ်ချင်းမထားရဘူးလို့ပြောထားတယ်လေ။ မင်းသူငယ်ချင်းတွေကို ထိခိုက်စေချင်လို့လား ဟမ်…”
” သားဂရုမစိုက်ဘူး ထယ်ထယ်ကလည်း သားနဲ့အတူတူပဲ။ သားသူ့ကုိ ကာကွယ်နိုင်တယ် ” ဂျောင်ကုသည် စစ္စတာကြီးအား စိန်းစိန်းဝါးဝါးကြည့်ကာ တစ်ခွန်းမကျန်ပြန်အော်နေသည်။
” ကဲ တော်ပြီ။ ဂျောင်ကု…မင်းငါနဲ့ ပြန်လိုက်ခဲ့။ ထယ်ယောင်း… အဖဘုရားသခင်ဆီမှာ ကိုယ်လုပ်ခဲ့တဲ့ အပြစ်တွေကို ဝန်ချတောင်းပန်ပါ။ ကျန်တဲ့သူတွေလည်း ပြန်အိပ်ကြတော့ “
သင်းအုပ်ဆရာရောက်လာသည့်အခါ မီးကိုရေနှင့် ညှိမ်းချလိုက်သကဲ့သို့ အကုန်လုံး ဟုပ်ခနဲငြိမ်ကျသွားကြသည်။ ဂျောင်ကုသည်လည်း ဆူပုတ်ပုတ်မျက်နှာဘေးဖြင့် ဆရာ့နောက်သို့ လေးဖင့်နေတဲ့ခြေလှမ်းတို့ဖြင့် ပါသွားလေတော့သည်။
စစ္စတာကြီး၏ စေခိုင်းမှုကြောင့် စစ္စတာငယ်လေးတစ်ယောက်သည် ကုတင်ပေါ်က ပြုတ်ကျစဉ်က ထယ်ယောင်း၏ ခေါက်သွားတဲ့လက်ကို ဆေးလိမ်းပေးနေသည်။ ထယ်ယောင်းကတော့ အခုထိ အကြောက်မပြေသေးဘဲ တုန်ရီနေဆဲပင်။
‘ဒီကိစ္စက ဂျောင်ကုနဲ့ ဘာမှမဆိုင်ပါဘူး’ ထယ်ယောင်းသည် ကျန်လက်တစ်ဖတ်ဖြင့် မှတ်စုစာအုပ်လေးမှာ စာရေးကာ စစ္စတာကို ပြလိုက်သည်။
” သိတာပေါ့ကွယ်…ဒါပေမယ့် အဲ့ကလေးက စည်းကမ်းတွေကို မလိုက်နာဘူးလေ။ အသက်ကသာငယ်တာ တော်တော်ဆိုးဆိုးလေးပဲ…” စစ္စတာသည် ခေါင်းတယမ်းယမ်းနှင့် ဆိုလာသည်။
ထယ်ယောင်းသည် နောက်ထပ်စာကြောင်းလေးတစ်ခုကို အမြန် ချရေးပြန်သည်။ ‘ဂျောင်ကုအဆင်ပြေပါ့မလားဟင် သူ့ကို ရိုက်မှာလားဟင်’
” သူ့ကို စိတ်ပူမယ့်အစား ကိုယ့်ကိုကိုယ်ပဲ စိတ်ပူပါဦး။ လက်ကဘာဖြစ်သွားမှန်းမသိသေးဘူး မနက်ကျမှ ဆေးခန်းသွားကြမယ် “
ထယ်ယောင်းသည် စိတ်ဓာတ်ကျသွားဟန်ရှိပြီးနောက် နောက်ထပ်စာတစ်ကြောင်းထပ်ရေးပြန်သည်။ ‘ဒါပေမယ့် စင်္ကြံလမ်းအပြင်ဘက်မှာတစ်ခုခုရှိနေတာ အဲ့တာကပဲ အခန်းထဲဝင်လာပြီး သားကို ဆွဲချသွားတာ’
စစ္စတာသည် ထိုစာကိုမြင်သည့်အခါ မျက်စိမျက်နှာပျက်လျှက်ပင် ” အိမ်မက်ယောင်တာပါ…”ဟူ၍သာ နှစ်သိမ့်ပေးလေသည်။
နောက်နေ့မနက်ရောက်သည့်အခါ ဂျောင်ကုသည် သူ့ဆီကို ရောက်မလာပေ။ စစ္စတာတွေကို မေးသည့်အခါတိုင်းလည်း ဂျောင်ကုက ဖျားနေတဲ့ကလေးမလို့ အပေါင်းအသင်းမလုပ်ရဘူးဟူ၍သာ ပြောကြသည်။ ထယ်ယောင်း နားမလည်နိုင်တော့ပေ။ ဂျောင်ကုကဖျားနေတဲ့သူနဲ့ တူမှမတူဘဲ။ ဂျောင်ကုပြောသလို စစ္စတာတွေက မကောင်းကြဘူးပဲ။
ဂျောင်ကုမရှိသည့်အခါ ထယ်ယောင်းအဖော်မဲ့လေပြီ။ စကားမပြောသော ထယ်ယောင်းအား အခြားကလေးငယ်တွေကလည်း အပေါင်းအသင်းမလုပ်ချင်ကြပေ။ သူရဲ့နေ့ရက်တွေက အရင်လိုပဲ ပြန်လည်တိတ်ဆိတ်သွားသည်။
စစ္စတာစကားလက်ခ်( Scarlett ) သည် သူ့အား ဆေးခန်းခေါ်သွားပေးသည်။ လက်ကဘာဖြစ်သွားမှန်းသူနားမလည်ပေမယ့် စစ္စတာစကားလက်ခ်ပြောတာကတော့ မကြာခင်ပြန်ကောင်းသွားလိမ့်မယ်တဲ့။
ဒီရက်တွေအတွင်း စစ္စတာစကားလက်ခ်သည် သူ့အနားမှာနေပေးပြီး အဖော်ပြုပေးသည်။ သူစစ္စတာစကားလက်ခ်ကို အခြားစစ္စတာတွေလို မမုန်းတော့ပါ။ စစ္စတာစကားလက်ခ်က ချစ်ဖို့ကောင်းသည်။ အရမ်းလည်း ကြင်နာတတ်သေးသည်။ ပြီးတော့ ဂျောင်ကုနဲ့ တူတဲ့ အပြုံးလှလှလေးတွေလည်းရှိသေးတယ်။
” ထယ်ယောင်း…ဝတုတ်ကိုတွေ့သေးလားဟင်…” စစ္စတာစကားလက်ခ်သည် ရေးကြီးသုတ်ပြာဖြင့် ထယ်ယောင်းဆီရောက်လာလေသည်။ စစ္စတာပုံမှာ အတော်လေးလောနေပုံရသည်။
ထယ်ယောင်း ခေါင်းအသာငြိမ့်ပြလိုက်သည်။ ထို့နောက် လှေကားကို လက်ညိုးအသာထိုးပြလိုက်သည်။ အခုလေးတင် ဝတုတ်ကအပေါ်ထပ်ကို တက်သွားသည်ကို သူတွေ့လိုက်သည်။ ဝတုတ်သည် တစ်ကိုယ်လုံးရေတွေစိုနေပြီး သူ့ကိုတောင် ပြုံးပြသွားသေးသည်။
” ဟုတ်ပြီ ဒီမှာတစ်ယောက်တည်းမနေနဲ့နော် အခြားသူတွေနဲ့အတူသွားနေ “
ထယ်ယောင်းသည် နားလည်ကြောင်း ခေါင်းငြိမ့်ပြပြီး အခန်းထဲပြန်ဝင်လာသည်။ အခြားကလေးတွေသည် အုပ်စုဖွဲ့ကာ ကိုယ်စီဆော့ကစားနေပေမယ့် ထယ်ယောင်းကိုတော့ ဖယ်ကြဉ်ထားကြသည်။ ထယ်ယောင်းအားငယ်စိတ်ကြောင့် အိပ်ရာထဲဝင်ကာ ခွေခွေလေး လှဲနေလိုက်သည်။ သူ့ကိုဘယ်သူ့မှမလိုချင်ကြဘူးပဲ….
ထယ်ယောင်း ဟိုလှိမ့်ဒီလှိမ့်ဖြင့် အိပ်ရတာအချိုးမကျပေ။ အိပ်ရာခင်းစောင်အောက်က ခုလုခုလုက သူ့ကို အနှောင့်အယှတ်ပေးနေ၏။ သူ့လက်သေးသေးလေးတို့ဖြင့် စမ်းကြည့်ကာ ထိုခုလုခုလုအား ဆွဲယူလိုက်သည့်အခါ သကြားလုံးလေးတစ်လုံးဖြစ်နေလေသည်။ ထယ်ယောင်း၏ ဝမ်းနည်းနေသည့်စိတ်လေးသည် သကြားလုံးရသည့်အခါ ချက်ချင်းပင် ပျော်သွားတော့သည်။
ထယ်ယောင်း အားရဝမ်းသာဖြင့် သကြားလုံးလေးအားကြွားဖို့ရာ မြှောက်ပြလိုက်ပေမယ့် ဘယ်ကလေးကမှ အဖတ်မလုပ်ချေ။ နောက်တစ်ကြိမ် ပစ်ပယ်ခံလိုက်ရသည့် ထယ်ယောင်းသည် နှုတ်ခမ်းလေးဆူကာ စိတ်ဓာတ်ကျသွားတော့သည်။ ထို့နောက် လက်ထဲက သကြားလုံးလေးအားဖြေကာ ပါးစပ်ထဲသာ ပစ်ထည့်လိုက်တော့သည်။
အင်း…သူကြိုက်တဲ့ စတော်ဘယ်ရီအရသာလေး။ ဒါပေမယ့် ဘာလို့ အရသာကထူးဆန်းနေရတာလဲ။ ငန်နေသလိုပဲ။
သကြားလုံးသည် အခွံ၌ စာတိုလေးများပါသည့် သကြားလုံးမျိုးပင်။ ဒါကြောင့် ထယ်ယောင်းလည်း စိတ်လှုပ်ရှားစွာနဲ့ အခွံအား ဖြန့်လိုက်ပြီး အထဲက စာတိုလေးကို ဖတ်တော့သည်။
” ကန်ဒီက မင်းကိုပျော်အောင်လုပ်ပေးလိမ့်မယ် ခွေးရူးလေး ” စာတိုလေးသည် စက်ရုံထုတ်မဟုတ်ဘဲ လက်ရေးစာနှင့် တူလေသည်။ ခပ်ဆိုးဆိုးလက်ရေးလေးဟာ ကလေးတစ်ယောက်ရဲ့ လက်ရေးဆိုတာ အသိအသာကြီးပင်။
သို့ပေသည့်တိုင် ထယ်ယောင်းကတော့ ထိုအရာတွေကို မသိပါ။ သူသိသည်က ဒီသကြားလုံးသည် ဂျောင်ကု၏ သကြားလုံးဖြစ်သည်ဆိုတာပင်။ ဂေဟာ၏ စည်းကမ်းများအရ ကလေးများသည် မုန့်စားချိန်မှလွဲ၍ သရေစာတွေကိုင်ဆောင်ခွင့်မရှိချေ။ ဆိုးပေလေးဂျောင်ကုကတော့ ချွင်းချက်ပင်။
________
Zawkyi
” မင္းငါ့ကို ဘယ္ေတာ့မွ ထားမသြားဘူးမလား…”
ထယ္ေယာင္းေတြေဝမႈမရွိဘဲ ေခါင္းၿငိမ့္လိုက္သည္။ အင္း…မင္းလည္းငါ့ကိုမထားသြားဘူးမလား။
” ကတိေနာ္ “
ကတိ…
ရာသီဥတုက အနည္းငယ္ပူအိုက္အိုက္ျဖစ္ေနေပမယ့္လည္း သူတို႔ႏွစ္ေယာက္ကေတာ့ စစၥတာလာစစ္ရင္ မမိေအာင္ ေစာင္ေခါင္းၿမီးၿခဳံထားၾကသည္။ တစ္ခန္းလုံးအေမွာင္က်ကာ အျခားကေလးေတြအကုန္လုံးလည္း အိပ္ေမာၾကေနေပမယ့္ သူတို႔ႏွစ္ေယာက္သည္ စကားေတြ တီတီတာတာျဖင့္ ခရာပိုေနဆဲပင္။
” ဒီကစစၥတာေတြတစ္ေယာက္မွ မေကာင္းၾကဘူး။ အကယ္၍ ငါ့ကို ဒီအခန္းထဲမွာသာေတြ႕သြားရင္ ငါ့ကိုအျပစ္ေပးၾကလိမ့္မယ္။ အဲ့တံခါးႀကီးအေနာက္ကို ျပန္မသြားခ်င္ဘူး “
အေမွာင္ထဲမွာ ေရးေရးေလးျမင္ေနရသည့္ ေဂ်ာင္ကု၏ ပါးျပင္ကို သူအသာေလးလွမ္းထိလိုက္သည္။
” ငါ…ကာ…ကြယ္…ေပး…မွာ…မင္း…ကို ” တစ္လုံးခ်င္းခဲရာခဲဆစ္ေျပာလာသည့္ စကားလုံးတို႔သည္ ထယ္ေယာင္း၏ ဒုတိယအႀကိမ္စကားေျပာျခင္းပင္။
ေဂ်ာင္ကုမ်က္လုံးတို႔သည္ မဟူရာညလယ္က ၾကယ္ကေလးမ်ားကဲ့သို႔ တစ္ဖိတ္ဖိတ္လတ္သြားသည္။ ထို႔ေနာက္ ထယ္ေယာင္းကိုယ္ေလးအား ဖတ္လုံးသဖြယ္ဆြဲဖတ္လိုက္ၿပီးေနာက္ ထယ္ေယာင္းရင္ဘက္ေပၚတြင္ ေခါင္းျမဳပ္လိုက္သည္။
” မင္းအသံကနားေထာင္လို႔ေကာင္းတယ္။ ေနာက္ဆို စကားေတြအမ်ားႀကီးေျပာၿပီးေန သာမာန္လူလိုမ်ိဳးေလ။ မဟုတ္ဘူး…ငါတစ္ေယာက္တည္းအတြက္ပဲ ေျပာရင္ေတာင္ လုံေလာက္ၿပီ။ မင္းအသံေလးကို ၾကားခ်င္တာမို႔…”
ထယ္ေယာင္း တိတ္ဆိတ္သြားျပန္၏။ ‘အင္း…ငါႀကိဳးစားပါ့မယ္…’ ဟူသည့္ စကားသံေလးသည္ လည္ေခ်ာင္းတြင္သာ တစ္ဖန္နစ္ျမဳပ္ေပ်ာက္ကြယ္သြားသည္။
” အိပ္ေတာ့…ဂြတ္နိုတ္..”
ေဂ်ာင္ကုတစ္ေယာက္ ထယ္ေယာင္းကို ဖတ္ကာပင္ အိပ္ေပ်ာ္သြားေပမယ့္ ထယ္ေယာင္းကေတာ့ ေနရာစိမ္းမွာ ေၾကာက္စိတ္ေတြလႊမ္းမိုးမႈေၾကာင့္ ေတာင္ၾကည့္ေျမာက္ၾကည့္ျဖစ္ေနဆဲပင္။
အခန္းထဲသို႔ဝင္ေနသည့္ လေရာင္သည္လည္း အခုမွ ပို၍ မွိန္သြားသဖြယ္ရွိသည္။ အေမွာင္ထုသည္ တစ္ေျဖးေျဖးႀကီးစိုးလာကာ ပတ္ဝန္းက်င္ကို လုံးဝမျမင္ရေတာ့ေခ်။
ဂ်စ္…ဂ်စ္…ဂ်စ္…
တစ္စုံတစ္ရာကို ဆြဲဆြဲငင္ငင္ကုတ္ျခစ္ေနသကဲ့သို႔ အသံသည္ စၾကၤံလမ္းေပၚမွ ထြက္ေပၚေနသည္။ ထယ္ေယာင္းေက်ာရိုးတစ္ေလွ်ာက္ပင္ ေအးစိမ့္သြားေတာ့သည္။ နေဘးမွ ေဂ်ာင္ကုကို ျပန္လည္တင္းက်ပ္စြာ ဖတ္ထားၿပီးေနာက္ မ်က္လုံးစုံမွိတ္ထားလိုက္သည္။ သို႔ေပသည့္တိုင္ ေၾကာက္စိတ္က မေျပေသးေပ။
ေဒါက္! ေဒါက္!ေဒါက္!
သံေခါင္းယံဟာ တိတ္ဆိတ္ေနသည့္အတြက္ အခန္းတစ္ခါးေခါက္သံသည္ က်ယ္ေလာင္စြာနဲ႕ ေျခာက္ျခားဖြယ္ထြက္ေပၚလာသည္။ အခန္းသည္ ေဟာခန္းပုံသ႑န္ရွိကာ ေဂ်ာင္ကုမွလြဲ၍ ေဂဟာမွ ကေလးေတြ အားလုံးစုၿပီး ေနၾကရသည္။ သို႔ေသာ္လည္း အခုခ်ိန္မွာေတာ့ အခန္းထဲ၌ သူတစ္ေယာက္တည္းသာ က်န္ခဲ့ေနသလို ထယ္ေယာင္းခံစားေနရသည္။ ေမွာင္မိုက္မႈေၾကာင့္ အျခားသူမ်ားကိုလည္း မျမင္ရေခ်။
ေဒါက္! ေဒါက္! ေဒါက္! ေဒါက္! ေဒါက္!
ထပ္ၿပီးေတာ့ အဆက္မျပတ္လွ်င္ျမန္စြာ ထြက္ေပၚလာတဲ့ တံခါးေခါက္သံေၾကာင့္ ထယ္ေယာင္း မ်က္ရည္ပင္ ဝဲလို႔လာသည္။
” ထယ္…ေယာင္း…” တိုးအက္အက္အသံနဲ႕အတူ ေစာင္ေအာက္မွ ေျခေထာက္ကို လာဆြဲသည့္ လက္ေအးႀကီးေၾကာင့္ ထယ္ေယာင္းေအာ္မိေတာ့သည္။ သို႔ေပသည့္ သူ႕အသံသည္ ေပ်ာက္ဆုံးေနသည္။ ေဂ်ာင္ကုကို တင္းေနေအာင္ဖတ္ထားေပမယ့္ သူ၏ လက္တို႔သည္ အားေပ်ာ့လာသလို ခံစားေနရသည္။
” ငါ့ကိုဝင္ခြင့္ေပး…ဝင္ခြင့္ေပး…” ထိုအရာသည္ ေတာင္းဆိုလာသည္။
မသိစိတ္ရဲ႕ ေစခိုင္းမႈေၾကာင့္ ထယ္ေယာင္းအလိုအေလ်ာက္ေခါင္းယမ္းမိသည္။ တစ္ဖတ္ကအရာသည္ ထယ္ေယာင္း၏ တုန့္ျပန္ခ်က္ကို မေက်မနပ္ျဖစ္ကာ ေဒါသထြက္သြားေတာ့သည္။ ထို႔ေနာက္ နားစည္ကြဲမတက္ စူးစူးဝါးဝါးထေအာ္ကာ ထယ္ေယာင္းေျခေထာက္ကို ေဆာင့္ဆြဲခ်ေတာ့သည္။
” ဝင္ခြင့္ေပးလို႔!!! “
အားျပင္းတဲ့ ေဆာင့္ဆြဲခ်က္ေၾကာင့္ ထယ္ေယာင္းသည္ ကုတင္ေပၚမွ ဒလိမ့္ေကြးျပဳတ္က်ေလသည္။ ထယ္ေယာင္းအား ဖတ္ထားသည္ ေဂ်ာင္ကုသည္လည္း အလားတူပင္။ ထိုအခါမွ ဆူဆူညံညံျဖစ္သြားကာ အျခားကေလးေတြလည္းနိုးလာေတာ့သည္။ မီးဖြင့္တဲ့သူက ေျပးဖြင့္ ကိုယ့္အိပ္ရာမွာ ကိုယ္ေၾကာင္ေၾကာင္ေလး ထိုင္ေနတဲ့လူကထိုင္ တစ္ခန္းလုံး နိုးကုန္ေတာ့သည္။
ထယ္ေယာင္း မ်က္ရည္ေတြဝဲလွ်က္ပင္ သူ႕ေျခေထာက္ကို ေဆာင့္ဆြဲခ်သြားတဲ့ ထိုအရာအား လိုက္လံရွာေဖြ၏။ ဒါေပမယ့္လည္း မည္သည့္အရာတစ္ေကာင္တစ္ၿမီမွ် မေတြ႕ရေခ်။
” ဘာျဖစ္တာလဲ…” ပထမဦးဆုံး သတိကပ္လာသူမွာ ေဂ်ာင္ကုပင္။ ထယ္ေယာင္းကေတာ့ ၾကမ္းျပင္မွာသာ တစ္သိမ့္သိမ့္တုန္ကာ ငိုေနရွာသည္။ ႏွစ္ထပ္ကုတင္ျဖစ္သည့္အတြက္ ေဂ်ာင္ကုေရာ ထယ္ေယာင္းပါ အထိနာေပမယ့္လည္း မည္သူမွ် နာက်င္မႈကို ဂ႐ုမစိုက္နိုင္ၾကေသးေပ။
” မင္းဘာျဖစ္သြားေသးလဲ…”
ထယ္ေယာင္းသည္ တံခါးေပါက္ကို လက္ညိုးထိုးျပေလသည္။ မ်က္လုံးမ်ားသည္လည္း တစ္စုံတစ္ရာကို ေၾကာက္႐ြံ႕ေနသည့္ဟန္ အထင္းသာေပၚေနသည္။ တစ္ခုခုရွိေနတယ္…အျပင္ဘက္မွာ…
” ဘာျဖစ္ၾကတာလဲ….ေဂ်ာင္ကု…” အသက္ခပ္ႀကီးႀကီး စစၥတာတစ္ေယာက္သည္ စိုးရိမ္စြာေရာက္လာၿပီးေနာက္ ေဂ်ာင္ကုကို ျမင္သည့္အခါ စတင္ဆူပူေတာ့သည္။
” ကိုယ့္အခန္းကိုျပန္…သြား..”
” မျပန္ဘူး သားက ထယ္ထယ္နဲ႕ပဲေနမွာ “
” ေတာ္သင့္ၿပီ မင္းအေဖက မင္းကို သူငယ္ခ်င္းမထားရဘူးလို႔ေျပာထားတယ္ေလ။ မင္းသူငယ္ခ်င္းေတြကို ထိခိုက္ေစခ်င္လို႔လား ဟမ္…”
” သားဂ႐ုမစိုက္ဘူး ထယ္ထယ္ကလည္း သားနဲ႕အတူတူပဲ။ သားသူ႕ကုိ ကာကြယ္နိုင္တယ္ ” ေဂ်ာင္ကုသည္ စစၥတာႀကီးအား စိန္းစိန္းဝါးဝါးၾကည့္ကာ တစ္ခြန္းမက်န္ျပန္ေအာ္ေနသည္။
” ကဲ ေတာ္ၿပီ။ ေဂ်ာင္ကု…မင္းငါနဲ႕ ျပန္လိုက္ခဲ့။ ထယ္ေယာင္း… အဖဘုရားသခင္ဆီမွာ ကိုယ္လုပ္ခဲ့တဲ့ အျပစ္ေတြကို ဝန္ခ်ေတာင္းပန္ပါ။ က်န္တဲ့သူေတြလည္း ျပန္အိပ္ၾကေတာ့ “
သင္းအုပ္ဆရာေရာက္လာသည့္အခါ မီးကိုေရႏွင့္ ညွိမ္းခ်လိဳက္သကဲ့သို႔ အကုန္လုံး ဟုပ္ခနဲၿငိမ္က်သြားၾကသည္။ ေဂ်ာင္ကုသည္လည္း ဆူပုတ္ပုတ္မ်က္ႏွာေဘးျဖင့္ ဆရာ့ေနာက္သို႔ ေလးဖင့္ေနတဲ့ေျခလွမ္းတို႔ျဖင့္ ပါသြားေလေတာ့သည္။
စစၥတာႀကီး၏ ေစခိုင္းမႈေၾကာင့္ စစၥတာငယ္ေလးတစ္ေယာက္သည္ ကုတင္ေပၚက ျပဳတ္က်စဥ္က ထယ္ေယာင္း၏ ေခါက္သြားတဲ့လက္ကို ေဆးလိမ္းေပးေနသည္။ ထယ္ေယာင္းကေတာ့ အခုထိ အေၾကာက္မေျပေသးဘဲ တုန္ရီေနဆဲပင္။
‘ဒီကိစၥက ေဂ်ာင္ကုနဲ႕ ဘာမွမဆိုင္ပါဘူး’ ထယ္ေယာင္းသည္ က်န္လက္တစ္ဖတ္ျဖင့္ မွတ္စုစာအုပ္ေလးမွာ စာေရးကာ စစၥတာကို ျပလိုက္သည္။
” သိတာေပါ့ကြယ္…ဒါေပမယ့္ အဲ့ကေလးက စည္းကမ္းေတြကို မလိုက္နာဘူးေလ။ အသက္ကသာငယ္တာ ေတာ္ေတာ္ဆိုးဆိုးေလးပဲ…” စစၥတာသည္ ေခါင္းတယမ္းယမ္းႏွင့္ ဆိုလာသည္။
ထယ္ေယာင္းသည္ ေနာက္ထပ္စာေၾကာင္းေလးတစ္ခုကို အျမန္ ခ်ေရးျပန္သည္။ ‘ေဂ်ာင္ကုအဆင္ေျပပါ့မလားဟင္ သူ႕ကို ရိုက္မွာလားဟင္’
” သူ႕ကို စိတ္ပူမယ့္အစား ကိုယ့္ကိုကိုယ္ပဲ စိတ္ပူပါဦး။ လက္ကဘာျဖစ္သြားမွန္းမသိေသးဘူး မနက္က်မွ ေဆးခန္းသြားၾကမယ္ “
ထယ္ေယာင္းသည္ စိတ္ဓာတ္က်သြားဟန္ရွိၿပီးေနာက္ ေနာက္ထပ္စာတစ္ေၾကာင္းထပ္ေရးျပန္သည္။ ‘ဒါေပမယ့္ စၾကၤံလမ္းအျပင္ဘက္မွာတစ္ခုခုရွိေနတာ အဲ့တာကပဲ အခန္းထဲဝင္လာၿပီး သားကို ဆြဲခ်သြားတာ’
စစၥတာသည္ ထိုစာကိုျမင္သည့္အခါ မ်က္စိမ်က္ႏွာပ်က္လွ်က္ပင္ ” အိမ္မက္ေယာင္တာပါ…”ဟူ၍သာ ႏွစ္သိမ့္ေပးေလသည္။
ေနာက္ေန႕မနက္ေရာက္သည့္အခါ ေဂ်ာင္ကုသည္ သူ႕ဆီကို ေရာက္မလာေပ။ စစၥတာေတြကို ေမးသည့္အခါတိုင္းလည္း ေဂ်ာင္ကုက ဖ်ားေနတဲ့ကေလးမလို႔ အေပါင္းအသင္းမလုပ္ရဘူးဟူ၍သာ ေျပာၾကသည္။ ထယ္ေယာင္း နားမလည္နိုင္ေတာ့ေပ။ ေဂ်ာင္ကုကဖ်ားေနတဲ့သူနဲ႕ တူမွမတူဘဲ။ ေဂ်ာင္ကုေျပာသလို စစၥတာေတြက မေကာင္းၾကဘူးပဲ။
ေဂ်ာင္ကုမရွိသည့္အခါ ထယ္ေယာင္းအေဖာ္မဲ့ေလၿပီ။ စကားမေျပာေသာ ထယ္ေယာင္းအား အျခားကေလးငယ္ေတြကလည္း အေပါင္းအသင္းမလုပ္ခ်င္ၾကေပ။ သူရဲ႕ေန႕ရက္ေတြက အရင္လိုပဲ ျပန္လည္တိတ္ဆိတ္သြားသည္။
စစၥတာစကားလက္ခ္( Scarlett ) သည္ သူ႕အား ေဆးခန္းေခၚသြားေပးသည္။ လက္ကဘာျဖစ္သြားမွန္းသူနားမလည္ေပမယ့္ စစၥတာစကားလက္ခ္ေျပာတာကေတာ့ မၾကာခင္ျပန္ေကာင္းသြားလိမ့္မယ္တဲ့။
ဒီရက္ေတြအတြင္း စစၥတာစကားလက္ခ္သည္ သူ႕အနားမွာေနေပးၿပီး အေဖာ္ျပဳေပးသည္။ သူစစၥတာစကားလက္ခ္ကို အျခားစစၥတာေတြလို မမုန္းေတာ့ပါ။ စစၥတာစကားလက္ခ္က ခ်စ္ဖို႔ေကာင္းသည္။ အရမ္းလည္း ၾကင္နာတတ္ေသးသည္။ ၿပီးေတာ့ ေဂ်ာင္ကုနဲ႕ တူတဲ့ အၿပဳံးလွလွေလးေတြလည္းရွိေသးတယ္။
” ထယ္ေယာင္း…ဝတုတ္ကိုေတြ႕ေသးလားဟင္…” စစၥတာစကားလက္ခ္သည္ ေရးႀကီးသုတ္ျပာျဖင့္ ထယ္ေယာင္းဆီေရာက္လာေလသည္။ စစၥတာပုံမွာ အေတာ္ေလးေလာေနပုံရသည္။
ထယ္ေယာင္း ေခါင္းအသာၿငိမ့္ျပလိုက္သည္။ ထို႔ေနာက္ ေလွကားကို လက္ညိုးအသာထိုးျပလိုက္သည္။ အခုေလးတင္ ဝတုတ္ကအေပၚထပ္ကို တက္သြားသည္ကို သူေတြ႕လိုက္သည္။ ဝတုတ္သည္ တစ္ကိုယ္လုံးေရေတြစိုေနၿပီး သူ႕ကိုေတာင္ ၿပဳံးျပသြားေသးသည္။
” ဟုတ္ၿပီ ဒီမွာတစ္ေယာက္တည္းမေနနဲ႕ေနာ္ အျခားသူေတြနဲ႕အတူသြားေန “
ထယ္ေယာင္းသည္ နားလည္ေၾကာင္း ေခါင္းၿငိမ့္ျပၿပီး အခန္းထဲျပန္ဝင္လာသည္။ အျခားကေလးေတြသည္ အုပ္စုဖြဲ႕ကာ ကိုယ္စီေဆာ့ကစားေနေပမယ့္ ထယ္ေယာင္းကိုေတာ့ ဖယ္ၾကဥ္ထားၾကသည္။ ထယ္ေယာင္းအားငယ္စိတ္ေၾကာင့္ အိပ္ရာထဲဝင္ကာ ေခြေခြေလး လွဲေနလိုက္သည္။ သူ႕ကိုဘယ္သူ႕မွမလိုခ်င္ၾကဘူးပဲ….
ထယ္ေယာင္း ဟိုလွိမ့္ဒီလွိမ့္ျဖင့္ အိပ္ရတာအခ်ိဳးမက်ေပ။ အိပ္ရာခင္းေစာင္ေအာက္က ခုလုခုလုက သူ႕ကို အေႏွာင့္အယွတ္ေပးေန၏။ သူ႕လက္ေသးေသးေလးတို႔ျဖင့္ စမ္းၾကည့္ကာ ထိုခုလုခုလုအား ဆြဲယူလိုက္သည့္အခါ သၾကားလုံးေလးတစ္လုံးျဖစ္ေနေလသည္။ ထယ္ေယာင္း၏ ဝမ္းနည္းေနသည့္စိတ္ေလးသည္ သၾကားလုံးရသည့္အခါ ခ်က္ခ်င္းပင္ ေပ်ာ္သြားေတာ့သည္။
ထယ္ေယာင္း အားရဝမ္းသာျဖင့္ သၾကားလုံးေလးအားႂကြားဖို႔ရာ ျမႇောက္ျပလိုက္ေပမယ့္ ဘယ္ကေလးကမွ အဖတ္မလုပ္ေခ်။ ေနာက္တစ္ႀကိမ္ ပစ္ပယ္ခံလိုက္ရသည့္ ထယ္ေယာင္းသည္ ႏႈတ္ခမ္းေလးဆူကာ စိတ္ဓာတ္က်သြားေတာ့သည္။ ထို႔ေနာက္ လက္ထဲက သၾကားလုံးေလးအားေျဖကာ ပါးစပ္ထဲသာ ပစ္ထည့္လိုက္ေတာ့သည္။
အင္း…သူႀကိဳက္တဲ့ စေတာ္ဘယ္ရီအရသာေလး။ ဒါေပမယ့္ ဘာလို႔ အရသာကထူးဆန္းေနရတာလဲ။ ငန္ေနသလိုပဲ။
သၾကားလုံးသည္ အခြံ၌ စာတိုေလးမ်ားပါသည့္ သၾကားလုံးမ်ိဳးပင္။ ဒါေၾကာင့္ ထယ္ေယာင္းလည္း စိတ္လႈပ္ရွားစြာနဲ႕ အခြံအား ျဖန့္လိုက္ၿပီး အထဲက စာတိုေလးကို ဖတ္ေတာ့သည္။
” ကန္ဒီက မင္းကိုေပ်ာ္ေအာင္လုပ္ေပးလိမ့္မယ္ ေခြး႐ူးေလး ” စာတိုေလးသည္ စက္႐ုံထုတ္မဟုတ္ဘဲ လက္ေရးစာႏွင့္ တူေလသည္။ ခပ္ဆိုးဆိုးလက္ေရးေလးဟာ ကေလးတစ္ေယာက္ရဲ႕ လက္ေရးဆိုတာ အသိအသာႀကီးပင္။
သို႔ေပသည့္တိုင္ ထယ္ေယာင္းကေတာ့ ထိုအရာေတြကို မသိပါ။ သူသိသည္က ဒီသၾကားလုံးသည္ ေဂ်ာင္ကု၏ သၾကားလုံးျဖစ္သည္ဆိုတာပင္။ ေဂဟာ၏ စည္းကမ္းမ်ားအရ ကေလးမ်ားသည္ မုန့္စားခ်ိန္မွလြဲ၍ သေရစာေတြကိုင္ေဆာင္ခြင့္မရွိေခ်။ ဆိုးေပေလးေဂ်ာင္ကုကေတာ့ ခြၽင္းခ်က္ပင္။
________
Comments for chapter "Chapter 4"