Chapter 3

Unicode

ဘတ်စ်ကားမှောက်ရာတွင် တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့သည့် ကောင်လေးအကြောင်းပြောနေရင်း စကားတို့သည် တစ်ဖြေးဖြေးနဲ့ မူလစမှတ်ကိုသာ ပြန်ရောက်လာလေသည်။

” အချစ်…ကိုယ်တို့ပြောထားတဲ့ကိစ္စလေးလေ ” ဖခင်သည် မျက်နှာချိုသွေးသည်။ သို့ပေသည့်တိုင် မိခင်၏ မျက်နှာသည် ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးအလား ဒေါသကြောင့် နီရဲနေသည်။

” ကျွန်မလက်မခံဘူးလို့ပြောပြီးပြီပဲ။ ဘယ်ကလေးကိုမှ မမွေးစားဘူး။ ကျွန်မက နောက်ကလေးယူဖို့မဖြစ်နိုင်တော့ပေမယ့် ကျွန်မတို့မှာ ထယ်ယောင်းရှိနေသေးတာပဲ။ ဒီကလေးလေးကိုတောင်မှ အချိန်မပေးနိုင်ဘဲနဲ့ နောက်ကလေးယူဖို့ရာ ရှင့်ပါးစပ်ကပြောထွက်တယ်နော် “

မိခင်ဖြစ်သူသည် အကြီးအကျယ် စိတ်ဆိုးနေလျှက်ရှိသည်။ အစောပိုင်းကလည်း သင်းအုပ်ဆရာနဲ့ စကားပြောနေစဉ်ခင်ပွန်းဖြစ်သူက ထိုသို့တောင်းဆိုလာခြင်းကြောင့် သူမဒေါသထွက်ကာ ထယ်ယောင်းဆီထွက်လာခြင်းဖြစ်သည်။

ထယ်ယောင်းကတော့ မည်သည့်အရာကိုမျှ နားမလည်ပါချေ။ မားတို့ပြောနေသည် သူညီလေးညီမလေး ရတော့မည်ဟူ၍လား၊ ညီလေးညီမလေးမရနိုင်တော့ဘူးဟူ၍လား သူနားမလည်တော့ချေ။ သူသိတာက မားသည် ပါးကို အကြီးအကျယ်စိတ်ဆိုးနေသည်ပင်။

” အန်တီသားရဲ့ အင်္ကျီမှာ သွေးတွေပေနေတယ် ” ကလေးငယ်တစ်ယောက်၏ အသံလေးနဲ့အတူ လျှောက်လမ်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ကလေးငယ်၏ အသံသည် ရယ်သံလွင်လွင်လေးနဲ့အတူ ထပ်မံထွက်ပေါ်လာသည်။

” ခစ် ခစ် အန်တီသားရဲ့ အင်္ကျီမှာ သွေးတွေပေနေတယ်၊ သုတ်ပေးလိုက်ပါဦး ” ဒီတစ်ခါတော့ အသံသည် သူတို့၏ အနောက်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထယ်ယောင်း၏ မိခင်ရော ဖခင်ပါ ကြက်သီးမွှေးညှင်းထသွားကာ အနောက်သို့ လှည့်ကြည့်လိုက်သည့်အခါ ဂျောင်ကုသည် ထယ်ယောင်း၏ အနီရောင်ခရင်မ်တွေပေစွန်းနေသည့် အင်္ကျီအား လက်ညိုးထိုးပြပြီး ကြောက်စရာကောင်းတဲ့ အပြုံးကြီးကို ပန်ဆင်ထားသည်။

” နိုး နိုး ဒါက သွေးတွေမဟုတ်ဘူး ဟတ်ပီဘတ်ဒေးတူးယူလုပ်တဲ့မုန့်က အနှစ်တွေ ” ထယ်ယောင်းသည် ခေါင်းလေးတစ်ယမ်းယမ်းဖြင့် မပီကလာပီကလာပြောလာသည်။

” အဲ့တာကသွေးတွေ “

” မုန့်မုန့်တွေပါဆို “

” သွေးတွေလို့ ခစ်ခစ် “

” မုန့်မုန့်တွေလို့ အရူးကောင်ရဲ့ ” ထယ်ယောင်း၏ မျက်နှာသေးသေးလေးသည် ဒေါသစတင်နီရဲလာတော့သည်။ ဒီအရူးကောင်က ဘာမှလည်းမသိဘဲနဲ့။

” ဟုတ်ပြီ ဟုတ်ပြီ အန်တီသုတ်ပေးလိုက်မယ်နော်၊ သားလည်း အထဲဝင်တော့နော် အန်တီတို့လည်း ပြန်တော့မှာမလို့ ” ထယ်ယောင်း၏ မိခင်ဖြစ်သူသည် အငြင်းအခုန်ဖြစ်နေသည့် ကလေးနှစ်ယောက်အကြား ဝင်၍ ဖျန်ဖြေပေးလာသည်။

” ဟုတ်ကဲ့ အန်တီတို့နှစ်ယောက်လည်း လမ်းခရီးအဆင်ပြေချောမွေ့ပါစေ ” ဂျောင်ကု၏ စကားတို့သည် ဆီလျှော်မှုမရှိသော်လည်း ထယ်ယောင်း၏ မိဘများသည် အပြုံးလေးဖြင့်သာ တုန့်ပြန်လိုက်သည်။ ထယ်ယောင်းကတော့ မုန့်မရလိုက်သည့်ကလေးငယ်အလား နှုတ်ခမ်းကိုစူထားကာ စူပုပ်ပုပ်မျက်နှာဘေးဖြင့် ဂျောင်ကုအား မျက်စောင်းလှမ်းထိုးလေသည်။

ထိုနေ့က ကြမ္မာမုန်တိုင်းသည် နှင်းမုန်တိုင်းနှင့်အတူ အသိပေးခြင်းမရှိပါဘဲ ဝင်ရောက်ခဲ့သည်။ လမ်းမထက်ဝယ် ပိတ်ဆို့နေသည့် ဆီးနှင်းထုများကို ဖြိုခွဲကာ အပြာရောင်၊ အနီရောင် စုံလင်လှတဲ့ မီးရောင်တွေနဲ့ အရေးပေါ်အချက်ပေးသံတွေထွက်ပေါ်နေတဲ့ ကားတွေဟာ ရှုပ်ရှက်ခတ်နေကြ၏။ တိမ်းမှောက်နေသည့် ကားတစ်စီးသည် အရိုးခိုက်အောင်ချမ်းသည့် ဒီဇင်ဘာညဝယ် အနွေးဓာတ်ပေးနေသည့် မီးလင်းဖိုအလား လောင်ကျွမ်းနေခဲ့သည်။

‘အင်္ကျီမှာ သွေးတွေပေနေတယ်’ဆိုသည့် စကားသံသည် အသက်ဝင်လာခဲ့သည်။ ထယ်ယောင်းရဲ့ အင်္ကျီဖြူဖြူပေါ်ဝယ် မိခင်ဖြစ်သူ၏ သွေးများပေစွန်းနေသည်။ မိခင်ဖြစ်သူသည် သူ့အား ရင်ခွင်ထဲထည့်ကာ ဖတ်ထားပေးသည့်အတွက် သူ့အသက်ရှင်ခဲ့ရသော်လည်း မိဘနှစ်ယောက်လုံးကတော့ သူ့ကိုထားခဲ့ကာ တမလွန်လမ်းခရီးသို့ ချောချောမွေ့မွေ့ထွက်သွားကြပြီ။ သွေးစွန်းနေတဲ့ အင်္ကျီဖြူဖြူလေးရယ် ဖခင်ဆီက မွေးနေ့လက်ဆောင် တက်ဒီရုပ်လေးရယ်သာ သူ့ဆီမှာ ကျန်ရစ်နေသည်။

အဖေနဲ့…အမေ..မရှိတော့ဘူးပဲ…

ဧပြီလ 24ရက် 2003ခုနှစ်…

လေရူးသည် နွေဦးနှင့်အတူ ဝင်ရောက်လာလေပြီ။ မိဘမဲ့ဂေဟာဝန်းထဲ သစ်ရွက်ခြောက်နီနီဝါဝါတို့ဖြင့် ပြည့်နေသည်။ အပူအပင်ကင်းမဲ့သော ကလေးများသည် ဟိုဟိုဒီဒီမှာ ဆော့ကစားလို့နေသည်။ ပျော်ရွှင်နေကြသည့်ကလေးများကို ထယ်ယောင်းမျက်လုံးသေကြီးများဖြင့် လိုက်ကြည့်နေသည်။

ဒီမိဘမဲ့ဂေဟာကဘယ်နေရာလဲ…အရင်တုန်းကသူရောက်ဖူးလား…။ အာ…ဟုတ်သား မားတို့ပါးတို့နဲ့အတူ လာဖူးတာပဲ။ စိတ်ပျက်ဖို့ကောင်းလိုက်တာ…။

ထယ်ယောင်းတစ်ယောက် အတွေးထံတွင် စကားမျိုးစုံပြောနေခဲ့သော် ထိုစကားတို့သည် အပြင်သို့ထွက်မလာချေ။ ဒီသုံးလေးလအတွင်း ထယ်ယောင်းပြောင်းလဲသွားခဲ့သည်။ မတော်တဆမှုဖြစ်ပြီးတဲ့နောက်မှာ စိတ်ပိုင်းဆိုင်ရာမှာ အကြီးကြီးထိခိုက်သွားသလို အကြောက်လွန်ပြီး စကားလုံးဝမပြောတော့ချေ။

” ဟိုင်း…မင်းကအသစ်ကလေးမလား..” ကောင်လေးတစ်ယောက်သည် လှေကားထစ်မှာကျောက်ရုပ်ကြီးလို ထိုင်နေတဲ့ ထယ်ယောင်းအရှေ့ကို ဝင်လာသည်။ ထယ်ယောင်းသည် ထိုကောင်လေး၏ အမေးကို ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။

” သကြားလုံးယူမလား စတော်ဘယ်ရီ…”

စတော်ဘယ်ရီဆိုတဲ့ အသံကြားသည့်အခါ ထယ်ယောင်းမျက်လုံးထဲ ခြောက်ခြားဖွယ်ရာ ပုံရိပ်တို့ကနေရာယူလာသည်။ မိခင်နဲ့ဖခင်တို့၏ စကားသံတွေ၊ အနွေးထွေးဆုံးအပြုံးတွေ၊ စတော်ဘယ်ရီကိတ်မုန့်လေး၊ မီးလောင်နေတဲ့ ကားထဲက မိခင်နဲ့ ဖခင်တို့ရဲ့ အကူအညီတောင်းသံတွေ။ ထိုပုံရိပ်တွေပျောက်သွားလို့ငှား မျက်စိကိုစုံမှိတ်ပစ်သည်။ တစ်ဆတ်တည်းမှာပင် လက်ကလည်း စတော်ဘယ်ရီသကြားလုံးလေးအား အဝေးသို့ ပုတ်ထုတ်ပစ်သည်။

သကြားလုံးအပုတ်ထုတ်ခံလိုက်ရသည့်အတွက် ကောင်လေးသည် စိတ်တိုသွားသယောင်ရှိသော်လည်း လူကြီးဆိုဒ်ဖြင့် လေပူတစ်ချက်မှုတ်လိုက်ပြီး ” မုန့်မုန့်တွေကို မဖြုန်းတီးရဘူးလေ၊ အခုတော့ ဒီအစ်ကိုကြီးကပဲ စိတ်သဘောထားကြီးစွာနဲ့ ခွင့်လွှတ်ပေးလိုက်မယ် ” ဟူ၍ဆိုလာသည်။

” ထွက်…သွား…” ဒီလတွေအတွင်းမှာ ထယ်ယောင်းပထမဦးဆုံး စကားပြန်ပြောခြင်းပင်။ ကြောက်ရွံ့စိတ်ကြောင့်လား ဒေါသစိတ်ကြောင့်လား မရေရာသောလည်း ထယ်ယောင်း၏ အသံတို့မှာ တုန်ရီနေသည်။

” အာ…မင်းစကားပြောတတ်သားပဲ။ စစ္စတာတွေက မင်းစကားမပြောတတ်ကြဘူးတဲ့ ဘာမှလည်းမသိကြဘဲနဲ့ စိတ်ပျက်ဖို့ကောင်းအောင် ” ကောင်လေးသည် ထယ်ယောင်းဘေး ဝင်ထိုင်လိုက်သည်။ ထယ်ယောင်းသည် တိတ်ဆိတ်နေသလောက် ကောင်လေးကတော့ စကားတွေ တတွတ်တွတ်ပြောနေ၏။

” မင်းနာမည်က ထယ်ယောင်းမလား၊ ငါက ဂျောင်ကု။ မင်းတော့မသိဘူး ငါတော့မင်းကို အရမ်းသဘောကျတာပဲ ခစ်ခစ် “

လူတွေကပြောကြတယ် သရဲတစ္ဆေတွေမှာ အချစ်တွေ သံယောဇဉ်တွေမရှိဘူးတဲ့။ သူတို့က အမုန်းတွေ အာဃတတွေနဲ့ ပြည့်နှက်နေတဲ့ ယုတ်ညံ့တဲ့အရာတွေတဲ့။ ဒါဆို သရဲနဲ့ လူသားချစ်ကြိုက်သွားတဲ့ ဇာတ်လမ်းတွေကို ဘယ်လိုရှင်းပြမလဲ။ ပိုင်ဆိုင်လိုမှုလို့ခေါင်းစဉ်တပ်ကြမလား…။

ဘယ်လိုပဲဖြစ်ဖြစ်ပါ သူကတော့ ထယ်ယောင်းကို ပိုင်ဆိုင်ချင်တယ်။ ထယ်ယောင်း၏ ဝိဉာဉ်သည် အရောင်ဆိုးပြီး ဖျတ်ဆီးချင်စရာကောင်းလှအောင် ဖြူစင်လွန်းသည်။

” ငါ့အပိုင်လုပ်မလား။ အဲ့တာဆို ငါမင်းကို သူတို့လက်ထဲကနေ ကာကွယ်ပေးမယ်…” ဂျောင်ကုသည် တစ်နေရာကိုလက်ညိုးထိုးပြသည်။ ထယ်ယောင်း၏ မျက်လုံးသည် အလိုအလျောက်ထိုနေရာသို့ရွေ့သွားတဲ့အခါ ခေါင်းတစ်ခြမ်းပွင့်ကာ ဦးနှောက်တွေထွက်ကျနေတဲ့ ဦးလေးကြီးသည် သစ်ပင်အောက်မှာရပ်နေ၍ သူတို့အား စိန်းစိန်းဝါးဝါးကြီး စိုက်ကြည့်နေ၏။

ထယ်ယောင်း ကြောက်လန့်သွားကာ နဘေးမှ ဂျောင်ကုလက်အားဖတ်ထားမိသည်။ သူအသားမကျသေးပါ သုံးလေးလဆိုသည့် အချိန်ကလေးက အရာအားလုံးကို လက်ခံနိုင်ဖို့ရာ တိုတောင်းလွန်းသည်။

” မင်းဝိဉာဉ်တွေကိုမြင်ရတယ်မလား…”

ထယ်ယောင်းခေါင်းငြိမ့်သည်။ မျက်နှာကတော့ ဂျောင်ကု၏ ပုခုံးပေါ်ဝယ်အပ်ထားပြီး ခန္ဓာကိုယ်မှာလည်း ကြောက်ရွံ့စွာ တုန်ရီနေသည်။

” မင်းကြောက်တယ်မလား။ ဒါဆို ငါ့အပိုင်လာလုပ် ငါကမင်းရှေ့ကနေ မားမားမတ်မတ်ကာကွယ်ပေးမှာ…”

” မင်းလည်းမြင်ရတာလား ” ထယ်ယောင်းသည် ဂျောင်ကု၏လက်ဝါးပေါ်တွင် လက်ညိုးလေးနဲ့စာရေးပေးလာသည်။

” အင်း ငါက သူ့တို့ကိုရိုက်တောင်ရိုက်နိုင်တယ်၊ မင်းမယုံရင် ငါအခု သွားရိုက်ပြရမလား “

ထွပ်သွားဖို့ ဟန်ပြင်နေတဲ့ ဂျောင်ကုအား ထယ်ယောင်းတင်းတင်းဆွဲထားမိသည်။ မသွားပါနဲ့…ကျေးဇူးပြုပြီး တစ်ယောက်တည်း မထားခဲ့ပါနဲ့။ အသံတို့သည် လည်ချောင်းဝတွင်သာ ပျောက်ကွယ်သွားသဖြင့် သူအကြည့်တို့ဖြင့်သာ အသနားခံနေသည်။

ကတိနော်။ ငါ့ကိုမင်း ကာကွယ်ပေးရမှာ။ ထယ်ယောင်းသည် ဂျောင်ကုဆီမှ လက်သန်းကတိလေး တောင်းခံနေသည်။

” ကတိ…ငါကတစ်သတ်လုံးမင်းအနားမှာပဲနေသွားမှာ ”

ထိုစဉ်က ငယ်ရွယ်လွန်းတဲ့ ထယ်ယောင်းသည် ‘ငါ့အပိုင်’ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို နားလည်နိုင်စွမ်းမရှိသေးပါ။ အချိန်တွေသာ အနောက်ပြန်ဆုတ်လို့ရလျှင် ကလေးငယ်ထယ်ယောင်းကို လက်သန်းကတိလုပ်ဦးမှာလားလို့ မေးချင်မိပါဘိ။

” ထယ်ယောင်း…အထဲဝင်သင့်ပြီ…” စစ္စတာသည် လှေကားထစ်မှာ ထိုင်နေသည့် ထယ်ယောင်းအား လာခေါ်သွားသည်။ အခြားကလေးတွေလည်း ထို့နည်းတူစွာပင် သီးသီးပြန်ဝင်လာကြသည်။  စစ္စတာသည် ထယ်ယောင်း၏ ပုခုံးလေးအား အသာကိုင်၍ အထဲခေါ်လာသော်လည်း ထယ်ယောင်းသည် တစ်ခုခုပြောချင်ပုံရသည်။ နောက်သို့လှည့်ကြည့်နေသည်။

” တစ်ခုခုဖြစ်လို့လား ” စစ္စတာမေးလာသည့်အခါ ထယ်ယောင်းသည် တွေဝေမှုမရှိခေါင်းငြိမ့်ပြပြီး ဂျောင်ကုကို လက်ညိုးထိုးပြလေ၏

ဂျောင်ကုကရော…သူ့တစ်ယောက်တည်းကျန်ခဲ့ပြီလေ။ သားသူငယ်ချင်း ဂျောင်ကုကိုလည်း အတူတူခေါ်ပေးပါ။ သူတစ်ယောက်တည်းကြောက်နေလိမ့်မယ်။

” ဘာဖြစ်လို့လဲ သားရဲ့…” စစ္စတာသည် ဂျောင်ကုရှိရာကို တစ်ချက်ကြည့်ပြီးနောက် ထပ်မံမေးလာသည်။ ဒီတစ်ခါတော့ ထယ်ယောင်း ဘာမှမတုန့်ပြန်နိုင်ခင်မှာပဲ ဂျောင်ကုက ထဖြေလို့လာသည်။

” ဘာမှမဖြစ်ပါဘူး…ငါလည်း ခနနေဝင်လာမလို့ အရင်ဝင်နှင့် ” ဂျောင်ကု၏ မျက်လုံးနက်နက်ကလေးများသည် ထယ်ယောင်းထံတွင်သာ။

ထိုအခါမှ ထယ်ယောင်းလည်း နားလည်ကြောင်း ခေါင်းငြိမ့်ပြကာ အထဲဝင်လာတော့သည်။ သူစစ္စတာအား မော့ကြည့်မိတဲ့အခါ စစ္စတာသည် မျက်စိမျက်နှာပျက်နေသည်။ သို့ပေသည့် သူနဲ့မဆိုင်သည်မို့ ဘာမေးခွန်းမှတော့မထုတ်မိ။

_________

Zawkyi

ဘတ္စ္ကားေမွာက္ရာတြင္ တစ္ေယာက္တည္း အသက္ရွင္က်န္ရစ္ခဲ့သည့္ ေကာင္ေလးအေၾကာင္းေျပာေနရင္း စကားတို႔သည္ တစ္ေျဖးေျဖးနဲ႕ မူလစမွတ္ကိုသာ ျပန္ေရာက္လာေလသည္။

” အခ်စ္…ကိုယ္တို႔ေျပာထားတဲ့ကိစၥေလးေလ ” ဖခင္သည္ မ်က္ႏွာခ်ိဳေသြးသည္။ သို႔ေပသည့္တိုင္ မိခင္၏ မ်က္ႏွာသည္ ေပါက္ကြဲေတာ့မည့္ ဗုံးတစ္လုံးအလား ေဒါသေၾကာင့္ နီရဲေနသည္။

” ကြၽန္မလက္မခံဘူးလို႔ေျပာၿပီးၿပီပဲ။ ဘယ္ကေလးကိုမွ မေမြးစားဘူး။ ကြၽန္မက ေနာက္ကေလးယူဖို႔မျဖစ္နိုင္ေတာ့ေပမယ့္ ကြၽန္မတို႔မွာ ထယ္ေယာင္းရွိေနေသးတာပဲ။ ဒီကေလးေလးကိုေတာင္မွ အခ်ိန္မေပးနိုင္ဘဲနဲ႕ ေနာက္ကေလးယူဖို႔ရာ ရွင့္ပါးစပ္ကေျပာထြက္တယ္ေနာ္ “

မိခင္ျဖစ္သူသည္ အႀကီးအက်ယ္ စိတ္ဆိုးေနလွ်က္ရွိသည္။ အေစာပိုင္းကလည္း သင္းအုပ္ဆရာနဲ႕ စကားေျပာေနစဥ္ခင္ပြန္းျဖစ္သူက ထိုသို႔ေတာင္းဆိုလာျခင္းေၾကာင့္ သူမေဒါသထြက္ကာ ထယ္ေယာင္းဆီထြက္လာျခင္းျဖစ္သည္။

ထယ္ေယာင္းကေတာ့ မည္သည့္အရာကိုမွ် နားမလည္ပါေခ်။ မားတို႔ေျပာေနသည္ သူညီေလးညီမေလး ရေတာ့မည္ဟူ၍လား၊ ညီေလးညီမေလးမရနိုင္ေတာ့ဘူးဟူ၍လား သူနားမလည္ေတာ့ေခ်။ သူသိတာက မားသည္ ပါးကို အႀကီးအက်ယ္စိတ္ဆိုးေနသည္ပင္။

” အန္တီသားရဲ႕ အကၤ်ီမွာ ေသြးေတြေပေနတယ္ ” ကေလးငယ္တစ္ေယာက္၏ အသံေလးနဲ႕အတူ ေလွ်ာက္လမ္းတစ္ခုလုံး တိတ္ဆိတ္သြားသည္။ ကေလးငယ္၏ အသံသည္ ရယ္သံလြင္လြင္ေလးနဲ႕အတူ ထပ္မံထြက္ေပၚလာသည္။

” ခစ္ ခစ္ အန္တီသားရဲ႕ အကၤ်ီမွာ ေသြးေတြေပေနတယ္၊ သုတ္ေပးလိုက္ပါဦး ” ဒီတစ္ခါေတာ့ အသံသည္ သူတို႔၏ အေနာက္မွ ထြက္ေပၚလာျခင္းျဖစ္သည္။ ထယ္ေယာင္း၏ မိခင္ေရာ ဖခင္ပါ ၾကက္သီးေမႊးညွင္းထသြားကာ အေနာက္သို႔ လွည့္ၾကည့္လိုက္သည့္အခါ ေဂ်ာင္ကုသည္ ထယ္ေယာင္း၏ အနီေရာင္ခရင္မ္ေတြေပစြန္းေနသည့္ အကၤ်ီအား လက္ညိုးထိုးျပၿပီး ေၾကာက္စရာေကာင္းတဲ့ အၿပဳံးႀကီးကို ပန္ဆင္ထားသည္။

” နိုး နိုး ဒါက ေသြးေတြမဟုတ္ဘူး ဟတ္ပီဘတ္ေဒးတူးယူလုပ္တဲ့မုန့္က အႏွစ္ေတြ ” ထယ္ေယာင္းသည္ ေခါင္းေလးတစ္ယမ္းယမ္းျဖင့္ မပီကလာပီကလာေျပာလာသည္။

” အဲ့တာကေသြးေတြ “

” မုန့္မုန့္ေတြပါဆို “

” ေသြးေတြလို႔ ခစ္ခစ္ “

” မုန့္မုန့္ေတြလို႔ အ႐ူးေကာင္ရဲ႕ ” ထယ္ေယာင္း၏ မ်က္ႏွာေသးေသးေလးသည္ ေဒါသစတင္နီရဲလာေတာ့သည္။ ဒီအ႐ူးေကာင္က ဘာမွလည္းမသိဘဲနဲ႕။

” ဟုတ္ၿပီ ဟုတ္ၿပီ အန္တီသုတ္ေပးလိုက္မယ္ေနာ္၊ သားလည္း အထဲဝင္ေတာ့ေနာ္ အန္တီတို႔လည္း ျပန္ေတာ့မွာမလို႔ ” ထယ္ေယာင္း၏ မိခင္ျဖစ္သူသည္ အျငင္းအခုန္ျဖစ္ေနသည့္ ကေလးႏွစ္ေယာက္အၾကား ဝင္၍ ဖ်န္ေျဖေပးလာသည္။

” ဟုတ္ကဲ့ အန္တီတို႔ႏွစ္ေယာက္လည္း လမ္းခရီးအဆင္ေျပေခ်ာေမြ႕ပါေစ ” ေဂ်ာင္ကု၏ စကားတို႔သည္ ဆီေလွ်ာ္မႈမရွိေသာ္လည္း ထယ္ေယာင္း၏ မိဘမ်ားသည္ အၿပဳံးေလးျဖင့္သာ တုန့္ျပန္လိုက္သည္။ ထယ္ေယာင္းကေတာ့ မုန့္မရလိုက္သည့္ကေလးငယ္အလား ႏႈတ္ခမ္းကိုစူထားကာ စူပုပ္ပုပ္မ်က္ႏွာေဘးျဖင့္ ေဂ်ာင္ကုအား မ်က္ေစာင္းလွမ္းထိုးေလသည္။

ထိုေန႕က ၾကမၼာမုန္တိုင္းသည္ ႏွင္းမုန္တိုင္းႏွင့္အတူ အသိေပးျခင္းမရွိပါဘဲ ဝင္ေရာက္ခဲ့သည္။ လမ္းမထက္ဝယ္ ပိတ္ဆို႔ေနသည့္ ဆီးႏွင္းထုမ်ားကို ၿဖိဳခြဲကာ အျပာေရာင္၊ အနီေရာင္ စုံလင္လွတဲ့ မီးေရာင္ေတြနဲ႕ အေရးေပၚအခ်က္ေပးသံေတြထြက္ေပၚေနတဲ့ ကားေတြဟာ ရႈပ္ရွက္ခတ္ေနၾက၏။ တိမ္းေမွာက္ေနသည့္ ကားတစ္စီးသည္ အရိုးခိုက္ေအာင္ခ်မ္းသည့္ ဒီဇင္ဘာညဝယ္ အေႏြးဓာတ္ေပးေနသည့္ မီးလင္းဖိုအလား ေလာင္ကြၽမ္းေနခဲ့သည္။

‘အကၤ်ီမွာ ေသြးေတြေပေနတယ္’ဆိုသည့္ စကားသံသည္ အသက္ဝင္လာခဲ့သည္။ ထယ္ေယာင္းရဲ႕ အကၤ်ီျဖဴျဖဴေပၚဝယ္ မိခင္ျဖစ္သူ၏ ေသြးမ်ားေပစြန္းေနသည္။ မိခင္ျဖစ္သူသည္ သူ႕အား ရင္ခြင္ထဲထည့္ကာ ဖတ္ထားေပးသည့္အတြက္ သူ႕အသက္ရွင္ခဲ့ရေသာ္လည္း မိဘႏွစ္ေယာက္လုံးကေတာ့ သူ႕ကိုထားခဲ့ကာ တမလြန္လမ္းခရီးသို႔ ေခ်ာေခ်ာေမြ႕ေမြ႕ထြက္သြားၾကၿပီ။ ေသြးစြန္းေနတဲ့ အကၤ်ီျဖဴျဖဴေလးရယ္ ဖခင္ဆီက ေမြးေန႕လက္ေဆာင္ တက္ဒီ႐ုပ္ေလးရယ္သာ သူ႕ဆီမွာ က်န္ရစ္ေနသည္။

အေဖနဲ႕…အေမ..မရွိေတာ့ဘူးပဲ…

ဧၿပီလ 24ရက္ 2003ခုႏွစ္…

ေလ႐ူးသည္ ေႏြဦးႏွင့္အတူ ဝင္ေရာက္လာေလၿပီ။ မိဘမဲ့ေဂဟာဝန္းထဲ သစ္႐ြက္ေျခာက္နီနီဝါဝါတို႔ျဖင့္ ျပည့္ေနသည္။ အပူအပင္ကင္းမဲ့ေသာ ကေလးမ်ားသည္ ဟိုဟိုဒီဒီမွာ ေဆာ့ကစားလို႔ေနသည္။ ေပ်ာ္႐ႊင္ေနၾကသည့္ကေလးမ်ားကို ထယ္ေယာင္းမ်က္လုံးေသႀကီးမ်ားျဖင့္ လိုက္ၾကည့္ေနသည္။

ဒီမိဘမဲ့ေဂဟာကဘယ္ေနရာလဲ…အရင္တုန္းကသူေရာက္ဖူးလား…။ အာ…ဟုတ္သား မားတို႔ပါးတို႔နဲ႕အတူ လာဖူးတာပဲ။ စိတ္ပ်က္ဖို႔ေကာင္းလိုက္တာ…။

ထယ္ေယာင္းတစ္ေယာက္ အေတြးထံတြင္ စကားမ်ိဳးစုံေျပာေနခဲ့ေသာ္ ထိုစကားတို႔သည္ အျပင္သို႔ထြက္မလာေခ်။ ဒီသုံးေလးလအတြင္း ထယ္ေယာင္းေျပာင္းလဲသြားခဲ့သည္။ မေတာ္တဆမႈျဖစ္ၿပီးတဲ့ေနာက္မွာ စိတ္ပိုင္းဆိုင္ရာမွာ အႀကီးႀကီးထိခိုက္သြားသလို အေၾကာက္လြန္ၿပီး စကားလုံးဝမေျပာေတာ့ေခ်။

” ဟိုင္း…မင္းကအသစ္ကေလးမလား..” ေကာင္ေလးတစ္ေယာက္သည္ ေလွကားထစ္မွာေက်ာက္႐ုပ္ႀကီးလို ထိုင္ေနတဲ့ ထယ္ေယာင္းအေရွ႕ကို ဝင္လာသည္။ ထယ္ေယာင္းသည္ ထိုေကာင္ေလး၏ အေမးကို ေခါင္းၿငိမ့္ကာ ျပန္ေျဖလိုက္သည္။

” သၾကားလုံးယူမလား စေတာ္ဘယ္ရီ…”

စေတာ္ဘယ္ရီဆိုတဲ့ အသံၾကားသည့္အခါ ထယ္ေယာင္းမ်က္လုံးထဲ ေျခာက္ျခားဖြယ္ရာ ပုံရိပ္တို႔ကေနရာယူလာသည္။ မိခင္နဲ႕ဖခင္တို႔၏ စကားသံေတြ၊ အေႏြးေထြးဆုံးအၿပဳံးေတြ၊ စေတာ္ဘယ္ရီကိတ္မုန့္ေလး၊ မီးေလာင္ေနတဲ့ ကားထဲက မိခင္နဲ႕ ဖခင္တို႔ရဲ႕ အကူအညီေတာင္းသံေတြ။ ထိုပုံရိပ္ေတြေပ်ာက္သြားလို႔ငွား မ်က္စိကိုစုံမွိတ္ပစ္သည္။ တစ္ဆတ္တည္းမွာပင္ လက္ကလည္း စေတာ္ဘယ္ရီသၾကားလုံးေလးအား အေဝးသို႔ ပုတ္ထုတ္ပစ္သည္။

သၾကားလုံးအပုတ္ထုတ္ခံလိုက္ရသည့္အတြက္ ေကာင္ေလးသည္ စိတ္တိုသြားသေယာင္ရွိေသာ္လည္း လူႀကီးဆိုဒ္ျဖင့္ ေလပူတစ္ခ်က္မႈတ္လိုက္ၿပီး ” မုန့္မုန့္ေတြကို မျဖဳန္းတီးရဘူးေလ၊ အခုေတာ့ ဒီအစ္ကိုႀကီးကပဲ စိတ္သေဘာထားႀကီးစြာနဲ႕ ခြင့္လႊတ္ေပးလိုက္မယ္ ” ဟူ၍ဆိုလာသည္။

” ထြက္…သြား…” ဒီလေတြအတြင္းမွာ ထယ္ေယာင္းပထမဦးဆုံး စကားျပန္ေျပာျခင္းပင္။ ေၾကာက္႐ြံ႕စိတ္ေၾကာင့္လား ေဒါသစိတ္ေၾကာင့္လား မေရရာေသာလည္း ထယ္ေယာင္း၏ အသံတို႔မွာ တုန္ရီေနသည္။

” အာ…မင္းစကားေျပာတတ္သားပဲ။ စစၥတာေတြက မင္းစကားမေျပာတတ္ၾကဘူးတဲ့ ဘာမွလည္းမသိၾကဘဲနဲ႕ စိတ္ပ်က္ဖို႔ေကာင္းေအာင္ ” ေကာင္ေလးသည္ ထယ္ေယာင္းေဘး ဝင္ထိုင္လိုက္သည္။ ထယ္ေယာင္းသည္ တိတ္ဆိတ္ေနသေလာက္ ေကာင္ေလးကေတာ့ စကားေတြ တတြတ္တြတ္ေျပာေန၏။

” မင္းနာမည္က ထယ္ေယာင္းမလား၊ ငါက ေဂ်ာင္ကု။ မင္းေတာ့မသိဘူး ငါေတာ့မင္းကို အရမ္းသေဘာက်တာပဲ ခစ္ခစ္ “

လူေတြကေျပာၾကတယ္ သရဲတေစၦေတြမွာ အခ်စ္ေတြ သံေယာဇဥ္ေတြမရွိဘူးတဲ့။ သူတို႔က အမုန္းေတြ အာဃတေတြနဲ႕ ျပည့္ႏွက္ေနတဲ့ ယုတ္ညံ့တဲ့အရာေတြတဲ့။ ဒါဆို သရဲနဲ႕ လူသားခ်စ္ႀကိဳက္သြားတဲ့ ဇာတ္လမ္းေတြကို ဘယ္လိုရွင္းျပမလဲ။ ပိုင္ဆိုင္လိုမႈလို႔ေခါင္းစဥ္တပ္ၾကမလား…။

ဘယ္လိုပဲျဖစ္ျဖစ္ပါ သူကေတာ့ ထယ္ေယာင္းကို ပိုင္ဆိုင္ခ်င္တယ္။ ထယ္ေယာင္း၏ ဝိဉာဥ္သည္ အေရာင္ဆိုးၿပီး ဖ်တ္ဆီးခ်င္စရာေကာင္းလွေအာင္ ျဖဴစင္လြန္းသည္။

” ငါ့အပိုင္လုပ္မလား။ အဲ့တာဆို ငါမင္းကို သူတို႔လက္ထဲကေန ကာကြယ္ေပးမယ္…” ေဂ်ာင္ကုသည္ တစ္ေနရာကိုလက္ညိုးထိုးျပသည္။ ထယ္ေယာင္း၏ မ်က္လုံးသည္ အလိုအေလ်ာက္ထိုေနရာသို႔ေ႐ြ႕သြားတဲ့အခါ ေခါင္းတစ္ျခမ္းပြင့္ကာ ဦးေႏွာက္ေတြထြက္က်ေနတဲ့ ဦးေလးႀကီးသည္ သစ္ပင္ေအာက္မွာရပ္ေန၍ သူတို႔အား စိန္းစိန္းဝါးဝါးႀကီး စိုက္ၾကည့္ေန၏။

ထယ္ေယာင္း ေၾကာက္လန့္သြားကာ နေဘးမွ ေဂ်ာင္ကုလက္အားဖတ္ထားမိသည္။ သူအသားမက်ေသးပါ သုံးေလးလဆိုသည့္ အခ်ိန္ကေလးက အရာအားလုံးကို လက္ခံနိုင္ဖို႔ရာ တိုေတာင္းလြန္းသည္။

” မင္းဝိဉာဥ္ေတြကိုျမင္ရတယ္မလား…”

ထယ္ေယာင္းေခါင္းၿငိမ့္သည္။ မ်က္ႏွာကေတာ့ ေဂ်ာင္ကု၏ ပုခုံးေပၚဝယ္အပ္ထားၿပီး ခႏၶာကိုယ္မွာလည္း ေၾကာက္႐ြံ႕စြာ တုန္ရီေနသည္။

” မင္းေၾကာက္တယ္မလား။ ဒါဆို ငါ့အပိုင္လာလုပ္ ငါကမင္းေရွ႕ကေန မားမားမတ္မတ္ကာကြယ္ေပးမွာ…”

” မင္းလည္းျမင္ရတာလား ” ထယ္ေယာင္းသည္ ေဂ်ာင္ကု၏လက္ဝါးေပၚတြင္ လက္ညိုးေလးနဲ႕စာေရးေပးလာသည္။

” အင္း ငါက သူ႕တို႔ကိုရိုက္ေတာင္ရိုက္နိုင္တယ္၊ မင္းမယုံရင္ ငါအခု သြားရိုက္ျပရမလား “

ထြပ္သြားဖို႔ ဟန္ျပင္ေနတဲ့ ေဂ်ာင္ကုအား ထယ္ေယာင္းတင္းတင္းဆြဲထားမိသည္။ မသြားပါနဲ႕…ေက်းဇူးျပဳၿပီး တစ္ေယာက္တည္း မထားခဲ့ပါနဲ႕။ အသံတို႔သည္ လည္ေခ်ာင္းဝတြင္သာ ေပ်ာက္ကြယ္သြားသျဖင့္ သူအၾကည့္တို႔ျဖင့္သာ အသနားခံေနသည္။

ကတိေနာ္။ ငါ့ကိုမင္း ကာကြယ္ေပးရမွာ။ ထယ္ေယာင္းသည္ ေဂ်ာင္ကုဆီမွ လက္သန္းကတိေလး ေတာင္းခံေနသည္။

” ကတိ…ငါကတစ္သတ္လုံးမင္းအနားမွာပဲေနသြားမွာ ”

ထိုစဥ္က ငယ္႐ြယ္လြန္းတဲ့ ထယ္ေယာင္းသည္ ‘ငါ့အပိုင္’ဆိုသည့္ စကားလုံး၏ အဓိပၸာယ္ကို နားလည္နိုင္စြမ္းမရွိေသးပါ။ အခ်ိန္ေတြသာ အေနာက္ျပန္ဆုတ္လို႔ရလွ်င္ ကေလးငယ္ထယ္ေယာင္းကို လက္သန္းကတိလုပ္ဦးမွာလားလို႔ ေမးခ်င္မိပါဘိ။

” ထယ္ေယာင္း…အထဲဝင္သင့္ၿပီ…” စစၥတာသည္ ေလွကားထစ္မွာ ထိုင္ေနသည့္ ထယ္ေယာင္းအား လာေခၚသြားသည္။ အျခားကေလးေတြလည္း ထို႔နည္းတူစြာပင္ သီးသီးျပန္ဝင္လာၾကသည္။  စစၥတာသည္ ထယ္ေယာင္း၏ ပုခုံးေလးအား အသာကိုင္၍ အထဲေခၚလာေသာ္လည္း ထယ္ေယာင္းသည္ တစ္ခုခုေျပာခ်င္ပုံရသည္။ ေနာက္သို႔လွည့္ၾကည့္ေနသည္။

” တစ္ခုခုျဖစ္လို႔လား ” စစၥတာေမးလာသည့္အခါ ထယ္ေယာင္းသည္ ေတြေဝမႈမရွိေခါင္းၿငိမ့္ျပၿပီး ေဂ်ာင္ကုကို လက္ညိုးထိုးျပေလ၏

ေဂ်ာင္ကုကေရာ…သူ႕တစ္ေယာက္တည္းက်န္ခဲ့ၿပီေလ။ သားသူငယ္ခ်င္း ေဂ်ာင္ကုကိုလည္း အတူတူေခၚေပးပါ။ သူတစ္ေယာက္တည္းေၾကာက္ေနလိမ့္မယ္။

” ဘာျဖစ္လို႔လဲ သားရဲ႕…” စစၥတာသည္ ေဂ်ာင္ကုရွိရာကို တစ္ခ်က္ၾကည့္ၿပီးေနာက္ ထပ္မံေမးလာသည္။ ဒီတစ္ခါေတာ့ ထယ္ေယာင္း ဘာမွမတုန့္ျပန္နိုင္ခင္မွာပဲ ေဂ်ာင္ကုက ထေျဖလို႔လာသည္။

” ဘာမွမျဖစ္ပါဘူး…ငါလည္း ခနေနဝင္လာမလို႔ အရင္ဝင္ႏွင့္ ” ေဂ်ာင္ကု၏ မ်က္လုံးနက္နက္ကေလးမ်ားသည္ ထယ္ေယာင္းထံတြင္သာ။

ထိုအခါမွ ထယ္ေယာင္းလည္း နားလည္ေၾကာင္း ေခါင္းၿငိမ့္ျပကာ အထဲဝင္လာေတာ့သည္။ သူစစၥတာအား ေမာ့ၾကည့္မိတဲ့အခါ စစၥတာသည္ မ်က္စိမ်က္ႏွာပ်က္ေနသည္။ သို႔ေပသည့္ သူနဲ႕မဆိုင္သည္မို႔ ဘာေမးခြန္းမွေတာ့မထုတ္မိ။

_________

Comments for chapter "Chapter 3"

0 0 votes
Article Rating
Subscribe
Notify of
guest
0 Comments
Oldest
Newest Most Voted