Chapter 19
Unicode
” ခန…” Vincent သည် ထိုလူအား လှမ်းတားလိုက်သည်။ ထိုလူသည် နောက်သို့ပြန်လှည့်ကြည့်လာသည်။ ထိုလူ၏ စိမ်းပြာပြာမျက်ဝန်းတွေနှင့် ရွှေအိုရောင်ဆံပင်တွေကို သူရင်းနှီးနေသည်။ ထို့နောက် သူစကားဆက်ပြောသည်။
” ငါတို့ တစ်နေရာရာမှာ တွေ့ဖူးသလား…”
” ဝီလ်မင်းလူမှားနေပြီထင်တယ်…ငါတို့တစ်ခါမှ မတွေ့ဖူးဘူး ” လူစိမ်းသည် ဖော်ရွှေစွာ ပြန်ဖြေပြီးနောက် ကျောခိုင်းကာ ထွက်သွားသည်။
ပြန်ဖြေလာသည့် လူစိမ်း၏ စကားသံသည် Vincent နားထဲ မိုးကြိုးသွားပမာပင်။ ထိုနာမည်ကို သူမကြားရသည်မှာ ဆယ်စုနှစ်နှစ်ခုစာလောက်ရှိပြီဖြစ်သည်။ လူတိုင်းသည် သူ့ကို Vincent Rovia ဟုသာ သိကြသည်။ သူ၏ နာမည်အပြည့်အစုံဖြစ်သည့် Vincent William Rovia ကိုမူ သိပ်မသိကြပေ။
” မင်းဘယ်သူလဲ ” Vincent သည် အသိကပ်ကပ်ချင်း ထိုလူစိမ်းကို ဖမ်းဆွဲလိုက်သော်လည်း သူအနေနဲ့ လေကိုသာ ဖမ်းမိလိုက်သည်။ ရှင်းလင်းနေသည့် လမ်းမထက် လူနှင့်တူသည့် အရိပ်အရောင်တစ်ခုလေးမျှ မရှိတော့ပေ။ နေ့ခင်းကြောင်တောင်ကြီး သူသရဲတစ္ဆေမြင်လိုက်ရသလိုပင်။
Vincent သည် လေကိုသာ ဖမ်းဆုပ်မိသည့် သူ့လက်ကိုသူပြန်ကြည့်မိသည်။ အရာအားလုံးသည် သူ့အတွက်တောင်မှပဲ လျှပ်တပြတ်ဆန်ကာမြန်ဆန်လွန်းသည်။ ရုတ်တရတ်ရလိုက်တဲ့ နှင်းဆီနံ့ခပ်သင်းသင်းက စန္ဒီသုံးနေကြ ရေမွှေး၏အနံ့ကလေးပင်။
” ဝီလ်…မတွေ့တာကြာပြီနော်…” ရင်းနှီးတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသံကြောင့် Vincent သည် အနောက်ကိုချာခနဲလှည့်ကြည့်မိသည်။
မျက်ဝန်းစိမ်းစိမ်းတွေနဲ့ ဆံနွယ်ကောက်ကောက်နီနီတွေရဲ့ပိုင်ရှင်ဟာ အတိတ်တုန်းက သူသိခဲ့သည့် စန္ဒီမှ စန္ဒီပင်။ ဆံနွယ်နီနီတို့သည် လေအဝေ့တွင် ကလူမြူးကခုန်နေကြသည်။
စန္ဒီသည် အတိတ်ကနေ့ရက်တွေလို လှပနေတုန်းပင်။ သို့သော်လည်း အရင်ကလိုတောက်ပစွာပြုံးနေခြင်းမရှိတော့ဘဲ ခပ်ဖျော့ဖျော့သာပြုံးသည်။ သူမ၏အပြုံးသည် မြင်ရသူအဖို့ သူမဘယ်လောက်နာကျင်နေလဲဆိုတာ ခံစားမိစေနိုင်သည်။
” စန္ဒီ…တကယ်ပဲမင်းလား…” Vincent သူ့မျက်လုံးကိုပင် သူမယုံကြည်နိုင်ချေ။ အတိတ်တုန်းက သူ့လက်နဲ့ သူကိုယ်တိုင်သတ်မိခဲ့တဲ့ စန္ဒီသည် ယခုအခါ သူရှေ့၌ အကောင်းတိုင်းရပ်နေသည်။
” နင်…နင် နောင်တမရဘူးလား….ငါ့ကိုသတ်ခဲ့တဲ့အတွက်..ငါ့ကိုသတ်ပြီး အရိုက်အရာဆတ်ခံလိုက်ရတဲ့အတွက် နောင်တမရဘူးလား ” စန္ဒီ၏ အသံသည် အလွန်ကို ကြေကွဲနေဟန်ရှိသည်။ သူမစိတ်တိုတာထက် စိတ်ပျက်မိသည်။ Vincent ၏ လုပ်ရပ်တို့ကို မယုံကြည်နိုင်ပေ။ Vincent သည် သူမကိုချစ်လို့ဆိုတဲ့ခေါင်းစဉ်အောက်မှာ သူမကိုသတ်ခဲ့သည်။ သူမ၏ခင်ပွန်းနှင့် ကလေးတွေကိုသတ်ခဲ့သည်။ ဘယ်လောက်တောင်ဆိုးဝါးလိုက်သလဲ။
” ငါတောင်းပန်ပါတယ်…” Vincent သည် စန္ဒီအား ပွေ့ဖတ်ရန်ရှေ့သို့တိုးသွားသော်လည်း စန္ဒီသည် သူ့ကိုရွံရှာဖွယ်ကြည့်၍ နောက်သို့ရှောင်ဖယ်သွားသည်။
” တော်စမ်းပါ…သွေးအေးရက်စက်လှပါတယ်ဆိုတဲ့ အရင်ခေါင်းဆောင်ကတောင် နင့်လိုအောက်တန်းမကျဘူး “
စန္ဒီသည် သူ့ကို ခတ်ထန်စွာမြင်သည့်အခါ Vincent၏ အတွေးတို့ပြောင်းလဲသွားသည်။ စန္ဒီဟာ သေသွားခဲ့ပြီပဲ ပြန်ရှင်လာနိုင်စရာ အကြောင်းမှမရှိဘဲ။ ဒါတွေက အလိမ်အညာတွေ…ဟုတ်တယ် အလိမ်အညာတွေ…။
” မင်း…မင်း…စန္ဒီမဟုတ်ဘူး…စန္ဒီက သေသွားခဲ့ပြီ။ မင်းညာနေတာ…”
” ဟုတ်တယ်…ငါညာနေတာဆိုရင်ရော နင်ကဘာလုပ်နိုင်မှာမလို့လဲ အမြဲတမ်းငါ့အရိပ်ထဲမှာပဲနေနေတဲ့ မျိုးမစစ်ကများ…” စန္ဒီပြောလိုက်သည့်စကားတို့သည် Vincentကို လုံးဝရူးသွပ်စေဖို့ရာ လုံးလောက်ပါသည်။
စင်စစ် Vincent William ဆိုသူသည် ပင်မမိသားစုနဲ့အဝေးကြီးဝေးတဲ့ မျိုးရိုးထဲကပင်။ သို့ပေမယ့် စန္ဒီ၏ သူငယ်ချင်းဆိုသည့် ဂုဏ်ကြောင့် ပင်မမိသားစုထဲအဝင်အထွက်ရှိလာသည်။ မိသားစုထဲဝယ် စန္ဒီပြီးလျှင် သူက အလားအလာအရှိဆုံးပင်။ ဒီလိုအခြေအနေတွေက အစပြုလို့ စန္ဒီသေဆုံးသွားသည့်နောက်မှာ အရိုက်အရာသည် သူ့လက်ထဲသို့ ရောက်ရှိလာသည်။
ထိုအကြောင်းတွေကို သိတဲ့လူအားလုံးသည် မတော်တဆမှုများစွာနှင့် မရဏလမ်းသို့ လျှောက်လှမ်းကုန်ကြပြီဖြစ်သည်။ မရဏလမ်းမှ ပြန်လာသည့် စန္ဒီကတော့ ချွင်းချက်ဖြစ်ပေမည်။
” မင်းပါးစပ်ကိုပိတ်ထား! “
” ငါကရော နင်နဲ့ ပြောချင်လွန်းလို့ထင်နေလား…နင့်မျက်နှာမြင်ရင် ငါ့ခင်ပွန်းနဲ့ ကလေးတွေအတွက် အားနာလွန်းလို့။ ငါနင့်ကို ပြန်သတ်မှာ…မဟုတ်ဘူး အဲ့တာကအေးချမ်းနေဦးမယ် နင့်ကိုငရဲအရောက်ပို့မှာ…”
” မင်းလိုအတုအယောင်ကများ…” Vincent သည် စန္ဒီအား ရိုက်ဖို့လက်ရွယ်လိုက်သော်လည်း အဖိုးအိုတစ်ယောက်၏ ဒေါသနဲ့အော်ငေါက်သံကြောင့် လက်တွန့်သွားသည်။
” ဝီလ်…မင်းလွန်လာပြီနော် တော်လိုက်တော့ ”
အဖိုးအိုတစ်ယောက်သည် တုတ်ကောက်တစ်ချောင်းကို အမှီပြုလျက် သူတို့ဆီကို လျှောက်လာနေသည်။ ထို့နောက်အဖိုးအိုသည် ဆက်ပြောသည်။
” အသိတရားလေးဘာလေးရစမ်းပါ…မှန်းစမ်း မင်းအသက်ငါးရာလောက်တော့ရှိရောပေါ့ အခုထိ အသိတရားမရနိုင်သေးဘူးလား..ဟမ်…”
” အဖိုးကြီးလိန်း…ခင်များပါးစပ်ပိတ်ထားစမ်းပါ “
” ပိတ်ထားစရာလားကွ…ဒါငါ့အိမ် ငါ့ခြံ။ မင်းကငါ့ခြံထဲလာပြီး ငါ့သူငယ်ချင်းကို ရိုက်နှတ်ဖို့လုပ်နေတာ ငါကရပ်ကြည့်နေရမှာလား “
” ဟ…ငါကလည်း မင်းသူငယ်ချင်းပါကွ ” Vincent သည် ဒေါသထွက်စွာနဲ့ အဖိုးလိန်းကို ပြန်အော်သည်။
” မဟုတ်ဘူး။ မင်းရဲ့ အေးခဲနေတဲ့နှလုံးသားက မည်းညစ်သွားတဲ့အချိန်ကစလို့ ငါတို့သူငယ်ချင်းတွေကို သတ်ဖို့ကြိုးစားခဲ့တဲ့အချိန်ကစလို့ ငါတို့ကသူငယ်ချင်းမဟုတ်တော့ဘူး။ ဘာလဲ…အခုလဲ ငါ့ကိုသတ်ဖို့လာတာလား…” အဖိုးလိန်းသည် Vincent၏ အေးခဲမည်းညစ်နေသည့် နှလုံးသားနေရာ ရင်ဘက်ကို တုတ်ကောက်ဖြင့် ထောက်ထောက်ပြကာ စကားတစ်လုံးချင်းစီဆိုလာသည်။
Vincent သည် ငြင်းဆန်ဖို့ ကြိုးစားသော်လည်း အမှန်တရားတွေဖြစ်နေသည့်အခါ သူခံပြင်းမိသည်။ စကားလုံးတို့ပျောက်ရှကာ ပြန်လည် တုံ့ပြန်နိုင်ခြင်းမရှိခဲ့ပေ။
” ဟာကွာ….” အဆုံးမှာတော့ Vincent တစ်ယောက် ဒေါသတကြီးနဲ့ အဖိုးလိန်း၏တုတ်ကောက်ကို ရိုက်ချကာ ပြန်လှည့်သွားတော့သည်။
Vincent ၏ ရိုက်ချမှုကြောင့် အဖိုးလိန်းသည် လဲကျတော့မလိုဖြစ်သွား၏။ ကံကောင်းစွာနဲ့ပင် အနောက်နားရပ်နေသည့် စန္ဒီသည် လျင်အမြန်ထိန်းပေးထားသည်။ စန္ဒီသည် ကျောခိုင်းထွက်သွားသည့် Vincentကို ကြည့်ရင်း မျက်ရည်များဝဲနေခဲ့သည်။
” သူဘာလို့ အဲ့လောက်ပြောင်းလဲသွားရတာလဲ…” စန္ဒီ၏ အသံသည် အက်ကွဲနေကာ အဆုံးမှုတိုးဝင်သွားသည်။
အဖိုးအိုသည် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် စန္ဒီ၏ မေးခွန်းကိုပြန်ဖြေလာသည်။
” အချစ်လေ…အချစ်နဲ့ အတ္တတွေပေါ့…”
” သူငါ့ကိုချစ်ခဲ့တာမဟုတ်ဘူး။ သူက စည်းစိမ်တွေ အရိုက်အရာတွေကို ပိုင်ဆိုင်ချင်ရုံ…”
” အတိတ်က ကိစ္စတွေပြန်ပြောရင် ပြီးမယ်မထင်ဘူး။ အတိတ်က ကိစ္စထက် ပိုအရေးကြီးတာတွေရှိသေးတယ်။ မင်းသေရွာပြန်တဲ့ကိစ္စကစကြမလား…မင်းရဲ့ကလေးတွေကနေစကြမလား “
ကလေးတွေဟူသည့် စကားကို ကြားသည့်အခါ စန္ဒီမျက်လုံးတို့ဝိုင်းစက်သွားသည်။ သူအခုဘာကြားလိုက်ရတာလဲ။ ကလေးတွေတဲ့လား…တကယ်ပဲ သူ့ကလေးတွေ အသက်ရှင်နေသေးတာလား။
” လိန်း…အခုရှင်ဘာပြောလိုက်တာလဲ။ ကလေး…ကျွန်မကလေးတွေ ရှိသေးတာလား။ သူတို့အသက်ရှင်နေသေးတာလား…”
အဖိုးလိန်းသည် ခေါင်းညင်သာစွာညိတ်၍ ဆက်ပြောသည်။
” အင်း…အငယ်မလေးက မင်းနဲ့အတော်ကို တူတယ်။ မင်းနဲ့တွေ့ဖို့ရာခေါ်သွားပေးမယ်လေ “
” လူစီယန်ရော…သူလည်းရှိတယ်မလား။ ရှိတယ်မလားလို့…ကျွန်မ့သားလေးလည်းရှိတယ်မလားလို့…”
အဖိုးလိန်းသည် ဒီတစ်ခါတော့ ခေါင်းအသာယမ်းသည်။ အဖိုးလိန်း၏ တုန့်ပြန်မှုကြောင့် စန္ဒီသည် ကြမ်းပြင်သို့ခွေခနဲကျသွားကာ မျက်လုံးသေကြီးများဖြင့်စတင်ငိုကြွေးသည်။
” ငါရောက်သွားတော့ ကောင်လေးမရှိတော့ဘူး…အနှီးထုပ်နဲ့ မင်းသမီးက ဝီလ်ရဲ့လက်ထဲမှာ။ အသက်မသေရုံတမယ်လေး လွတ်လာပေမယ့် အရိပ်ဆိုးကြီးကတော့သူမနောက်ကပ်ပါနေတယ်။ သူမအသက် ငါးနှစ်ခုနှစ်အထိ Vampireတွေဆီက ခြိမ်းခြောက်မှုကိုခံနေရတာ။ “
” အခုရော ….အခုရော အဆင်ပြေရဲ့လား…”
” ပြေတယ်လို့ဆိုရမှာပဲ။ ငါသူ့ကို ငယ်ငယ်လေးနဲ့ နိုင်ငံခြားပို့ပြီး အဆတ်အသွယ်ဖြတ်တ်ထားတဲ့အတွက် စိတ်ဒဏ်ရာတွေရှိပေမယ့် သူမကတကယ်ကို သန်မာပါတယ်။ အဲ့တာကလည်း Vincent ကြောင့်ပါ။ Vincent လက်က ကာကွယ်ဖို့ ငါအဲ့တစ်နည်းပဲ စဉ်းစားနိုင်ခဲ့လို့ပါ။ ငါတောင်းပန်ပါတယ်….ငါကောင်းကောင်းမစောင့်ရှောက်နိုင်ခဲ့ဘူး ”
” ဟင့်အင်း မဟုတ်တာ…” စန္ဒီသည် သမီးဖြစ်သူအသက်ရှင်လျက်ရှိနေသေးသည်ဆိုသည့် အသိနဲ့တင် သူကျေနပ်ပါပြီ။ Vincent လက်က လွတ်ခဲ့ရင်ပဲ ကျေနပ်ပါပြီ။ စန္ဒီသည် ဆက်ပြောသည်။
” သမီးနဲ့ သွားတွေ့ကြမလားဟင် “
” အင်း ငါလိုက်ပို့ပေးမယ် “
အဖိုးလိန်းသည် မြေးဖြစ်သူကိုဖုန်းဆက်ကြည့်သည့်အခါ ဆေးရုံမှာဆိုသည့် အဖြေကြောင့် အတော်ကလေးထိတ်လန့်သွားသည်။ အဖိုးလိန်း၏ စိုးရိမ်ပူပန်နေတဲ့ မေးခွန်းတွေကို လိန်းသည် ‘အသိတစ်ယောက်ကို လူနာလာမေးရုံပါ’ဟူ၍ သေချာရှင်းပြသည်။ သို့သော်လည်း အဖိုးလိန်းသည် စိတ်မအေးနိုင်သေးပါ။ ဘယ်ဆေးရုံလဲ လိုက်လာခဲ့မယ်ပြောတော့ လိန်းသည် အသည်းအသန်တားသည်။
” ဒီကိုမလာပါနဲ့ နေကောင်းတာလဲ မဟုတ်ဘဲနဲ့။ လိန်းပဲ အဖိုးဆီလာခဲ့မယ်။ မေးစရာလေးတွေလည်းရှိသေးလို့ “
” ကောင်းပြီ အဖိုးလည်း မြေးကို လူတစ်ယောက်နဲ့ ပေးတွေ့မလို့ “
” ဟုတ်ကဲ့..” လိန်းသည် အဖိုးဖြစ်သူနဲ့ ဖုန်းပြောပြီးသည့်အခါ ဆေးရုံထဲပြန်ဝင်လာသည်။ သို့သော်လည်း တံခါးဘောင်မှီကာ ရပ်စောင့်နေတဲ့ ရော်ဘက်ခ်ကြောင့် ရင်ဘက်ထဲဒိန်းခနဲပင်။
ရော်ဘက်ခ်သည် လိန်း၏ ထိတ်လန့်သွားပုံကိုကြည့်ပြီး ခပ်တိုးတိုးရယ်လာသည်။
” ဘာလို့ ငါ့ကိုအဲ့လောက်လန့်နေရတာလဲ…သရဲတစ္ဆေလည်းမဟုတ်ဘဲ…”
လိန်းသည် ကြောက်လန့်မှုကြောင့် ဘာမှပြန်မဖြေနိုင်ပေ။ ခေါင်းအသာငုံ့ရင်း မကြားချင်ယောင်ဆောင်ကာ ဖြတ်လျှောက်သွားဖို့ရာကြိုးစားသည်။ သို့သော်လည်း သူမ၏ ကြိုးစားမှုသည် အရာမထင်ပေ။ ရော်ဘက်ခ်သည် သူမ၏ လက်ကောက်ဝတ်ကို ဆွဲကာ အကွာအဝေးကို ပြန်လည်နီးကပ်စေလိုက်သည်။
” ငါအမုန်းဆုံးကလေ ငါ့ကို လစ်လျူရှုထားတာပဲ လိန်း….ငါစကားပြောနေတာ မင်းမကြားဘူးလား ဟမ်….” ရော်ဘက်ခ်သည် အော်ငေါက်လိုက်သည့်အခါ လိန်းသည် ကြောက်ရွံ့စွာနဲ့ မျက်ရည်ပင်ဝဲလာတော့သည်။
” ငါ…ငါ..ဘာမှမပြောဘူး…နင်စိတ်မချဘူးဆိုလည်း…ငါ့..ငါ့ကို..သတ်…သတ်လိုက် ” လိန်းသည် အတုန်တုန်အရင်ရင်နဲ့ တိုးညင်းစွာပြောသည်။
လိန်းစကားကြောင့် ရော်ဘက်ခ်သည် စိတ်တိုသွားပုံရသည်။ ပိုမိုခတ်ထန်လာကာ လက်ကောက်ဝတ်ကိုလည်း ပိုမိုတင်းကြပ်စွာဆုပ်ကိုင်လာသည်။ ထို့နောက် အေးစက်စွာနဲ့ လိန်းကို သတိပေးလာသည်။
” အဲ့အခန်းထဲက မင်းဘာသာလွတ်လာတယ်ထင်လို့လား ဟမ်…ငါသာ အခွင့်အရေးမပေးခဲ့ရင် မင်းမလွတ်နိုင်ဘူးဆိုတာသိထားပေး။ ပြေးစမ်းပါ…အကြောက်တရားတွေနဲ့ ဝေးဝေးပြေးစမ်းပါ လိန်းရာ။ ငါက စိန်ပြေးတမ်းဆော့ရတာကြိုက်တယ်။ “
‘ဖြန်း’
လိန်းသည် သူမကိုယ်တောင်သတိမထားမိပါဘဲ ကြောက်လန့်မှုကြောင့် ရော်ဘက်ခ်ကို ရိုက်ချမိလိုက်သည်။ ရော်ဘက်ခ်သည် စပ်ဖျင်းသွားသည့်ပါးကို အသာကိုင်ရင်း မယုံကြည်နိုင်သည့်အကြည့်ဖြင့် လိန်းကိုကြည့်ပြီး ဟက်ခနဲလှောင်ရယ်လာပြန်သည်။
” ငါ..ငါ..မရည်ရွယ်ပါဘူး…” လိန်းသည် သူမလက်ကိုသူမပြန်ကိုင်ထားရင်း ပိုလို့ပင်ကြောက်ရွံ့လာသည်။ သူမတော့သွားပြီ။ ပျားအုံကိုမှ တုတ်နဲ့သွားထိုးမိပြီ…။
” ဘယ်လောက်တောင်ရဲတင်းလွန်းရတာလဲ…ငါ့နေရာမှာ အခြားသူဆို မင်းအလောင်းတောင်ကောက်ရမှာမဟုတ်ဘူး ” ရော်ဘက်ခ်သည် ထိုသို့သာ ခပ်တိုးတိုးဆို၍ အရင်ထွက်သွားတော့သည်။ သူရှေ့လျှောက် ဒီကောင်မလေးကို ဘယ်လိုရင်ဆိုင်ရမှာတဲ့လဲ။ ဆိုးဝါးလိုက်တာ…။
__________
Zawkyi
” ခန…” Vincent သည္ ထိုလူအား လွမ္းတားလိုက္သည္။ ထိုလူသည္ ေနာက္သို႔ျပန္လွည့္ၾကည့္လာသည္။ ထိုလူ၏ စိမ္းျပာျပာမ်က္ဝန္းေတြႏွင့္ ေ႐ႊအိုေရာင္ဆံပင္ေတြကို သူရင္းႏွီးေနသည္။ ထို႔ေနာက္ သူစကားဆက္ေျပာသည္။
” ငါတို႔ တစ္ေနရာရာမွာ ေတြ႕ဖူးသလား…”
” ဝီလ္မင္းလူမွားေနၿပီထင္တယ္…ငါတို႔တစ္ခါမွ မေတြ႕ဖူးဘူး ” လူစိမ္းသည္ ေဖာ္ေ႐ႊစြာ ျပန္ေျဖၿပီးေနာက္ ေက်ာခိုင္းကာ ထြက္သြားသည္။
ျပန္ေျဖလာသည့္ လူစိမ္း၏ စကားသံသည္ Vincent နားထဲ မိုးႀကိဳးသြားပမာပင္။ ထိုနာမည္ကို သူမၾကားရသည္မွာ ဆယ္စုႏွစ္ႏွစ္ခုစာေလာက္ရွိၿပီျဖစ္သည္။ လူတိုင္းသည္ သူ႕ကို Vincent Rovia ဟုသာ သိၾကသည္။ သူ၏ နာမည္အျပည့္အစုံျဖစ္သည့္ Vincent William Rovia ကိုမူ သိပ္မသိၾကေပ။
” မင္းဘယ္သူလဲ ” Vincent သည္ အသိကပ္ကပ္ခ်င္း ထိုလူစိမ္းကို ဖမ္းဆြဲလိုက္ေသာ္လည္း သူအေနနဲ႕ ေလကိုသာ ဖမ္းမိလိုက္သည္။ ရွင္းလင္းေနသည့္ လမ္းမထက္ လူႏွင့္တူသည့္ အရိပ္အေရာင္တစ္ခုေလးမွ် မရွိေတာ့ေပ။ ေန႕ခင္းေၾကာင္ေတာင္ႀကီး သူသရဲတေစၦျမင္လိုက္ရသလိုပင္။
Vincent သည္ ေလကိုသာ ဖမ္းဆုပ္မိသည့္ သူ႕လက္ကိုသူျပန္ၾကည့္မိသည္။ အရာအားလုံးသည္ သူ႕အတြက္ေတာင္မွပဲ လွ်ပ္တျပတ္ဆန္ကာျမန္ဆန္လြန္းသည္။ ႐ုတ္တရတ္ရလိုက္တဲ့ ႏွင္းဆီနံ႕ခပ္သင္းသင္းက စႏၵီသုံးေနၾက ေရေမႊး၏အနံ႕ကေလးပင္။
” ဝီလ္…မေတြ႕တာၾကာၿပီေနာ္…” ရင္းႏွီးတဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အသံေၾကာင့္ Vincent သည္ အေနာက္ကိုခ်ာခနဲလွည့္ၾကည့္မိသည္။
မ်က္ဝန္းစိမ္းစိမ္းေတြနဲ႕ ဆံႏြယ္ေကာက္ေကာက္နီနီေတြရဲ႕ပိုင္ရွင္ဟာ အတိတ္တုန္းက သူသိခဲ့သည့္ စႏၵီမွ စႏၵီပင္။ ဆံႏြယ္နီနီတို႔သည္ ေလအေဝ့တြင္ ကလူျမဴးကခုန္ေနၾကသည္။
စႏၵီသည္ အတိတ္ကေန႕ရက္ေတြလို လွပေနတုန္းပင္။ သို႔ေသာ္လည္း အရင္ကလိုေတာက္ပစြာၿပဳံးေနျခင္းမရွိေတာ့ဘဲ ခပ္ေဖ်ာ့ေဖ်ာ့သာၿပဳံးသည္။ သူမ၏အၿပဳံးသည္ ျမင္ရသူအဖို႔ သူမဘယ္ေလာက္နာက်င္ေနလဲဆိုတာ ခံစားမိေစနိုင္သည္။
” စႏၵီ…တကယ္ပဲမင္းလား…” Vincent သူ႕မ်က္လုံးကိုပင္ သူမယုံၾကည္နိုင္ေခ်။ အတိတ္တုန္းက သူ႕လက္နဲ႕ သူကိုယ္တိုင္သတ္မိခဲ့တဲ့ စႏၵီသည္ ယခုအခါ သူေရွ႕၌ အေကာင္းတိုင္းရပ္ေနသည္။
” နင္…နင္ ေနာင္တမရဘူးလား….ငါ့ကိုသတ္ခဲ့တဲ့အတြက္..ငါ့ကိုသတ္ၿပီး အရိုက္အရာဆတ္ခံလိုက္ရတဲ့အတြက္ ေနာင္တမရဘူးလား ” စႏၵီ၏ အသံသည္ အလြန္ကို ေၾကကြဲေနဟန္ရွိသည္။ သူမစိတ္တိုတာထက္ စိတ္ပ်က္မိသည္။ Vincent ၏ လုပ္ရပ္တို႔ကို မယုံၾကည္နိုင္ေပ။ Vincent သည္ သူမကိုခ်စ္လို႔ဆိုတဲ့ေခါင္းစဥ္ေအာက္မွာ သူမကိုသတ္ခဲ့သည္။ သူမ၏ခင္ပြန္းႏွင့္ ကေလးေတြကိုသတ္ခဲ့သည္။ ဘယ္ေလာက္ေတာင္ဆိုးဝါးလိုက္သလဲ။
” ငါေတာင္းပန္ပါတယ္…” Vincent သည္ စႏၵီအား ေပြ႕ဖတ္ရန္ေရွ႕သို႔တိုးသြားေသာ္လည္း စႏၵီသည္ သူ႕ကို႐ြံရွာဖြယ္ၾကည့္၍ ေနာက္သို႔ေရွာင္ဖယ္သြားသည္။
” ေတာ္စမ္းပါ…ေသြးေအးရက္စက္လွပါတယ္ဆိုတဲ့ အရင္ေခါင္းေဆာင္ကေတာင္ နင့္လိုေအာက္တန္းမက်ဘဴး “
စႏၵီသည္ သူ႕ကို ခတ္ထန္စြာျမင္သည့္အခါ Vincent၏ အေတြးတို႔ေျပာင္းလဲသြားသည္။ စႏၵီဟာ ေသသြားခဲ့ၿပီပဲ ျပန္ရွင္လာနိုင္စရာ အေၾကာင္းမွမရွိဘဲ။ ဒါေတြက အလိမ္အညာေတြ…ဟုတ္တယ္ အလိမ္အညာေတြ…။
” မင္း…မင္း…စႏၵီမဟုတ္ဘူး…စႏၵီက ေသသြားခဲ့ၿပီ။ မင္းညာေနတာ…”
” ဟုတ္တယ္…ငါညာေနတာဆိုရင္ေရာ နင္ကဘာလုပ္နိုင္မွာမလို႔လဲ အၿမဲတမ္းငါ့အရိပ္ထဲမွာပဲေနေနတဲ့ မ်ိဳးမစစ္ကမ်ား…” စႏၵီေျပာလိုက္သည့္စကားတို႔သည္ Vincentကို လုံးဝ႐ူးသြပ္ေစဖို႔ရာ လုံးေလာက္ပါသည္။
စင္စစ္ Vincent William ဆိုသူသည္ ပင္မမိသားစုနဲ႕အေဝးႀကီးေဝးတဲ့ မ်ိဳးရိုးထဲကပင္။ သို႔ေပမယ့္ စႏၵီ၏ သူငယ္ခ်င္းဆိုသည့္ ဂုဏ္ေၾကာင့္ ပင္မမိသားစုထဲအဝင္အထြက္ရွိလာသည္။ မိသားစုထဲဝယ္ စႏၵီၿပီးလွ်င္ သူက အလားအလာအရွိဆုံးပင္။ ဒီလိုအေျခအေနေတြက အစျပဳလို႔ စႏၵီေသဆုံးသြားသည့္ေနာက္မွာ အရိုက္အရာသည္ သူ႕လက္ထဲသို႔ ေရာက္ရွိလာသည္။
ထိုအေၾကာင္းေတြကို သိတဲ့လူအားလုံးသည္ မေတာ္တဆမႈမ်ားစြာႏွင့္ မရဏလမ္းသို႔ ေလွ်ာက္လွမ္းကုန္ၾကၿပီျဖစ္သည္။ မရဏလမ္းမွ ျပန္လာသည့္ စႏၵီကေတာ့ ခြၽင္းခ်က္ျဖစ္ေပမည္။
” မင္းပါးစပ္ကိုပိတ္ထား! “
” ငါကေရာ နင္နဲ႕ ေျပာခ်င္လြန္းလို႔ထင္ေနလား…နင့္မ်က္ႏွာျမင္ရင္ ငါ့ခင္ပြန္းနဲ႕ ကေလးေတြအတြက္ အားနာလြန္းလို႔။ ငါနင့္ကို ျပန္သတ္မွာ…မဟုတ္ဘူး အဲ့တာကေအးခ်မ္းေနဦးမယ္ နင့္ကိုငရဲအေရာက္ပို႔မွာ…”
” မင္းလိုအတုအေယာင္ကမ်ား…” Vincent သည္ စႏၵီအား ရိုက္ဖို႔လက္႐ြယ္လိုက္ေသာ္လည္း အဖိုးအိုတစ္ေယာက္၏ ေဒါသနဲ႕ေအာ္ေငါက္သံေၾကာင့္ လက္တြန့္သြားသည္။
” ဝီလ္…မင္းလြန္လာၿပီေနာ္ ေတာ္လိုက္ေတာ့ ”
အဖိုးအိုတစ္ေယာက္သည္ တုတ္ေကာက္တစ္ေခ်ာင္းကို အမွီျပဳလ်က္ သူတို႔ဆီကို ေလွ်ာက္လာေနသည္။ ထို႔ေနာက္အဖိုးအိုသည္ ဆက္ေျပာသည္။
” အသိတရားေလးဘာေလးရစမ္းပါ…မွန္းစမ္း မင္းအသက္ငါးရာေလာက္ေတာ့ရွိေရာေပါ့ အခုထိ အသိတရားမရနိုင္ေသးဘူးလား..ဟမ္…”
” အဖိုးႀကီးလိန္း…ခင္မ်ားပါးစပ္ပိတ္ထားစမ္းပါ “
” ပိတ္ထားစရာလားကြ…ဒါငါ့အိမ္ ငါ့ၿခံ။ မင္းကငါ့ၿခံထဲလာၿပီး ငါ့သူငယ္ခ်င္းကို ရိုက္ႏွတ္ဖို႔လုပ္ေနတာ ငါကရပ္ၾကည့္ေနရမွာလား “
” ဟ…ငါကလည္း မင္းသူငယ္ခ်င္းပါကြ ” Vincent သည္ ေဒါသထြက္စြာနဲ႕ အဖိုးလိန္းကို ျပန္ေအာ္သည္။
” မဟုတ္ဘူး။ မင္းရဲ႕ ေအးခဲေနတဲ့ႏွလုံးသားက မည္းညစ္သြားတဲ့အခ်ိန္ကစလို႔ ငါတို႔သူငယ္ခ်င္းေတြကို သတ္ဖို႔ႀကိဳးစားခဲ့တဲ့အခ်ိန္ကစလို႔ ငါတို႔ကသူငယ္ခ်င္းမဟုတ္ေတာ့ဘူး။ ဘာလဲ…အခုလဲ ငါ့ကိုသတ္ဖို႔လာတာလား…” အဖိုးလိန္းသည္ Vincent၏ ေအးခဲမည္းညစ္ေနသည့္ ႏွလုံးသားေနရာ ရင္ဘက္ကို တုတ္ေကာက္ျဖင့္ ေထာက္ေထာက္ျပကာ စကားတစ္လုံးခ်င္းစီဆိုလာသည္။
Vincent သည္ ျငင္းဆန္ဖို႔ ႀကိဳးစားေသာ္လည္း အမွန္တရားေတြျဖစ္ေနသည့္အခါ သူခံျပင္းမိသည္။ စကားလုံးတို႔ေပ်ာက္ရွကာ ျပန္လည္ တုံ႕ျပန္နိုင္ျခင္းမရွိခဲ့ေပ။
” ဟာကြာ….” အဆုံးမွာေတာ့ Vincent တစ္ေယာက္ ေဒါသတႀကီးနဲ႕ အဖိုးလိန္း၏တုတ္ေကာက္ကို ရိုက္ခ်ကာ ျပန္လွည့္သြားေတာ့သည္။
Vincent ၏ ရိုက္ခ်မႈေၾကာင့္ အဖိုးလိန္းသည္ လဲက်ေတာ့မလိုျဖစ္သြား၏။ ကံေကာင္းစြာနဲ႕ပင္ အေနာက္နားရပ္ေနသည့္ စႏၵီသည္ လ်င္အျမန္ထိန္းေပးထားသည္။ စႏၵီသည္ ေက်ာခိုင္းထြက္သြားသည့္ Vincentကို ၾကည့္ရင္း မ်က္ရည္မ်ားဝဲေနခဲ့သည္။
” သူဘာလို႔ အဲ့ေလာက္ေျပာင္းလဲသြားရတာလဲ…” စႏၵီ၏ အသံသည္ အက္ကြဲေနကာ အဆုံးမႈတိုးဝင္သြားသည္။
အဖိုးအိုသည္ သက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီးေနာက္ စႏၵီ၏ ေမးခြန္းကိုျပန္ေျဖလာသည္။
” အခ်စ္ေလ…အခ်စ္နဲ႕ အတၱေတြေပါ့…”
” သူငါ့ကိုခ်စ္ခဲ့တာမဟုတ္ဘူး။ သူက စည္းစိမ္ေတြ အရိုက္အရာေတြကို ပိုင္ဆိုင္ခ်င္႐ုံ…”
” အတိတ္က ကိစၥေတြျပန္ေျပာရင္ ၿပီးမယ္မထင္ဘူး။ အတိတ္က ကိစၥထက္ ပိုအေရးႀကီးတာေတြရွိေသးတယ္။ မင္းေသ႐ြာျပန္တဲ့ကိစၥကစၾကမလား…မင္းရဲ႕ကေလးေတြကေနစၾကမလား “
ကေလးေတြဟူသည့္ စကားကို ၾကားသည့္အခါ စႏၵီမ်က္လုံးတို႔ဝိုင္းစက္သြားသည္။ သူအခုဘာၾကားလိုက္ရတာလဲ။ ကေလးေတြတဲ့လား…တကယ္ပဲ သူ႕ကေလးေတြ အသက္ရွင္ေနေသးတာလား။
” လိန္း…အခုရွင္ဘာေျပာလိုက္တာလဲ။ ကေလး…ကြၽန္မကေလးေတြ ရွိေသးတာလား။ သူတို႔အသက္ရွင္ေနေသးတာလား…”
အဖိုးလိန္းသည္ ေခါင္းညင္သာစြာညိတ္၍ ဆက္ေျပာသည္။
” အင္း…အငယ္မေလးက မင္းနဲ႕အေတာ္ကို တူတယ္။ မင္းနဲ႕ေတြ႕ဖို႔ရာေခၚသြားေပးမယ္ေလ “
” လူစီယန္ေရာ…သူလည္းရွိတယ္မလား။ ရွိတယ္မလားလို႔…ကြၽန္မ့သားေလးလည္းရွိတယ္မလားလို႔…”
အဖိုးလိန္းသည္ ဒီတစ္ခါေတာ့ ေခါင္းအသာယမ္းသည္။ အဖိုးလိန္း၏ တုန့္ျပန္မႈေၾကာင့္ စႏၵီသည္ ၾကမ္းျပင္သို႔ေခြခနဲက်သြားကာ မ်က္လုံးေသႀကီးမ်ားျဖင့္စတင္ငိုေႂကြးသည္။
” ငါေရာက္သြားေတာ့ ေကာင္ေလးမရွိေတာ့ဘူး…အႏွီးထုပ္နဲ႕ မင္းသမီးက ဝီလ္ရဲ႕လက္ထဲမွာ။ အသက္မေသ႐ုံတမယ္ေလး လြတ္လာေပမယ့္ အရိပ္ဆိုးႀကီးကေတာ့သူမေနာက္ကပ္ပါေနတယ္။ သူမအသက္ ငါးႏွစ္ခုႏွစ္အထိ Vampireေတြဆီက ၿခိမ္းေျခာက္မႈကိုခံေနရတာ။ “
” အခုေရာ ….အခုေရာ အဆင္ေျပရဲ႕လား…”
” ေျပတယ္လို႔ဆိုရမွာပဲ။ ငါသူ႕ကို ငယ္ငယ္ေလးနဲ႕ နိုင္ငံျခားပို႔ၿပီး အဆတ္အသြယ္ျဖတ္တ္ထားတဲ့အတြက္ စိတ္ဒဏ္ရာေတြရွိေပမယ့္ သူမကတကယ္ကို သန္မာပါတယ္။ အဲ့တာကလည္း Vincent ေၾကာင့္ပါ။ Vincent လက္က ကာကြယ္ဖို႔ ငါအဲ့တစ္နည္းပဲ စဥ္းစားနိုင္ခဲ့လို႔ပါ။ ငါေတာင္းပန္ပါတယ္….ငါေကာင္းေကာင္းမေစာင့္ေရွာက္နိုင္ခဲ့ဘူး ”
” ဟင့္အင္း မဟုတ္တာ…” စႏၵီသည္ သမီးျဖစ္သူအသက္ရွင္လ်က္ရွိေနေသးသည္ဆိုသည့္ အသိနဲ႕တင္ သူေက်နပ္ပါၿပီ။ Vincent လက္က လြတ္ခဲ့ရင္ပဲ ေက်နပ္ပါၿပီ။ စႏၵီသည္ ဆက္ေျပာသည္။
” သမီးနဲ႕ သြားေတြ႕ၾကမလားဟင္ “
” အင္း ငါလိုက္ပို႔ေပးမယ္ “
အဖိုးလိန္းသည္ ေျမးျဖစ္သူကိုဖုန္းဆက္ၾကည့္သည့္အခါ ေဆး႐ုံမွာဆိုသည့္ အေျဖေၾကာင့္ အေတာ္ကေလးထိတ္လန့္သြားသည္။ အဖိုးလိန္း၏ စိုးရိမ္ပူပန္ေနတဲ့ ေမးခြန္းေတြကို လိန္းသည္ ‘အသိတစ္ေယာက္ကို လူနာလာေမး႐ုံပါ’ဟူ၍ ေသခ်ာရွင္းျပသည္။ သို႔ေသာ္လည္း အဖိုးလိန္းသည္ စိတ္မေအးနိုင္ေသးပါ။ ဘယ္ေဆး႐ုံလဲ လိုက္လာခဲ့မယ္ေျပာေတာ့ လိန္းသည္ အသည္းအသန္တားသည္။
” ဒီကိုမလာပါနဲ႕ ေနေကာင္းတာလဲ မဟုတ္ဘဲနဲ႕။ လိန္းပဲ အဖိုးဆီလာခဲ့မယ္။ ေမးစရာေလးေတြလည္းရွိေသးလို႔ “
” ေကာင္းၿပီ အဖိုးလည္း ေျမးကို လူတစ္ေယာက္နဲ႕ ေပးေတြ႕မလို႔ “
” ဟုတ္ကဲ့..” လိန္းသည္ အဖိုးျဖစ္သူနဲ႕ ဖုန္းေျပာၿပီးသည့္အခါ ေဆး႐ုံထဲျပန္ဝင္လာသည္။ သို႔ေသာ္လည္း တံခါးေဘာင္မွီကာ ရပ္ေစာင့္ေနတဲ့ ေရာ္ဘက္ခ္ေၾကာင့္ ရင္ဘက္ထဲဒိန္းခနဲပင္။
ေရာ္ဘက္ခ္သည္ လိန္း၏ ထိတ္လန့္သြားပုံကိုၾကည့္ၿပီး ခပ္တိုးတိုးရယ္လာသည္။
” ဘာလို႔ ငါ့ကိုအဲ့ေလာက္လန့္ေနရတာလဲ…သရဲတေစၦလည္းမဟုတ္ဘဲ…”
လိန္းသည္ ေၾကာက္လန့္မႈေၾကာင့္ ဘာမွျပန္မေျဖနိုင္ေပ။ ေခါင္းအသာငုံ႕ရင္း မၾကားခ်င္ေယာင္ေဆာင္ကာ ျဖတ္ေလွ်ာက္သြားဖို႔ရာႀကိဳးစားသည္။ သို႔ေသာ္လည္း သူမ၏ ႀကိဳးစားမႈသည္ အရာမထင္ေပ။ ေရာ္ဘက္ခ္သည္ သူမ၏ လက္ေကာက္ဝတ္ကို ဆြဲကာ အကြာအေဝးကို ျပန္လည္နီးကပ္ေစလိုက္သည္။
” ငါအမုန္းဆုံးကေလ ငါ့ကို လစ္လ်ဴရႈထားတာပဲ လိန္း….ငါစကားေျပာေနတာ မင္းမၾကားဘူးလား ဟမ္….” ေရာ္ဘက္ခ္သည္ ေအာ္ေငါက္လိုက္သည့္အခါ လိန္းသည္ ေၾကာက္႐ြံ႕စြာနဲ႕ မ်က္ရည္ပင္ဝဲလာေတာ့သည္။
” ငါ…ငါ..ဘာမွမေျပာဘူး…နင္စိတ္မခ်ဘဴးဆိုလည္း…ငါ့..ငါ့ကို..သတ္…သတ္လိုက္ ” လိန္းသည္ အတုန္တုန္အရင္ရင္နဲ႕ တိုးညင္းစြာေျပာသည္။
လိန္းစကားေၾကာင့္ ေရာ္ဘက္ခ္သည္ စိတ္တိုသြားပုံရသည္။ ပိုမိုခတ္ထန္လာကာ လက္ေကာက္ဝတ္ကိုလည္း ပိုမိုတင္းၾကပ္စြာဆုပ္ကိုင္လာသည္။ ထို႔ေနာက္ ေအးစက္စြာနဲ႕ လိန္းကို သတိေပးလာသည္။
” အဲ့အခန္းထဲက မင္းဘာသာလြတ္လာတယ္ထင္လို႔လား ဟမ္…ငါသာ အခြင့္အေရးမေပးခဲ့ရင္ မင္းမလြတ္နိုင္ဘူးဆိုတာသိထားေပး။ ေျပးစမ္းပါ…အေၾကာက္တရားေတြနဲ႕ ေဝးေဝးေျပးစမ္းပါ လိန္းရာ။ ငါက စိန္ေျပးတမ္းေဆာ့ရတာႀကိဳက္တယ္။ “
‘ျဖန္း’
လိန္းသည္ သူမကိုယ္ေတာင္သတိမထားမိပါဘဲ ေၾကာက္လန့္မႈေၾကာင့္ ေရာ္ဘက္ခ္ကို ရိုက္ခ်မိလိုက္သည္။ ေရာ္ဘက္ခ္သည္ စပ္ဖ်င္းသြားသည့္ပါးကို အသာကိုင္ရင္း မယုံၾကည္နိုင္သည့္အၾကည့္ျဖင့္ လိန္းကိုၾကည့္ၿပီး ဟက္ခနဲေလွာင္ရယ္လာျပန္သည္။
” ငါ..ငါ..မရည္႐ြယ္ပါဘူး…” လိန္းသည္ သူမလက္ကိုသူမျပန္ကိုင္ထားရင္း ပိုလို႔ပင္ေၾကာက္႐ြံ႕လာသည္။ သူမေတာ့သြားၿပီ။ ပ်ားအုံကိုမွ တုတ္နဲ႕သြားထိုးမိၿပီ…။
” ဘယ္ေလာက္ေတာင္ရဲတင္းလြန္းရတာလဲ…ငါ့ေနရာမွာ အျခားသူဆို မင္းအေလာင္းေတာင္ေကာက္ရမွာမဟုတ္ဘူး ” ေရာ္ဘက္ခ္သည္ ထိုသို႔သာ ခပ္တိုးတိုးဆို၍ အရင္ထြက္သြားေတာ့သည္။ သူေရွ႕ေလွ်ာက္ ဒီေကာင္မေလးကို ဘယ္လိုရင္ဆိုင္ရမွာတဲ့လဲ။ ဆိုးဝါးလိုက္တာ…။
___________
Comments for chapter "Chapter 19"