Chapter 1
Unicode
အနီရောင်တံခါးတစ်ချပ်…
စိတ်၏ အနက်ရှိုင်းဆုံးတွင် ပုန်းကွယ်နေသည့် အနီရောင်တံခါးတစ်ချပ်….ကြောက်စရာကောင်းလွန်းတဲ့ မကောင်းဆိုးဝါးတို့ပုန်းကွယ်ရာနေရာ…။ မရေတွက်နိုင်တဲ့ မျက်လုံးတွေ ထိုတံခါးအနောက်ဝယ် စောင့်ကြည့်နေကြတယ်။
ရှူး….တိုးတိုးနေ။ နားစွံ့ကြည့်….အမှောင်ထဲက အသက်ရှုသံတွေကို ကြားရတယ်မလား…။
စည်းတစ်ခု…
လောကတွေ ဘုံတွေကြားက မကျော်သင့်တဲ့ စည်းတစ်ခု….အဆုံးအစမရှိတဲ့ မှောင်မိုက်ခြင်းတို့နှင့် စောင့်ကြည့်နေတဲ့ မျက်လုံးတွေ…။ အထီးကျန်ဆန်မှုတွေနှင့် အမုန်းတရားတွေ။ ရှုပ်ထွေးခြင်းတွေ ပြန်လမ်းမဲ့ခြင်းတွေ…။
အဖြူရောင်အရိပ်တွေကြား ကျရောက်သွားသည့်အခါ ဝိညာဉ်ငယ်သည် တိုးလျစွာ ပျောက်ကွယ်သွားနိုင်သည်…။ တစ်စတစ်စနဲ့ ကမ်းနဲ့ဝေးရာသို့ မျောပါသွားသည့် လှေငယ်လေးတစ်ဆင်းလို…။
စိတ်…
ပြုလုပ်မိသမျှ ကံကြောင်းတရားအားလုံး၏ အဓိကတရားခံ…။ များစွာသော ပုံရိပ်တွေထဲကမှ အတုအယောင် အစစ်အမှန် ခွဲခြားနိုင်သည့် တစ်ခုတည်းသောအရာ။
မဖွင့်သင့်တဲ့ တံခါးတစ်ချပ်ကိုဖွင့်ပြီးနောက်၊ မကျော်သင့်တဲ့စည်းကို ကျော်ပြီးတဲ့နောက်၊ မသိစိတ်ရဲ့ ခေါ်သံတွေနဲ့ အမည်မသိတဲ့ခံစားချက်တွေအကြားက မင်းလွတ်မြောက်ပါ့မလား…။ အတုယောင်တွေကြားက အစစ်မှန်ကို ရှာဖွေပါ….။
Escape: Back of The Red Door
Zawkyi
အနီေရာင္တံခါးတစ္ခ်ပ္…
စိတ္၏ အနက္ရွိုင္းဆုံးတြင္ ပုန္းကြယ္ေနသည့္ အနီေရာင္တံခါးတစ္ခ်ပ္….ေၾကာက္စရာေကာင္းလြန္းတဲ့ မေကာင္းဆိုးဝါးတို႔ပုန္းကြယ္ရာေနရာ…။ မေရတြက္နိုင္တဲ့ မ်က္လုံးေတြ ထိုတံခါးအေနာက္ဝယ္ ေစာင့္ၾကည့္ေနၾကတယ္။
ရႉး….တိုးတိုးေန။ နားစြံ႕ၾကည့္….အေမွာင္ထဲက အသက္ရႈသံေတြကို ၾကားရတယ္မလား…။
စည္းတစ္ခု…
ေလာကေတြ ဘုံေတြၾကားက မေက်ာ္သင့္တဲ့ စည္းတစ္ခု….အဆုံးအစမရွိတဲ့ ေမွာင္မိုက္ျခင္းတို႔ႏွင့္ ေစာင့္ၾကည့္ေနတဲ့ မ်က္လုံးေတြ…။ အထီးက်န္ဆန္မႈေတြႏွင့္ အမုန္းတရားေတြ။ ရႈပ္ေထြးျခင္းေတြ ျပန္လမ္းမဲ့ျခင္းေတြ…။
အျဖဴေရာင္အရိပ္ေတြၾကား က်ေရာက္သြားသည့္အခါ ဝိညာဥ္ငယ္သည္ တိုးလ်စြာ ေပ်ာက္ကြယ္သြားနိုင္သည္…။ တစ္စတစ္စနဲ႕ ကမ္းနဲ႕ေဝးရာသို႔ ေမ်ာပါသြားသည့္ ေလွငယ္ေလးတစ္ဆင္းလို…။
စိတ္…
ျပဳလုပ္မိသမွ် ကံေၾကာင္းတရားအားလုံး၏ အဓိကတရားခံ…။ မ်ားစြာေသာ ပုံရိပ္ေတြထဲကမွ အတုအေယာင္ အစစ္အမွန္ ခြဲျခားနိုင္သည့္ တစ္ခုတည္းေသာအရာ။
မဖြင့္သင့္တဲ့ တံခါးတစ္ခ်ပ္ကိုဖြင့္ၿပီးေနာက္၊ မေက်ာ္သင့္တဲ့စည္းကို ေက်ာ္ၿပီးတဲ့ေနာက္၊ မသိစိတ္ရဲ႕ ေခၚသံေတြနဲ႕ အမည္မသိတဲ့ခံစားခ်က္ေတြအၾကားက မင္းလြတ္ေျမာက္ပါ့မလား…။ အတုေယာင္ေတြၾကားက အစစ္မွန္ကို ရွာေဖြပါ….။
Escape: Back of The Red Door
Comments for chapter "Chapter 1"