Chapter 20

Unicode

လိန်းသည် စိတ်ထဲမသတ်မသာခံစားနေရသည်။ လူသတ်သမားက ဘာလို့သူမကိုအလွတ်ပေးထားလဲဆိုတာ သူမနားမလည်နိုင်ပေ။ သူမဆေးရုံခန်းထဲပြန်ဝင်လာကာ ပြန်တော့မည်ဖြစ်ကြောင်း ထယ်ယောင်းကိုနှုတ်ဆတ်လိုက်သည်။ ထို့နောက် ရော်ဘက်ခ်နှင့်မတိုးနိုင်အောင် ခပ်သွက်သွက်ထွက်သွားတော့သည်။

” ရန်ဖြစ်ထားတာလား လိန်းနဲ့…” ထယ်ယောင်းသည် အခန်းထောင့်မှာထိုင်ကာ စာအုပ်ဖတ်နေသည့် ဂျောင်ကုထံချောင်းကြည့်ကာမေးလာသည်။

” ဟင့်အင်း ” ဂျောင်ကုသည် အေးအေးလူလူပင်ပြန်ဖြေသည်။

ထယ်ယောင်း ဂျောင်ကုအား နောက်တစ်ခေါက်ထပ်ချောင်းကြည့်မိသည်။ ဂျောင်ကုသည် ရွှေရောင်ကိုင်းနဲ့ မျက်မှန်တစ်လတ်တပ်ကာ စာကိုအာရုံစိုက်စွာ ဖတ်နေသည်။ ဘောင်းဘီအမည်း ရှပ်အင်္ကျီအမည်း ကုတ်အင်္ကျီအမည်း ဝတ်ထားတာမလို့ အရင်လို အရိပ်တွေမမြင်ရတော့ပေ။

” ဟမ့် သောက်အဓိပ္ပာယ်မရှိလိုက်တာ ” ထယ်ယောင်း တစ်ယောက်တည်းတီးတိုးရေရွတ်မိသည်။

” မင်းကဘာလဲ ”

ရုတ်တရတ်ထမေးလာတဲ့ ဂျောင်ကု၏ မေးခွန်းကြောင့် ထယ်ယောင်းတစ်ယောက်ကျောတောင့်သွားသည်။ ဂျောင်ကုကို နားမလည်စွာ ပြန်ကြည့်မိသည့်အခါ ဂျောင်ကုသည် ဓားတစ်လတ်လို စူးရှသည့်အကြည့်တို့ဖြင့်သူ့ကို ပြန်ကြည့်နေခဲ့သည်။ သူစိတ်ကသိကအောက်ဖြစ်စွာနဲ့ပင် ခေါင်းပြန်ငုံ့လိုက်သည်။

ဂျောင်ကုကဆက်မေးသည်။

” စုန်းလား အပနှင်သူလား Mediumလား ဟမ်…ငယ်ငယ်တုန်းကကျတော့ Medium တစ်ယောက်လို ပြုမူနေခဲ့ပြီး၊ အရင်တစ်ခေါက်တွေ့တုန်းကဆို အပနှင်သူလိုပြုမူနေတယ်။ အခုကျ…အခုကျ ဟိုစုန်းပေါက်စမလေးနဲ့ပေါင်းပြီး စုန်းတစ်ယောက်လို ပြုမူနေပြန်တယ်။ ထယ်…တကယ်ပဲ မင်းကဘာလဲ…”

ထယ်ယောင်းသည် ခေါင်းငုံ့ထာသရင်းနဲ့ပင် တစ်ချက်လှောင်ရယ်လာသည်။ ဂျောင်ကုမေးခွန်းအတွက်သူ့မှာ အဖြေမရှိပေ။ ဘယ်လိုအကြောင်းအရာတွေက သူကိုဒီလိုဖြစ်အောင်တွန်းပို့ခဲ့ကြတာလဲ။ ဖြစ်ပျက်ခဲ့သမျှသည် မြူဆိုင်းနေသည့်မှတ်ဉာဏ်တို့ဖြင့် မနေ့တနေ့ကလိုပင်။

” မှတ်ဉာဏ်တွေရောထွေးနေတယ်။ ထိခိုက်မခံတဲ့စိတ်ကလေးကလည်း အမာရွတ်တွေများစွာနဲ့ နေမကောင်းဖြစ်နေတယ်…တစ်ခါတစ်လေ အရူးကြီးတစ်ယောက်လိုပဲ။ ငယ်ငယ်ကတည်းက စိတ်ကျန်းမာရေးဆရာဝန်နဲ့အမြဲပြခဲ့ရတယ်။  အခုထိလည်း ရော်ဘက်ခ်နဲ့ ပြနေရတုန်းပဲ။ မင်းသိလား…မင်းရဲ့စကားတစ်ခွန်းကြောင့် လူသုံးယောက်လုံးရဲ့ ဘဝတွေအလွဲလွဲအမှားမှားဖြစ်ကုန်တာ။ ဒါတောင်မှ အခုထိငါ့ကို အလွတ်မပေးနိုင်သေးဘူးလား ဟမ်!…အဲ့လောက်ထိတောင်ပဲလား ဒီအတိုင်းလေး လွှတ်ပေးလိုက်ပါတော့လား…”

ထယ်ယောင်း၏ မျက်ရည်များသည် မကျပါနဲ့ဟူ၍ တားဆီးနေသည့်ကြားက နာခံမှုမရှိပါဘဲ ကျဆင်းလာသည်။ ထယ်ယောင်းသည် မျက်ရည်တို့ကို ခပ်ကြမ်းကြမ်းဖိသုတ်လိုက်ပြီး ဆက်ပြောသည်။

” ငါ့နားကထွက်သွား…မင်းက မကောင်းဆိုးဝါးဝိဉာဉ်တစ်ခုပဲ။ သန့်စင်သော သဘာဝတရားကြီး၏ စွမ်းအင်ကိုအငှားပြုလို့ မင်းကို အမိန့်ပေးတယ် ငါ့…ငါ့..အနားက..ထွက်သွား…”

ထယ်ယောင်း အခြားသောဝိညာဉ်တွေအမိန့်ပေးသကဲ့သို့ ပြောလိုက်သော်လည်း သူကိုယ်တိုင်က အပြိုပြိုအလဲလဲပင်။ ‘ထွက်သွား’ဟူသည့် စကားလေးတစ်လုံးပြောဖို့အရေး ခတ်ခဲလွန်းလှသည်။ အသက်ရှုတွေအောင့်သည်အထိ ရင်ဘက်ထဲက တင်းကြပ်လွန်းနေသည်။ ထယ်ယောင်း မျက်ရည်များကြားကပင် ထပ်အော်သည်။

” ထွက်…သွားလို့…ထွက်သွား…”

အဆုံးမှာတော့ မကောင်းဆိုးဝါးဝိညာဉ်သည် ဘယ်လိုမှမနေဘဲ သူသာ ကျရှုံးလေသည်။ ကုတင်ပေါ်လှဲချလိုက်ကာ တစ်ဖတ်သို့လှည့်၍ ငိုနေတော့သည်။ အတိတ်ကမှတ်ဉာဏ်တို့သည် သူအားနှိပ်စက်လွန်းနေသည်။ ဘယ်အရာတွေက မှားယွင်းနေတာလဲ။ ဘာလို့အစစ်အမှန်မဟုတ်ဘူးလို့ ခံစားနေတာလဲ။

ဂျောင်ကုသည် ဖတ်လတ်စစာအုပ်ကို အသာချကာ ထယ်ယောင်းဆီထလာတော့သည်။ ထို့နောက် ပျော့ပျောင်းနွေးထွေးတဲ့ လေသံလေးနဲ့ ထယ်ယောင်းကိုချော့သည်။

” ခွေးရူးလေး…ဘာလို့အဲ့လောက်တောင် အငိုသန်နေရတာလဲ ကလေးလား…”

” မခေါ်နဲ့ အဲ့နာမည်ကို…မကြားချင်ဘူး ” ထယ်ယောင်းသည် ပတ်ခနဲပြန်အောင်ပြီး နားကို ခေါင်းအုံးဖြင့်ဖိထားလိုက်သည်။

” မင်းဒီလိုလုပ်နေလို့လဲ ဘာမှမထူးဘူး မင်းပဲနာကျင်ရလိမ့်မယ် “

” မပြောနဲ့လို့!!! ”

” ဒါပေမယ့် ဒါကအမှန်တရားပဲလေ မင်းလက်ခံရမယ်…လက်ခံနိုင်အောင် ကြိုးစားရမယ် “

” မဟုတ်ဘူး! ဒါတွေကအမှန်မဟုတ်ဘူး…ငါသိနေတယ်။ မင်းလည်းအမှန်မဟုတ်ဘူး။ လိန်းလည်းအမှန်မဟုတ်ဘူး။ ရော်ဘက်ခ်ရော…မွေးစားမိဘတွေ…ဒီလောကကြီးက အမှန်မဟုတ်ဘူးလို့! “

” ကင်မ်ထယ်ယောင်း! မင်းအခုဘာပြောလိုက်တာလဲ!!! ” ဂျောင်ကုသည် ထယ်ယောင်းခေါင်းပေါ်က ခေါင်းအုံးအား ဒေါသတကြီး ဆွဲဖယ်လိုက်ပြီးနောက် စိန်းစိန်းဝါးဝါးကြည့်လာသည်။ အဘယ်ကြောင့်ဆိုသော် ထယ်ယောင်း၏ ငြင်းဆိုမှုတို့သည် ဂျောင်ကုအား ဒေါသထွက်စေသလို ထိတ်လန့်ခြင်းကိုပါဖြစ်ပေါ်သောကြောင့်ပင်။

ဂျောင်ကုသည် ထပ်မံအတည်ပြုလိုက်သည်။

” မင်းအခုဘာပြောလိုက်တာလဲ…ဘာကအစစ်အမှန်မဟုတ်တာလဲ…”

ထယ်ယောင်းသည် သူ့ကိုသူသတိမထားမိဘဲ ပြောလိုက်မိသောကြောင့် ဘာအကြောင်းပြောမိမှန်းမသိတော့ပေ။

” ငါမေးနေတယ်လေ!!! ” ဂျောင်ကုသည် ထယ်ယောင်းပုခုံးကိုကိုင်ဆောင့်လာသည်။

ထယ်ယောင်းကြောက်ရွံ့သွားသည်။ ရုတ်တရတ်ခေါင်းထဲမှတ်ဉာဏ်အပိုင်းအစတစ်ခုသည်လည်း ဖျတ်ခနဲပေါ်လာပြန်သည်။ ဂျောင်ကုနှင့်အလွန်တူလွန်းသည့်လူကြီးတစ်ယောက်သည် သူ့ပုခုံးကို ကိုင်လှုပ်ကာ ‘ငါမေးနေတယ်လေ’လို့ အော်ငေါက်နေခြင်းပင်။

” ငါမေးနေတယ်လေ…ဘာလို့အဲ့လိုလုပ်တာလဲလို့…”

” သား..သားလုပ်တာမှမဟုတ်တာ…”

” ထယ်ယောင်း! ဒါလူသတ်မှုနော်…လူသတ်မှု “

” သားမဟုတ်ဘူးလို့…အဲ့တာသူလုပ်တာ…” ကလေးငယ်ထယ်ယောင်းသည် မည်သူမှမရှိတဲ့ နေရညလွတ်တစ်ခုကို လက်ညှိုးထိုးပြကာ အော်ငိုနေသည်။

တိုတောင်းလွန်းတဲ့ မှတ်ဉာဏ်အပိုင်းအစလေးသည် ထိုနေရာတွင်သာ ရပ်တန့်သွားသည်။ ထယ်ယောင်းကြိုးစားပြီး ပြန်တွေးကြည့်ပါသော်လည်း ဘာမှထပ်ပြီးမမှတ်မိတော့ပေ။ ထယ်ယောင်း မယုံကြည်နိုင်ဖွယ်တုန်လှုပ်နေသည်။ ထိုမှတ်ဉာဏ်များကို သူတစ်ခါမှမမြင်ဖူးပေ။ သို့သော်လည်း မသိစိတ်အရထိုမှတ်ဉာဏ်အပိုင်းအစလေးသည် သူ၏ မှတ်ဉာဏ်တွေဆိုတာကို သူသိနေသည်။ ရင်းနှီးနေသည်။

ဂျောင်ကုသည် မူမမှန်သည့် ထယ်ယောင်းပုံစံကိုမြင်သည့်အခါ ဒေါသတို့သည် ပြန်လည်အနည်ထိုင်ကာ စိုးရိမ်မှုတို့က နေရာပြန်ယူလာသည်။ သူသည် မျက်လုံးသေကြီးများနှင့် ကြောင်ကြည့်နေတဲ့ ထယ်ယောင်းပါးလေးကို အသာပုတ်ကာ ” တစ်ခုခုမှတ်မိလို့လား ” ဟူ၍ မေးလိုက်သည်။

ထိုအခါ ထယ်ယောင်းသည် သူ့ကို ထူးဆန်းသလို ပြန်ကြည့်လာသည်။ ထို့နောက် ခပ်အက်အက် အသံဖြင့်…

” ဘာလို့…ဒီလိုမေးတာလဲ…။ အတိတ်မေ့နေတာမဟုတ်ဘူးလို့ ပြောထားတယ်လေ။ ဘာလို့မေးတာလဲ “

ဂျောင်ကုသည် သူအမှားလုပ်လိုက်မိသည်ကို ချက်ချင်းသတိထားမိကာ မျက်နှာတစ်ချပ်ပျက်သွားသည်။ စိတ်ပညာမှာ ကျွမ်းကျင်လွန်းသည့် ထယ်ယောင်းကလည်း ဂျောင်ကု၏ တုန့်ပြန်မှုကိုအမိအရဖမ်းမိကာ မည်သို့စကားပြန်လာမည်ကိုပါ ခန့်မှန်းမိလိုက်နိုင်သည်။

” ကိုယ်က စိတ်ပူလို့ပါ “

” စိတ်ပူလို့ပါပြောမလို့လား “

တစ်ပြိုင်တည်း ထွက်လာသည့်အသံနှစ်သံသည် စကားလုံးတို့မတူသော်လည်း အကြောင်းအရာသည် တူညီနေခဲ့သည်။ ထို့နောက် ထယ်ယောင်းသည် နာကျင်စွာပြုံးလိုက်မိသည်။

” ဟုတ်နေပဲ..ဖုံးကွယ်ထားတာတွေရှိနေပဲ..”

ဂျောင်ကုသည် ဒီတစ်ခါတော့ ဘာမှပြန်မပြောတော့ပေ။ ထိုအစား တံခါးကို ဆောင့်ပိတ်ကာ အခန်းထဲမှထွက်သွားတော့သည်။ သူ့ဒေါသနှင့်လျှင် ထိနေရာတစ်ခုလုံးကိုပါ ဖျတ်ဆီးမိတော့မှာပင်။ ယခုလို ထယ်ယောင်းသံသယတွေနဲ့ဆိုလို Portal ပွင့်မည့်အချိန်ထိတောင် ခံပါ့မလားဆိုတာ သူစိတ်ပူမိသည်။

အခန်းထဲက ထွက်ထွက်ချင်းပင် အတွင်းရေးမှူးဆီဖုန်းဆက်ကာ…

” Portal ပွင့်မဲ့ နေရာကိုရှာထား…အမြန်ရှာ….ဆောင်းဦးပွဲတော်မတိုင်ခင် ရှာတွေ့တာပဲလိုချင်တယ် ” ဟူ၍ အာဏာစက်ပြင်းစွာ အမိန့်ပေးလိုက်သည်။

ထို့နောက် တီဆိုတဲ့ ဖုန်းကျသံနဲ့အတူ ဆူဆူညံညံအသံတို့သည် ဖုန်းထဲက ထွက်လို့လာသည်။ ဂျောင်ကုမျက်မှောင်တစ်ချက်ကြုံ့သွားသည်။ သူဖုန်းပိတ်ပစ်တော့မယ့်စဲစဲ ဖုန်းထဲမှအသံတစ်သံသည် မပြတ်မသားထွက်ပေါ်လာပြန်သည်။

” ထယ်ယောင်းကအကုန်သိသွားတော့မှာ…သူထွက်သွားတာနဲ့ ဒီကမ္ဘာကလည်း ပျက်စီးသွားမှာ “

” မင်းဘယ်သူလဲ ” ဂျောင်ကုသည် ဖုန်းနံပါတ်ကိုပြန်ကြည့်လိုက်သော်လည်း နံပါတ်မပေါ်ဘဲ Unknown ဟူ၍သာ ထူးဆန်းစွာပေါ်နေသည်။

” ဧည့်သည် “

တစ်ဘက်ကအဖြေကြောင့် ဂျောင်ကုမျက်နှာသည် ပိုလို့ပင်မှောင်မည်းလာသည်။ သံသယပေါင်းများစွာသည် သူ့စိတ်ထဲ နေရာယူနေသည်။ ထို့နောက် သီချင်းသံလိုလိုအသံတစ်ခုထွက်ပေါ်လာ၏။ ထိုသီချင်းသံကြားကပင် ခပ်အက်အက်အသံတစ်ခုသည် ပီသခြင်းမရှိတဲ့စကားသံတို့ကို ထပ်ဆိုလာပြန်သည်။

အသံနဲ့သီချင်းသံရောထွေးနေတာကြောင့် ဂျောင်ကုအနေဖြင့် ဖုန်းတစ်ဖတ်ကဧည့်သည်ဆိုသူ၏ စကားလုံးတို့ကို ပြတ်သားစွာ ကြားနိုင်ခြင်းမရှိပေ။ သူကြားလိုက်သည်မှာ မြို့ပြင်က ဘုရားကျောင်းပျက်ကို လာဖို့ပြောနေသည်ကိုပင်။ ထိုစကားသံတို့ထဲတွင်ဖိအားများပါဝင်နေကာ ဂျောင်ကုအနေနဲ့ ငြင်းဆန်ဖို့ရာ မတတ်နိုင်ပေ။

ထိုလူ့စကားအတိုင်း ဂျောင်ကုသည် မြို့ပြင်သို့ ကားမောင်းထွက်လာသည်။ အချိန်သည်ကား ညနေစောင်းလို့ မှောင်စပြုနေပြီဖြစ်သည်။ ကားလမ်းပေါ်တွင် မြူများစတင်ကျလာတာကြောင့် သူ့အနေနဲ့ ကားကို ဂရုတစိုက်မောင်းလာနေသည်။ ရုတ်တရတ်ဆိုသလို မြူများကြားတွင် ထယ်ယောင်းသည် မတ်တပ်ရပ်နေခဲ့သည်ကို သူမြင်သည့်အခါ အထိတ်လန့်တကြားဖြင့် မတိုက်မိစေရန် အမြန်ရှောင်လိုက်သည်။

သို့သော် ကားသည် အရှိန်လွန်ကာ လမ်းဘေးမှချောက်ထဲသို့ တစ်ပတ်လိမ့်ကာ ကျသွားတော့သည်။ အခြေအနေတွေကမြန်ဆန်လွန်းလှသည်။ ဂျောင်ကုအနေနဲ့ တသ်ကိုယ်လုံး နာကျင်စွာနဲ့ ခလောက်ဆန်ခံရပြီးနောက် အမြင်အာရုံတို့သည် အမှောင်ကျသွားတော့သည်။

တစ်ဖတ်တွင်လည်း သမင်ဦးခေါင်းခွံကိုမျက်နှာဖုံးလုပ်ကာ လှံတစ်လက်ဖြင့် တစ်စုံတစ်ယောက်သည် ချောက်ကမ်းပါးပေါ်တွင် ရပ်ကာ အောက်သို့ငုံ့ကြည့်လာသည်။

တစ်ဖတ်တွင်လည်း လိန်းသည် အဖိုးဆီသို့သွားနေသည့် လမ်းတွင် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။

” လိန်း….” တစ်ဖတ်လူ၏အသံသည် ကြေကွဲနေဟန်ရှိသည်။ လိန်းအသံကြားရုံနှင့် ဘယ်သူမှန်းတန်းသိလိုက်၏။

” ဘာကိစ္စရှိလို့လဲ…ကျွန်မတို့ကြားမှာ ဘာမှထွေထွေထူးထူးပြောစရာမရှိဘူးထင်တယ် Vinc “

” ကိုယ်တို့တွေ့လို့ရမလား “

” ဟင့်အင်းမရဘူး…ကျွန်မအခုမအားဘူး “

” မင်းရဲ့မိဘတွေအကြောင်းပြောပြမလို့ ”

ထိုစကားကိုကြားသည့်အခါ လိန်းသည် အနည်းငယ်တွေဝေသွားသည်။ သူသည် လိန်းမိသားစု၏သမီးအရင်း မဟုတ်ဘူးဆိုတာကို သံသယရှိသည်မှာ ကြာပြီဖြစ်သော်လည်း အခုလိုကြီး တစ်ယောက်ယောက်ကပြောလာမည်ကို မမျှော်လင့်ထားခဲ့ချေ။

” ရှင်ဘယ်မှာလဲ “

” Black rose ဘားမှာ “

” အင်း…လာခဲ့မယ် “

_____________

Zawkyi

လိန္းသည္ စိတ္ထဲမသတ္မသာခံစားေနရသည္။ လူသတ္သမားက ဘာလို႔သူမကိုအလြတ္ေပးထားလဲဆိုတာ သူမနားမလည္နိုင္ေပ။ သူမေဆး႐ုံခန္းထဲျပန္ဝင္လာကာ ျပန္ေတာ့မည္ျဖစ္ေၾကာင္း ထယ္ေယာင္းကိုႏႈတ္ဆတ္လိုက္သည္။ ထို႔ေနာက္ ေရာ္ဘက္ခ္ႏွင့္မတိုးနိုင္ေအာင္ ခပ္သြက္သြက္ထြက္သြားေတာ့သည္။

” ရန္ျဖစ္ထားတာလား လိန္းနဲ႕…” ထယ္ေယာင္းသည္ အခန္းေထာင့္မွာထိုင္ကာ စာအုပ္ဖတ္ေနသည့္ ေဂ်ာင္ကုထံေခ်ာင္းၾကည့္ကာေမးလာသည္။

” ဟင့္အင္း ” ေဂ်ာင္ကုသည္ ေအးေအးလူလူပင္ျပန္ေျဖသည္။

ထယ္ေယာင္း ေဂ်ာင္ကုအား ေနာက္တစ္ေခါက္ထပ္ေခ်ာင္းၾကည့္မိသည္။ ေဂ်ာင္ကုသည္ ေ႐ႊေရာင္ကိုင္းနဲ႕ မ်က္မွန္တစ္လတ္တပ္ကာ စာကိုအာ႐ုံစိုက္စြာ ဖတ္ေနသည္။ ေဘာင္းဘီအမည္း ရွပ္အကၤ်ီအမည္း ကုတ္အကၤ်ီအမည္း ဝတ္ထားတာမလို႔ အရင္လို အရိပ္ေတြမျမင္ရေတာ့ေပ။

” ဟမ့္ ေသာက္အဓိပၸာယ္မရွိလိုက္တာ ” ထယ္ေယာင္း တစ္ေယာက္တည္းတီးတိုးေရ႐ြတ္မိသည္။

” မင္းကဘာလဲ ”

႐ုတ္တရတ္ထေမးလာတဲ့ ေဂ်ာင္ကု၏ ေမးခြန္းေၾကာင့္ ထယ္ေယာင္းတစ္ေယာက္ေက်ာေတာင့္သြားသည္။ ေဂ်ာင္ကုကို နားမလည္စြာ ျပန္ၾကည့္မိသည့္အခါ ေဂ်ာင္ကုသည္ ဓားတစ္လတ္လို စူးရွသည့္အၾကည့္တို႔ျဖင့္သူ႕ကို ျပန္ၾကည့္ေနခဲ့သည္။ သူစိတ္ကသိကေအာက္ျဖစ္စြာနဲ႕ပင္ ေခါင္းျပန္ငုံ႕လိုက္သည္။

ေဂ်ာင္ကုကဆက္ေမးသည္။

” စုန္းလား အပႏွင္သူလား Mediumလား ဟမ္…ငယ္ငယ္တုန္းကက်ေတာ့ Medium တစ္ေယာက္လို ျပဳမူေနခဲ့ၿပီး၊ အရင္တစ္ေခါက္ေတြ႕တုန္းကဆို အပႏွင္သူလိုျပဳမူေနတယ္။ အခုက်…အခုက် ဟိုစုန္းေပါက္စမေလးနဲ႕ေပါင္းၿပီး စုန္းတစ္ေယာက္လို ျပဳမူေနျပန္တယ္။ ထယ္…တကယ္ပဲ မင္းကဘာလဲ…”

ထယ္ေယာင္းသည္ ေခါင္းငုံ႕ထာသရင္းနဲ႕ပင္ တစ္ခ်က္ေလွာင္ရယ္လာသည္။ ေဂ်ာင္ကုေမးခြန္းအတြက္သူ႕မွာ အေျဖမရွိေပ။ ဘယ္လိုအေၾကာင္းအရာေတြက သူကိုဒီလိုျဖစ္ေအာင္တြန္းပို႔ခဲ့ၾကတာလဲ။ ျဖစ္ပ်က္ခဲ့သမွ်သည္ ျမဴဆိုင္းေနသည့္မွတ္ဉာဏ္တို႔ျဖင့္ မေန႕တေန႕ကလိုပင္။

” မွတ္ဉာဏ္ေတြေရာေထြးေနတယ္။ ထိခိုက္မခံတဲ့စိတ္ကေလးကလည္း အမာ႐ြတ္ေတြမ်ားစြာနဲ႕ ေနမေကာင္းျဖစ္ေနတယ္…တစ္ခါတစ္ေလ အ႐ူးႀကီးတစ္ေယာက္လိုပဲ။ ငယ္ငယ္ကတည္းက စိတ္က်န္းမာေရးဆရာဝန္နဲ႕အၿမဲျပခဲ့ရတယ္။  အခုထိလည္း ေရာ္ဘက္ခ္နဲ႕ ျပေနရတုန္းပဲ။ မင္းသိလား…မင္းရဲ႕စကားတစ္ခြန္းေၾကာင့္ လူသုံးေယာက္လုံးရဲ႕ ဘဝေတြအလြဲလြဲအမွားမွားျဖစ္ကုန္တာ။ ဒါေတာင္မွ အခုထိငါ့ကို အလြတ္မေပးနိုင္ေသးဘူးလား ဟမ္!…အဲ့ေလာက္ထိေတာင္ပဲလား ဒီအတိုင္းေလး လႊတ္ေပးလိုက္ပါေတာ့လား…”

ထယ္ေယာင္း၏ မ်က္ရည္မ်ားသည္ မက်ပါနဲ႕ဟူ၍ တားဆီးေနသည့္ၾကားက နာခံမႈမရွိပါဘဲ က်ဆင္းလာသည္။ ထယ္ေယာင္းသည္ မ်က္ရည္တို႔ကို ခပ္ၾကမ္းၾကမ္းဖိသုတ္လိုက္ၿပီး ဆက္ေျပာသည္။

” ငါ့နားကထြက္သြား…မင္းက မေကာင္းဆိုးဝါးဝိဉာဥ္တစ္ခုပဲ။ သန့္စင္ေသာ သဘာဝတရားႀကီး၏ စြမ္းအင္ကိုအငွားျပဳလို႔ မင္းကို အမိန့္ေပးတယ္ ငါ့…ငါ့..အနားက..ထြက္သြား…”

ထယ္ေယာင္း အျခားေသာဝိညာဥ္ေတြအမိန့္ေပးသကဲ့သို႔ ေျပာလိုက္ေသာ္လည္း သူကိုယ္တိုင္က အၿပိဳၿပိဳအလဲလဲပင္။ ‘ထြက္သြား’ဟူသည့္ စကားေလးတစ္လုံးေျပာဖို႔အေရး ခတ္ခဲလြန္းလွသည္။ အသက္ရႈေတြေအာင့္သည္အထိ ရင္ဘက္ထဲက တင္းၾကပ္လြန္းေနသည္။ ထယ္ေယာင္း မ်က္ရည္မ်ားၾကားကပင္ ထပ္ေအာ္သည္။

” ထြက္…သြားလို႔…ထြက္သြား…”

အဆုံးမွာေတာ့ မေကာင္းဆိုးဝါးဝိညာဥ္သည္ ဘယ္လိုမွမေနဘဲ သူသာ က်ရႈံးေလသည္။ ကုတင္ေပၚလွဲခ်လိဳက္ကာ တစ္ဖတ္သို႔လွည့္၍ ငိုေနေတာ့သည္။ အတိတ္ကမွတ္ဉာဏ္တို႔သည္ သူအားႏွိပ္စက္လြန္းေနသည္။ ဘယ္အရာေတြက မွားယြင္းေနတာလဲ။ ဘာလို႔အစစ္အမွန္မဟုတ္ဘူးလို႔ ခံစားေနတာလဲ။

ေဂ်ာင္ကုသည္ ဖတ္လတ္စစာအုပ္ကို အသာခ်ကာ ထယ္ေယာင္းဆီထလာေတာ့သည္။ ထို႔ေနာက္ ေပ်ာ့ေပ်ာင္းေႏြးေထြးတဲ့ ေလသံေလးနဲ႕ ထယ္ေယာင္းကိုေခ်ာ့သည္။

” ေခြး႐ူးေလး…ဘာလို႔အဲ့ေလာက္ေတာင္ အငိုသန္ေနရတာလဲ ကေလးလား…”

” မေခၚနဲ႕ အဲ့နာမည္ကို…မၾကားခ်င္ဘူး ” ထယ္ေယာင္းသည္ ပတ္ခနဲျပန္ေအာင္ၿပီး နားကို ေခါင္းအုံးျဖင့္ဖိထားလိုက္သည္။

” မင္းဒီလိုလုပ္ေနလို႔လဲ ဘာမွမထူးဘူး မင္းပဲနာက်င္ရလိမ့္မယ္ “

” မေျပာနဲ႕လို႔!!! ”

” ဒါေပမယ့္ ဒါကအမွန္တရားပဲေလ မင္းလက္ခံရမယ္…လက္ခံနိုင္ေအာင္ ႀကိဳးစားရမယ္ “

” မဟုတ္ဘူး! ဒါေတြကအမွန္မဟုတ္ဘူး…ငါသိေနတယ္။ မင္းလည္းအမွန္မဟုတ္ဘူး။ လိန္းလည္းအမွန္မဟုတ္ဘူး။ ေရာ္ဘက္ခ္ေရာ…ေမြးစားမိဘေတြ…ဒီေလာကႀကီးက အမွန္မဟုတ္ဘူးလို႔! “

” ကင္မ္ထယ္ေယာင္း! မင္းအခုဘာေျပာလိုက္တာလဲ!!! ” ေဂ်ာင္ကုသည္ ထယ္ေယာင္းေခါင္းေပၚက ေခါင္းအုံးအား ေဒါသတႀကီး ဆြဲဖယ္လိုက္ၿပီးေနာက္ စိန္းစိန္းဝါးဝါးၾကည့္လာသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထယ္ေယာင္း၏ ျငင္းဆိုမႈတို႔သည္ ေဂ်ာင္ကုအား ေဒါသထြက္ေစသလို ထိတ္လန့္ျခင္းကိုပါျဖစ္ေပၚေသာေၾကာင့္ပင္။

ေဂ်ာင္ကုသည္ ထပ္မံအတည္ျပဳလိုက္သည္။

” မင္းအခုဘာေျပာလိုက္တာလဲ…ဘာကအစစ္အမွန္မဟုတ္တာလဲ…”

ထယ္ေယာင္းသည္ သူ႕ကိုသူသတိမထားမိဘဲ ေျပာလိုက္မိေသာေၾကာင့္ ဘာအေၾကာင္းေျပာမိမွန္းမသိေတာ့ေပ။

” ငါေမးေနတယ္ေလ!!! ” ေဂ်ာင္ကုသည္ ထယ္ေယာင္းပုခုံးကိုကိုင္ေဆာင့္လာသည္။

ထယ္ေယာင္းေၾကာက္႐ြံ႕သြားသည္။ ႐ုတ္တရတ္ေခါင္းထဲမွတ္ဉာဏ္အပိုင္းအစတစ္ခုသည္လည္း ဖ်တ္ခနဲေပၚလာျပန္သည္။ ေဂ်ာင္ကုႏွင့္အလြန္တူလြန္းသည့္လူႀကီးတစ္ေယာက္သည္ သူ႕ပုခုံးကို ကိုင္လႈပ္ကာ ‘ငါေမးေနတယ္ေလ’လို႔ ေအာ္ေငါက္ေနျခင္းပင္။

” ငါေမးေနတယ္ေလ…ဘာလို႔အဲ့လိုလုပ္တာလဲလို႔…”

” သား..သားလုပ္တာမွမဟုတ္တာ…”

” ထယ္ေယာင္း! ဒါလူသတ္မႈေနာ္…လူသတ္မႈ “

” သားမဟုတ္ဘူးလို႔…အဲ့တာသူလုပ္တာ…” ကေလးငယ္ထယ္ေယာင္းသည္ မည္သူမွမရွိတဲ့ ေနရညလြတ္တစ္ခုကို လက္ညွိုးထိုးျပကာ ေအာ္ငိုေနသည္။

တိုေတာင္းလြန္းတဲ့ မွတ္ဉာဏ္အပိုင္းအစေလးသည္ ထိုေနရာတြင္သာ ရပ္တန့္သြားသည္။ ထယ္ေယာင္းႀကိဳးစားၿပီး ျပန္ေတြးၾကည့္ပါေသာ္လည္း ဘာမွထပ္ၿပီးမမွတ္မိေတာ့ေပ။ ထယ္ေယာင္း မယုံၾကည္နိုင္ဖြယ္တုန္လႈပ္ေနသည္။ ထိုမွတ္ဉာဏ္မ်ားကို သူတစ္ခါမွမျမင္ဖူးေပ။ သို႔ေသာ္လည္း မသိစိတ္အရထိုမွတ္ဉာဏ္အပိုင္းအစေလးသည္ သူ၏ မွတ္ဉာဏ္ေတြဆိုတာကို သူသိေနသည္။ ရင္းႏွီးေနသည္။

ေဂ်ာင္ကုသည္ မူမမွန္သည့္ ထယ္ေယာင္းပုံစံကိုျမင္သည့္အခါ ေဒါသတို႔သည္ ျပန္လည္အနည္ထိုင္ကာ စိုးရိမ္မႈတို႔က ေနရာျပန္ယူလာသည္။ သူသည္ မ်က္လုံးေသႀကီးမ်ားႏွင့္ ေၾကာင္ၾကည့္ေနတဲ့ ထယ္ေယာင္းပါးေလးကို အသာပုတ္ကာ ” တစ္ခုခုမွတ္မိလို႔လား ” ဟူ၍ ေမးလိုက္သည္။

ထိုအခါ ထယ္ေယာင္းသည္ သူ႕ကို ထူးဆန္းသလို ျပန္ၾကည့္လာသည္။ ထို႔ေနာက္ ခပ္အက္အက္ အသံျဖင့္…

” ဘာလို႔…ဒီလိုေမးတာလဲ…။ အတိတ္ေမ့ေနတာမဟုတ္ဘူးလို႔ ေျပာထားတယ္ေလ။ ဘာလို႔ေမးတာလဲ “

ေဂ်ာင္ကုသည္ သူအမွားလုပ္လိုက္မိသည္ကို ခ်က္ခ်င္းသတိထားမိကာ မ်က္ႏွာတစ္ခ်ပ္ပ်က္သြားသည္။ စိတ္ပညာမွာ ကြၽမ္းက်င္လြန္းသည့္ ထယ္ေယာင္းကလည္း ေဂ်ာင္ကု၏ တုန့္ျပန္မႈကိုအမိအရဖမ္းမိကာ မည္သို႔စကားျပန္လာမည္ကိုပါ ခန့္မွန္းမိလိုက္နိုင္သည္။

” ကိုယ္က စိတ္ပူလို႔ပါ “

” စိတ္ပူလို႔ပါေျပာမလို႔လား “

တစ္ၿပိဳင္တည္း ထြက္လာသည့္အသံႏွစ္သံသည္ စကားလုံးတို႔မတူေသာ္လည္း အေၾကာင္းအရာသည္ တူညီေနခဲ့သည္။ ထို႔ေနာက္ ထယ္ေယာင္းသည္ နာက်င္စြာၿပဳံးလိုက္မိသည္။

” ဟုတ္ေနပဲ..ဖုံးကြယ္ထားတာေတြရွိေနပဲ..”

ေဂ်ာင္ကုသည္ ဒီတစ္ခါေတာ့ ဘာမွျပန္မေျပာေတာ့ေပ။ ထိုအစား တံခါးကို ေဆာင့္ပိတ္ကာ အခန္းထဲမွထြက္သြားေတာ့သည္။ သူ႕ေဒါသႏွင့္လွ်င္ ထိေနရာတစ္ခုလုံးကိုပါ ဖ်တ္ဆီးမိေတာ့မွာပင္။ ယခုလို ထယ္ေယာင္းသံသယေတြနဲ႕ဆိုလို Portal ပြင့္မည့္အခ်ိန္ထိေတာင္ ခံပါ့မလားဆိုတာ သူစိတ္ပူမိသည္။

အခန္းထဲက ထြက္ထြက္ခ်င္းပင္ အတြင္းေရးမႉးဆီဖုန္းဆက္ကာ…

” Portal ပြင့္မဲ့ ေနရာကိုရွာထား…အျမန္ရွာ….ေဆာင္းဦးပြဲေတာ္မတိုင္ခင္ ရွာေတြ႕တာပဲလိုခ်င္တယ္ ” ဟူ၍ အာဏာစက္ျပင္းစြာ အမိန့္ေပးလိုက္သည္။

ထို႔ေနာက္ တီဆိုတဲ့ ဖုန္းက်သံနဲ႕အတူ ဆူဆူညံညံအသံတို႔သည္ ဖုန္းထဲက ထြက္လို႔လာသည္။ ေဂ်ာင္ကုမ်က္ေမွာင္တစ္ခ်က္ႀကဳံ႕သြားသည္။ သူဖုန္းပိတ္ပစ္ေတာ့မယ့္စဲစဲ ဖုန္းထဲမွအသံတစ္သံသည္ မျပတ္မသားထြက္ေပၚလာျပန္သည္။

” ထယ္ေယာင္းကအကုန္သိသြားေတာ့မွာ…သူထြက္သြားတာနဲ႕ ဒီကမာၻကလည္း ပ်က္စီးသြားမွာ “

” မင္းဘယ္သူလဲ ” ေဂ်ာင္ကုသည္ ဖုန္းနံပါတ္ကိုျပန္ၾကည့္လိုက္ေသာ္လည္း နံပါတ္မေပၚဘဲ Unknown ဟူ၍သာ ထူးဆန္းစြာေပၚေနသည္။

” ဧည့္သည္ “

တစ္ဘက္ကအေျဖေၾကာင့္ ေဂ်ာင္ကုမ်က္ႏွာသည္ ပိုလို႔ပင္ေမွာင္မည္းလာသည္။ သံသယေပါင္းမ်ားစြာသည္ သူ႕စိတ္ထဲ ေနရာယူေနသည္။ ထို႔ေနာက္ သီခ်င္းသံလိုလိုအသံတစ္ခုထြက္ေပၚလာ၏။ ထိုသီခ်င္းသံၾကားကပင္ ခပ္အက္အက္အသံတစ္ခုသည္ ပီသျခင္းမရွိတဲ့စကားသံတို႔ကို ထပ္ဆိုလာျပန္သည္။

အသံနဲ႕သီခ်င္းသံေရာေထြးေနတာေၾကာင့္ ေဂ်ာင္ကုအေနျဖင့္ ဖုန္းတစ္ဖတ္ကဧည့္သည္ဆိုသူ၏ စကားလုံးတို႔ကို ျပတ္သားစြာ ၾကားနိုင္ျခင္းမရွိေပ။ သူၾကားလိုက္သည္မွာ ၿမိဳ႕ျပင္က ဘုရားေက်ာင္းပ်က္ကို လာဖို႔ေျပာေနသည္ကိုပင္။ ထိုစကားသံတို႔ထဲတြင္ဖိအားမ်ားပါဝင္ေနကာ ေဂ်ာင္ကုအေနနဲ႕ ျငင္းဆန္ဖို႔ရာ မတတ္နိုင္ေပ။

ထိုလူ႕စကားအတိုင္း ေဂ်ာင္ကုသည္ ၿမိဳ႕ျပင္သို႔ ကားေမာင္းထြက္လာသည္။ အခ်ိန္သည္ကား ညေနေစာင္းလို႔ ေမွာင္စျပဳေနၿပီျဖစ္သည္။ ကားလမ္းေပၚတြင္ ျမဴမ်ားစတင္က်လာတာေၾကာင့္ သူ႕အေနနဲ႕ ကားကို ဂ႐ုတစိုက္ေမာင္းလာေနသည္။ ႐ုတ္တရတ္ဆိုသလို ျမဴမ်ားၾကားတြင္ ထယ္ေယာင္းသည္ မတ္တပ္ရပ္ေနခဲ့သည္ကို သူျမင္သည့္အခါ အထိတ္လန့္တၾကားျဖင့္ မတိုက္မိေစရန္ အျမန္ေရွာင္လိုက္သည္။

သို႔ေသာ္ ကားသည္ အရွိန္လြန္ကာ လမ္းေဘးမွေခ်ာက္ထဲသို႔ တစ္ပတ္လိမ့္ကာ က်သြားေတာ့သည္။ အေျခအေနေတြကျမန္ဆန္လြန္းလွသည္။ ေဂ်ာင္ကုအေနနဲ႕ တသ္ကိုယ္လုံး နာက်င္စြာနဲ႕ ခေလာက္ဆန္ခံရၿပီးေနာက္ အျမင္အာ႐ုံတို႔သည္ အေမွာင္က်သြားေတာ့သည္။

တစ္ဖတ္တြင္လည္း သမင္ဦးေခါင္းခြံကိုမ်က္ႏွာဖုံးလုပ္ကာ လွံတစ္လက္ျဖင့္ တစ္စုံတစ္ေယာက္သည္ ေခ်ာက္ကမ္းပါးေပၚတြင္ ရပ္ကာ ေအာက္သို႔ငုံ႕ၾကည့္လာသည္။

တစ္ဖတ္တြင္လည္း လိန္းသည္ အဖိုးဆီသို႔သြားေနသည့္ လမ္းတြင္ ဖုန္းေခၚဆိုမႈတစ္ခုကို လက္ခံရရွိခဲ့သည္။

” လိန္း….” တစ္ဖတ္လူ၏အသံသည္ ေၾကကြဲေနဟန္ရွိသည္။ လိန္းအသံၾကား႐ုံႏွင့္ ဘယ္သူမွန္းတန္းသိလိုက္၏။

” ဘာကိစၥရွိလို႔လဲ…ကြၽန္မတို႔ၾကားမွာ ဘာမွေထြေထြထူးထူးေျပာစရာမရွိဘူးထင္တယ္ Vinc “

” ကိုယ္တို႔ေတြ႕လို႔ရမလား “

” ဟင့္အင္းမရဘူး…ကြၽန္မအခုမအားဘူး “

” မင္းရဲ႕မိဘေတြအေၾကာင္းေျပာျပမလို႔ ”

ထိုစကားကိုၾကားသည့္အခါ လိန္းသည္ အနည္းငယ္ေတြေဝသြားသည္။ သူသည္ လိန္းမိသားစု၏သမီးအရင္း မဟုတ္ဘူးဆိုတာကို သံသယရွိသည္မွာ ၾကာၿပီျဖစ္ေသာ္လည္း အခုလိုႀကီး တစ္ေယာက္ေယာက္ကေျပာလာမည္ကို မေမွ်ာ္လင့္ထားခဲ့ေခ်။

” ရွင္ဘယ္မွာလဲ “

” Black rose ဘားမွာ “

” အင္း…လာခဲ့မယ္ “

_____________

Comments for chapter "Chapter 20"

0 0 votes
Article Rating
Subscribe
Notify of
guest
0 Comments
Oldest
Newest Most Voted