Chapter 22
Unicode
Ozzy သည် သွေးတွေပေနေသည့် လက်နှင့်ပင် လိန်း၏ပါးကုိ အသာဆုပ်ကိုင်လာသည်။ ထို့နောက် နတ်ဆိုးဆန်တဲ့ အပြုံးကိုပန်ဆင်ကာ…
” လိမ္မာစမ်းပါ ” ဟူ၍ အေးစက်စက်ပြောလာသည်။
ထို့နောက် လိန်း၏ နှလုံးကိုလည်း ရှေးကနည်းတူထုတ်ယူလာသည့်အတွက် လိန်းအနေနဲ့ ‘အစ်’ဆိုသည့် အသံလေးသာ ပြုလိုက်နိုင်သည်။ ထို့နောက် နာကျင်မှုကိုတောင်မခံစားနိုင်တော့ဘဲ သူမအမြင်တွေအမှောင်ကျသွားတော့သည်။
” ဘာလို့ မင်းလဲ…” ဘုရားကျောင်းပျက်ထဲက ဂျောင်ကုသည် သူ့ရှေ့ကအမျိုးသမီးကိုကြည့်ရင်း မယုံကြည်နိုင်မှုတွေဖြင့် မေးလိုက်သည်။
” သိပ်အံ့သြသွားသလား…” အသံနှစ်ထပ်ဖြစ်နေသည့် အသံနက်ကြီးဖြင့် ဂျောင်ကုအားပြန်ပြောလာသည်။ ထိုသူသည်ကား အခြားသူမဟုတ် ဝင်ပူးခံထားရသည့် လိန်းပင်ဖြစ်သည်။ Sunya ၏ ဝိညာဉ်အစိတ်အပိုင်းဖြစ်သည့် Ozzy သည် Portalကို ဖွင့်ဖို့ရာ ကြားခံလိုအပ်သည်။ တနည်းဆိုသော် Portal ကို Sunya ရွေးချယ်ထားသည့် သတို့သမီးဆိုသူကပင် ဖွင့်နိုင်မည်ဖြစ်သည်။
” လိန်း! သတိထားစမ်း! သူ့ကိုထိန်းချုပ်ခွင့်မပေးလိုက်နဲ့။ လိန်းမင်းရှိနေတယ်ဆိုတာ ငါသိတယ်နော် လိန်း!!! ” ဂျောင်ကုသည် ဝင်ပူးခံထားရသည့် လိန်းတစ်ယောက် သတိပြန်ရလိုရငှား အော်ဟစ်နေမိသည်။
ထိုအခါ Sunya သည် မျက်စံမရှိတဲ့မျက်သားဖြူဖြူတို့ဖြင့် သူ့ကုိစိုက်ကြည့်လာသည်။
” တိတ်စမ်း! မင်းဆက်အော်နေမယ်ဆို ငါသူ့ကို သတ်ပစ်ရလိမ့်မယ် ” Sunya ၏ စကားသံနဲ့အတူ ဘုရားကျောင်းပျက်ထဲသို့ လွင့်မြောလာသည့် ခန္ဓာကိုယ်တစ်ခု။ ခပ်လွင့်လွင့် ပျံဝင်လာသည့် သတိမေ့နေသော ထယ်ယောင်းသည် ဂျောင်ကုရှေ့ရောက်တဲ့အခါ လေထဲမှကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျလာသည်။
” ဘယ်သူလဲ…လိန်းလား….ထယ်ယောင်းလား…” Sunyaသည် ထယ်ယောင်း၏ ခြေထောက်ကို နင်းချေကာ မေးလာသည်။ အရိုးကျိုးသံတဂျွတ်ဂျွတ်နှင့်အတူ ထယ်ယောင်း၏ အော်သံသည်ထွက်ပေါ်လို့လာသည်။
” ရပ်လိုက်…ရပ်လိုက်လို့ ” ထယ်ယောင်းနာကျင်သည်ကို မြင်သည့်အခါ ဂျောင်ကုတစ်ယောက် ဆွေ့ဆွေ့ခုန်တော့သည်။
” ဒါဆိုပြောလေ မင်းဘယ်သူ့ကိုရွေးမှာလဲ “
” ငါကိုအချိန်ပေး…Portal က မနက်ဖြန်မှ ပွင့်မှာမလား ငါ့ကိုအချိန်ပေး…”
” မင်းဘာတွေပဲကြံစည်နေပါစေ ငါ့လက်က မလွတ်ဘူးဆိုတာ သိတယ်မလား ဂျောင်ကု…..မင်းက လူ့ဘုံက ယုတ်ညံ့တဲ့ မကောင်းဆိုးဝါးတစ်ကောင်သာသာပဲ။ ငါကတော့ အခြားလောကမှာ သီသန့်တည်ရှိနေတဲ့ ဖြစ်တည်မှုလေ ဟုတ်တယ်မလား….”
” သိတယ်! ငါသိတာမို့ ထယ်ယောင်းကို လွှတ်ပေးစမ်းပါ!!! ” ဂျောင်ကု၏ ရုန်းကန်မှုကြောင့် လက်မှာချည်ထားသည့် ကြိုးတို့သည် သူ၏လက်ကို ပွတ်တိုက်ထိုးခွဲနေသည်။ သို့သော်လည်း ဂျောင်ကုအနေနဲ့ လက်ကနာကျင်မှုကို ဂရုမစိုက်အားပေ။ သူ့ရှေ့က သွေးအလိမ်းလိမ်းဖြင့် ထယ်ယောင်းကိုသာ စိတ်ပူနေမိသည်။
ထယ်ယောင်း၏ သတိတို့သည် မရတချက် ရတချက်ဖြစ်ကာ သူ့ခေါင်းထဲချာချာလည်နေသည်။ တစ်ခါတစ်လေ ကလေးငယ်တစ်ယောက်ကို အပနှင်နေသည့်မြင်ကွင်းတို့က နေရာယူလာပြီး တစ်ခါတစ်လေ တိုင်မှုကြိုးချည်ခံထားရသည့်ဂျောင်ကုကို ပြန်မြင်လာသည်။ ဝေဝါးနေတဲ့ မှတ်ဉာဏ်တွေအကြား ဘယ်ဟာကအစစ်မှန် ဘယ်ဟာကအတုအယောင်မှန်း သူမခွဲခြားတတ်တော့ချေ။
Sunya သည် သူတို့နှစ်ယောက်ကို ဘုရားကျောင်းပျက်ထဲ ထားခဲ့ကာ ပြန်ထွက်သွားသည်။ ဂျောင်ကုသည် တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသည့်ထယ်ယောင်းကိုကြည့်ရင်း ငိုမိသည်။ လူသားတစ်ယောက်အတွက်နဲ့ သူ့နှလုံးသားသည် အလွန်ကို နာကျင်နေသည်။ ဘာတွေမှားကုန်တာလဲ။ ဒီကမ္ဘာမှာတောင် သူက ထယ်ယောင်းကိုမကာကွယ်နိုင်ဘူးတဲ့လား။ ဘာလို့လဲ။ ဘာလို့လဲ…။
” ဂျောင်ကု…” ထယ်ယောင်းသည် သူ့ကို ခပ်တိုးတိုးခေါ်လာသည်။
” အင်း…ကိုယ်ရှိတယ်…”
သို့သော်လည်း ထယ်ယောင်းသည့် မည်သည့်စကားကိုမှ ထပ်မဆိုတော့ဘဲ တိတ်ဆိတ်သွားသည်။ တိတ်ဆိတ်မှုတွေကြီးစိုးနေသည့် ဘုရားကျောင်းပျက်ထဲ ထယ်ယောင်း၏ အသက်ရှုသံမျှင်းမျှင်းကလေးကို အတိုင်းသားကြားနေရသည်။
” ထယ်…ထယ် တောင့်ထားဦး…မအိပ်ပျော်သွားစေနဲ့ ” ဂျောင်ကုသည် လက်ကကြိုးတို့ပြေအောင် အတင်းရုန်းကန်နေသည်။ သို့သော်လည်း သူ့ကြိုးစားမှုသည် သိပ်မထိရောက်ပေ။
” Tenebris animae maeae, iussi exire, imperavi ut mutuari tuam potestatem.
Tenebris animae maeae, tolle corpus meum ad inferos. sit mihi in tenebris inanis. ”
ဂျောင်ကုသည် လက်တင်ဘာသာဖြင့် တစ်စုံတစ်ခုကို စတင်ရွတ်ဆိုလာသည်။ ရွတ်ဆိုမှုနှင့်အတူ သူ၏ ခန္ဓာကိုယ်သည် လေထဲသို့ မြောက်တက်လို့လာသည်။ ပတ်ပတ်လည်တွင်လည်း အပြာရောင်မီးတောက်များက စက်ဝိုင်းပုံစံတောက်လောက်လို့လာသည်။ ထူးဆန်းသည်က ထိုမီးတောက်များသည် သူ့ခြေရင်းတွင်လဲကျနေသည့် ထယ်ယောင်းကို လောင်ကျွမ်းခြင်းမရှိပေ။
ဂျောင်ကု၏ မျက်ဝန်းများသည် တစ်ဖြေးဖြေးဖြင့် အနက်ရောက်လွှမ်းမိုးလို့လာသည်။ နှလုံးသွေးထဲမှ အရိပ်တို့သည် ခန္ဓာကိုယ်အနှံ့သို့ စတင်ဝါးမြိုလာသည်။ ရေဘဝဲလက်တံကဲ့သို့သော အရိပ်များသည် ရင်ဘက်မှထွက်လာကာ အခြားခန္ဓာကိုယ် အစိတ်အပိုင်းများသို့ အားပြင်းစွာ ထိုးစိုက်ဝင်ရောက်လာသည်။ အရိပ်တစ်ခုဝင်လာတို့ ဂျောင်ကုတစ်ယောက် အသံနက်ကြီးဖြင့် နာကျင်စွာ အော်ဟစ်မိသည်။
အရိပ်များ၏ ဝါးမြိုမှုကြောင့် သူ့တစ်ကိုယ်လုံးတွင်လည်း သွေးအလိမ်းလိမ်းဖြင့်သာ။ အမည်းရောင်ဝတ်ထား၍ ခန္ဓာကိုယ်ပေါ်က သွေးများကို မမြင်ရသည့်အလျောက် လက်ချောင်းထိပ်ကလေးတွေ ဘောင်းဘီစကလေးတွေမှ သွေးစက်များသည် တတောက်တောက်ဖြင့် စီးကျနေသည်။
ကြမ်းပြင်သို့ စီးကျနေသည့် သွေးများသည် အပြာရောင်မီးတောက်စက်ဝန်းအတွင်း ငါးတောင့်ကြယ်ပုံစံသို့ သူ့အလိုလိုရေးဆွဲသွားကြသည်။ အရိပ်များ၏ ဝါးမြိုမှုပြီးဆုံးသွားသည့်အခါ ဂျောင်ကု၏ ရုပ်ပိုင်းဆိုင်ရာသည် အတော်ကလေးပြောင်းလဲသွားသည်။
ဆံပင်များသည် ဂုတ်ထောက်သည်အထိ ရှည်လာကာ၊ မည်းနက်နေသည့် လက်သည်းရှည်များထိပ်တွင်လည်း အနက်ရောင်အငွေ့တို့က ဝန်းရံနေသည်။ မျက်ဝန်းတို့သည်လည်း သွေးဆာနေသည့် နတ်ဆိုးတစ်ကောင်ကဲ့သို့ မည်းနက်နေသည်။ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြသည့်အရိပ်များသည် အခုအခါတော့ တတ်တူးသဖွယ် ခန္ဓာကိုယ်အနှံ့နေရာယူထားသည်။ လက်ကိုတုပ်နှောင်ထားသည့် ကြိုးသည်လည်း အပြာရောင်မီးတောက်တို့ဖြင့် သူ့အလိုလိုလောင်ကျွမ်းပြာကျသွားတော့သည်။
လေထဲမှ ဂျောင်ကုသို့ မြေပြင်ပေါ်သို့ ဖြေးညင်းစွာနဲ့ ပြန်လည်ဆင်းသတ်လာသည်။ သူ၏ ခြေထောက်သည် ငါးထောင့်သွေးကြယ်ကို ထိလိုက်သည်နှင့်အမျှ အပြာရောင်မီးတောက်များသည် အနီရောင်သို့ပြောင်းလဲကာ ငါးထောင့်သွေးကြယ်ကိုပါ စတင်လောင်ကျွမ်းလာတော့သည်။
ဂျောင်ကုသည် ကြမ်းပြင်ပေါ်မှ ထယ်ယောင်းကို အသာကောက်ပွေ့လိုက်သည်။ ထို့နောက် နှလုံးသားနေရာကို လက်ညှိုးဖြင့်ထကာ အနက်ရောင်အငွေ့အသတ်အချို့ကို ထယ်ယောင်းခန္ဓာကိုယ်ထဲ ဝင်စေလိုက်သည်။ ထိုအနက်ရောင် အငွေ့သေးသေးလေးသည် ထယ်ယောင်းခန္ဓာကိုယ်အနှံ့ထိုးဖောက် ဝင်ရောက်သွားပြီးနောက် ဒဏ်ရာများကို အကောင်းပကတိ ပြန်လည်သတ်သာစေလေသည်။
ဂျောင်ကုသည် ထိုပုံစံအတိုင်း ထယ်ယောင်းကို ချီလျှက် မြို့ထဲသို့ လမ်းလျှောက်ပြန်လာသည်။ သူတို့နောက်မှ ဘုရားကျောင်းပျတ်ကြီးသည် ငရဲမီးတောက်တွေ၏ ဝါးမြိုဖျတ်ဆီးခြင်းကို ခံရနေသည်။
သူတို့နှစ်ယောက်မြို့ထဲသို့ပြန်ရောက်သည့်အခါ အရှေ့ဘက်တောင်းတန်းများမှ နေထွက်စပြုလာပြီ။
မြို့ထဲတွင်လည်း ဂယောက်ဂယတ်ဖြစ်လို့နေသည်။ မြို့၏ အလယ်ဗဟို လမ်းလေးခွဆုံရာအရပ်၌ Sunya တစ်ဖြစ်လဲ လိန်းသည် မြေဖြူတို့ဖြင့် ကြီးမားတဲ့အင်းကွတ်တစ်ခုကို ရေးဆွဲနေသည်။ သူ၏ အနားပတ်ပတ်လည်တွင်လည်း အမည်းရောင်ဆားတို့ဖြင့်စည်းချထားကာ သေမင်းများသည်လည်း နေရာယူထားကြသည်။
” မြို့ထဲက လူတွေရော ” ထယ်ယောင်းသည် ညကတည်းကသတိရနေတာပင်။ သို့သော်လည်း ကြောက်စရာအသွင်ဖြင့် သူပြောသမျှကို နားမထောင်တဲ့ ဂျောင်ကုကြောင့် သူဟာ အခုထိ ဂျောင်ကုရင်ခွင်ထဲ ပွေ့ချီခံထားရဆဲပင်။
” မရှိတော့ဘူး ” ဂျောင်ကု၏ အသံနက်ကြီးသည် ထယ်ယောင်းကို တစ်ခါတုန်းကအရိပ်မည်းကြီးကို သတိရစေပါသည်။ ဂျောင်ကုဆက်ပြောသည်။
” ငါမင်းကိုရွေးသည်ဖြစ်စေ လိန်းကိုရွေးသည်ဖြစ်စေ Sunya က ငါ့ကို အလွတ်ပေးမှာမဟုတ်ဘူး…ပြီးတော့ ဒါက ပုံရိပ်ယောင်နယ်မြေတစ်ခုပဲ။ မကောင်းဆိုးဝါးဖြစ်တဲ့ငါက မင်းကိုဖမ်းထားတဲ့ ပုံရိပ်ယောင်တစ်ခုပဲ ”
ဂျောင်ကု၏ စကားများကြောင့် ထယ်ယောင်းမျက်လုံးလေးဝိုင်းစက်သွားသည်။ ထို့နောက် အထစ်ထစ်အငေါ့ငေါ့ဖြင့်….
” မင်း…မင်းပြောချင်တာက ဒါတွေက အစစ်အမှန်မဟုတ်ဘူးလို့လား “
” အင်း…မကျေနပ်ဘူးမလား ” သူ့ကိုငုံ့ကြည့်လာတဲ့ မျက်သားဖြူအလျင်းမရှိသည့်မျက်ဝန်းနက်တွေကြောင့် ထယ်ယောင်းတစ်ယောက် ကျေချမ်းသွားသည်။
” မ…မဟုတ်…မဟုတ်ပါဘူး…ငါက…ရှင်းရှင်း…လင်းလင်း…သိချင်..ရုံပါ ” စကားအထစ်ထစ်အငေါ့ငေါ့ဖြစ်နေတဲ့ ထယ်ယောင်းကိုကြည့် ဂျောင်ကုသည် ဟက်ခနဲ ခပ်တိုးတိုးတစ်ချက်ရယ်လာသည်။
” မင်းကမကောင်းဆိုးဝါးပူးကပ်ခံထားရတဲ့ ကလေးငယ်ပဲ…အခု အိမ်မက်ကနေနိုးထလိုက်တော့ ” ဂျောင်ကု၏ အသံနက်ကြီးသည် ဒီတစ်ခါ နွေးထွေးသယောင်ရှိသည်။ ထို့နောက် နွေးထွေးမှုအလျင်းမရှိ အေးစက်စက်နှုတ်ခမ်းပါးတစ်စုံသည် ထယ်ယောင်း၏ နှုတ်ခမ်းပေါ်ဝယ် ဖိကပ်လာသည်။ ရုတ်တရတ်ဆန်သည် ထယ်ယောင်း၏ မျက်လုံးတို့သည် ပြူးကျယ်သတဲ့ ပြူးကျယ်လာသည်။
အနမ်းတို့သည် ထိုလူ၏ နှုတ်ခမ်းသားတို့ကဲ့သို့ ငြိမ်းအေးမှုနှင့်အေးခဲနေသည်။ အချိန်တွေကို ရပ်တန့်ထားသလို၊ ကမ္ဘာကြီးကို ရပ်တန့်ထားသလို အေးခဲနေခဲ့သည်။
ပုံမှန်အချိန်ဆို ထယ်ယောင်း အကြီးအကျယ်ဒေါသထွက်မိမှာဖြစ်ပေမယ့် အခုတော့ သူ့ရင်ထဲ ဝမ်းနည်းမှုက နေရာယူထားသည်။
သူရှေ့က ထိုမကောင်းဆိုးဝါးကောင်ကို ပြောဖို့ရာ စကားလုံးတွေများလွန်းလို့ သူလည်ပင်းတစ်ခုလုံးနာကျင်လာသည်။ ရှုပ်ထွေးလှတဲ့ ခံစားချက်တွေကြောင့် သူ့နှလုံးသားတစ်ခုလုံး တင်းကြပ်လို့နေပြီ။ အကြောင်းရင်းမရှိပါဘဲ မျက်ရည်သည် အတိုင်းသား ဝေ့သီလာပြန်သည်။
” ချစ်တယ်…ပထမဦးဆုံးအကြိမ်လည်းဖြစ်သလို နောက်ဆုံးအကြိမ်လည်းဖြစ်နိုင်တာမလို့ ဒီမကောင်းဆိုးဝါးကောင်က မင်းကိုချစ်ခဲ့တာကို သတိရပေးပါ ”
ဂျောင်ကုသည် အနမ်းကိုရပ်တန့်စေပြီးနောက် ပြောလာသည့် စကားသည် ထယ်ယောင်း၏ နှလုံးသားကိုအပ်ပေါင်းတစ်ထောင်နှင့်စိုက်ထိုးနေသည့်နည်းတူ နာကျင်စေသည်။ ဒီခံစားချက်ကြီးက ဘာလဲ သူနဲ့ဂျောင်ကုနဲ့က အဲ့လောက်ထိမရင်းနှီးဘဲကို။
” ထယ်….တစ်ခုခုပြန်မပြောတော့ဘူးလား ”
ထယ်ယောင်းကြောင်အနေသည်။ လူသည် အတုန်တုန်အရီရီဖြင့် အဖြစ်ပျက်များကို လိုက်မှီဖို့ရာ မနည်းကြိုးစားနေရသည်။ ဂျောင်ကုသာ ပွေ့မချီထားပါက သူ့ခြေထောက်တို့ ယိုင်နဲ့ကာ မြေပေါ်သို့ လဲကျနေလောက်ပြီ။
ထယ်ယောင်းတိတ်ဆိတ်နေသည်ကို မြင်သည့်အခါ ဂျောင်ကုသည် စိတ်ထဲမသတ်မသာခံစားလာရသည်။ ဝဲဘက်တစ်နေရာသည်လည်း ဒီအကြိမ်တော့ ခါတိုင်းထက်ပိုနာကျင်လာရသည်။ လူသားတစ်ယောက်ကို ချစ်မိသည့်အခါ သူတို့၏အဆုံးသတ်သည်ကာ မှောင်မိုက်ခြင်းပင်။
ဂျောင်ကုသည် သူ၏မျက်ရည်များအား ထယ်ယောင်းမမြင်စေရန် မျက်နှာအသာလွှဲလိုက်ပြီးနောက် ခပ်အက်အက်ဖြစ်နေသည့် အသံနက်ကြီးဖြင့် ထပ်မံစကားဆိုလာသည်။
” အာ…မင်းအတိတ်မေ့နေတာကို ကိုယ်မေ့သွားလို့။ ကိုယ်မင်းကိုချစ်တာ သိထားပေးနော် ထယ်…”
ထိုစကားကို ကြားလိုက်ရသည့်တခဏ ထယ်ယောင်းစိတ်ထဲ ရင်းနှီးနေသည့် အစိမ်းသက်သက်မှတ်ဉာဏ်များပေါ်လာပြန်သည်။
” မင်းငါ့ကို ဘယ်တော့မှထားမသွားဘူးမလား “
” အင်း “
” ကတိနော် ” ကလေးနှစ်ယောက် စောင်အောက်ထဲ ကတိပြုနေကြပုံတွေ။
” ထယ်ယောင်းရေ သူက ငါ့ကိုမကောင်းဆိုးဝါးတဲ့…မင်းကိုလည်း အရူးလို့ပြောတယ် ”
” ရပြီ သူမရှိတော့ရင် ငါတို့ကို ဘယ်သူမှဘာမှမပြောနိုင်တော့ဘူး ” ရေတွင်းထဲက ကလေးငယ်ဝတုတ်လေးအား ငုံ့ကြည့်ပြီး ကြောက်စရာကောင်းစွာပြုံးနေကြသည့် သူတို့နှစ်ယောက်။
” ထယ်ယောင်း…မင်းအခုဘာလုပ်လိုက်တာလဲ အဲ့တံခါးကို မဖွင့်ပါနဲ့လို့ မင်းကိုပြောထားတယ်မလား “
” ဆရာမကောင်းဘူး…ဆရာက သားသူငယ်ချင်းကို ပိတ်ထားတယ်။ ဆရာမကောင်းဘူး “
” ကင်မ်ထယ်ယောင်း!!! အသိတရားရစမ်း။ အဲ့တာက မင်းသူငယ်ချင်းမဟုတ်ဘူး ” ဘုန်းတော်ကြီးတစ်ပါးသည့် သူ့အား ဒေါသတကြီးအော်ငေါက်နေပုံတွေ။
__________
Zawkyi
Ozzy သည္ ေသြးေတြေပေနသည့္ လက္ႏွင့္ပင္ လိန္း၏ပါးကုိ အသာဆုပ္ကိုင္လာသည္။ ထို႔ေနာက္ နတ္ဆိုးဆန္တဲ့ အၿပဳံးကိုပန္ဆင္ကာ…
” လိမၼာစမ္းပါ ” ဟူ၍ ေအးစက္စက္ေျပာလာသည္။
ထို႔ေနာက္ လိန္း၏ ႏွလုံးကိုလည္း ေရွးကနည္းတူထုတ္ယူလာသည့္အတြက္ လိန္းအေနနဲ႕ ‘အစ္’ဆိုသည့္ အသံေလးသာ ျပဳလိုက္နိုင္သည္။ ထို႔ေနာက္ နာက်င္မႈကိုေတာင္မခံစားနိုင္ေတာ့ဘဲ သူမအျမင္ေတြအေမွာင္က်သြားေတာ့သည္။
” ဘာလို႔ မင္းလဲ…” ဘုရားေက်ာင္းပ်က္ထဲက ေဂ်ာင္ကုသည္ သူ႕ေရွ႕ကအမ်ိဳးသမီးကိုၾကည့္ရင္း မယုံၾကည္နိုင္မႈေတြျဖင့္ ေမးလိုက္သည္။
” သိပ္အံ့ၾသသြားသလား…” အသံႏွစ္ထပ္ျဖစ္ေနသည့္ အသံနက္ႀကီးျဖင့္ ေဂ်ာင္ကုအားျပန္ေျပာလာသည္။ ထိုသူသည္ကား အျခားသူမဟုတ္ ဝင္ပူးခံထားရသည့္ လိန္းပင္ျဖစ္သည္။ Sunya ၏ ဝိညာဥ္အစိတ္အပိုင္းျဖစ္သည့္ Ozzy သည္ Portalကို ဖြင့္ဖို႔ရာ ၾကားခံလိုအပ္သည္။ တနည္းဆိုေသာ္ Portal ကို Sunya ေ႐ြးခ်ယ္ထားသည့္ သတို႔သမီးဆိုသူကပင္ ဖြင့္နိုင္မည္ျဖစ္သည္။
” လိန္း! သတိထားစမ္း! သူ႕ကိုထိန္းခ်ဳပ္ခြင့္မေပးလိုက္နဲ႕။ လိန္းမင္းရွိေနတယ္ဆိုတာ ငါသိတယ္ေနာ္ လိန္း!!! ” ေဂ်ာင္ကုသည္ ဝင္ပူးခံထားရသည့္ လိန္းတစ္ေယာက္ သတိျပန္ရလိုရငွား ေအာ္ဟစ္ေနမိသည္။
ထိုအခါ Sunya သည္ မ်က္စံမရွိတဲ့မ်က္သားျဖဴျဖဴတို႔ျဖင့္ သူ႕ကုိစိုက္ၾကည့္လာသည္။
” တိတ္စမ္း! မင္းဆက္ေအာ္ေနမယ္ဆို ငါသူ႕ကို သတ္ပစ္ရလိမ့္မယ္ ” Sunya ၏ စကားသံနဲ႕အတူ ဘုရားေက်ာင္းပ်က္ထဲသို႔ လြင့္ေျမာလာသည့္ ခႏၶာကိုယ္တစ္ခု။ ခပ္လြင့္လြင့္ ပ်ံဝင္လာသည့္ သတိေမ့ေနေသာ ထယ္ေယာင္းသည္ ေဂ်ာင္ကုေရွ႕ေရာက္တဲ့အခါ ေလထဲမွၾကမ္းျပင္ေပၚသို႔ ဘုန္းခနဲ ျပဳတ္က်လာသည္။
” ဘယ္သူလဲ…လိန္းလား….ထယ္ေယာင္းလား…” Sunyaသည္ ထယ္ေယာင္း၏ ေျခေထာက္ကို နင္းေခ်ကာ ေမးလာသည္။ အရိုးက်ိဳးသံတဂြၽတ္ဂြၽတ္ႏွင့္အတူ ထယ္ေယာင္း၏ ေအာ္သံသည္ထြက္ေပၚလို႔လာသည္။
” ရပ္လိုက္…ရပ္လိုက္လို႔ ” ထယ္ေယာင္းနာက်င္သည္ကို ျမင္သည့္အခါ ေဂ်ာင္ကုတစ္ေယာက္ ေဆြ႕ေဆြ႕ခုန္ေတာ့သည္။
” ဒါဆိုေျပာေလ မင္းဘယ္သူ႕ကိုေ႐ြးမွာလဲ “
” ငါကိုအခ်ိန္ေပး…Portal က မနက္ျဖန္မွ ပြင့္မွာမလား ငါ့ကိုအခ်ိန္ေပး…”
” မင္းဘာေတြပဲႀကံစည္ေနပါေစ ငါ့လက္က မလြတ္ဘူးဆိုတာ သိတယ္မလား ေဂ်ာင္ကု…..မင္းက လူ႕ဘုံက ယုတ္ညံ့တဲ့ မေကာင္းဆိုးဝါးတစ္ေကာင္သာသာပဲ။ ငါကေတာ့ အျခားေလာကမွာ သီသန့္တည္ရွိေနတဲ့ ျဖစ္တည္မႈေလ ဟုတ္တယ္မလား….”
” သိတယ္! ငါသိတာမို႔ ထယ္ေယာင္းကို လႊတ္ေပးစမ္းပါ!!! ” ေဂ်ာင္ကု၏ ႐ုန္းကန္မႈေၾကာင့္ လက္မွာခ်ည္ထားသည့္ ႀကိဳးတို႔သည္ သူ၏လက္ကို ပြတ္တိုက္ထိုးခြဲေနသည္။ သို႔ေသာ္လည္း ေဂ်ာင္ကုအေနနဲ႕ လက္ကနာက်င္မႈကို ဂ႐ုမစိုက္အားေပ။ သူ႕ေရွ႕က ေသြးအလိမ္းလိမ္းျဖင့္ ထယ္ေယာင္းကိုသာ စိတ္ပူေနမိသည္။
ထယ္ေယာင္း၏ သတိတို႔သည္ မရတခ်က္ ရတခ်က္ျဖစ္ကာ သူ႕ေခါင္းထဲခ်ာခ်ာလည္ေနသည္။ တစ္ခါတစ္ေလ ကေလးငယ္တစ္ေယာက္ကို အပႏွင္ေနသည့္ျမင္ကြင္းတို႔က ေနရာယူလာၿပီး တစ္ခါတစ္ေလ တိုင္မႈႀကိဳးခ်ည္ခံထားရသည့္ေဂ်ာင္ကုကို ျပန္ျမင္လာသည္။ ေဝဝါးေနတဲ့ မွတ္ဉာဏ္ေတြအၾကား ဘယ္ဟာကအစစ္မွန္ ဘယ္ဟာကအတုအေယာင္မွန္း သူမခြဲျခားတတ္ေတာ့ေခ်။
Sunya သည္ သူတို႔ႏွစ္ေယာက္ကို ဘုရားေက်ာင္းပ်က္ထဲ ထားခဲ့ကာ ျပန္ထြက္သြားသည္။ ေဂ်ာင္ကုသည္ တစ္ကိုယ္လုံး ကိုင္ရိုက္ခံထားရသည့္ထယ္ေယာင္းကိုၾကည့္ရင္း ငိုမိသည္။ လူသားတစ္ေယာက္အတြက္နဲ႕ သူ႕ႏွလုံးသားသည္ အလြန္ကို နာက်င္ေနသည္။ ဘာေတြမွားကုန္တာလဲ။ ဒီကမာၻမွာေတာင္ သူက ထယ္ေယာင္းကိုမကာကြယ္နိုင္ဘူးတဲ့လား။ ဘာလို႔လဲ။ ဘာလို႔လဲ…။
” ေဂ်ာင္ကု…” ထယ္ေယာင္းသည္ သူ႕ကို ခပ္တိုးတိုးေခၚလာသည္။
” အင္း…ကိုယ္ရွိတယ္…”
သို႔ေသာ္လည္း ထယ္ေယာင္းသည့္ မည္သည့္စကားကိုမွ ထပ္မဆိုေတာ့ဘဲ တိတ္ဆိတ္သြားသည္။ တိတ္ဆိတ္မႈေတြႀကီးစိုးေနသည့္ ဘုရားေက်ာင္းပ်က္ထဲ ထယ္ေယာင္း၏ အသက္ရႈသံမွ်င္းမွ်င္းကေလးကို အတိုင္းသားၾကားေနရသည္။
” ထယ္…ထယ္ ေတာင့္ထားဦး…မအိပ္ေပ်ာ္သြားေစနဲ႕ ” ေဂ်ာင္ကုသည္ လက္ကႀကိဳးတို႔ေျပေအာင္ အတင္း႐ုန္းကန္ေနသည္။ သို႔ေသာ္လည္း သူ႕ႀကိဳးစားမႈသည္ သိပ္မထိေရာက္ေပ။
” Tenebris animae maeae, iussi exire, imperavi ut mutuari tuam potestatem.
Tenebris animae maeae, tolle corpus meum ad inferos. sit mihi in tenebris inanis. ”
ေဂ်ာင္ကုသည္ လက္တင္ဘာသာျဖင့္ တစ္စုံတစ္ခုကို စတင္႐ြတ္ဆိုလာသည္။ ႐ြတ္ဆိုမႈႏွင့္အတူ သူ၏ ခႏၶာကိုယ္သည္ ေလထဲသို႔ ေျမာက္တက္လို႔လာသည္။ ပတ္ပတ္လည္တြင္လည္း အျပာေရာင္မီးေတာက္မ်ားက စက္ဝိုင္းပုံစံေတာက္ေလာက္လို႔လာသည္။ ထူးဆန္းသည္က ထိုမီးေတာက္မ်ားသည္ သူ႕ေျခရင္းတြင္လဲက်ေနသည့္ ထယ္ေယာင္းကို ေလာင္ကြၽမ္းျခင္းမရွိေပ။
ေဂ်ာင္ကု၏ မ်က္ဝန္းမ်ားသည္ တစ္ေျဖးေျဖးျဖင့္ အနက္ေရာက္လႊမ္းမိုးလို႔လာသည္။ ႏွလုံးေသြးထဲမွ အရိပ္တို႔သည္ ခႏၶာကိုယ္အႏွံ႕သို႔ စတင္ဝါးၿမိဳလာသည္။ ေရဘဝဲလက္တံကဲ့သို႔ေသာ အရိပ္မ်ားသည္ ရင္ဘက္မွထြက္လာကာ အျခားခႏၶာကိုယ္ အစိတ္အပိုင္းမ်ားသို႔ အားျပင္းစြာ ထိုးစိုက္ဝင္ေရာက္လာသည္။ အရိပ္တစ္ခုဝင္လာတို႔ ေဂ်ာင္ကုတစ္ေယာက္ အသံနက္ႀကီးျဖင့္ နာက်င္စြာ ေအာ္ဟစ္မိသည္။
အရိပ္မ်ား၏ ဝါးၿမိဳမႈေၾကာင့္ သူ႕တစ္ကိုယ္လုံးတြင္လည္း ေသြးအလိမ္းလိမ္းျဖင့္သာ။ အမည္းေရာင္ဝတ္ထား၍ ခႏၶာကိုယ္ေပၚက ေသြးမ်ားကို မျမင္ရသည့္အေလ်ာက္ လက္ေခ်ာင္းထိပ္ကေလးေတြ ေဘာင္းဘီစကေလးေတြမွ ေသြးစက္မ်ားသည္ တေတာက္ေတာက္ျဖင့္ စီးက်ေနသည္။
ၾကမ္းျပင္သို႔ စီးက်ေနသည့္ ေသြးမ်ားသည္ အျပာေရာင္မီးေတာက္စက္ဝန္းအတြင္း ငါးေတာင့္ၾကယ္ပုံစံသို႔ သူ႕အလိုလိုေရးဆြဲသြားၾကသည္။ အရိပ္မ်ား၏ ဝါးၿမိဳမႈၿပီးဆုံးသြားသည့္အခါ ေဂ်ာင္ကု၏ ႐ုပ္ပိုင္းဆိုင္ရာသည္ အေတာ္ကေလးေျပာင္းလဲသြားသည္။
ဆံပင္မ်ားသည္ ဂုတ္ေထာက္သည္အထိ ရွည္လာကာ၊ မည္းနက္ေနသည့္ လက္သည္းရွည္မ်ားထိပ္တြင္လည္း အနက္ေရာင္အေငြ႕တို႔က ဝန္းရံေနသည္။ မ်က္ဝန္းတို႔သည္လည္း ေသြးဆာေနသည့္ နတ္ဆိုးတစ္ေကာင္ကဲ့သို႔ မည္းနက္ေနသည္။ ခႏၶာကိုယ္ထဲသို႔ ထိုးေဖာက္ဝင္ေရာက္ခဲ့ၾကသည့္အရိပ္မ်ားသည္ အခုအခါေတာ့ တတ္တူးသဖြယ္ ခႏၶာကိုယ္အႏွံ႕ေနရာယူထားသည္။ လက္ကိုတုပ္ေႏွာင္ထားသည့္ ႀကိဳးသည္လည္း အျပာေရာင္မီးေတာက္တို႔ျဖင့္ သူ႕အလိုလိုေလာင္ကြၽမ္းျပာက်သြားေတာ့သည္။
ေလထဲမွ ေဂ်ာင္ကုသို႔ ေျမျပင္ေပၚသို႔ ေျဖးညင္းစြာနဲ႕ ျပန္လည္ဆင္းသတ္လာသည္။ သူ၏ ေျခေထာက္သည္ ငါးေထာင့္ေသြးၾကယ္ကို ထိလိုက္သည္ႏွင့္အမွ် အျပာေရာင္မီးေတာက္မ်ားသည္ အနီေရာင္သို႔ေျပာင္းလဲကာ ငါးေထာင့္ေသြးၾကယ္ကိုပါ စတင္ေလာင္ကြၽမ္းလာေတာ့သည္။
ေဂ်ာင္ကုသည္ ၾကမ္းျပင္ေပၚမွ ထယ္ေယာင္းကို အသာေကာက္ေပြ႕လိုက္သည္။ ထို႔ေနာက္ ႏွလုံးသားေနရာကို လက္ညွိုးျဖင့္ထကာ အနက္ေရာင္အေငြ႕အသတ္အခ်ိဳ႕ကို ထယ္ေယာင္းခႏၶာကိုယ္ထဲ ဝင္ေစလိုက္သည္။ ထိုအနက္ေရာင္ အေငြ႕ေသးေသးေလးသည္ ထယ္ေယာင္းခႏၶာကိုယ္အႏွံ႕ထိုးေဖာက္ ဝင္ေရာက္သြားၿပီးေနာက္ ဒဏ္ရာမ်ားကို အေကာင္းပကတိ ျပန္လည္သတ္သာေစေလသည္။
ေဂ်ာင္ကုသည္ ထိုပုံစံအတိုင္း ထယ္ေယာင္းကို ခ်ီလွ်က္ ၿမိဳ႕ထဲသို႔ လမ္းေလွ်ာက္ျပန္လာသည္။ သူတို႔ေနာက္မွ ဘုရားေက်ာင္းပ်တ္ႀကီးသည္ ငရဲမီးေတာက္ေတြ၏ ဝါးၿမိဳဖ်တ္ဆီးျခင္းကို ခံရေနသည္။
သူတို႔ႏွစ္ေယာက္ၿမိဳ႕ထဲသို႔ျပန္ေရာက္သည့္အခါ အေရွ႕ဘက္ေတာင္းတန္းမ်ားမွ ေနထြက္စျပဳလာၿပီ။
ၿမိဳ႕ထဲတြင္လည္း ဂေယာက္ဂယတ္ျဖစ္လို႔ေနသည္။ ၿမိဳ႕၏ အလယ္ဗဟို လမ္းေလးခြဆုံရာအရပ္၌ Sunya တစ္ျဖစ္လဲ လိန္းသည္ ေျမျဖဴတို႔ျဖင့္ ႀကီးမားတဲ့အင္းကြတ္တစ္ခုကို ေရးဆြဲေနသည္။ သူ၏ အနားပတ္ပတ္လည္တြင္လည္း အမည္းေရာင္ဆားတို႔ျဖင့္စည္းခ်ထားကာ ေသမင္းမ်ားသည္လည္း ေနရာယူထားၾကသည္။
” ၿမိဳ႕ထဲက လူေတြေရာ ” ထယ္ေယာင္းသည္ ညကတည္းကသတိရေနတာပင္။ သို႔ေသာ္လည္း ေၾကာက္စရာအသြင္ျဖင့္ သူေျပာသမွ်ကို နားမေထာင္တဲ့ ေဂ်ာင္ကုေၾကာင့္ သူဟာ အခုထိ ေဂ်ာင္ကုရင္ခြင္ထဲ ေပြ႕ခ်ီခံထားရဆဲပင္။
” မရွိေတာ့ဘူး ” ေဂ်ာင္ကု၏ အသံနက္ႀကီးသည္ ထယ္ေယာင္းကို တစ္ခါတုန္းကအရိပ္မည္းႀကီးကို သတိရေစပါသည္။ ေဂ်ာင္ကုဆက္ေျပာသည္။
” ငါမင္းကိုေ႐ြးသည္ျဖစ္ေစ လိန္းကိုေ႐ြးသည္ျဖစ္ေစ Sunya က ငါ့ကို အလြတ္ေပးမွာမဟုတ္ဘူး…ၿပီးေတာ့ ဒါက ပုံရိပ္ေယာင္နယ္ေျမတစ္ခုပဲ။ မေကာင္းဆိုးဝါးျဖစ္တဲ့ငါက မင္းကိုဖမ္းထားတဲ့ ပုံရိပ္ေယာင္တစ္ခုပဲ ”
ေဂ်ာင္ကု၏ စကားမ်ားေၾကာင့္ ထယ္ေယာင္းမ်က္လုံးေလးဝိုင္းစက္သြားသည္။ ထို႔ေနာက္ အထစ္ထစ္အေငါ့ေငါ့ျဖင့္….
” မင္း…မင္းေျပာခ်င္တာက ဒါေတြက အစစ္အမွန္မဟုတ္ဘူးလို႔လား “
” အင္း…မေက်နပ္ဘူးမလား ” သူ႕ကိုငုံ႕ၾကည့္လာတဲ့ မ်က္သားျဖဴအလ်င္းမရွိသည့္မ်က္ဝန္းနက္ေတြေၾကာင့္ ထယ္ေယာင္းတစ္ေယာက္ ေက်ခ်မ္းသြားသည္။
” မ…မဟုတ္…မဟုတ္ပါဘူး…ငါက…ရွင္းရွင္း…လင္းလင္း…သိခ်င္..႐ုံပါ ” စကားအထစ္ထစ္အေငါ့ေငါ့ျဖစ္ေနတဲ့ ထယ္ေယာင္းကိုၾကည့္ ေဂ်ာင္ကုသည္ ဟက္ခနဲ ခပ္တိုးတိုးတစ္ခ်က္ရယ္လာသည္။
” မင္းကမေကာင္းဆိုးဝါးပူးကပ္ခံထားရတဲ့ ကေလးငယ္ပဲ…အခု အိမ္မက္ကေနနိုးထလိုက္ေတာ့ ” ေဂ်ာင္ကု၏ အသံနက္ႀကီးသည္ ဒီတစ္ခါ ေႏြးေထြးသေယာင္ရွိသည္။ ထို႔ေနာက္ ေႏြးေထြးမႈအလ်င္းမရွိ ေအးစက္စက္ႏႈတ္ခမ္းပါးတစ္စုံသည္ ထယ္ေယာင္း၏ ႏႈတ္ခမ္းေပၚဝယ္ ဖိကပ္လာသည္။ ႐ုတ္တရတ္ဆန္သည္ ထယ္ေယာင္း၏ မ်က္လုံးတို႔သည္ ျပဴးက်ယ္သတဲ့ ျပဴးက်ယ္လာသည္။
အနမ္းတို႔သည္ ထိုလူ၏ ႏႈတ္ခမ္းသားတို႔ကဲ့သို႔ ၿငိမ္းေအးမႈႏွင့္ေအးခဲေနသည္။ အခ်ိန္ေတြကို ရပ္တန့္ထားသလို၊ ကမာၻႀကီးကို ရပ္တန့္ထားသလို ေအးခဲေနခဲ့သည္။
ပုံမွန္အခ်ိန္ဆို ထယ္ေယာင္း အႀကီးအက်ယ္ေဒါသထြက္မိမွာျဖစ္ေပမယ့္ အခုေတာ့ သူ႕ရင္ထဲ ဝမ္းနည္းမႈက ေနရာယူထားသည္။
သူေရွ႕က ထိုမေကာင္းဆိုးဝါးေကာင္ကို ေျပာဖို႔ရာ စကားလုံးေတြမ်ားလြန္းလို႔ သူလည္ပင္းတစ္ခုလုံးနာက်င္လာသည္။ ရႈပ္ေထြးလွတဲ့ ခံစားခ်က္ေတြေၾကာင့္ သူ႕ႏွလုံးသားတစ္ခုလုံး တင္းၾကပ္လို႔ေနၿပီ။ အေၾကာင္းရင္းမရွိပါဘဲ မ်က္ရည္သည္ အတိုင္းသား ေဝ့သီလာျပန္သည္။
” ခ်စ္တယ္…ပထမဦးဆုံးအႀကိမ္လည္းျဖစ္သလို ေနာက္ဆုံးအႀကိမ္လည္းျဖစ္နိုင္တာမလို႔ ဒီမေကာင္းဆိုးဝါးေကာင္က မင္းကိုခ်စ္ခဲ့တာကို သတိရေပးပါ ”
ေဂ်ာင္ကုသည္ အနမ္းကိုရပ္တန့္ေစၿပီးေနာက္ ေျပာလာသည့္ စကားသည္ ထယ္ေယာင္း၏ ႏွလုံးသားကိုအပ္ေပါင္းတစ္ေထာင္ႏွင့္စိုက္ထိုးေနသည့္နည္းတူ နာက်င္ေစသည္။ ဒီခံစားခ်က္ႀကီးက ဘာလဲ သူနဲ႕ေဂ်ာင္ကုနဲ႕က အဲ့ေလာက္ထိမရင္းႏွီးဘဲကို။
” ထယ္….တစ္ခုခုျပန္မေျပာေတာ့ဘူးလား ”
ထယ္ေယာင္းေၾကာင္အေနသည္။ လူသည္ အတုန္တုန္အရီရီျဖင့္ အျဖစ္ပ်က္မ်ားကို လိုက္မွီဖို႔ရာ မနည္းႀကိဳးစားေနရသည္။ ေဂ်ာင္ကုသာ ေပြ႕မခ်ီထားပါက သူ႕ေျခေထာက္တို႔ ယိုင္နဲ႕ကာ ေျမေပၚသို႔ လဲက်ေနေလာက္ၿပီ။
ထယ္ေယာင္းတိတ္ဆိတ္ေနသည္ကို ျမင္သည့္အခါ ေဂ်ာင္ကုသည္ စိတ္ထဲမသတ္မသာခံစားလာရသည္။ ဝဲဘက္တစ္ေနရာသည္လည္း ဒီအႀကိမ္ေတာ့ ခါတိုင္းထက္ပိုနာက်င္လာရသည္။ လူသားတစ္ေယာက္ကို ခ်စ္မိသည့္အခါ သူတို႔၏အဆုံးသတ္သည္ကာ ေမွာင္မိုက္ျခင္းပင္။
ေဂ်ာင္ကုသည္ သူ၏မ်က္ရည္မ်ားအား ထယ္ေယာင္းမျမင္ေစရန္ မ်က္ႏွာအသာလႊဲလိုက္ၿပီးေနာက္ ခပ္အက္အက္ျဖစ္ေနသည့္ အသံနက္ႀကီးျဖင့္ ထပ္မံစကားဆိုလာသည္။
” အာ…မင္းအတိတ္ေမ့ေနတာကို ကိုယ္ေမ့သြားလို႔။ ကိုယ္မင္းကိုခ်စ္တာ သိထားေပးေနာ္ ထယ္…”
ထိုစကားကို ၾကားလိုက္ရသည့္တခဏ ထယ္ေယာင္းစိတ္ထဲ ရင္းႏွီးေနသည့္ အစိမ္းသက္သက္မွတ္ဉာဏ္မ်ားေပၚလာျပန္သည္။
” မင္းငါ့ကို ဘယ္ေတာ့မွထားမသြားဘူးမလား “
” အင္း “
” ကတိေနာ္ ” ကေလးႏွစ္ေယာက္ ေစာင္ေအာက္ထဲ ကတိျပဳေနၾကပုံေတြ။
” ထယ္ေယာင္းေရ သူက ငါ့ကိုမေကာင္းဆိုးဝါးတဲ့…မင္းကိုလည္း အ႐ူးလို႔ေျပာတယ္ ”
” ရၿပီ သူမရွိေတာ့ရင္ ငါတို႔ကို ဘယ္သူမွဘာမွမေျပာနိုင္ေတာ့ဘူး ” ေရတြင္းထဲက ကေလးငယ္ဝတုတ္ေလးအား ငုံ႕ၾကည့္ၿပီး ေၾကာက္စရာေကာင္းစြာၿပဳံးေနၾကသည့္ သူတို႔ႏွစ္ေယာက္။
” ထယ္ေယာင္း…မင္းအခုဘာလုပ္လိုက္တာလဲ အဲ့တံခါးကို မဖြင့္ပါနဲ႕လို႔ မင္းကိုေျပာထားတယ္မလား “
” ဆရာမေကာင္းဘူး…ဆရာက သားသူငယ္ခ်င္းကို ပိတ္ထားတယ္။ ဆရာမေကာင္းဘူး “
” ကင္မ္ထယ္ေယာင္း!!! အသိတရားရစမ္း။ အဲ့တာက မင္းသူငယ္ခ်င္းမဟုတ္ဘူး ” ဘုန္းေတာ္ႀကီးတစ္ပါးသည့္ သူ႕အား ေဒါသတႀကီးေအာ္ေငါက္ေနပုံေတြ။
__________
Comments for chapter "Chapter 22"