Chapter 2

Unicode

ဂျူလိုင်လ 13ရက် 2002 ခုနှစ်…

ကောင်းကင်ထက် တိမ်းမည်းလိပ်ကြီးများ နေရာယူထားကာ လောကတခွင် မည်းမှောင်နေတော့သည်။ လျှပ်ပန်းလျှပ်နွယ်များသည် တလတ်လတ်ဖြင့် ဟန်ရေးပြနေသည်။ မိုးရေစက်တို့သည် တဖြောက်ဖြောက်ဖြင့် ရွားသွန်းနေ၏။

ထိုစဉ် လေ့လာရေးခရီးတစ်ခုမှ ပြန်လာသည့် ကျောင်းဘတ်စ်ကားတစ်စီးသည် ခပ်ပြေးပြေးလေး မိုးရေတွေပြည့်နေတဲ့ ကတ္တရာလမ်းမထက်ဝယ် မောင်းနှင်လာသည်။ ကားသမားသည် အိပ်ချင်နေသည့် မျက်လုံးအစုံအား မသိကျေးကျွန်ပြု၍ လမ်းမချော်သွားစေရန် ဂရုစိုက်၍ မောင်းနှင်နေသည်။

” London Bridge is falling down,
Falling down, Falling down.
London Bridge is falling down ,
My fair lady.”

ကားထဲရှိ ကလေးငယ်များ၏ London Bridge ကဗျာသံသည် ညီညာစွာ ထွက်ပေါ်နေသည်။ အပူပင်ကင်းမဲ့သည့် ကလေးငယ်တို့သည် ပျော်ရွှင်စွာနဲ့ ကခုန်ရင်း သံပြိုင်သီဆိုနေကြသည်။ ဆရာမသည်လည်း ကလေးငယ်တို့အား လက်ခုပ်တီးကာ အားပေးလျှက်ရှိ၏။

ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘတ်စ်ကား၏ မှန်ပြတင်းပေါက်နား တစ်နေရာဝယ် မျက်လုံးသေကြီးများဖြင့် အပြင်ဘက်က မိုးရေစက်တို့ကို ငေးနေသည့် ကလေးငယ်တစ်ယောက်လည်းရှိနေပြန်သည်။ မှန်ပြတင်းပေါက်ကို ရိုက်ခတ်လာသည့် မိုးရေစက်တို့ကို လက်ညိုးကလေးဖြင့် အသာထိလိုက်ပြီး ထိုကလေး၏ မျက်လုံးဝိုင်းဝိုင်းလေးများသည် တစ်ချက်လတ်သွားသည်။ ထို့နောက် အသံသေးသေးလေးဖြင့် ကဗျာဆိုလေသည်။

” Our bus is goin’ to hell,
Goin’ to hell, Goin’ to hell.
Our bus is goin’ to hell,
My fair lady.”

ကြောက်စရာကောင်းတဲ့ ကဗျာစာသားတို့ကို ကလေးငယ်သည် ချစ်စရာကောင်းအောင်သီဆိုနေခဲ့သည်။ အခြားကလေးငယ်များ၏ သီဆိုသံများကြောင့် ထိုကလေးငယ်၏ နမိတ်မကောင်းတဲ့ ကဗျာစာသားကို မည်သူမှ သတိမပြုမိကြပေ။ ကလေးငယ်သည် ထိုစာသားကိုပဲ ထပ်ခါထပ်ခါပြန်ဆိုသည်။ အဆုံးမှာတော့ ကဗျာသည် ရပ်တန့်သွားပြီး တခစ်ခစ်ရယ်သံလေးက အစားထိုးလာပြန်သည်။

ထိုစဉ် လျှပ်စီးသည် လင်းထိန်စွာ လင်းလတ်သွားပြီး မိုးကြိုးသည်လည်း တစ်ဆတ်တည်း ကျယ်လောင်စွာ မြည်သံပေးလာတော့သည်။ တစ်ချက်ငိုက်မြည်းသွားသည့် ကားဆရာ၏ လက်တို့သည် စတီယာရင်ဘီးအား ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။ အရှိန်မှန်မှန်ဖြင့် မောင်းလာသည့် ဘတ်စ်ကားလေးသည် မိုးရေတွေပြည့်နေသည့် လမ်းမထက်ဝယ် တစ်ပတ်လိမ့်ကာ ချော်ထွက်သွားတော့သည်။

ဒီဇင်ဘာလ 30ရက်နေ့ 2002 ခုနှစ်…

ပျင်းရိစရာကောင်းတဲ့ နံနက်ခင်းအစတစ်ခုပင်။ မိုးလင်းလာသည်နှင့် အလုပ်ကိုယ်စီရှုပ်နေကြသည့် မိဘနှစ်ယောက်သည် သူ၏ မွေးနေ့ကို မမှတ်မိကြ။ သူ၏ မျက်လုံးထဲဝယ် ပတ်ဝန်းကျင်မှာ ရှိရှိသမျှ အရာအားလုံးသည် ခဲရောင်ကဲ့သို့သာ မှိုင်းပျပျဖြစ်နေ၏။

ဒီဇင်ဘာလရဲ့ နောက်ဆုံးရက်ဟာ အသည်းခိုက်စရာကောင်းတဲ့ အအေးဒဏ်နဲ့အတူ ကားလမ်းများဟာလည်း ဆီနှင်းဖြူဖြူတို့ဖြင့်ပိတ်နေခဲ့သည်။

” ပါး…သားတို့ ဘယ်သွားကြမှာလဲဟင် ” အရှေ့ခန်းမှ ကားမောင်းနေသည့်ဖခင်အား သိလိုစိတ်နဲ့ မေးခွန်းထုတ်လိုက်သည်။ ထိုအချိန် မိခင်ဖြစ်သူသည် နောက်လှည့်ကာ စက္ကူပုံးလေးတစ်ခုကို သူ့ထံကမ်းပေးလာရင်း…

” Surprise…မွေးနေ့ကို ဂုဏ်ပြုပါတယ်…” ဟူ၍ အနွေးအထွေးဆုံး အပြုံးတစ်ခုနှင့်ဆိုလာ၏။

ရုတ်တရတ်ဆန်မှုကြောင့် ထယ်ယောင်း၏ မျက်လုံးကလေးများသည် ဝိုင်းစက်ကာ ပါးစပ်အဟောင်းသားဖြင့် အံ့သြနေတော့သည်။

” ဘာလဲ မားတို့က သားရဲ့မွေးနေ့ကို မေ့နေတယ်ထင်တာလား…”

ထယ်ယောင်းသည် ခေါင်းလေးအား ခပ်ဆတ်ဆတ်ညိမ့်လိုက်ပြီး ‘အင်း’ဟု ဝမ်းနည်းဖွယ်ဆိုလာသည်။ မျက်လုံးဝိုင်းဝိုင်းလေးများသည် အရည်ကြည်လေးများ လဲ့နေပြီဖြစ်သည်။ မဲ့ထားတဲ့ နှုတ်ခမ်းသေးသေးလေးကလည်း မကြာခင် ငိုချတော့အရိပ်အယောင်အလား တုန်ရီနေ၏။

” အိုက်ကူး… ကြည့်ပါဦး ခွေးရူးလေး ငိုတော့မယ် ” မိခင်ဖြစ်သူသည် ထယ်ယောင်း၏ နှာခေါင်းနီနီလေးအား ဆွဲညစ်ကာ စနောက်လိုက်သည့်အခါ ခပ်စွာစွာအသံလေးက ရန်ပြန်တွေ့၏။

” ဘယ်သူကငိုလို့လဲ…မငိုပါဘူး လုံးဝမငိုဘူး…သားသားလုံးဝ…လုံးဝ မငိုဘူးလို့ ဟင့် အင့် ဗြဲ….”

မငိုဘူးပြောကာ အာပြဲကြီးဖြင့် အော်ငိုနေသည့် ခွေးရူးလေးကြောင့် အရှေ့ခန်းမှ မိဘနှစ်ယောက်သည် သဘောကျစွာ ရယ်လာသည်။ ထယ်ယောင်းသည် သိလိုစိတ်နဲ့ စက္ကူပုံးလေးအား ဖွင့်ကြည့်သည့်အခါ အနီရောင်ခရင်မ်များဖြင့် စတော်ဘယ်ရီပုံဖော်ထားသည့် မွေးနေ့ကိတ်လေးပင်။ စတော်ဘယ်ရီကြိုက်လွန်းသည် ခွေးရူးလေးတစ်ယောက် ထိုင်လျှက်ပင် ပျော်ရွှင်စွာ ခုန်ပေါက်နေတော့သည်။

” ရေး…စတော်ဘယ်ရီကွ…”

” ဟဲ့ သားသတိထားလေ…ပြုတ်ကျ..” မိခင်၏ စကားပင်မဆုံးသေး ကိတ်မုန့်သည် တစ်ခြမ်းစောင်းကာ ထယ်ယောင်း၏ ရင်ဘက်ပေါ် ပြုတ်ကျလို့လာသည်။ ခုန်ပေါက်နေသည့် ခွေးရူးလေးသည် ချက်ချင်းပင် မိုင်းနင်းမိသည့် စစ်သားငယ်အလား ငြိမ်ကျသွားကာ တစ်ချက်လေးမှ မလှုပ်တော့ပေ။

မိခင်ဖြစ်သူသည် ဒေါသအနည်းငယ်ထွက်သွားသော်လည်း မျက်နှာငယ်လေးနဲ့ သားကိုမြင်သည့်အခါ မဆူရက်။ နောက်သို့လှည့်ကာ ထယ်ယောင်းရင်ဘက်ပေါ်မှ ကိတ်ကို အောက်ခံကတ်ထူပေါ် အသာပြန်တင်ပေးလိုက်သည်။ ကိတ်မုန့်သည် ပုံစံအနည်းငယ်ပျက်သွားပေမယ့် စားလို့တော့ ရနေသေးသည်။

” ဘာမှမဖြစ်ဘူး စတော်ဘယ်ရီစောင်းလေးဖြစ်သွားတော့ ပိုတောင်လှသေးတယ်…” ဖခင်သည် အရွှန်းဖောက်လာသည့်အခါ ငိုတော့မည့် ခွေးရူးလေးသည် ချက်ချင်းပင် ခေါင်းငြိမ့်သဘောတူလာပြန်၏။ မိသားစုသုံးယောက်သား စကားတွေ တီတီတာတာဖောင်ဖွဲ့ရင်း မိဘမဲ့ဂေဟာလေးတစ်ခုဆီသို့ ရောက်လာလေသည်။

ဂေဟာရှိကလေးများသည် ထယ်ယောင်းနှင့် အသက်မတိမ်းမယိမ်းလေးတွေသာ။ ဂေဟာဟူ၍ဆိုသော်လည်း စင်စစ်အရမ်းကြီးမကြီးပေ။ မြို့ပြနဲ့ဝေးကာ တိတ်ဆိတ်နေတဲ့ အရပ်ဖြစ်တာကြောင့် အတော်လေးနေလို့ကောင်းသည်။ ထယ်ယောင်း၏ မိခင်ဖြစ်သူသည် ထိုဂေဟာ၌သာ ကြီးပြင်းလာသူဖြစ်၍ လစဉ်လတိုင်း ဂေဟာကိုပြန်ပြီးထောက်ပံ့ပေးလေ့ရှိသည်။ အခုလည်း ထယ်ယောင်းမွေ့နေ့အတွက် ဂေဟာမှာ အလှူလာလုပ်ခြင်းပင်ဖြစ်သည်။

” သား သူငယ်ချင်းတွေနဲ့ သွားဆော့နော်…မားတို့စကားပြောလိုက်ဦးမယ် ” မိခင်ဖြစ်သူသည် သင်းအုပ်ဆရာနှင့် စကားပြောနေရင်း ထယ်ယောင်းအား သွားကစားစေသည်။ အဖော်မက်သည့် ထယ်ယောင်းသည်လည်း တုံ့ဆိုင်းခြင်းမရှိပါဘဲ သူငယ်ချင်းအသစ်တွေဆီ ပြေးထွက်သွားတော့သည်။

ပြေးလာသည့် ထယ်ယောင်း၏ ခြေသံသေးသေးလေးများသည် လျှောက်လမ်းတစ်လျှောက်ပဲ့တင်ထပ်နေ၏။ ဂေဟာမှ ကလေးငယ်တွေ စုပြီးကစားနေသည့် အခန်းတွင်းသို့မရောက်ခင် အနီရောင်တံခါးပါသည့် အခန်းတစ်ခုကို ထယ်ယောင်းတွေ့လိုက်သည်။

သိလိုစိတ်ကြောင့် ထယ်ယောင်း၏ ခြေလှမ်းတို့သည် ရပ်တန့်သွားကာ တံခါးနားကပ်သွားမိသည်။  ထိုအနီရောင်တံခါးသည် ခပ်ဟဟဖြစ်နေပြီး အခန်းတွင်းမှ ကောင်လေးတစ်ယောက် ခေါင်းလေးဘယ်ညာယမ်းကာ ကဗျာရွတ်နေသည်ကို ခပ်ရေးရေးလေးမြင်နေရသည်။ အမှောင်ကျနေတာကြောင့် ကောင်လေးရဲ့မျက်နှာကိုတော့ သေချာမမြင်နိုင်။

” London Bridge is falling down,
Falling down, Falling down.
London Bridge is falling down ,
My fair lady.

Take a key and lock him up,
Lock him up, Lock him up.
Take a key and lock him up,
My fair lady.

Leave him in there and let him burn,
Let him burn, let him burn.
Leave him in there and let him burn,
My fair lady. “

ကဗျာသံသည် ရုတ်တရတ်ကြီး တိတ်ဆိတ်သွားသည်။ တံခါးဝမှ ထယ်ယောင်းသည် စူးစမ်းချင်တာကြောင့် ပိုလို့ပင် အရှေ့တိုးကာ ချောင်းကြည့်မိသည်။ သို့ပေသည့် အခန်းထဲမှ ကဗျာဆိုနေသည့် ကောင်လေးသည် မရှိတော့ပေ။ ကောင်လေးထိုင်သွားသည့် လှုပ်ကုလားထိုင်လေးတစ်ခုသာ လှုပ်နေ၏။

တိတ်ဆိတ်လွန်းသည့် ပတ်ဝန်းကျင်မို့ ဟောခန်းထဲမှာ နာရီသံ တစ်ချက်ချက်သည် ထယ်ယောင်း၏ နှလုံးခုန်သံနှင့်အတူ အပြိုင်ထွက်ပေါ်နေသည်။ ထိုစဉ် တံခါးကြားမှ ချောင်းကြည့်နေသည့် ထယ်ယောင်း၏ အမြင်အာရုံဝယ် ဖြူဖွေးဖွေးမျက်နှာတစ်ခုသည် ဘွားခနဲ ပေါ်လာတော့သည်။

” အား…” ထယ်ယောင်းတစ်ယောက် ကြောက်လန့်ကာ ဖင်ထိုင်လျှက်ပင် လဲကျသွား၏။

” နားညီးတယ် ဘာလို့အော်နေတာလဲ ” ထိုဖြူဖွေးဖွေးမျက်နှာပိုင်ရှင်သည် ခပ်ဟဟဖြစ်နေသည့် အနီရောင်တံခါးကို အပြည့်အဝဆွဲဖွင့်လိုက်ရင်း ခပ်စွာစွာအော်လာသည်။ ထိုအခါမှ ထယ်ယောင်းအသက်ရှုချောင်တော့သည်။ ဟူး…သူသရဲအခြောက်ခံရပြီထင်နေခဲ့တာ။

ကိစ္စတစ်ခုကို ဒေါသထွက်လာပုံရသည့် ထယ်ယောင်း၏ မိခင်သည် ဆောင့်ဆောင့်အောင့်အောင့်ဖြင့် ကြမ်းပြင်ပေါ်၌ ဖင်ထိုင်လျှက်လေးဖြစ်နေသည့် ထယ်ယောင်းထံ လျှောက်လာနေသည်။ ဖြစ်စဉ်တစ်ခုလုံးကို အစွန်းအစသာ မြင်လိုက်သည့် မိခင်၏ မျက်လုံးထဲဝယ် တစ်ဖတ်ကကောင်လေးသည် သူ၏ သားငယ်ထယ်ယောင်းအား ကြမ်းပြင်ပေါ်တွန်းချလိုက်ပြီး အနိုင်ကျင့်နေသည်ပင်။

” နင် ငါ့သားကို ဘာလုပ်တာလဲ ” မိခင်တစ်ယောက်၏ စိုးရိမ်စိတ်သည် ဒေါသနဲ့ပေါင်းစပ်သွားကာ တစ်ဖတ်ကကောင်လေးကို အော်ငေါက်လိုက်သည်။ ကောင်လေးသည် သူ့အား စိန်းစိန်းဝါးဝါးကြီးသာ ပြန်ကြည့်နေ၍ မည်သည့်စကားမျှ မဆိုချေ။

” ဟဲ့ နားပင်းနေသလား ”

” မား…သားဘာသာလဲကျတာပါ သူနဲ့ဘာမှမဆိုင်ဘူး ” ထယ်ယောင်းသည် သူ၏ မိခင်ကို အလျှင်အမြန်ဝင်ရှင်းပြလေသည်။ သို့ပေသည့်တိုင် သူ၏ မိခင်ဖြစ်သူသည် ဒေါသအားလုံးကို တစ်ဖတ်က ကောင်လေးဆီအပြစ်ပုံချချင်နေသယောင်ရှိသည်။

” ဒီမှာ နင့်နာမည်ဘယ်လိုခေါ်လဲ နင့်ကို ဆရာနဲ့တိုင်ရမယ် “

” သားနာမည်လား…ဂျွန်ဂျောင်ကုလေ…” ကြောက်စရာကောင်းလောက်အောင် အပြုံးအကြီးကြီးပြုံးကာ ပြောလာသည့် ထိုကလေးကြောင့်ဘမိခင်၏ မျက်နှာသည် သွေးမရှိတော့သလို ဖွေးစုတ်စွာသည်။ ထို့နောက် ဘာမှထပ်မပြောတော့ဘဲ မျက်စိမျက်နှာပျက်လျှက်ပင် ထယ်ယောင်းလက်အားဆွဲကာ ထိုနေရာမှ အမြန်ထွက်သွားတော့သည်။

သင်းအုပ်စရာနှင့် စကားပြောပြီး ထွက်လာသည့် ထယ်ဖယာင်း၏ ဖခင်ဖြစ်သူသည် မိခင်ဖြစ်သူ၏ မျက်နှာပျက်နေသည်ကို ရိပ်မိလိုက်သည်။

” ဘာဖြစ်လာတာလဲ…”

” ရှင်ဘာမှမမေးနဲ့၊ ဘာမှလည်းမပြောနဲ့ ပြန်ကြမယ်” မိန်းမဖြစ်သူ၏ အောက်ငေါက်ခြင်းကိုခံလိုက်သည့် ဖခင်သည် ထယ်ယောင်းအား ဘာဖြစ်တာလဲဟူသည့်သဘောဖြင့်
မေ့ငေါ့ပြလေသည်။ ထယ်ယောင်းလည်း ကြောင်တိကြောင်တောင်လေးသာ ခေါင်းခါပြလေသည်။

” ရှင်တို့တွေဘယ်လိုဖြစ်နေကြတာလဲ ” အတိုင်အပေါက်ညီနေသည့် သားဖနှစ်ယောက်အားကြည့်ရင်း မိခင်ဖြစ်သူသည် ဒေါသထွက်လေပြီ။

” ကင်မ်ထယ်ယောင်း…အစောကကောင်လေးက သားသူငယ်ချင်းလား ” မိခင်ထံမှ နာမည်အပြည့်အစုံအခေါ်ခံလိုက်ရသည် ထယ်ယောင်းသည် ကျောတစ်ချက်တောင့်သွားလေသည်။ အတန်ကြာမှာ ခေါင်းအသာယမ်းလာသည်။

” တော်သေးတာပေါ့ ” သားငယ်၏ အဖြေကို စိတ်သတ်သာယာရသွားသည့်အလား သက်ပြင်းခပ်ဖွ
ဖွချသည်။

” ဘယ်ကောင်လေးလဲ ” ဖခင်ဖြစ်သူသည် ခြေလှမ်းသေးသေးလေးများဖြင့် မိခင်နောက်အမှီပြေးလိုက်နေသည့် ထယ်ယောင်းအား ပွေ့ချီလိုက်ပြီးမေးလာသည်။ မိခင်ဖြစ်သူကတော့ သရဲတစ္ဆေတွေ့လားသည့်အလား မြန်ဆန်တဲ့ ခြေလှမ်းတို့နဲ့ လမ်းလျှောက်နေသည်။

” ဆရာပြောလိုက်တဲ့ ကောင်လေးပေါ့။ ဂျွန်ဂျောင်ကုဆိုတာလေ။ “

” အော်…ဟိုဘတ်စ်ကား..”

” တိတ်စမ်း ကလေးအရှေ့မှာ “

ဖခင်၏စကားတို့သည် မိခင်၏ ဟန့်တားမှုနှင့်အတူ ပြတ်တောက်သွားသည်။ ဘာမှနားမလည်သေးတဲ့ ထယ်ယောင်းတစ်ယောက်ကတော့ ရင်ခွင်ထဲမှနေ၍ ဖခင်ကို တစ်လှည့် မိခင်ကိုတစ်လှည့်ကြည့်ရင်းသာ နားမလည်သည့်အကြောင်းအရာတို့ကို နားထောင်နေရသည်။

__________

Zawkyi

ဂ်ဴလိုင္လ 13ရက္ 2002 ခုႏွစ္…

ေကာင္းကင္ထက္ တိမ္းမည္းလိပ္ႀကီးမ်ား ေနရာယူထားကာ ေလာကတခြင္ မည္းေမွာင္ေနေတာ့သည္။ လွ်ပ္ပန္းလွ်ပ္ႏြယ္မ်ားသည္ တလတ္လတ္ျဖင့္ ဟန္ေရးျပေနသည္။ မိုးေရစက္တို႔သည္ တေျဖာက္ေျဖာက္ျဖင့္ ႐ြားသြန္းေန၏။

ထိုစဥ္ ေလ့လာေရးခရီးတစ္ခုမွ ျပန္လာသည့္ ေက်ာင္းဘတ္စ္ကားတစ္စီးသည္ ခပ္ေျပးေျပးေလး မိုးေရေတြျပည့္ေနတဲ့ ကတၱရာလမ္းမထက္ဝယ္ ေမာင္းႏွင္လာသည္။ ကားသမားသည္ အိပ္ခ်င္ေနသည့္ မ်က္လုံးအစုံအား မသိေက်းကြၽန္ျပဳ၍ လမ္းမေခ်ာ္သြားေစရန္ ဂ႐ုစိုက္၍ ေမာင္းႏွင္ေနသည္။

” London Bridge is falling down,
Falling down, Falling down.
London Bridge is falling down ,
My fair lady.”

ကားထဲရွိ ကေလးငယ္မ်ား၏ London Bridge ကဗ်ာသံသည္ ညီညာစြာ ထြက္ေပၚေနသည္။ အပူပင္ကင္းမဲ့သည့္ ကေလးငယ္တို႔သည္ ေပ်ာ္႐ႊင္စြာနဲ႕ ကခုန္ရင္း သံၿပိဳင္သီဆိုေနၾကသည္။ ဆရာမသည္လည္း ကေလးငယ္တို႔အား လက္ခုပ္တီးကာ အားေပးလွ်က္ရွိ၏။

ေပ်ာ္႐ႊင္မႈေတြနဲ႕ ျပည့္ႏွက္ေနတဲ့ ဘတ္စ္ကား၏ မွန္ျပတင္းေပါက္နား တစ္ေနရာဝယ္ မ်က္လုံးေသႀကီးမ်ားျဖင့္ အျပင္ဘက္က မိုးေရစက္တို႔ကို ေငးေနသည့္ ကေလးငယ္တစ္ေယာက္လည္းရွိေနျပန္သည္။ မွန္ျပတင္းေပါက္ကို ရိုက္ခတ္လာသည့္ မိုးေရစက္တို႔ကို လက္ညိုးကေလးျဖင့္ အသာထိလိုက္ၿပီး ထိုကေလး၏ မ်က္လုံးဝိုင္းဝိုင္းေလးမ်ားသည္ တစ္ခ်က္လတ္သြားသည္။ ထို႔ေနာက္ အသံေသးေသးေလးျဖင့္ ကဗ်ာဆိုေလသည္။

” Our bus is goin’ to hell,
Goin’ to hell, Goin’ to hell.
Our bus is goin’ to hell,
My fair lady.”

ေၾကာက္စရာေကာင္းတဲ့ ကဗ်ာစာသားတို႔ကို ကေလးငယ္သည္ ခ်စ္စရာေကာင္းေအာင္သီဆိုေနခဲ့သည္။ အျခားကေလးငယ္မ်ား၏ သီဆိုသံမ်ားေၾကာင့္ ထိုကေလးငယ္၏ နမိတ္မေကာင္းတဲ့ ကဗ်ာစာသားကို မည္သူမွ သတိမျပဳမိၾကေပ။ ကေလးငယ္သည္ ထိုစာသားကိုပဲ ထပ္ခါထပ္ခါျပန္ဆိုသည္။ အဆုံးမွာေတာ့ ကဗ်ာသည္ ရပ္တန့္သြားၿပီး တခစ္ခစ္ရယ္သံေလးက အစားထိုးလာျပန္သည္။

ထိုစဥ္ လွ်ပ္စီးသည္ လင္းထိန္စြာ လင္းလတ္သြားၿပီး မိုးႀကိဳးသည္လည္း တစ္ဆတ္တည္း က်ယ္ေလာင္စြာ ျမည္သံေပးလာေတာ့သည္။ တစ္ခ်က္ငိုက္ျမည္းသြားသည့္ ကားဆရာ၏ လက္တို႔သည္ စတီယာရင္ဘီးအား ထိန္းခ်ဳပ္နိုင္စြမ္းမရွိေတာ့ေပ။ အရွိန္မွန္မွန္ျဖင့္ ေမာင္းလာသည့္ ဘတ္စ္ကားေလးသည္ မိုးေရေတြျပည့္ေနသည့္ လမ္းမထက္ဝယ္ တစ္ပတ္လိမ့္ကာ ေခ်ာ္ထြက္သြားေတာ့သည္။

ဒီဇင္ဘာလ 30ရက္ေန႕ 2002 ခုႏွစ္…

ပ်င္းရိစရာေကာင္းတဲ့ နံနက္ခင္းအစတစ္ခုပင္။ မိုးလင္းလာသည္ႏွင့္ အလုပ္ကိုယ္စီရႈပ္ေနၾကသည့္ မိဘႏွစ္ေယာက္သည္ သူ၏ ေမြးေန႕ကို မမွတ္မိၾက။ သူ၏ မ်က္လုံးထဲဝယ္ ပတ္ဝန္းက်င္မွာ ရွိရွိသမွ် အရာအားလုံးသည္ ခဲေရာင္ကဲ့သို႔သာ မွိုင္းပ်ပ်ျဖစ္ေန၏။

ဒီဇင္ဘာလရဲ႕ ေနာက္ဆုံးရက္ဟာ အသည္းခိုက္စရာေကာင္းတဲ့ အေအးဒဏ္နဲ႕အတူ ကားလမ္းမ်ားဟာလည္း ဆီႏွင္းျဖဴျဖဴတို႔ျဖင့္ပိတ္ေနခဲ့သည္။

” ပါး…သားတို႔ ဘယ္သြားၾကမွာလဲဟင္ ” အေရွ႕ခန္းမွ ကားေမာင္းေနသည့္ဖခင္အား သိလိုစိတ္နဲ႕ ေမးခြန္းထုတ္လိုက္သည္။ ထိုအခ်ိန္ မိခင္ျဖစ္သူသည္ ေနာက္လွည့္ကာ စကၠဴပုံးေလးတစ္ခုကို သူ႕ထံကမ္းေပးလာရင္း…

” Surprise…ေမြးေန႕ကို ဂုဏ္ျပဳပါတယ္…” ဟူ၍ အေႏြးအေထြးဆုံး အၿပဳံးတစ္ခုႏွင့္ဆိုလာ၏။

႐ုတ္တရတ္ဆန္မႈေၾကာင့္ ထယ္ေယာင္း၏ မ်က္လုံးကေလးမ်ားသည္ ဝိုင္းစက္ကာ ပါးစပ္အေဟာင္းသားျဖင့္ အံ့ၾသေနေတာ့သည္။

” ဘာလဲ မားတို႔က သားရဲ႕ေမြးေန႕ကို ေမ့ေနတယ္ထင္တာလား…”

ထယ္ေယာင္းသည္ ေခါင္းေလးအား ခပ္ဆတ္ဆတ္ညိမ့္လိုက္ၿပီး ‘အင္း’ဟု ဝမ္းနည္းဖြယ္ဆိုလာသည္။ မ်က္လုံးဝိုင္းဝိုင္းေလးမ်ားသည္ အရည္ၾကည္ေလးမ်ား လဲ့ေနၿပီျဖစ္သည္။ မဲ့ထားတဲ့ ႏႈတ္ခမ္းေသးေသးေလးကလည္း မၾကာခင္ ငိုခ်ေတာ့အရိပ္အေယာင္အလား တုန္ရီေန၏။

” အိုက္ကူး… ၾကည့္ပါဦး ေခြး႐ူးေလး ငိုေတာ့မယ္ ” မိခင္ျဖစ္သူသည္ ထယ္ေယာင္း၏ ႏွာေခါင္းနီနီေလးအား ဆြဲညစ္ကာ စေနာက္လိုက္သည့္အခါ ခပ္စြာစြာအသံေလးက ရန္ျပန္ေတြ႕၏။

” ဘယ္သူကငိုလို႔လဲ…မငိုပါဘူး လုံးဝမငိုဘူး…သားသားလုံးဝ…လုံးဝ မငိုဘူးလို႔ ဟင့္ အင့္ ၿဗဲ….”

မငိုဘူးေျပာကာ အာၿပဲႀကီးျဖင့္ ေအာ္ငိုေနသည့္ ေခြး႐ူးေလးေၾကာင့္ အေရွ႕ခန္းမွ မိဘႏွစ္ေယာက္သည္ သေဘာက်စြာ ရယ္လာသည္။ ထယ္ေယာင္းသည္ သိလိုစိတ္နဲ႕ စကၠဴပုံးေလးအား ဖြင့္ၾကည့္သည့္အခါ အနီေရာင္ခရင္မ္မ်ားျဖင့္ စေတာ္ဘယ္ရီပုံေဖာ္ထားသည့္ ေမြးေန႕ကိတ္ေလးပင္။ စေတာ္ဘယ္ရီႀကိဳက္လြန္းသည္ ေခြး႐ူးေလးတစ္ေယာက္ ထိုင္လွ်က္ပင္ ေပ်ာ္႐ႊင္စြာ ခုန္ေပါက္ေနေတာ့သည္။

” ေရး…စေတာ္ဘယ္ရီကြ…”

” ဟဲ့ သားသတိထားေလ…ျပဳတ္က်..” မိခင္၏ စကားပင္မဆုံးေသး ကိတ္မုန့္သည္ တစ္ျခမ္းေစာင္းကာ ထယ္ေယာင္း၏ ရင္ဘက္ေပၚ ျပဳတ္က်လိဳ႕လာသည္။ ခုန္ေပါက္ေနသည့္ ေခြး႐ူးေလးသည္ ခ်က္ခ်င္းပင္ မိုင္းနင္းမိသည့္ စစ္သားငယ္အလား ၿငိမ္က်သြားကာ တစ္ခ်က္ေလးမွ မလႈပ္ေတာ့ေပ။

မိခင္ျဖစ္သူသည္ ေဒါသအနည္းငယ္ထြက္သြားေသာ္လည္း မ်က္ႏွာငယ္ေလးနဲ႕ သားကိုျမင္သည့္အခါ မဆူရက္။ ေနာက္သို႔လွည့္ကာ ထယ္ေယာင္းရင္ဘက္ေပၚမွ ကိတ္ကို ေအာက္ခံကတ္ထူေပၚ အသာျပန္တင္ေပးလိုက္သည္။ ကိတ္မုန့္သည္ ပုံစံအနည္းငယ္ပ်က္သြားေပမယ့္ စားလို႔ေတာ့ ရေနေသးသည္။

” ဘာမွမျဖစ္ဘူး စေတာ္ဘယ္ရီေစာင္းေလးျဖစ္သြားေတာ့ ပိုေတာင္လွေသးတယ္…” ဖခင္သည္ အ႐ႊန္းေဖာက္လာသည့္အခါ ငိုေတာ့မည့္ ေခြး႐ူးေလးသည္ ခ်က္ခ်င္းပင္ ေခါင္းၿငိမ့္သေဘာတူလာျပန္၏။ မိသားစုသုံးေယာက္သား စကားေတြ တီတီတာတာေဖာင္ဖြဲ႕ရင္း မိဘမဲ့ေဂဟာေလးတစ္ခုဆီသို႔ ေရာက္လာေလသည္။

ေဂဟာရွိကေလးမ်ားသည္ ထယ္ေယာင္းႏွင့္ အသက္မတိမ္းမယိမ္းေလးေတြသာ။ ေဂဟာဟူ၍ဆိုေသာ္လည္း စင္စစ္အရမ္းႀကီးမႀကီးေပ။ ၿမိဳ႕ျပနဲ႕ေဝးကာ တိတ္ဆိတ္ေနတဲ့ အရပ္ျဖစ္တာေၾကာင့္ အေတာ္ေလးေနလို႔ေကာင္းသည္။ ထယ္ေယာင္း၏ မိခင္ျဖစ္သူသည္ ထိုေဂဟာ၌သာ ႀကီးျပင္းလာသူျဖစ္၍ လစဥ္လတိုင္း ေဂဟာကိုျပန္ၿပီးေထာက္ပံ့ေပးေလ့ရွိသည္။ အခုလည္း ထယ္ေယာင္းေမြ႕ေန႕အတြက္ ေဂဟာမွာ အလႉလာလုပ္ျခင္းပင္ျဖစ္သည္။

” သား သူငယ္ခ်င္းေတြနဲ႕ သြားေဆာ့ေနာ္…မားတို႔စကားေျပာလိုက္ဦးမယ္ ” မိခင္ျဖစ္သူသည္ သင္းအုပ္ဆရာႏွင့္ စကားေျပာေနရင္း ထယ္ေယာင္းအား သြားကစားေစသည္။ အေဖာ္မက္သည့္ ထယ္ေယာင္းသည္လည္း တုံ႕ဆိုင္းျခင္းမရွိပါဘဲ သူငယ္ခ်င္းအသစ္ေတြဆီ ေျပးထြက္သြားေတာ့သည္။

ေျပးလာသည့္ ထယ္ေယာင္း၏ ေျခသံေသးေသးေလးမ်ားသည္ ေလွ်ာက္လမ္းတစ္ေလွ်ာက္ပဲ့တင္ထပ္ေန၏။ ေဂဟာမွ ကေလးငယ္ေတြ စုၿပီးကစားေနသည့္ အခန္းတြင္းသို႔မေရာက္ခင္ အနီေရာင္တံခါးပါသည့္ အခန္းတစ္ခုကို ထယ္ေယာင္းေတြ႕လိုက္သည္။

သိလိုစိတ္ေၾကာင့္ ထယ္ေယာင္း၏ ေျခလွမ္းတို႔သည္ ရပ္တန့္သြားကာ တံခါးနားကပ္သြားမိသည္။  ထိုအနီေရာင္တံခါးသည္ ခပ္ဟဟျဖစ္ေနၿပီး အခန္းတြင္းမွ ေကာင္ေလးတစ္ေယာက္ ေခါင္းေလးဘယ္ညာယမ္းကာ ကဗ်ာ႐ြတ္ေနသည္ကို ခပ္ေရးေရးေလးျမင္ေနရသည္။ အေမွာင္က်ေနတာေၾကာင့္ ေကာင္ေလးရဲ႕မ်က္ႏွာကိုေတာ့ ေသခ်ာမျမင္နိုင္။

” London Bridge is falling down,
Falling down, Falling down.
London Bridge is falling down ,
My fair lady.

Take a key and lock him up,
Lock him up, Lock him up.
Take a key and lock him up,
My fair lady.

Leave him in there and let him burn,
Let him burn, let him burn.
Leave him in there and let him burn,
My fair lady. “

ကဗ်ာသံသည္ ႐ုတ္တရတ္ႀကီး တိတ္ဆိတ္သြားသည္။ တံခါးဝမွ ထယ္ေယာင္းသည္ စူးစမ္းခ်င္တာေၾကာင့္ ပိုလို႔ပင္ အေရွ႕တိုးကာ ေခ်ာင္းၾကည့္မိသည္။ သို႔ေပသည့္ အခန္းထဲမွ ကဗ်ာဆိုေနသည့္ ေကာင္ေလးသည္ မရွိေတာ့ေပ။ ေကာင္ေလးထိုင္သြားသည့္ လႈပ္ကုလားထိုင္ေလးတစ္ခုသာ လႈပ္ေန၏။

တိတ္ဆိတ္လြန္းသည့္ ပတ္ဝန္းက်င္မို႔ ေဟာခန္းထဲမွာ နာရီသံ တစ္ခ်က္ခ်က္သည္ ထယ္ေယာင္း၏ ႏွလုံးခုန္သံႏွင့္အတူ အၿပိဳင္ထြက္ေပၚေနသည္။ ထိုစဥ္ တံခါးၾကားမွ ေခ်ာင္းၾကည့္ေနသည့္ ထယ္ေယာင္း၏ အျမင္အာ႐ုံဝယ္ ျဖဴေဖြးေဖြးမ်က္ႏွာတစ္ခုသည္ ဘြားခနဲ ေပၚလာေတာ့သည္။

” အား…” ထယ္ေယာင္းတစ္ေယာက္ ေၾကာက္လန့္ကာ ဖင္ထိုင္လွ်က္ပင္ လဲက်သြား၏။

” နားညီးတယ္ ဘာလို႔ေအာ္ေနတာလဲ ” ထိုျဖဴေဖြးေဖြးမ်က္ႏွာပိုင္ရွင္သည္ ခပ္ဟဟျဖစ္ေနသည့္ အနီေရာင္တံခါးကို အျပည့္အဝဆြဲဖြင့္လိုက္ရင္း ခပ္စြာစြာေအာ္လာသည္။ ထိုအခါမွ ထယ္ေယာင္းအသက္ရႈေခ်ာင္ေတာ့သည္။ ဟူး…သူသရဲအေျခာက္ခံရၿပီထင္ေနခဲ့တာ။

ကိစၥတစ္ခုကို ေဒါသထြက္လာပုံရသည့္ ထယ္ေယာင္း၏ မိခင္သည္ ေဆာင့္ေဆာင့္ေအာင့္ေအာင့္ျဖင့္ ၾကမ္းျပင္ေပၚ၌ ဖင္ထိုင္လွ်က္ေလးျဖစ္ေနသည့္ ထယ္ေယာင္းထံ ေလွ်ာက္လာေနသည္။ ျဖစ္စဥ္တစ္ခုလုံးကို အစြန္းအစသာ ျမင္လိုက္သည့္ မိခင္၏ မ်က္လုံးထဲဝယ္ တစ္ဖတ္ကေကာင္ေလးသည္ သူ၏ သားငယ္ထယ္ေယာင္းအား ၾကမ္းျပင္ေပၚတြန္းခ်လိဳက္ၿပီး အနိုင္က်င့္ေနသည္ပင္။

” နင္ ငါ့သားကို ဘာလုပ္တာလဲ ” မိခင္တစ္ေယာက္၏ စိုးရိမ္စိတ္သည္ ေဒါသနဲ႕ေပါင္းစပ္သြားကာ တစ္ဖတ္ကေကာင္ေလးကို ေအာ္ေငါက္လိုက္သည္။ ေကာင္ေလးသည္ သူ႕အား စိန္းစိန္းဝါးဝါးႀကီးသာ ျပန္ၾကည့္ေန၍ မည္သည့္စကားမွ် မဆိုေခ်။

” ဟဲ့ နားပင္းေနသလား ”

” မား…သားဘာသာလဲက်တာပါ သူနဲ႕ဘာမွမဆိုင္ဘူး ” ထယ္ေယာင္းသည္ သူ၏ မိခင္ကို အလွ်င္အျမန္ဝင္ရွင္းျပေလသည္။ သို႔ေပသည့္တိုင္ သူ၏ မိခင္ျဖစ္သူသည္ ေဒါသအားလုံးကို တစ္ဖတ္က ေကာင္ေလးဆီအျပစ္ပုံခ်ခ်င္ေနသေယာင္ရွိသည္။

” ဒီမွာ နင့္နာမည္ဘယ္လိုေခၚလဲ နင့္ကို ဆရာနဲ႕တိုင္ရမယ္ “

” သားနာမည္လား…ဂြၽန္ေဂ်ာင္ကုေလ…” ေၾကာက္စရာေကာင္းေလာက္ေအာင္ အၿပဳံးအႀကီးႀကီးၿပဳံးကာ ေျပာလာသည့္ ထိုကေလးေၾကာင့္ဘမိခင္၏ မ်က္ႏွာသည္ ေသြးမရွိေတာ့သလို ေဖြးစုတ္စြာသည္။ ထို႔ေနာက္ ဘာမွထပ္မေျပာေတာ့ဘဲ မ်က္စိမ်က္ႏွာပ်က္လွ်က္ပင္ ထယ္ေယာင္းလက္အားဆြဲကာ ထိုေနရာမွ အျမန္ထြက္သြားေတာ့သည္။

သင္းအုပ္စရာႏွင့္ စကားေျပာၿပီး ထြက္လာသည့္ ထယ္ဖယာင္း၏ ဖခင္ျဖစ္သူသည္ မိခင္ျဖစ္သူ၏ မ်က္ႏွာပ်က္ေနသည္ကို ရိပ္မိလိုက္သည္။

” ဘာျဖစ္လာတာလဲ…”

” ရွင္ဘာမွမေမးနဲ႕၊ ဘာမွလည္းမေျပာနဲ႕ ျပန္ၾကမယ္” မိန္းမျဖစ္သူ၏ ေအာက္ေငါက္ျခင္းကိုခံလိုက္သည့္ ဖခင္သည္ ထယ္ေယာင္းအား ဘာျဖစ္တာလဲဟူသည့္သေဘာျဖင့္
ေမ့ေငါ့ျပေလသည္။ ထယ္ေယာင္းလည္း ေၾကာင္တိေၾကာင္ေတာင္ေလးသာ ေခါင္းခါျပေလသည္။

” ရွင္တို႔ေတြဘယ္လိုျဖစ္ေနၾကတာလဲ ” အတိုင္အေပါက္ညီေနသည့္ သားဖႏွစ္ေယာက္အားၾကည့္ရင္း မိခင္ျဖစ္သူသည္ ေဒါသထြက္ေလၿပီ။

” ကင္မ္ထယ္ေယာင္း…အေစာကေကာင္ေလးက သားသူငယ္ခ်င္းလား ” မိခင္ထံမွ နာမည္အျပည့္အစုံအေခၚခံလိုက္ရသည္ ထယ္ေယာင္းသည္ ေက်ာတစ္ခ်က္ေတာင့္သြားေလသည္။ အတန္ၾကာမွာ ေခါင္းအသာယမ္းလာသည္။

” ေတာ္ေသးတာေပါ့ ” သားငယ္၏ အေျဖကို စိတ္သတ္သာယာရသြားသည့္အလား သက္ျပင္းခပ္ဖြ
ဖြခ်သည္။

” ဘယ္ေကာင္ေလးလဲ ” ဖခင္ျဖစ္သူသည္ ေျခလွမ္းေသးေသးေလးမ်ားျဖင့္ မိခင္ေနာက္အမွီေျပးလိုက္ေနသည့္ ထယ္ေယာင္းအား ေပြ႕ခ်ီလိုက္ၿပီးေမးလာသည္။ မိခင္ျဖစ္သူကေတာ့ သရဲတေစၦေတြ႕လားသည့္အလား ျမန္ဆန္တဲ့ ေျခလွမ္းတို႔နဲ႕ လမ္းေလွ်ာက္ေနသည္။

” ဆရာေျပာလိုက္တဲ့ ေကာင္ေလးေပါ့။ ဂြၽန္ေဂ်ာင္ကုဆိုတာေလ။ “

” ေအာ္…ဟိုဘတ္စ္ကား..”

” တိတ္စမ္း ကေလးအေရွ႕မွာ “

ဖခင္၏စကားတို႔သည္ မိခင္၏ ဟန့္တားမႈႏွင့္အတူ ျပတ္ေတာက္သြားသည္။ ဘာမွနားမလည္ေသးတဲ့ ထယ္ေယာင္းတစ္ေယာက္ကေတာ့ ရင္ခြင္ထဲမွေန၍ ဖခင္ကို တစ္လွည့္ မိခင္ကိုတစ္လွည့္ၾကည့္ရင္းသာ နားမလည္သည့္အေၾကာင္းအရာတို႔ကို နားေထာင္ေနရသည္။

__________

Comments for chapter "Chapter 2"

0 0 votes
Article Rating
Subscribe
Notify of
guest
0 Comments
Oldest
Newest Most Voted