Chapter 21
Unicode
ဂျောင်ကုသတိရလာသည့်အခါ သူသည် ဘုရားကျောင်းပျက်ထဲသို့ရောက်လို့နေသည်။ တိုင်တစ်ခုတွင် လက်မြှောက်လျက်ကြိုးချည်ထားခြင်းကို ခံထားရသည်။ ကားမှောက်တုန်းက ရထားတဲ့ဒဏ်ရာတွေက သူ့အတွက်တော့ မပြောပလောက်ပေမယ့် ကပ်စီးနေသည့်သွေးအလိမ်းလိမ်းဖြင့် အတော်ပင် ရုပ်ပျက်နေသည်။
ဂျောင်ကုရုန်းသော်လည်း ကြိုးသည်မပျက်သွားချေ။ ပိုလို့ပင်တင်းကြပ်လာကာ ပူလာသောကြောင့် လက်မှာချည်ထားတဲ့ကြိုးကို သေသေချာချာမော့ကြည့်မိသည်။ ချည်ထားသည့်ကြိုးသည့် သာမာန်ကြိုးမဟုတ်ဘဲ အစီအရင်များဖြင့် စီရင်ထားသည့် ကြိုးဖြစ်နေသောကြောင့် သူဒေါသထွက်ကာ ဆဲရေးမိလိုက်သည်။
” ချီးလိုပဲ ”
ထို့နောက် ခြေသံအချို့ကြောင့် အပေါက်ဝကိုသူကြည့်မိသည့်အခါ အမည်းရောင်ခေါင်းစွပ်ဝတ်ရုံနဲ့ အမျိုးသမီးတစ်ယောက်သည် ဘုရားကျောင်းထဲသို့ဝင်လာနေသည်။ သူမ၏ ခြေလှမ်းတစ်လှမ်းတိုင်းမှာ ဘုရားကျောင်းထဲရှိ ဖယောင်းတိုင်များသည် သူ့အလိုလိုမီးတောက်လို့လာသည်။ ခေါင်းစွပ်ဝတ်ရုံကြောင့် ထိုအမျိုးသမီး၏ မျက်နှာကို မမြင်ရသော်လည်း သူရင်းနှီးနေသလိုခံစားနေရသည်။
” မင်းဘယ်သူလဲ…ဘယ်လိုသတ္တိနဲ့များ ငါကိုချုပ်နှောင်ထားရဲရတာလဲ!!! ” ဂျောင်ကုသည် အသံနက်ကြီးဖြင့်အော်လိုက်သည်။ ဘုရားကျောင်းကြီးတစ်ခုလုံး သိမ့်ခနဲတုန်ခါသွားပြီးနောက် အမျိုးသမီးသည် သူ့အားမော့ကြည့်လာသည်။
အမျိုးသမီးသည် သူမ၏ ခေါင်းစွပ်ကို ချွတ်ချလိုက်သည့်အခါ ဂျောင်ကုတစ်ယောက် လုံးဝမယုံကြည်နိုင်ဖွယ်ဆွံ့အသွားတော့သည်။
” Sunya ” အမျိုးသမီးသည် သူ့ကိုယ်သူ Sunyaစူ၍ ပြောလာသည်။ အသံမှာလည်း နှစ်ထပ်ဖြသ်နေကာ အမျိုးသားတစ်ယောက်ရဲ့ အသံနက်ကြီးကရောယှတ်ပါဝင်လို့နေသည်။
ညမိုးချုပ်နေပြီဖြစ်ပေမယ့် လိန်းတစ်ယောက် မြို့ပြင်နားက Black Rose ဘားသို့အမြန်မောင်းထွပ်လာသည်။ ဘားသို့ရောက်သည့်အခါ ထူးဆန်းစွာနဲ့ မည်သူမှရှိမနေချေ။ အမျိုးသမီးတို့ရဲ့ ဆဋ္ဌမအာရုံအရ အခြေအနေမကောင်းဘူးဆိုတာကို သူမရိပ်မိနေသည်။ ဘားထဲ၌ Jazzဂီတခပ်မြူးမြူးက သူ့အလိုလို ပျံ့လွင့်နေသည်။ နှင်းဆီအနံ့ခပ်သင်းသင်းကလည်း ထူးဆန်းစွာနဲ့ သင်းပျံ့နေသည်။
” Vinc…” လိန်းသည် အသံတစ်ချက်ပြုလိုက်သည်။ ဒါပေမယ့်လည်း တုန့်ပြန်လာမှုသည်ကား နတ္ထိပင်။
” မိန်းမလှလေးတစ်ယောက်တည်း ဒီကို ဘာလာလုပ်တာပါလိမ့် ” အနောက်မှ ထွက်ပေါ်လာသည့် ရင်းနှီးနေသည့် အသံကြောင့် လိန်းအနောက်သို့လှည့်ကြည့်မိသည်။ စိမ်းပြာပြာမျက်ဝန်းတွေနဲ့ ရွှေအိုရောင်ဆံပင်ပိုင်ရှင်သည် စားပွဲဝိုင်းတစ်ခုမှာ လက်ထောက်ကာ ပျင်းရိစွာထိုင်နေသည်။
လိန်းသည် သူမမျက်လုံးကို သူမပြန်ပွတ်ကြည့်သည်။ ဒါအိမ်မက်များလား။ အိမ်မက်ထဲမှာပဲ မြင်တွေ့ခဲ့ရတဲ့ Ozzy ကို သူမဘာလို့မြင်နေရတာလဲ။
” ဘာလဲ…ပျော်စရာလေးတွေတွေ့တော့ ငါ့ကိုမေ့သွားပြီပေါ့ ” Ozzy သည် အေးတိအေးစက် ပြန်မေးလာသည်။ ထိုအခါမှ လိန်းတစ်ယောက်သတိပြန်ကပ်ကာ Ozzy ကို အပြေးကလေး ပွေ့ဖတ်လိုက်တော့သည်။
” ငါသိသားပဲ နင်ငါ့ကို ထားခဲ့မှာမဟုတ်ဘူးဆိုတာ “
” အင်း…ငါနင့်ကို ဘယ်တော့မှာထားသွားမှာမဟုတ်ဘူး အခုနင့်ကို ပြန်လာခေါ်တာ “
” ဘာပြောတာလဲ ဟင်…”
” ဘာမှမဟုတ်ဘူး…ဒီအတိုင်းပဲ အိမ်ပြန်ရအောင် “
လိန်းသည် Ozzyကို ထူးဆန်းနေသည်ဟု ခံစားလာရသည်။ သို့သော်လည်း သူများများစားစားမတွေးလိုက်နိုင်ပေ။ အကြောင်းမှာ လာရင်းကိစ္စကို သတိရသွားသောကြောင့်ပင်။
” အာ…ဟုတ်သား။ ငါလူတစ်ယောက်နဲ့ လာတွေ့တာ။ နင်ရောက်ကတည်းက တစ်ယောက်မှမရှိကြဘူးလား။ “
Ozzy သည် လိန်း၏ မေးခွန်းကို ဖြေဖို့ရာ အနည်းငယ်တွေဝေသွားပြီးနောက် အမှန်တိုင်းဝန်ခံလိုက်တော့သည်။
” သူတို့တွေအသတ်ခံလိုက်ရတာ ” Ozzy သည် တစ်ဆတ်တည်း ဘားထဲရှိ ရောင်စုံမီးများကိုပိတ်ကာ မီးသီးအဖြူတို့ကိုလင်းထိန်နေအောင် ဖွင့်လိုက်သည်။ ထိုအခါမှ လိန်းသည် ပတ်ဝန်းကျင်ကို ရှင်းလင်းစွာမြင်ရတော့သည်။ ဘားတစ်ခုလုံး သွေးများစွာဖြင့်ပေပွနေသည်။ လိန်းသည် အထိတ်တလန့်ဖြင့် မအော်မိအောင် သူမပါးစပ်ကို သူမအမြန်ပိတ်လိုက်ရသည်။
ထိုမျှနှင့် မပြီးသေးဘဲ Ozzy သည် အခန်းတစ်ခု၏ တံခါးကိုဖွင့်ပြလိုက်သည်။ ထိုထဲတွင် အပိုင်းပိုင်းခုတ်ထစ်ခံထားရသည့် လူ့အစိတ်အပိုင်းများစွာရှိနေသည်။ ခေါင်းတစ်လုံးသည် လိန်းဆီသို့ တစ်လှိမ့်ချင်းစီ လိမ့်လာကာ လိန်းသည်လည်း အကြီးအကျယ်ကို ထိတ်လန့်ကာ အော်မိတော့သည်။
” အား!!!! “
Ozzy သည် လိန်းကို လစ်လျူရှုကာ ထိုလူ့အစိတ်အပိုင်းများစွာထဲမှ တစ်စုံတစ်ခုကို အသည်းအသန်ရှာဖွေနေသည်။ သွေးများစွာသည် Ozzy ဝတ်ထားသည့် ဖြူလွှလွှဝတ်စုံကို အကျည်းတန်စွာ စွန်းထင်းကုန်တော့သည်။
” မင်းသူ့ကို လာရှာတာမလား… ” Ozzy သည် ခေါင်းပြတ်တစ်ခုကိုယူကာ မြှောက်ပြသည်။
Vincent ၏ ခေါင်းပြတ်ကို မြင်သဘ့်အခါ လိန်း၏ ခေါင်းထဲဗလာကျင်းသွားကာ တစ်ကိုယ်လုံးတုန်ရီလာတော့သည်။
” ရော့…သူကအသည်းကွဲနေတာလေ သနားစရာပဲ မင်းလာတာကိုတောင် မစောင့်နိုင်လိုက်ရှာဘူး ” Ozzy သည် ခေါင်းပြတ်အား လိန်းဆီပစ်ပေးလာသည်။ လိန်းသည်လည်း အယောင်ယောင်အမှားမှားဖြင့် ထိုခေါင်းပြတ်အား ဖမ်းယူလိုက်မိသည်။ ပြီးမှ သတိပြန်ကပ်ကာ အထိတ်တလန့် လွှတ်ချလိုက်တော့သည်။
” ဘာ…ဘာတွေ…ဖြစ်ကုန်တာလဲ…” လိန်းသည် အခုချိန် အလွန်ကို ကြောက်ရွံ့နေမိသည်။ Ozzy သည် တုန်လှုပ်နေသည့် လိန်းကို ရင်ခွင်ထဲထည့်ကာ အသာထွေးပွေ့လိုက်သည်။ ထို့နောက် တီးတိုးဆိုသည်။
” လိန်း…မင်းဒီလိုမြင်ကွင်းတွေနဲ့ ကျင့်သားရနေဖို့လိုတယ်….မကြာခင် ဒီထက်ဆိုးတာတွေဖြစ်တော့မှာ အဲ့အခါ မင်းဘယ်လိုရင်ဆိုင်မလဲ “
” ဘယ်သူလဲ…Vinc..Vinc ကို သတ်သွားတာ…ဘယ်သူလဲ ” လိန်းသည် Vinc၏ သေဆုံးမှုအတွက် အမှန်တကယ်ကို ဝမ်းနည်းနေမိသည်။ သူတို့သည် ရင်းနှီးသည့်ဆတ်ဆံရေးမဟုတ်သော်လည်း သူစိမ်းတွေထက်ပိုခဲ့ကြသည်မဟုတ်လား။ ထို့အပြင် Vinc သာ မရှိတော့ရင် သူ့မိဘတွေရဲ့အကြောင်း မည်သူက ပြောပြပါတော့မလဲ။
လိန်း၏ မေးခွန်းကြောင့် အစောပိုင်းကာ နွေးထွေးနေသည့် Ozzy၏ မျက်နှာသည် ချက်ချင်းအေးစက်သွားသည်။ ထို့နောက် စကားတစ်လုံးတည်းကိုဆိုသည်။
” ငါ “
ဂျိမ်း! Ozzy၏ စကားတို့သည် လိန်းခေါင်းထဲမိုးကြိုးပစ်သွားသလိုပင်။ အမြင်တွေဝေဝါးလျက် နားထဲအူကာ မည်သည့်အရညကိုမှ ကြားနိုင်စွမ်းမရှိတော့ပေ။ ကမ္ဘာကြီးရပ်တန့်သွားသလို ခေါင်းထဲလည်း မှောင်မိုက်နေတော့သည်။
Ozzy သည် ထပ်မံပြောလာသည်။
” ငါသတ်လိုက်တာလေ…”
” ဘာ..ဘာလို့လဲ ” ဒီတစ်ခါတော့ ကြောက်ရွံ့ခြင်းကြောင့်လား ဝမ်းနည်းခြင်းကြောင့်လား မသေချာပေမယ့် မျက်ရည်များသည် စီးကျလာတော့သည်။ Ozzy ရင်ခွင်ထဲမှ ငိုယိုကာ သူမရုန်းသည်။ သို့သော်လည်း Ozzy သည် အလွတ်မပေးချေ။ ပိုမိုတင်းကျပ်စွာပွေ့ဖတ်ထားသည်။
” လိန်း…လိမ္မာစမ်းပါ။ သူတို့သေသွားတော့ရော မင်းအတွက် ဘာတွေများနစ်နာသွားလို့လဲ…မင်းမှာ ငါတစ်ယောက်လုံးရှိနေတာပဲ။ ငါ့ကိုပဲ အားကိုးပြီး ငါ့ကိုပဲ ကြည့်နေစမ်းပါ။ ငါ့နောက်မှာရပ်နေပေး ငါကအဆုံးထိကာကွယ်ပေးမှာ “
လိန်းအနေဖြင့် Ozzy ၏ စကားသံတို့ကို ကြားနိုင်စွမ်းမရှိတော့ပေ။ သူမဒီနေရာနဲ့အဝေးကို ထွက်ပြေးချင်တာပဲသိတော့သည်။ ဘာလို့ သူမပတ်ဝန်းကျင်ကြီးက အလိမ်အညာတွေနဲ့ပြည့်နေရတာလဲ။
” ငါ့ကိုလွှတ်…” လိန်းသည် ရုန်းမြဲရုန်းနေဆဲပင်။
” မနက်ဖြန်ဆို လပြည့်နေ့ရောက်ပြီ…ငါ့ဝိညာဉ်အပြည့်အစုံက ဒီကမ္ဘာကို လာလို့ရတော့မယ်။ Portal လည်းပွင့်တော့မယ်။ အဲ့အခါ မင်းကို အိမ်ပြန်ခေါ်သွားပေးမယ် “
” နင်…နင် ငါ့ကို လိမ်ခဲ့တာပဲ…..နင်က ငါ့ရဲ့ အစောင့်အရှောက်မဟုတ်ဘူးမလား…နင်…နင်…”
” နင် ဘာဖြစ်လဲဆက်ပြောလေ ” Ozzy သည် သူ့ရင်ခွင်ထဲက လိန်း၏ ခေါင်းလေးအား အသာပွတ်သတ်ပြီးပြောသည်။
” နင်က Sunya ပဲ….” လိန်းသည် အခုမှ အဖြေကို သိသွားကာ ထိတ်လန့်သွားတော့သည်။ သို့သော်လည်း တတိယမြောက်လူ၏ အသံသည် ရုတ်တရတ်ထွက်ပြောလာကာ လိန်း၏ စကားတို့ကို ထပ်မံဖြည့်စွတ်လာသည်။
” Sunya ၏ ဝိညာဉ်အစိတ်အပိုင်းတစ်ခု ” ရော်ဘက်ခ်သည် ပြောရင်းနဲ့ Ozzy ၏ခေါင်းအား ဘေ့ဘောတုတ်ဖြင့် ရိုက်ချလိုက်သည်။ Ozzy လဲကျသွားသည့်အခါ ထယ်ယောင်းသည် လိန်းကို ပြေးထူလာသည်။
” အဆင်ပြေရဲ့လား ” ထယ်ယောင်းမေးလိုက်သည်။
” အင်း…နင်တို့ ဒီကိုဘယ်လိုရောက်လာတာလဲ ”
” ပြောရမှာ နည်းနည်းရှုပ်တယ်။ ငါတို့က နင့်အဖိုးအိမ်မှာ နင့်ကိုလာတွေ့တာ။ အဖိုးလိန်းက နင်ဒီကိုလာတယ်လို့ပြောလိုက်လို့။ ပြီးတော့ အန်တီစန္ဒီကလည်း နင်အန္တရာယ်ရောက်နေပြီလို့ပြောလာလို့”
” စန္ဒီဘယ်သူလဲ…အဖိုးအိမ်မှာ အဲ့နာမည်နဲ့ အမျိုးသမီးမရှိပါဘူး “
” ငါ့အမေပဲ…ရပြီလား အဲ့လောက်ဆို ကျန်တာနောက်မှရှင်းပြမယ် “ရော်ဘက်ခ်သည် စိတ်မရှည်စွာ အော်ငေါက်လို့လာသည်။
တစ်ဖတ်တွင်လည်း Ozzy သည် ချာချာလည်သွားသည့် ခေါင်းကို အသာထိန်းကိုင်ရင်း ပြန်ထလာသည်။ ထို့နောက် လိန်းကို လက်ယက်ပြန်ခေါ်သည်။
” လိန်း…ဒီပြန်လာခဲ့ “
” ဟင့်အင်း ” လိန်းသည် ခေါင်းခါကာ ရော်ဘက်ခ်နှင့် ထယ်ယောင်းအနောက်သို့ ဝင်ပုန်းမိသည်။ ထိုအပြုအမူသည် Ozzy ကို ပိုလို့ပင်ဒေါသထွက်သွားစေတော့သည်။
” မင်းကိုဒီလာလို့ပြောနေတယ်လေ! ” Ozzy ၏အော်သံသည် ဘားတစ်ခုလုံးကို ဟိန်းခနဲလွှမ်းသွားသည်။
” ပြေးတော့ ” ရော်ဘက်ခ်သည် လိန်းကို ပြေးစေကာ Ozzy ကို တုတ်နဲ့ဝင်ရိုက်တော့သည်။ သို့သော်လည်း သူ၏ ကြိုးစားမှုသည် Ozzy ၏ အစွမ်းတို့နှင့်ယှဉ်လျှင် သဲထဲရေသွန်သလိုပင်။
Ozzy သည် သူ့၏ လက်ကို ဝှေ့ရမ်းလိုက်သည့်အခါ မမြင်နိုင်တဲ့အားတစ်ခုသည် ရော်ဘက်ခ်ကို သွေးအန်သည်အထိ ရိုက်ချသွားတော့သည်။
ထယ်ယောင်းသည် အသင့်ဆောင်ထားသည့် ရေစင်ပုလင်းဖြင့် ပစ်ပေါက်လိုက်သော်လည်း Ozzyအတွက် ဘယ်လိုမှမနေချေ။ ထို့နောက် ထယ်ယောင်းသည် ဓားမြှောင်နှစ်ချောင်းဖြင့် စတင်တိုက်ခိုက်တော့သည်။ ထယ်ယောင်း၏ တိုက်ခိုက်မှုတို့သည် ပေါ့ပါးနေသော်လည်း Ozzyအတွက်တော့ ကလေးအကွတ်ကလေးသာသာပင်ဖြစ်နေသည်။
Ozzy သည် ဘေးမှ စားပွဲခုံကို အစွမ်းဖြင့်မကာ ထယ်ယောင်းအား ရိုတ်ချလိုက်သည်။ ထယ်ယောင်းသည် ထိုရိုက်ချက်ကို မချောင်နိုင်ခဲ့သော်လည်း လက်ထဲက ဓားမြှောင်နှစ်ချောင်းကို အားဖြင့်ပစ်ပေါက်လိုက်သည်။
စားပွဲသည်တစ်စစီးကျိုးကြေသွားသကဲ့သို့ ထယ်ယောင်းခန္ဓာကိုယ်မှ အရိုးများသည်လည်း ကျိုးကြေသွားသကဲ့သို့ သူခံစားနေရသည်။ သို့သော်လည်း သူပစ်လိုက်သည့် ဓားချက်တို့သည် Ozzy အား ခြစ်ရာလေးတောင် မထင်စေပေ။
မမြင်ရတဲ့ အတားအဆီးတစ်ခုကို ရိုက်မိ၍ ပြန်ကန်ထွက်လာကာ ထိုဓားတို့သည် ရော်ဘက်ခ်နှင့် လိန်းဆီဦးတည်သွားတော့သည်။
Ozzy သည် အရိပ်လို အလျင်ဖြင့် လိန်းအားဖမ်းဆွဲလိုက်သည့်အခါ ဓားသည် လိန်း၏နှလုံးနေရာအစား လက်မောင်းကိုစိုက်ဝင်သွားသည်။ ရော်ဘက်ခ်သည်ကား ရှောင်ဖယ်ဖို့ရာ အားပင်မရှိတော့တာကြောင့် သူ့ထံပစ်ဝင်လာသည့် ဓားမြှောင်ကို မျက်စိမှိတ်ကာ ကျိတ်ခံနေတော့သည်။ ဓားမြှောင်သည် သူ၏ လည်မြိုတည့်တည့်လာစိုက်သည့်အခါ ရော်ဘက်ခ် သွေးတစ်ပွတ်အန်လာသည်။
လိန်းသည် ငိုရင်းအောင်ရင်းရုန်ရင်းနဲ့ပင် လက်က ဓားမြှောင်ကို ဆွဲနှုတ်ကာ Ozzy၏ ရင်ဘက်ကို ထိုးစိုက်လိုက်သည်။ နာကျင်မှုကြောင့် Ozzy လဲကျသွားသည့်အခါ လိန်းသည် ထယ်ယောင်းနဲ့ ရော်ဘက်ခ်ရှိရာသို့ ပြေးလာသည်။
သူမအားနဲ့ ထယ်ယောင်းကို ထူသော်လည်း အရုိးကျိုးသံ တဂျွတ်ဂျွတ်ကြောင့် သူမဆက်မလုပ်ရဲတော့ပေ။ ထို့နည်းတူ ရော်ဘက်ခ်ဆီသို့လာသည့်အခါလည်း အသံမထွက်နိုင်တော့သည့်ရော်ဘက်ခ်သည် သွေးများကြားက သူမကို စကားတွေ အသည်းအသန်ပြောနေသည်။
” မပြောနဲ့…ရှင့်လည်းပင်း…လည်ပင်းမှာထိထားတယ်….စကားမပြောပါနဲ့ ” လိန်းသည် အတုန်တုန်အရီရီဖြင့် လည်ပင်းက ဓားစိုက်နေသည့်နေရာကို သွေးတိတ်လိုတိတ်ငှား ဖိပေးထားသည်။ သို့သော်လည်း သွေးများသည် သူမလက်ကြားမှ ပိုလို့ပင်စီးကျနေ၏။
” ပြေး…ပြေးတော့….အ…မေ…နင့်..နင့်ကို…စောင့်နေတယ်…ပြေး…ညီမလေး…”
ထိုစဉ် လက်တစ်စုံသည် အနောက်ဘက်မှနေ၍ ရော်ဘက်ခ်၏ နှလုံးသားကို ထိုးဖောက်လာသည်။
” အား!!! ” လိန်းငယ်သံပါအောင်အော်မိသည်။
Ozzy သည် လဲကျသွားတဲ့ ရော်ဘက်ခ်၏ အနောက်တွင်ရပ်လို့နေသည် လက်ထဲတွင်လည်း တဒုတ်ဒုတ်နဲ့ ခုန်နေဆဲရော်ဘက်ခ်၏ နှလုံးသားကိုဆုပ်ကိုင်ထားသည်။ သို့သော်လည်းမကြာလိုက်ပါ ထိုနှလုံးအား သစ်သီးကလေးအရည်ညစ်သလို ဗျစ်ခနဲညစ်ကာ အစအနပင်မကျန်တော့အောင် ဖျတ်ဆီးလိုက်တော့သည်။
_________
Zawkyi
ေဂ်ာင္ကုသတိရလာသည့္အခါ သူသည္ ဘုရားေက်ာင္းပ်က္ထဲသို႔ေရာက္လို႔ေနသည္။ တိုင္တစ္ခုတြင္ လက္ျမႇောက္လ်က္ႀကိဳးခ်ည္ထားျခင္းကို ခံထားရသည္။ ကားေမွာက္တုန္းက ရထားတဲ့ဒဏ္ရာေတြက သူ႕အတြက္ေတာ့ မေျပာပေလာက္ေပမယ့္ ကပ္စီးေနသည့္ေသြးအလိမ္းလိမ္းျဖင့္ အေတာ္ပင္ ႐ုပ္ပ်က္ေနသည္။
ေဂ်ာင္ကု႐ုန္းေသာ္လည္း ႀကိဳးသည္မပ်က္သြားေခ်။ ပိုလို႔ပင္တင္းၾကပ္လာကာ ပူလာေသာေၾကာင့္ လက္မွာခ်ည္ထားတဲ့ႀကိဳးကို ေသေသခ်ာခ်ာေမာ့ၾကည့္မိသည္။ ခ်ည္ထားသည့္ႀကိဳးသည့္ သာမာန္ႀကိဳးမဟုတ္ဘဲ အစီအရင္မ်ားျဖင့္ စီရင္ထားသည့္ ႀကိဳးျဖစ္ေနေသာေၾကာင့္ သူေဒါသထြက္ကာ ဆဲေရးမိလိုက္သည္။
” ခ်ီးလိုပဲ ”
ထို႔ေနာက္ ေျခသံအခ်ိဳ႕ေၾကာင့္ အေပါက္ဝကိုသူၾကည့္မိသည့္အခါ အမည္းေရာင္ေခါင္းစြပ္ဝတ္႐ုံနဲ႕ အမ်ိဳးသမီးတစ္ေယာက္သည္ ဘုရားေက်ာင္းထဲသို႔ဝင္လာေနသည္။ သူမ၏ ေျခလွမ္းတစ္လွမ္းတိုင္းမွာ ဘုရားေက်ာင္းထဲရွိ ဖေယာင္းတိုင္မ်ားသည္ သူ႕အလိုလိုမီးေတာက္လို႔လာသည္။ ေခါင္းစြပ္ဝတ္႐ုံေၾကာင့္ ထိုအမ်ိဳးသမီး၏ မ်က္ႏွာကို မျမင္ရေသာ္လည္း သူရင္းႏွီးေနသလိုခံစားေနရသည္။
” မင္းဘယ္သူလဲ…ဘယ္လိုသတၱိနဲ႕မ်ား ငါကိုခ်ဳပ္ေႏွာင္ထားရဲရတာလဲ!!! ” ေဂ်ာင္ကုသည္ အသံနက္ႀကီးျဖင့္ေအာ္လိုက္သည္။ ဘုရားေက်ာင္းႀကီးတစ္ခုလုံး သိမ့္ခနဲတုန္ခါသြားၿပီးေနာက္ အမ်ိဳးသမီးသည္ သူ႕အားေမာ့ၾကည့္လာသည္။
အမ်ိဳးသမီးသည္ သူမ၏ ေခါင္းစြပ္ကို ခြၽတ္ခ်လိဳက္သည့္အခါ ေဂ်ာင္ကုတစ္ေယာက္ လုံးဝမယုံၾကည္နိုင္ဖြယ္ဆြံ႕အသြားေတာ့သည္။
” Sunya ” အမ်ိဳးသမီးသည္ သူ႕ကိုယ္သူ Sunyaစူ၍ ေျပာလာသည္။ အသံမွာလည္း ႏွစ္ထပ္ျဖသ္ေနကာ အမ်ိဳးသားတစ္ေယာက္ရဲ႕ အသံနက္ႀကီးကေရာယွတ္ပါဝင္လို႔ေနသည္။
ညမိုးခ်ဳပ္ေနၿပီျဖစ္ေပမယ့္ လိန္းတစ္ေယာက္ ၿမိဳ႕ျပင္နားက Black Rose ဘားသို႔အျမန္ေမာင္းထြပ္လာသည္။ ဘားသို႔ေရာက္သည့္အခါ ထူးဆန္းစြာနဲ႕ မည္သူမွရွိမေနေခ်။ အမ်ိဳးသမီးတို႔ရဲ႕ ဆ႒မအာ႐ုံအရ အေျခအေနမေကာင္းဘူးဆိုတာကို သူမရိပ္မိေနသည္။ ဘားထဲ၌ Jazzဂီတခပ္ျမဴးျမဴးက သူ႕အလိုလို ပ်ံ့လြင့္ေနသည္။ ႏွင္းဆီအနံ႕ခပ္သင္းသင္းကလည္း ထူးဆန္းစြာနဲ႕ သင္းပ်ံ့ေနသည္။
” Vinc…” လိန္းသည္ အသံတစ္ခ်က္ျပဳလိုက္သည္။ ဒါေပမယ့္လည္း တုန့္ျပန္လာမႈသည္ကား နတၳိပင္။
” မိန္းမလွေလးတစ္ေယာက္တည္း ဒီကို ဘာလာလုပ္တာပါလိမ့္ ” အေနာက္မွ ထြက္ေပၚလာသည့္ ရင္းႏွီးေနသည့္ အသံေၾကာင့္ လိန္းအေနာက္သို႔လွည့္ၾကည့္မိသည္။ စိမ္းျပာျပာမ်က္ဝန္းေတြနဲ႕ ေ႐ႊအိုေရာင္ဆံပင္ပိုင္ရွင္သည္ စားပြဲဝိုင္းတစ္ခုမွာ လက္ေထာက္ကာ ပ်င္းရိစြာထိုင္ေနသည္။
လိန္းသည္ သူမမ်က္လုံးကို သူမျပန္ပြတ္ၾကည့္သည္။ ဒါအိမ္မက္မ်ားလား။ အိမ္မက္ထဲမွာပဲ ျမင္ေတြ႕ခဲ့ရတဲ့ Ozzy ကို သူမဘာလို႔ျမင္ေနရတာလဲ။
” ဘာလဲ…ေပ်ာ္စရာေလးေတြေတြ႕ေတာ့ ငါ့ကိုေမ့သြားၿပီေပါ့ ” Ozzy သည္ ေအးတိေအးစက္ ျပန္ေမးလာသည္။ ထိုအခါမွ လိန္းတစ္ေယာက္သတိျပန္ကပ္ကာ Ozzy ကို အေျပးကေလး ေပြ႕ဖတ္လိုက္ေတာ့သည္။
” ငါသိသားပဲ နင္ငါ့ကို ထားခဲ့မွာမဟုတ္ဘူးဆိုတာ “
” အင္း…ငါနင့္ကို ဘယ္ေတာ့မွာထားသြားမွာမဟုတ္ဘူး အခုနင့္ကို ျပန္လာေခၚတာ “
” ဘာေျပာတာလဲ ဟင္…”
” ဘာမွမဟုတ္ဘူး…ဒီအတိုင္းပဲ အိမ္ျပန္ရေအာင္ “
လိန္းသည္ Ozzyကို ထူးဆန္းေနသည္ဟု ခံစားလာရသည္။ သို႔ေသာ္လည္း သူမ်ားမ်ားစားစားမေတြးလိုက္နိုင္ေပ။ အေၾကာင္းမွာ လာရင္းကိစၥကို သတိရသြားေသာေၾကာင့္ပင္။
” အာ…ဟုတ္သား။ ငါလူတစ္ေယာက္နဲ႕ လာေတြ႕တာ။ နင္ေရာက္ကတည္းက တစ္ေယာက္မွမရွိၾကဘူးလား။ “
Ozzy သည္ လိန္း၏ ေမးခြန္းကို ေျဖဖို႔ရာ အနည္းငယ္ေတြေဝသြားၿပီးေနာက္ အမွန္တိုင္းဝန္ခံလိုက္ေတာ့သည္။
” သူတို႔ေတြအသတ္ခံလိုက္ရတာ ” Ozzy သည္ တစ္ဆတ္တည္း ဘားထဲရွိ ေရာင္စုံမီးမ်ားကိုပိတ္ကာ မီးသီးအျဖဴတို႔ကိုလင္းထိန္ေနေအာင္ ဖြင့္လိုက္သည္။ ထိုအခါမွ လိန္းသည္ ပတ္ဝန္းက်င္ကို ရွင္းလင္းစြာျမင္ရေတာ့သည္။ ဘားတစ္ခုလုံး ေသြးမ်ားစြာျဖင့္ေပပြေနသည္။ လိန္းသည္ အထိတ္တလန့္ျဖင့္ မေအာ္မိေအာင္ သူမပါးစပ္ကို သူမအျမန္ပိတ္လိုက္ရသည္။
ထိုမွ်ႏွင့္ မၿပီးေသးဘဲ Ozzy သည္ အခန္းတစ္ခု၏ တံခါးကိုဖြင့္ျပလိုက္သည္။ ထိုထဲတြင္ အပိုင္းပိုင္းခုတ္ထစ္ခံထားရသည့္ လူ႕အစိတ္အပိုင္းမ်ားစြာရွိေနသည္။ ေခါင္းတစ္လုံးသည္ လိန္းဆီသို႔ တစ္လွိမ့္ခ်င္းစီ လိမ့္လာကာ လိန္းသည္လည္း အႀကီးအက်ယ္ကို ထိတ္လန့္ကာ ေအာ္မိေတာ့သည္။
” အား!!!! “
Ozzy သည္ လိန္းကို လစ္လ်ဴရႈကာ ထိုလူ႕အစိတ္အပိုင္းမ်ားစြာထဲမွ တစ္စုံတစ္ခုကို အသည္းအသန္ရွာေဖြေနသည္။ ေသြးမ်ားစြာသည္ Ozzy ဝတ္ထားသည့္ ျဖဴလႊလႊဝတ္စုံကို အက်ည္းတန္စြာ စြန္းထင္းကုန္ေတာ့သည္။
” မင္းသူ႕ကို လာရွာတာမလား… ” Ozzy သည္ ေခါင္းျပတ္တစ္ခုကိုယူကာ ျမႇောက္ျပသည္။
Vincent ၏ ေခါင္းျပတ္ကို ျမင္သဘ့္အခါ လိန္း၏ ေခါင္းထဲဗလာက်င္းသြားကာ တစ္ကိုယ္လုံးတုန္ရီလာေတာ့သည္။
” ေရာ့…သူကအသည္းကြဲေနတာေလ သနားစရာပဲ မင္းလာတာကိုေတာင္ မေစာင့္နိုင္လိုက္ရွာဘူး ” Ozzy သည္ ေခါင္းျပတ္အား လိန္းဆီပစ္ေပးလာသည္။ လိန္းသည္လည္း အေယာင္ေယာင္အမွားမွားျဖင့္ ထိုေခါင္းျပတ္အား ဖမ္းယူလိုက္မိသည္။ ၿပီးမွ သတိျပန္ကပ္ကာ အထိတ္တလန့္ လႊတ္ခ်လိဳက္ေတာ့သည္။
” ဘာ…ဘာေတြ…ျဖစ္ကုန္တာလဲ…” လိန္းသည္ အခုခ်ိန္ အလြန္ကို ေၾကာက္႐ြံ႕ေနမိသည္။ Ozzy သည္ တုန္လႈပ္ေနသည့္ လိန္းကို ရင္ခြင္ထဲထည့္ကာ အသာေထြးေပြ႕လိုက္သည္။ ထို႔ေနာက္ တီးတိုးဆိုသည္။
” လိန္း…မင္းဒီလိုျမင္ကြင္းေတြနဲ႕ က်င့္သားရေနဖို႔လိုတယ္….မၾကာခင္ ဒီထက္ဆိုးတာေတြျဖစ္ေတာ့မွာ အဲ့အခါ မင္းဘယ္လိုရင္ဆိုင္မလဲ “
” ဘယ္သူလဲ…Vinc..Vinc ကို သတ္သြားတာ…ဘယ္သူလဲ ” လိန္းသည္ Vinc၏ ေသဆုံးမႈအတြက္ အမွန္တကယ္ကို ဝမ္းနည္းေနမိသည္။ သူတို႔သည္ ရင္းႏွီးသည့္ဆတ္ဆံေရးမဟုတ္ေသာ္လည္း သူစိမ္းေတြထက္ပိုခဲ့ၾကသည္မဟုတ္လား။ ထို႔အျပင္ Vinc သာ မရွိေတာ့ရင္ သူ႕မိဘေတြရဲ႕အေၾကာင္း မည္သူက ေျပာျပပါေတာ့မလဲ။
လိန္း၏ ေမးခြန္းေၾကာင့္ အေစာပိုင္းကာ ေႏြးေထြးေနသည့္ Ozzy၏ မ်က္ႏွာသည္ ခ်က္ခ်င္းေအးစက္သြားသည္။ ထို႔ေနာက္ စကားတစ္လုံးတည္းကိုဆိုသည္။
” ငါ “
ဂ်ိမ္း! Ozzy၏ စကားတို႔သည္ လိန္းေခါင္းထဲမိုးႀကိဳးပစ္သြားသလိုပင္။ အျမင္ေတြေဝဝါးလ်က္ နားထဲအူကာ မည္သည့္အရညကိုမွ ၾကားနိုင္စြမ္းမရွိေတာ့ေပ။ ကမာၻႀကီးရပ္တန့္သြားသလို ေခါင္းထဲလည္း ေမွာင္မိုက္ေနေတာ့သည္။
Ozzy သည္ ထပ္မံေျပာလာသည္။
” ငါသတ္လိုက္တာေလ…”
” ဘာ..ဘာလို႔လဲ ” ဒီတစ္ခါေတာ့ ေၾကာက္႐ြံ႕ျခင္းေၾကာင့္လား ဝမ္းနည္းျခင္းေၾကာင့္လား မေသခ်ာေပမယ့္ မ်က္ရည္မ်ားသည္ စီးက်လာေတာ့သည္။ Ozzy ရင္ခြင္ထဲမွ ငိုယိုကာ သူမ႐ုန္းသည္။ သို႔ေသာ္လည္း Ozzy သည္ အလြတ္မေပးေခ်။ ပိုမိုတင္းက်ပ္စြာေပြ႕ဖတ္ထားသည္။
” လိန္း…လိမၼာစမ္းပါ။ သူတို႔ေသသြားေတာ့ေရာ မင္းအတြက္ ဘာေတြမ်ားနစ္နာသြားလို႔လဲ…မင္းမွာ ငါတစ္ေယာက္လုံးရွိေနတာပဲ။ ငါ့ကိုပဲ အားကိုးၿပီး ငါ့ကိုပဲ ၾကည့္ေနစမ္းပါ။ ငါ့ေနာက္မွာရပ္ေနေပး ငါကအဆုံးထိကာကြယ္ေပးမွာ “
လိန္းအေနျဖင့္ Ozzy ၏ စကားသံတို႔ကို ၾကားနိုင္စြမ္းမရွိေတာ့ေပ။ သူမဒီေနရာနဲ႕အေဝးကို ထြက္ေျပးခ်င္တာပဲသိေတာ့သည္။ ဘာလို႔ သူမပတ္ဝန္းက်င္ႀကီးက အလိမ္အညာေတြနဲ႕ျပည့္ေနရတာလဲ။
” ငါ့ကိုလႊတ္…” လိန္းသည္ ႐ုန္းၿမဲ႐ုန္းေနဆဲပင္။
” မနက္ျဖန္ဆို လျပည့္ေန႕ေရာက္ၿပီ…ငါ့ဝိညာဥ္အျပည့္အစုံက ဒီကမာၻကို လာလို႔ရေတာ့မယ္။ Portal လည္းပြင့္ေတာ့မယ္။ အဲ့အခါ မင္းကို အိမ္ျပန္ေခၚသြားေပးမယ္ “
” နင္…နင္ ငါ့ကို လိမ္ခဲ့တာပဲ…..နင္က ငါ့ရဲ႕ အေစာင့္အေရွာက္မဟုတ္ဘူးမလား…နင္…နင္…”
” နင္ ဘာျဖစ္လဲဆက္ေျပာေလ ” Ozzy သည္ သူ႕ရင္ခြင္ထဲက လိန္း၏ ေခါင္းေလးအား အသာပြတ္သတ္ၿပီးေျပာသည္။
” နင္က Sunya ပဲ….” လိန္းသည္ အခုမွ အေျဖကို သိသြားကာ ထိတ္လန့္သြားေတာ့သည္။ သို႔ေသာ္လည္း တတိယေျမာက္လူ၏ အသံသည္ ႐ုတ္တရတ္ထြက္ေျပာလာကာ လိန္း၏ စကားတို႔ကို ထပ္မံျဖည့္စြတ္လာသည္။
” Sunya ၏ ဝိညာဥ္အစိတ္အပိုင္းတစ္ခု ” ေရာ္ဘက္ခ္သည္ ေျပာရင္းနဲ႕ Ozzy ၏ေခါင္းအား ေဘ့ေဘာတုတ္ျဖင့္ ရိုက္ခ်လိဳက္သည္။ Ozzy လဲက်သြားသည့္အခါ ထယ္ေယာင္းသည္ လိန္းကို ေျပးထူလာသည္။
” အဆင္ေျပရဲ႕လား ” ထယ္ေယာင္းေမးလိုက္သည္။
” အင္း…နင္တို႔ ဒီကိုဘယ္လိုေရာက္လာတာလဲ ”
” ေျပာရမွာ နည္းနည္းရႈပ္တယ္။ ငါတို႔က နင့္အဖိုးအိမ္မွာ နင့္ကိုလာေတြ႕တာ။ အဖိုးလိန္းက နင္ဒီကိုလာတယ္လို႔ေျပာလိုက္လို႔။ ၿပီးေတာ့ အန္တီစႏၵီကလည္း နင္အႏၲရာယ္ေရာက္ေနၿပီလို႔ေျပာလာလို႔”
” စႏၵီဘယ္သူလဲ…အဖိုးအိမ္မွာ အဲ့နာမည္နဲ႕ အမ်ိဳးသမီးမရွိပါဘူး “
” ငါ့အေမပဲ…ရၿပီလား အဲ့ေလာက္ဆို က်န္တာေနာက္မွရွင္းျပမယ္ “ေရာ္ဘက္ခ္သည္ စိတ္မရွည္စြာ ေအာ္ေငါက္လို႔လာသည္။
တစ္ဖတ္တြင္လည္း Ozzy သည္ ခ်ာခ်ာလည္သြားသည့္ ေခါင္းကို အသာထိန္းကိုင္ရင္း ျပန္ထလာသည္။ ထို႔ေနာက္ လိန္းကို လက္ယက္ျပန္ေခၚသည္။
” လိန္း…ဒီျပန္လာခဲ့ “
” ဟင့္အင္း ” လိန္းသည္ ေခါင္းခါကာ ေရာ္ဘက္ခ္ႏွင့္ ထယ္ေယာင္းအေနာက္သို႔ ဝင္ပုန္းမိသည္။ ထိုအျပဳအမူသည္ Ozzy ကို ပိုလို႔ပင္ေဒါသထြက္သြားေစေတာ့သည္။
” မင္းကိုဒီလာလို႔ေျပာေနတယ္ေလ! ” Ozzy ၏ေအာ္သံသည္ ဘားတစ္ခုလုံးကို ဟိန္းခနဲလႊမ္းသြားသည္။
” ေျပးေတာ့ ” ေရာ္ဘက္ခ္သည္ လိန္းကို ေျပးေစကာ Ozzy ကို တုတ္နဲ႕ဝင္ရိုက္ေတာ့သည္။ သို႔ေသာ္လည္း သူ၏ ႀကိဳးစားမႈသည္ Ozzy ၏ အစြမ္းတို႔ႏွင့္ယွဥ္လွ်င္ သဲထဲေရသြန္သလိုပင္။
Ozzy သည္ သူ႕၏ လက္ကို ေဝွ႕ရမ္းလိုက္သည့္အခါ မျမင္နိုင္တဲ့အားတစ္ခုသည္ ေရာ္ဘက္ခ္ကို ေသြးအန္သည္အထိ ရိုက္ခ်သြားေတာ့သည္။
ထယ္ေယာင္းသည္ အသင့္ေဆာင္ထားသည့္ ေရစင္ပုလင္းျဖင့္ ပစ္ေပါက္လိုက္ေသာ္လည္း Ozzyအတြက္ ဘယ္လိုမွမေနေခ်။ ထို႔ေနာက္ ထယ္ေယာင္းသည္ ဓားျမႇောင္ႏွစ္ေခ်ာင္းျဖင့္ စတင္တိုက္ခိုက္ေတာ့သည္။ ထယ္ေယာင္း၏ တိုက္ခိုက္မႈတို႔သည္ ေပါ့ပါးေနေသာ္လည္း Ozzyအတြက္ေတာ့ ကေလးအကြတ္ကေလးသာသာပင္ျဖစ္ေနသည္။
Ozzy သည္ ေဘးမွ စားပြဲခုံကို အစြမ္းျဖင့္မကာ ထယ္ေယာင္းအား ရိုတ္ခ်လိဳက္သည္။ ထယ္ေယာင္းသည္ ထိုရိုက္ခ်က္ကို မေခ်ာင္နိုင္ခဲ့ေသာ္လည္း လက္ထဲက ဓားျမႇောင္ႏွစ္ေခ်ာင္းကို အားျဖင့္ပစ္ေပါက္လိုက္သည္။
စားပြဲသည္တစ္စစီးက်ိဳးေၾကသြားသကဲ့သို႔ ထယ္ေယာင္းခႏၶာကိုယ္မွ အရိုးမ်ားသည္လည္း က်ိဳးေၾကသြားသကဲ့သို႔ သူခံစားေနရသည္။ သို႔ေသာ္လည္း သူပစ္လိုက္သည့္ ဓားခ်က္တို႔သည္ Ozzy အား ျခစ္ရာေလးေတာင္ မထင္ေစေပ။
မျမင္ရတဲ့ အတားအဆီးတစ္ခုကို ရိုက္မိ၍ ျပန္ကန္ထြက္လာကာ ထိုဓားတို႔သည္ ေရာ္ဘက္ခ္ႏွင့္ လိန္းဆီဦးတည္သြားေတာ့သည္။
Ozzy သည္ အရိပ္လို အလ်င္ျဖင့္ လိန္းအားဖမ္းဆြဲလိုက္သည့္အခါ ဓားသည္ လိန္း၏ႏွလုံးေနရာအစား လက္ေမာင္းကိုစိုက္ဝင္သြားသည္။ ေရာ္ဘက္ခ္သည္ကား ေရွာင္ဖယ္ဖို႔ရာ အားပင္မရွိေတာ့တာေၾကာင့္ သူ႕ထံပစ္ဝင္လာသည့္ ဓားျမႇောင္ကို မ်က္စိမွိတ္ကာ က်ိတ္ခံေနေတာ့သည္။ ဓားျမႇောင္သည္ သူ၏ လည္ၿမိဳတည့္တည့္လာစိုက္သည့္အခါ ေရာ္ဘက္ခ္ ေသြးတစ္ပြတ္အန္လာသည္။
လိန္းသည္ ငိုရင္းေအာင္ရင္း႐ုန္ရင္းနဲ႕ပင္ လက္က ဓားျမႇောင္ကို ဆြဲႏႈတ္ကာ Ozzy၏ ရင္ဘက္ကို ထိုးစိုက္လိုက္သည္။ နာက်င္မႈေၾကာင့္ Ozzy လဲက်သြားသည့္အခါ လိန္းသည္ ထယ္ေယာင္းနဲ႕ ေရာ္ဘက္ခ္ရွိရာသို႔ ေျပးလာသည္။
သူမအားနဲ႕ ထယ္ေယာင္းကို ထူေသာ္လည္း အ႐ုိးက်ိဳးသံ တဂြၽတ္ဂြၽတ္ေၾကာင့္ သူမဆက္မလုပ္ရဲေတာ့ေပ။ ထို႔နည္းတူ ေရာ္ဘက္ခ္ဆီသို႔လာသည့္အခါလည္း အသံမထြက္နိုင္ေတာ့သည့္ေရာ္ဘက္ခ္သည္ ေသြးမ်ားၾကားက သူမကို စကားေတြ အသည္းအသန္ေျပာေနသည္။
” မေျပာနဲ႕…ရွင့္လည္းပင္း…လည္ပင္းမွာထိထားတယ္….စကားမေျပာပါနဲ႕ ” လိန္းသည္ အတုန္တုန္အရီရီျဖင့္ လည္ပင္းက ဓားစိုက္ေနသည့္ေနရာကို ေသြးတိတ္လိုတိတ္ငွား ဖိေပးထားသည္။ သို႔ေသာ္လည္း ေသြးမ်ားသည္ သူမလက္ၾကားမွ ပိုလို႔ပင္စီးက်ေန၏။
” ေျပး…ေျပးေတာ့….အ…ေမ…နင့္..နင့္ကို…ေစာင့္ေနတယ္…ေျပး…ညီမေလး…”
ထိုစဥ္ လက္တစ္စုံသည္ အေနာက္ဘက္မွေန၍ ေရာ္ဘက္ခ္၏ ႏွလုံးသားကို ထိုးေဖာက္လာသည္။
” အား!!! ” လိန္းငယ္သံပါေအာင္ေအာ္မိသည္။
Ozzy သည္ လဲက်သြားတဲ့ ေရာ္ဘက္ခ္၏ အေနာက္တြင္ရပ္လို႔ေနသည္ လက္ထဲတြင္လည္း တဒုတ္ဒုတ္နဲ႕ ခုန္ေနဆဲေရာ္ဘက္ခ္၏ ႏွလုံးသားကိုဆုပ္ကိုင္ထားသည္။ သို႔ေသာ္လည္းမၾကာလိုက္ပါ ထိုႏွလုံးအား သစ္သီးကေလးအရည္ညစ္သလို ဗ်စ္ခနဲညစ္ကာ အစအနပင္မက်န္ေတာ့ေအာင္ ဖ်တ္ဆီးလိုက္ေတာ့သည္။
_________
Comments for chapter "Chapter 21"