Chapter 23
Unicode
” ကိုယ်မင်းကို သိပ်ချစ်တာ သိထားပေးနော် ထယ်…”
” ဟင့်အင်းမပြောနဲ့ ” ဒီတစ်ခါတော့ ထယ်ယောင်းသည် ဂျောင်ကု၏ လည်ဂုတ်ကို သိုင်းဖတ်ကာ ကလေးငယ်တစ်ယောက်လို တွယ်ကပ်လာသည်။
” မင်း…မင်းအရမ်းမုန်းဖို့ကောင်းတာပဲ။ ငါ့ကိုလည်း သတ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ငါ့မှတ်ဉာဏ်တွေကိုလည်း ရှုပ်ထွေးအောင်မင်းလုပ်ခဲ့တယ်။ ငါနားမလည်နိုင်တဲ့ ကိစ္စတွေအများကြီး လုပ်ထားပြီးမှ အခုဘယ်ကို ထွက်သွားဖို့ကြံနေရပြန်တာလဲ။ ငါ့ကို နည်းနည်းလေးမှ မရှင်းပြချင်တော့ဘူးလား…” ထယ်ယောင်းသည် ငိုသံစွတ်နေသည့် အသံသေးသေးလေးဖြင့်ဆိုလာသည်။
” ဘယ်ကမှန်းမသိဘဲ ပေါ်လာတယ်။ ငါ့မိဘတွေကို ကျိန်ဆဲခဲ့တယ်။ ငါ့အနားမှာကပ်နေတယ်။ ငါ့ကိုဒုက္ခမျိုးစုံပေးတယ်။ ပြီးတော့…ပြီးတော့…ဘာကြောင့်မှန်းမသိဘဲ ချစ်တယ်လို့ဆိုတယ်…”
ထယ်ယောင်း၏ အသံသည် အဆုံး၌ တိမ်ကောသွားလေသည်။ ရှိုတ်သံသည်လည်း တစ်စတစ်စထွက်ပေါ်နေသည်။ ထို့နောက် အားတင်းက ဆက်ပြောသည်။
” ငါက လူသားတစ်ယောက်ပါ…လူသားတစ်ယောက်ပါ! နာကျင်တတ်တယ်။ ပြိုလဲတတ်တယ်။ ကြောက်ရွံ့တတ်တယ်။ မင်းလို မကောင်းဆိုးဝါးကောင်ကတောင်မှ ခံစားချက်တွေရှုပ်ထွေးနေရင် လူသားဖြစ်တဲ့ ငါကဘယ်လိုနေမလဲ….”
” တိတ်တော့..မငိုနဲ့တော့။ အိမ်ပြန်ချိန်နောက်ကျနေတော့မယ်။ ” ဂျောင်ကုသည် ထယ်ယောင်း၏ မျက်ရည်များကို အသာသုတ်ပေးကာ ဆိုလာသည်။
” ဟင့်အင်း….ဘယ်ကိုမှမပြန်ဘူး။ ဒီနေရာက ငါ့အိမ်ပဲ။ ဒီနေရာနဲ့ အသားကျနေကာမှ ဘယ်ကိုထပ်ပို့ချင်သေးတာလဲ။ အခုတောင် မှတ်ဉာဏ်တွေများလွန်းလို့ ဘယ်ဟာက အစစ်အမှန်မှန်းမသိတော့ဘူး “
” ဒါကြောင့် ပြောတာပေါ့ ကလေးငယ်သာ အိမ်မက်ကနိုးလာရင် အရာအားလုံးပြီးဆုံးသွားတော့မှာ ချစ်တယ်နော် ” ဂျောင်ကုသည် မျက်ရည်များကြားကပင် ထိုစကားလုံးလေးတွေကို နူးနူးညံ့ညံ့ဆိုလာသည်။ ထို့နောက် ဂျောင်ကုသည် ထယ်ယောင်း၏ နဖူးအား နွေးထွေးသည့်အနမ်းတစ်ပွင့်ခြွေသည်။
ထိုအနမ်းတို့နဲ့ အတူ ထယ်ယောင်း၏ စိတ်ဝိညာဉ်သည် နက်ရှိုင်းသည့် သုမုဒ္ဒရာအောက်သို့ နစ်မြုပ်သွားတော့သည်။
” ဂျောင်ကု…” ထိုအမည်နာမလေးသည် သူ့စိတ်ထဲ နောက်ဆုံးကျန်ရှိနေသည့် အတွေးစလေးပင်။
ထယ်ယောင်းထွက်သွားပြီးသည့်နောက် ထယ်ယောင်း၏ ရုပ်ခန္ဓာသည် ငွေမှုန်လေးတွေအဖြစ် ပျောက်ကွယ်သွားတော့သည်။ လက်ထဲတစ်ဖြေးဖြေးပျောက်ကွယ်သွားသည့် ငွေမှုန်လေးတွေကိုကြည့်ကာ ဂျောင်ကုတွေးခဲ့မိသည်မှာ ‘သူဘာတွေလုပ်ခဲ့မိတာလဲ’ ဟူ၍ပင်ဖြစ်သည်။
ကလေးငယ်တစ်ယောက်ရဲ့ ဝိညာဉ်ကိုလိုချင်ရုံနဲ့ ပုံရိပ်ယောင်ကြားဘုံမှာ ဖမ်းဆီးထားသည်တဲ့လား။ ထို့ပြင် အခြားသော ဝိညာဉ်များကိုလည်း အတုယောင်ဘဝတွေပေးခဲ့ကာ ပျက်စီးစေခဲ့မိသည်။ သူသာ ဒီကြားဘုံကိုမဖွင့်ခဲ့ရင် Sunya ဆိုတာကလည်း ဖြစ်တည်လာမှာမဟုတ်ချေ။
ကောင်းကင်တွင် လနှင့်နေတို့သည် မျှခြေညီနေသည်။ Hadria ပြည်နယ်၏ မြေ၊ ရေ၊ လေ၊ မီး၊ ဝိညာဉ် ဟူ၍ကိုယ်စားပြုသည့် မြို့များရဲ့ အလယ်ဗဟိုဖြစ်သည့် Adryanမြို့လယ်တွင် တံခါးနီနီတစ်ချက်ပေါ်လာခဲ့သည်။ Sunya သည် ထိုတံခါးရှေ့တွင် မနေ့ညတုန်းက ဂျောင်ကုဆီမှ ထုတ်ယူထားသည့်သွေးများကို လောင်းချလိုက်သည်။
အင်းကွက်ပေါ်ကို သွေးကျသည်နှင့် အနီရောင်အလင်းတန်းတို့သည် မြို့ငါးမြို့၏ အလယ်ဗဟိုများသို့ ချိတ်ဆတ်ကာ ငါးထောင့်ကြယ်ပုံစံအကြီးကြီးပေါ်လာလေသည်။
စင်စစ် အနီရောင်တံခါးပွင့်အခါ Sunya ရောက်လာလိမ့်မည်ဆိုသည့်စကားသည် ဤကြားဘုံတွင်မှားယွင်းနေသည်။ Sunya သည် နေရာတိုင်းတွင်ရှိသည်။ များစွာသောပုံစံနှင့် များစွာသော ဝိညာဉ်အစိတ်အပိုင်းများဖြင့်တည်ရှိသည်။ အနီရောင်တံခါးကို ဖွင့်ရသည် ရည်ရွယ်ချက်သည်ကား တစ်ခုတည်းပင်။ လူ့ဘုံကို ဝင်ရောက်ချင်သောကြောင့်ပင်။
” နေစမ်းပါဦး မင်းက ငါ့ကို မေ့ထားတာပဲ ဟမ်!? ”
Sunya သည် တံခါးလက်ကိုင်ကို ဖွင့်တော့မည့်ဆဲဆဲ ကြားလိုက်ရတဲ့ ဂျောင်ကုအသံကြောင့် အနောက်သို့ စူးစူးရဲရဲလှည့်ကြည့်လာသည်။
” မမေ့ပါဘူး ဟိုဘက်မှာ သွားစောင့်နေမလို့လေ ဟီးဟီး ဟီး ” Sunya သည် နှစ်ထပ်ဖြစ်နေသည် ြ အသံနက်ကြီးဖြင့် ကြောက်စရာကောင်းအောင်ရယ်ရင်းပြောလာ၏။
အနားရှိသေမင်းများသည် ဂျောင်ကုနားသို့ ဝိုင်းလာသောလည်း ဂျောင်ကု၏ အကြည့်တစ်ချက်အောက်မှာပင် ပြာအဖြစ်သို့ လောင်ကျွမ်းသွားကြ၏။ ထိုအခြင်းအရာကို မြင်သည့်အခါ Sunya သည် စိန်းစိန်းဝါးဝါးကြီးကြည့်ကာ အော်ရယ်လာပြန်သည်။
” ဂျောင်ကု…မင်းနဲ့ငါနဲ့သာပူးပေါင်းရင် လူ့ဘုံသာမကဘူး ကောင်းကင်ဘုံကိုပါဖီဆန်လို့ရလောက်တယ် ဟီး ဟီးဟီး။ ဘာလို့ အဲ့လောက် တုံ့အနေရတာလဲ “
” ဆုတောင်းနေလိုက်လေ ”
ဂျောင်ကုသည် စတင်တိုက်ခိုက်ရန်ပြင်လိုက်သော်လည်း Sunya သည် ဂျောင်ကု၏ လည်ပင်းကို ဖမ်းဆုပ်ထားလိုက်သည်။
” ကလေးလေးတစ်ယောက်ကိုတောင် ဝိညာဉ်မဖမ်းနိုင်တဲ့ မင်းက ငါ့ကိုသတ်ချင်တာလား။ လာနောက်နေတာလား ဟမ်!! “
” ဒါပေမယ့် အဲ့ကလေးကိုတော့ ကာကွယ်နိုင်တယ်လေ ” ဂျောင်ကုသည် ပြန်လည်ချေပရင်းဖြင့် Sunya ၏ ဘယ်ဘက်မျက်လုံးအား လက်မဖြင့် ထိုးဖောက်ပစ်လိုက်သည်။
လိန်း၏ ခန္ဓာကိုယ်ဖြစ်တာကြောင့် စိတ်ထဲကသိကအောက်ဖြစ်သွားသော်လည်း လိန်းက ပုံရိပ်ယောင်သက်သက်ဆိုတာ သတိကပ်မိတဲ့အခါ လက်ထဲပါလာသည့် မျက်လုံးအိမ်အား ကြေမွှအောင် ချေပစ်လိုက်တော့သည်။
သို့သော်လည်း Sunya သည် ဂျောင်ကုကိုလွှတ်ချရမည့်အစား တန်ပြန်တိုက်စစ်အနေဖြင့် ဂျောင်ကု၏ နှလုံးသားကိုဖောက်ထုတ်လာတော့သည်။ ဂျောင်ကုသည် ငရဲကိုအတူတူသွားဖို့ ဆုံးဖြတ်ထားသည်ဖြစ်သည့်အတွက် နောက်ဆုံးထွက်သက်အထိ လက်ထဲက ဓားမြှောင်ဖြင့် Sunya၏ နှလုံးသားကို ထိုးစိုက်လိုက်တော့သည်။
” အား!!! ” အိမ်မက်ဆိုးတွေမတ်နေသည့် ထယ်ယောင်းသည် အထိတ်တလန့်ဖြင့် လန့်နိုးလာသည်။ မြင်မတ်ခဲ့ရတာတွေကို ပြန်တွေးကြည့်သည့်အခါ ကြောက်ရွံ့ကာ အော်ငိုတော့သည်။
” ပါး…မား…သားကြောက်တယ် အင့် အီးဟီး….”
စစ္စတာစကားလက်ခ်သည် ကလေးငိုသံကြောင့် အပြေးလေးရောက်ချလာသည်။
” ဘာမှမဖြစ်ဘူး…ဘာမှမဖြစ်ဘူး…အိမ်မက်ဆိုးတွေမတ်နေရုံပါ။ ဘာမှမဖြစ်ဘူး။ အဖဘုရားသခင်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုအောက်မှာမလို့ ဘေးကင်းပါတယ် ” စစ္စတာသည် ထယ်ယောင်းကို နှစ်သိမ့်ပေးနေတုန်း အခန်းထဲသို့ သင်းအုပ်ဆရာသည် ဝင်ရောက်လာသည်။
” ထယ်ယောင်း ပြန်သတိရလာပြီကြားတယ် ပြင်ဆင်ထားလိုက်။ ခနနေ အပနှင်တာ ပြန်လုပ်ကြမယ် “
” ဒါပေမယ့် ကလေးက အခုမှ သတိရတာလေ “
” သူ့ကို ထပ်ပြီးတော့မကောင်းဆိုး ခံတွင်းဝကို ရောက်စေချင်လို့လား။ ငါတို့ နည်းနည်းလေးနောက်ကျတာနဲ့ မကောင်းဆိုးဝါးက သူ့ကို ခေါ်ထုတ်သွားတော့မှာကွ…နားလည်လား “
ကန့်ကွတ်ချင်နေသည့် စစ္စတာကို သင်းအုပ်စရာသည် အော်ငေါက်လို့လာသည်။ ထိုအခါ ထယ်ယောင်းသည် ပို၍ ကြောက်လန့်ကာ အော်ငိုတော့သည်။
” မဟုတ်ဘူး…မဟုတ်ဘူး….ဂျောင်ကုက မကောင်းဆိုးဝါးမဟုတ်ဘူး “
” ကင်မ်ထယ်ယောင်း! မင်းကို ဘယ်နှခါပြောရမလဲ သူက ဂျောင်ကုမဟုတ်ဘူးလို့။ သူက မကောင်းဆိုးဝါးကွ။ ဂျောင်ကုက မင်းမမွေးခင်ကတည်းက သေနေပြီ သိရဲ့လား အဲ့တာကို “
” မဟုတ်ဘူးလို့….ဆရာတို့ လိမ်နေတာ ” ထယ်ယောင်းသည် ငိုယိုကာ ကုတင်ပေါ်မှ ဆင်းပြေးဖို့လုပ်သည်။ သို့သော်လည်း သင်းအုပ်ဆရာသည် သူ့ကိုအတင်းပြန်ဖမ်းချုပ်ကာ အပနှင်မည့်တံခါးနီနီနောက်သို့ ခေါ်သွားတော့သည်။
ကလေးငယ်ထယ်ယောင်းသည် မတိုင်မီက အကြိမ်ကြိမ်အခါခါအပနှင်ခံခဲ့ရသည်မို့ အားအင်ချည့်နဲ့နေသည်။ ထို့ပြင် ထိုအပနှင်နည်းများကြောင့် တစ်ပတ်နီးပါး ကိုမာဝင်ထားသည့်အတွက် အခုအခါ အလွန်ကို အားနည်းနေသည်။ ထို့ကြောင့် လူကြီးတစ်ယောက်၏ လက်ထဲက ဘယ်လိုမှမလွတ်မြောက်နိုင်ပေ။
ထိုသို့ဖြင့် ထယ်ယောင်းသည် ယက်ကန်ယက်ကန်ရုန်းကန်နေရင်းပင် ကုတင်လေးဘက်လေးလံတွင် လက်နှင့်ခြေထောက်တို့ကို အတုတ်နှောင်ခံလိုက်ရသည်။ ကလေးငယ်သည် ကြောက်စိတ်ကြောင့် ဝူးဝူးဝါးဝါးအော်ငိုတော့သည်။
သင်းအုပ်ဆရာသည် ဂျောင်ကုကို မနိုင်နိုင်ဘူးဆိုတာကိုသိသည်။ ထို့အတွက် သူ၏ အစီစဉ်သည် ရိုးစင်းပါသည်။ မကောင်းဆိုးဝါးဝိညာဉ်အား ရှေးဟောင်းသေတ္တာတစ်လုံးဖြင့် ပိတ်လှောင်နိုင်ဖို့ရာပင်။ ထိုသေတ္တာသည် Crusade စစ်ပွဲတုန်းကကျန်ရှိသည့် ရှေးဟောင်းပစ္စည်းတစ်မျိုးပင်။ အဖုံးပေါ်တွင် အနုစိတ်ကျကျ အင်းကွက်အချို့ကိုရေးဆွဲထားကာ အရောင်သည်ကား အနီရင့်ရင့်ဖြစ်သည်။
သင်းအုပ်ဆရာသည် ရွတ်ဆိုမှုနှင့်အတူ ထယ်ယောင်းနဖူးပေါ်တွင် ရေစင်ဖြင့် လက်ဝါးကပ်တိုင်ပုံရေးဆွဲလာသည်။ စင်စစ်ရေစင်သည် အေးချမ်းသလောက် ထယ်ယောင်းနဖူးနှင့်ထိသည့်အခါ ရေနွေးပူကဲ့သို့ အငွေ့တထောင်းထောင်းထကာ အသားရည်များကို အပူလောင်စေ၏။
သင်းအုပ်ဆရာသည် Priest stole အစဖြင့် ထယ်ယောင်း၏ မျက်နှာပေါ်အုပ်လျက် ရွက်ဆိုမှုများကို ဆက်လတ်လုပ်ဆောင်နေသည်။ ထိုအခါ ထယ်ယောင်း၏ နှလုံးနေရာ အမည်းရောင်အငွေ့လေးများသည် ကြောက်စရာကောင်းသည့် သွေးကြောမည်းကြီးများ အနေဖြင့် နဖူးပေါ်သို့ တရိပ်ရိပ်နဲ့ တက်လာနေသည်။
ထယ်ယောင်းသည် ငိုရလွန်းလို့ အသံပင်ပြာဝင်နေပြီ။ မျက်လုံးများသည်လည်း နီရဲနေကာ မျက်နှာပေါ်မှ သွေးကြောမည်းမည်းကြီးများနှင့် တကယ်အပူးကပ်ခံထားရသူ၏ အသွင်ကို ဆောင်နေသည်။
သူသည် အမှန်တကယ်အပြစ်မဲ့ပါသည်။သို့သော်လည်း ကိုယ်ထဲ၌ ကျန်ရှိနေသည့် ဂျောင်ကု၏ အငွေ့အသတ်တို့သည် သူ့ကို အပြစ်ကင်းတဲ့ကလေးငယ်အဖြစ် လက်ခံချင်ပုံမပေါ်ပေ။ ဂျောင်ကု…ဂျောင်ကုဆိုသည့် အသိကြောင့် သူ့စိတ်တို့ပြန်လည် တည်ငြိမ်လာသည်။
” စစ္စတာ…စစ္စတာ…သားကိုကယ်ပါဦး…သားအရမ်းအိပ်ချင်နေပြီ…ကယ်ပါဦး…” ထယ်ယောင်းသည် ဘေးမှာ ရပ်နေသည့် စစ္စတာစကားလက်ခ်ထံ မျက်ရည်များဖြင့် အသနားခံသည်။ စစ္စတာသည် ထယ်ယောင်းကို မကြည့်ရက်တာကြောင့် ချက်ချင်းပင်မျက်နှာလွှဲသွားသည်။
” ဆရာ…သားတောင်းပန်ပါတယ်…နောက်ဆို ဂျောင်ကုနဲ့ မကစားတော့ပါဘူး…သားတောင်းပန်ပါတယ် “
ထယ်ယောင်း၏ အသံသည် ကြားရသူအဖို့ ကြေကွဲစရာပင်။ သင်းအုပ်ဆရာသည် သားဖြစ်သူကိုအပနှင်ရင်းအသက်ဆုံးရှုံးသွားသည့် မြင်ကွင်းတို့ကို ပြန်လည်မြင်ယောင်လာသည့်အခါ အနည်းငယ်စိတ်ပျော့သွားလေသည်။
” သားကို လွှတ်ပေးပါနော်….သားလိမ္မာပါ့မယ်…သားပိုပြီးလိမ္မာပါ့မယ် “
ထိုစဉ် ဂေဟာရှိလျှပ်စစ်မီးများသည် ဖျတ်ခနဲ အကုန်ပြတ်တောက်သွားတော့သည်။ မီးပျက်သွားသည်နှင့် တစ်ပြိုင်နက် ပိတ်ထားသည့် တံခါးနီနီသည်လည်း တစ်စုံတစ်ယောက်က ကန်ဖွင့်လိုက်သကဲ့သို့ ဒုန်းခနဲပွင့်လာလေသည်။
” ဂျောင်ကု…ဂျောင်ကု ငါ့ကိုကယ်ပါ…ငါ့ကိုကယ်ပါဦး ” အမှောင်ထဲမှာဖြစ်လင့်ကစား ထယ်ယောင်းသည် အပေါက်ဝကို ကြည့်ကာ ဂျောင်ကုနာမည်ကို အော်ခေါ်နေခဲ့သည်။
“Vos est qui itis ad infernum, non me. Puer crucians et faciens ad voluntatem Divini Patris? Omnes vos ardere debetis in inferno”
___________
Zawkyi
” ကိုယ္မင္းကို သိပ္ခ်စ္တာ သိထားေပးေနာ္ ထယ္…”
” ဟင့္အင္းမေျပာနဲ႕ ” ဒီတစ္ခါေတာ့ ထယ္ေယာင္းသည္ ေဂ်ာင္ကု၏ လည္ဂုတ္ကို သိုင္းဖတ္ကာ ကေလးငယ္တစ္ေယာက္လို တြယ္ကပ္လာသည္။
” မင္း…မင္းအရမ္းမုန္းဖို႔ေကာင္းတာပဲ။ ငါ့ကိုလည္း သတ္ဖို႔အႀကိမ္ႀကိမ္ႀကိဳးစားခဲ့တယ္။ ငါ့မွတ္ဉာဏ္ေတြကိုလည္း ရႈပ္ေထြးေအာင္မင္းလုပ္ခဲ့တယ္။ ငါနားမလည္နိုင္တဲ့ ကိစၥေတြအမ်ားႀကီး လုပ္ထားၿပီးမွ အခုဘယ္ကို ထြက္သြားဖို႔ႀကံေနရျပန္တာလဲ။ ငါ့ကို နည္းနည္းေလးမွ မရွင္းျပခ်င္ေတာ့ဘူးလား…” ထယ္ေယာင္းသည္ ငိုသံစြတ္ေနသည့္ အသံေသးေသးေလးျဖင့္ဆိုလာသည္။
” ဘယ္ကမွန္းမသိဘဲ ေပၚလာတယ္။ ငါ့မိဘေတြကို က်ိန္ဆဲခဲ့တယ္။ ငါ့အနားမွာကပ္ေနတယ္။ ငါ့ကိုဒုကၡမ်ိဳးစုံေပးတယ္။ ၿပီးေတာ့…ၿပီးေတာ့…ဘာေၾကာင့္မွန္းမသိဘဲ ခ်စ္တယ္လို႔ဆိုတယ္…”
ထယ္ေယာင္း၏ အသံသည္ အဆုံး၌ တိမ္ေကာသြားေလသည္။ ရွိုတ္သံသည္လည္း တစ္စတစ္စထြက္ေပၚေနသည္။ ထို႔ေနာက္ အားတင္းက ဆက္ေျပာသည္။
” ငါက လူသားတစ္ေယာက္ပါ…လူသားတစ္ေယာက္ပါ! နာက်င္တတ္တယ္။ ၿပိဳလဲတတ္တယ္။ ေၾကာက္႐ြံ႕တတ္တယ္။ မင္းလို မေကာင္းဆိုးဝါးေကာင္ကေတာင္မွ ခံစားခ်က္ေတြရႈပ္ေထြးေနရင္ လူသားျဖစ္တဲ့ ငါကဘယ္လိုေနမလဲ….”
” တိတ္ေတာ့..မငိုနဲ႕ေတာ့။ အိမ္ျပန္ခ်ိန္ေနာက္က်ေနေတာ့မယ္။ ” ေဂ်ာင္ကုသည္ ထယ္ေယာင္း၏ မ်က္ရည္မ်ားကို အသာသုတ္ေပးကာ ဆိုလာသည္။
” ဟင့္အင္း….ဘယ္ကိုမွမျပန္ဘူး။ ဒီေနရာက ငါ့အိမ္ပဲ။ ဒီေနရာနဲ႕ အသားက်ေနကာမွ ဘယ္ကိုထပ္ပို႔ခ်င္ေသးတာလဲ။ အခုေတာင္ မွတ္ဉာဏ္ေတြမ်ားလြန္းလို႔ ဘယ္ဟာက အစစ္အမွန္မွန္းမသိေတာ့ဘူး “
” ဒါေၾကာင့္ ေျပာတာေပါ့ ကေလးငယ္သာ အိမ္မက္ကနိုးလာရင္ အရာအားလုံးၿပီးဆုံးသြားေတာ့မွာ ခ်စ္တယ္ေနာ္ ” ေဂ်ာင္ကုသည္ မ်က္ရည္မ်ားၾကားကပင္ ထိုစကားလုံးေလးေတြကို ႏူးႏူးညံ့ညံ့ဆိုလာသည္။ ထို႔ေနာက္ ေဂ်ာင္ကုသည္ ထယ္ေယာင္း၏ နဖူးအား ေႏြးေထြးသည့္အနမ္းတစ္ပြင့္ေႁခြသည္။
ထိုအနမ္းတို႔နဲ႕ အတူ ထယ္ေယာင္း၏ စိတ္ဝိညာဥ္သည္ နက္ရွိုင္းသည့္ သုမုဒၵရာေအာက္သို႔ နစ္ျမဳပ္သြားေတာ့သည္။
” ေဂ်ာင္ကု…” ထိုအမည္နာမေလးသည္ သူ႕စိတ္ထဲ ေနာက္ဆုံးက်န္ရွိေနသည့္ အေတြးစေလးပင္။
ထယ္ေယာင္းထြက္သြားၿပီးသည့္ေနာက္ ထယ္ေယာင္း၏ ႐ုပ္ခႏၶာသည္ ေငြမႈန္ေလးေတြအျဖစ္ ေပ်ာက္ကြယ္သြားေတာ့သည္။ လက္ထဲတစ္ေျဖးေျဖးေပ်ာက္ကြယ္သြားသည့္ ေငြမႈန္ေလးေတြကိုၾကည့္ကာ ေဂ်ာင္ကုေတြးခဲ့မိသည္မွာ ‘သူဘာေတြလုပ္ခဲ့မိတာလဲ’ ဟူ၍ပင္ျဖစ္သည္။
ကေလးငယ္တစ္ေယာက္ရဲ႕ ဝိညာဥ္ကိုလိုခ်င္႐ုံနဲ႕ ပုံရိပ္ေယာင္ၾကားဘုံမွာ ဖမ္းဆီးထားသည္တဲ့လား။ ထို႔ျပင္ အျခားေသာ ဝိညာဥ္မ်ားကိုလည္း အတုေယာင္ဘဝေတြေပးခဲ့ကာ ပ်က္စီးေစခဲ့မိသည္။ သူသာ ဒီၾကားဘုံကိုမဖြင့္ခဲ့ရင္ Sunya ဆိုတာကလည္း ျဖစ္တည္လာမွာမဟုတ္ေခ်။
ေကာင္းကင္တြင္ လႏွင့္ေနတို႔သည္ မွ်ေျခညီေနသည္။ Hadria ျပည္နယ္၏ ေျမ၊ ေရ၊ ေလ၊ မီး၊ ဝိညာဥ္ ဟူ၍ကိုယ္စားျပဳသည့္ ၿမိဳ႕မ်ားရဲ႕ အလယ္ဗဟိုျဖစ္သည့္ Adryanၿမိဳ႕လယ္တြင္ တံခါးနီနီတစ္ခ်က္ေပၚလာခဲ့သည္။ Sunya သည္ ထိုတံခါးေရွ႕တြင္ မေန႕ညတုန္းက ေဂ်ာင္ကုဆီမွ ထုတ္ယူထားသည့္ေသြးမ်ားကို ေလာင္းခ်လိဳက္သည္။
အင္းကြက္ေပၚကို ေသြးက်သည္ႏွင့္ အနီေရာင္အလင္းတန္းတို႔သည္ ၿမိဳ႕ငါးၿမိဳ႕၏ အလယ္ဗဟိုမ်ားသို႔ ခ်ိတ္ဆတ္ကာ ငါးေထာင့္ၾကယ္ပုံစံအႀကီးႀကီးေပၚလာေလသည္။
စင္စစ္ အနီေရာင္တံခါးပြင့္အခါ Sunya ေရာက္လာလိမ့္မည္ဆိုသည့္စကားသည္ ဤၾကားဘုံတြင္မွားယြင္းေနသည္။ Sunya သည္ ေနရာတိုင္းတြင္ရွိသည္။ မ်ားစြာေသာပုံစံႏွင့္ မ်ားစြာေသာ ဝိညာဥ္အစိတ္အပိုင္းမ်ားျဖင့္တည္ရွိသည္။ အနီေရာင္တံခါးကို ဖြင့္ရသည္ ရည္႐ြယ္ခ်က္သည္ကား တစ္ခုတည္းပင္။ လူ႕ဘုံကို ဝင္ေရာက္ခ်င္ေသာေၾကာင့္ပင္။
” ေနစမ္းပါဦး မင္းက ငါ့ကို ေမ့ထားတာပဲ ဟမ္!? ”
Sunya သည္ တံခါးလက္ကိုင္ကို ဖြင့္ေတာ့မည့္ဆဲဆဲ ၾကားလိုက္ရတဲ့ ေဂ်ာင္ကုအသံေၾကာင့္ အေနာက္သို႔ စူးစူးရဲရဲလွည့္ၾကည့္လာသည္။
” မေမ့ပါဘူး ဟိုဘက္မွာ သြားေစာင့္ေနမလို႔ေလ ဟီးဟီး ဟီး ” Sunya သည္ ႏွစ္ထပ္ျဖစ္ေနသည္ ျ အသံနက္ႀကီးျဖင့္ ေၾကာက္စရာေကာင္းေအာင္ရယ္ရင္းေျပာလာ၏။
အနားရွိေသမင္းမ်ားသည္ ေဂ်ာင္ကုနားသို႔ ဝိုင္းလာေသာလည္း ေဂ်ာင္ကု၏ အၾကည့္တစ္ခ်က္ေအာက္မွာပင္ ျပာအျဖစ္သို႔ ေလာင္ကြၽမ္းသြားၾက၏။ ထိုအျခင္းအရာကို ျမင္သည့္အခါ Sunya သည္ စိန္းစိန္းဝါးဝါးႀကီးၾကည့္ကာ ေအာ္ရယ္လာျပန္သည္။
” ေဂ်ာင္ကု…မင္းနဲ႕ငါနဲ႕သာပူးေပါင္းရင္ လူ႕ဘုံသာမကဘူး ေကာင္းကင္ဘုံကိုပါဖီဆန္လို႔ရေလာက္တယ္ ဟီး ဟီးဟီး။ ဘာလို႔ အဲ့ေလာက္ တုံ႕အေနရတာလဲ “
” ဆုေတာင္းေနလိုက္ေလ ”
ေဂ်ာင္ကုသည္ စတင္တိုက္ခိုက္ရန္ျပင္လိုက္ေသာ္လည္း Sunya သည္ ေဂ်ာင္ကု၏ လည္ပင္းကို ဖမ္းဆုပ္ထားလိုက္သည္။
” ကေလးေလးတစ္ေယာက္ကိုေတာင္ ဝိညာဥ္မဖမ္းနိုင္တဲ့ မင္းက ငါ့ကိုသတ္ခ်င္တာလား။ လာေနာက္ေနတာလား ဟမ္!! “
” ဒါေပမယ့္ အဲ့ကေလးကိုေတာ့ ကာကြယ္နိုင္တယ္ေလ ” ေဂ်ာင္ကုသည္ ျပန္လည္ေခ်ပရင္းျဖင့္ Sunya ၏ ဘယ္ဘက္မ်က္လုံးအား လက္မျဖင့္ ထိုးေဖာက္ပစ္လိုက္သည္။
လိန္း၏ ခႏၶာကိုယ္ျဖစ္တာေၾကာင့္ စိတ္ထဲကသိကေအာက္ျဖစ္သြားေသာ္လည္း လိန္းက ပုံရိပ္ေယာင္သက္သက္ဆိုတာ သတိကပ္မိတဲ့အခါ လက္ထဲပါလာသည့္ မ်က္လုံးအိမ္အား ေၾကမႊေအာင္ ေခ်ပစ္လိုက္ေတာ့သည္။
သို႔ေသာ္လည္း Sunya သည္ ေဂ်ာင္ကုကိုလႊတ္ခ်ရမည့္အစား တန္ျပန္တိုက္စစ္အေနျဖင့္ ေဂ်ာင္ကု၏ ႏွလုံးသားကိုေဖာက္ထုတ္လာေတာ့သည္။ ေဂ်ာင္ကုသည္ ငရဲကိုအတူတူသြားဖို႔ ဆုံးျဖတ္ထားသည္ျဖစ္သည့္အတြက္ ေနာက္ဆုံးထြက္သက္အထိ လက္ထဲက ဓားျမႇောင္ျဖင့္ Sunya၏ ႏွလုံးသားကို ထိုးစိုက္လိုက္ေတာ့သည္။
” အား!!! ” အိမ္မက္ဆိုးေတြမတ္ေနသည့္ ထယ္ေယာင္းသည္ အထိတ္တလန့္ျဖင့္ လန့္နိုးလာသည္။ ျမင္မတ္ခဲ့ရတာေတြကို ျပန္ေတြးၾကည့္သည့္အခါ ေၾကာက္႐ြံ႕ကာ ေအာ္ငိုေတာ့သည္။
” ပါး…မား…သားေၾကာက္တယ္ အင့္ အီးဟီး….”
စစၥတာစကားလက္ခ္သည္ ကေလးငိုသံေၾကာင့္ အေျပးေလးေရာက္ခ်လာသည္။
” ဘာမွမျဖစ္ဘူး…ဘာမွမျဖစ္ဘူး…အိမ္မက္ဆိုးေတြမတ္ေန႐ုံပါ။ ဘာမွမျဖစ္ဘူး။ အဖဘုရားသခင္ရဲ႕ ၾကည့္ရႈေစာင့္ေရွာက္မႈေအာက္မွာမလို႔ ေဘးကင္းပါတယ္ ” စစၥတာသည္ ထယ္ေယာင္းကို ႏွစ္သိမ့္ေပးေနတုန္း အခန္းထဲသို႔ သင္းအုပ္ဆရာသည္ ဝင္ေရာက္လာသည္။
” ထယ္ေယာင္း ျပန္သတိရလာၿပီၾကားတယ္ ျပင္ဆင္ထားလိုက္။ ခနေန အပႏွင္တာ ျပန္လုပ္ၾကမယ္ “
” ဒါေပမယ့္ ကေလးက အခုမွ သတိရတာေလ “
” သူ႕ကို ထပ္ၿပီးေတာ့မေကာင္းဆိုး ခံတြင္းဝကို ေရာက္ေစခ်င္လို႔လား။ ငါတို႔ နည္းနည္းေလးေနာက္က်တာနဲ႕ မေကာင္းဆိုးဝါးက သူ႕ကို ေခၚထုတ္သြားေတာ့မွာကြ…နားလည္လား “
ကန့္ကြတ္ခ်င္ေနသည့္ စစၥတာကို သင္းအုပ္စရာသည္ ေအာ္ေငါက္လို႔လာသည္။ ထိုအခါ ထယ္ေယာင္းသည္ ပို၍ ေၾကာက္လန့္ကာ ေအာ္ငိုေတာ့သည္။
” မဟုတ္ဘူး…မဟုတ္ဘူး….ေဂ်ာင္ကုက မေကာင္းဆိုးဝါးမဟုတ္ဘူး “
” ကင္မ္ထယ္ေယာင္း! မင္းကို ဘယ္ႏွခါေျပာရမလဲ သူက ေဂ်ာင္ကုမဟုတ္ဘူးလို႔။ သူက မေကာင္းဆိုးဝါးကြ။ ေဂ်ာင္ကုက မင္းမေမြးခင္ကတည္းက ေသေနၿပီ သိရဲ႕လား အဲ့တာကို “
” မဟုတ္ဘူးလို႔….ဆရာတို႔ လိမ္ေနတာ ” ထယ္ေယာင္းသည္ ငိုယိုကာ ကုတင္ေပၚမွ ဆင္းေျပးဖို႔လုပ္သည္။ သို႔ေသာ္လည္း သင္းအုပ္ဆရာသည္ သူ႕ကိုအတင္းျပန္ဖမ္းခ်ဳပ္ကာ အပႏွင္မည့္တံခါးနီနီေနာက္သို႔ ေခၚသြားေတာ့သည္။
ကေလးငယ္ထယ္ေယာင္းသည္ မတိုင္မီက အႀကိမ္ႀကိမ္အခါခါအပႏွင္ခံခဲ့ရသည္မို႔ အားအင္ခ်ည့္နဲ႕ေနသည္။ ထို႔ျပင္ ထိုအပႏွင္နည္းမ်ားေၾကာင့္ တစ္ပတ္နီးပါး ကိုမာဝင္ထားသည့္အတြက္ အခုအခါ အလြန္ကို အားနည္းေနသည္။ ထို႔ေၾကာင့္ လူႀကီးတစ္ေယာက္၏ လက္ထဲက ဘယ္လိုမွမလြတ္ေျမာက္နိုင္ေပ။
ထိုသို႔ျဖင့္ ထယ္ေယာင္းသည္ ယက္ကန္ယက္ကန္႐ုန္းကန္ေနရင္းပင္ ကုတင္ေလးဘက္ေလးလံတြင္ လက္ႏွင့္ေျခေထာက္တို႔ကို အတုတ္ေႏွာင္ခံလိုက္ရသည္။ ကေလးငယ္သည္ ေၾကာက္စိတ္ေၾကာင့္ ဝူးဝူးဝါးဝါးေအာ္ငိုေတာ့သည္။
သင္းအုပ္ဆရာသည္ ေဂ်ာင္ကုကို မနိုင္နိုင္ဘူးဆိုတာကိုသိသည္။ ထို႔အတြက္ သူ၏ အစီစဥ္သည္ ရိုးစင္းပါသည္။ မေကာင္းဆိုးဝါးဝိညာဥ္အား ေရွးေဟာင္းေသတၱာတစ္လုံးျဖင့္ ပိတ္ေလွာင္နိုင္ဖို႔ရာပင္။ ထိုေသတၱာသည္ Crusade စစ္ပြဲတုန္းကက်န္ရွိသည့္ ေရွးေဟာင္းပစၥည္းတစ္မ်ိဳးပင္။ အဖုံးေပၚတြင္ အႏုစိတ္က်က် အင္းကြက္အခ်ိဳ႕ကိုေရးဆြဲထားကာ အေရာင္သည္ကား အနီရင့္ရင့္ျဖစ္သည္။
သင္းအုပ္ဆရာသည္ ႐ြတ္ဆိုမႈႏွင့္အတူ ထယ္ေယာင္းနဖူးေပၚတြင္ ေရစင္ျဖင့္ လက္ဝါးကပ္တိုင္ပုံေရးဆြဲလာသည္။ စင္စစ္ေရစင္သည္ ေအးခ်မ္းသေလာက္ ထယ္ေယာင္းနဖူးႏွင့္ထိသည့္အခါ ေရေႏြးပူကဲ့သို႔ အေငြ႕တေထာင္းေထာင္းထကာ အသားရည္မ်ားကို အပူေလာင္ေစ၏။
သင္းအုပ္ဆရာသည္ Priest stole အစျဖင့္ ထယ္ေယာင္း၏ မ်က္ႏွာေပၚအုပ္လ်က္ ႐ြက္ဆိုမႈမ်ားကို ဆက္လတ္လုပ္ေဆာင္ေနသည္။ ထိုအခါ ထယ္ေယာင္း၏ ႏွလုံးေနရာ အမည္းေရာင္အေငြ႕ေလးမ်ားသည္ ေၾကာက္စရာေကာင္းသည့္ ေသြးေၾကာမည္းႀကီးမ်ား အေနျဖင့္ နဖူးေပၚသို႔ တရိပ္ရိပ္နဲ႕ တက္လာေနသည္။
ထယ္ေယာင္းသည္ ငိုရလြန္းလို႔ အသံပင္ျပာဝင္ေနၿပီ။ မ်က္လုံးမ်ားသည္လည္း နီရဲေနကာ မ်က္ႏွာေပၚမွ ေသြးေၾကာမည္းမည္းႀကီးမ်ားႏွင့္ တကယ္အပူးကပ္ခံထားရသူ၏ အသြင္ကို ေဆာင္ေနသည္။
သူသည္ အမွန္တကယ္အျပစ္မဲ့ပါသည္။သို႔ေသာ္လည္း ကိုယ္ထဲ၌ က်န္ရွိေနသည့္ ေဂ်ာင္ကု၏ အေငြ႕အသတ္တို႔သည္ သူ႕ကို အျပစ္ကင္းတဲ့ကေလးငယ္အျဖစ္ လက္ခံခ်င္ပုံမေပၚေပ။ ေဂ်ာင္ကု…ေဂ်ာင္ကုဆိုသည့္ အသိေၾကာင့္ သူ႕စိတ္တို႔ျပန္လည္ တည္ၿငိမ္လာသည္။
” စစၥတာ…စစၥတာ…သားကိုကယ္ပါဦး…သားအရမ္းအိပ္ခ်င္ေနၿပီ…ကယ္ပါဦး…” ထယ္ေယာင္းသည္ ေဘးမွာ ရပ္ေနသည့္ စစၥတာစကားလက္ခ္ထံ မ်က္ရည္မ်ားျဖင့္ အသနားခံသည္။ စစၥတာသည္ ထယ္ေယာင္းကို မၾကည့္ရက္တာေၾကာင့္ ခ်က္ခ်င္းပင္မ်က္ႏွာလႊဲသြားသည္။
” ဆရာ…သားေတာင္းပန္ပါတယ္…ေနာက္ဆို ေဂ်ာင္ကုနဲ႕ မကစားေတာ့ပါဘူး…သားေတာင္းပန္ပါတယ္ “
ထယ္ေယာင္း၏ အသံသည္ ၾကားရသူအဖို႔ ေၾကကြဲစရာပင္။ သင္းအုပ္ဆရာသည္ သားျဖစ္သူကိုအပႏွင္ရင္းအသက္ဆုံးရႈံးသြားသည့္ ျမင္ကြင္းတို႔ကို ျပန္လည္ျမင္ေယာင္လာသည့္အခါ အနည္းငယ္စိတ္ေပ်ာ့သြားေလသည္။
” သားကို လႊတ္ေပးပါေနာ္….သားလိမၼာပါ့မယ္…သားပိုၿပီးလိမၼာပါ့မယ္ “
ထိုစဥ္ ေဂဟာရွိလွ်ပ္စစ္မီးမ်ားသည္ ဖ်တ္ခနဲ အကုန္ျပတ္ေတာက္သြားေတာ့သည္။ မီးပ်က္သြားသည္ႏွင့္ တစ္ၿပိဳင္နက္ ပိတ္ထားသည့္ တံခါးနီနီသည္လည္း တစ္စုံတစ္ေယာက္က ကန္ဖြင့္လိုက္သကဲ့သို႔ ဒုန္းခနဲပြင့္လာေလသည္။
” ေဂ်ာင္ကု…ေဂ်ာင္ကု ငါ့ကိုကယ္ပါ…ငါ့ကိုကယ္ပါဦး ” အေမွာင္ထဲမွာျဖစ္လင့္ကစား ထယ္ေယာင္းသည္ အေပါက္ဝကို ၾကည့္ကာ ေဂ်ာင္ကုနာမည္ကို ေအာ္ေခၚေနခဲ့သည္။
“Vos est qui itis ad infernum, non me. Puer crucians et faciens ad voluntatem Divini Patris? Omnes vos ardere debetis in inferno”
___________
Comments for chapter "Chapter 23"